မသန်စွမ်းသူများ၏ အလုပ်အကိုင်နှင့် “ဝေပုံကျနှုန်းထား” - မြန်မာနိုင်ငံအတွက် ဖြစ်နိုင်ချေက ဘာလဲ။ - သတင်းစဉ်
You are here Home » သတင်းစဉ် » မသန်စွမ်းသူများ၏ အလုပ်အကိုင်နှင့် “ဝေပုံကျနှုန်းထား” - မြန်မာနိုင်ငံအတွက် ဖြစ်နိုင်ချေက ဘာလဲ။

မသန်စွမ်းသူများ၏ အလုပ်အကိုင်နှင့် “ဝေပုံကျနှုန်းထား” - မြန်မာနိုင်ငံအတွက် ဖြစ်နိုင်ချေက ဘာလဲ။

အလုပ်ရုံဆွေးနွေးပွဲ၌ MCRB နှင့် AAR Japan တို့ ရေးသားဖြန့်ဝေခဲ့သော  “မသန်စွမ်းသူများ၏ အလုပ်အကိုင်နှင့်ပတ်သက်သောဝေပုံကျနှုန်းထားအပါအဝင် “ မူဝါဒဆိုင်ရာ အကြံပြုစာတမ်းကို ဆွေးနွေးနိုင်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ၌ MCRB နှင့် AAR Japan တို့ ရေးသားဖြန့်ဝေခဲ့သော “မသန်စွမ်းသူများ၏ အလုပ်အကိုင်နှင့်ပတ်သက်သောဝေပုံကျနှုန်းထားအပါအဝင် “ မူဝါဒဆိုင်ရာ အကြံပြုစာတမ်းကို ဆွေးနွေးနိုင်ခဲ့ပါသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာန (MCRB)၊ အကူအညီပေးရေးနှင့်ပြန်လည်ထူထောင်ရေးအသင်း (AAR Japan)နှင့် ဂျပန် အသဲနှလုံး (Japan Heart) ပူးပေါင်း၍ MCRBနှင့်AAR Japan တို့မှပြုစုထားသော “ မသန်စွမ်းသူများ၏ အလုပ်အကိုင်နှင့်ပတ်သက်သော ဝေပုံကျနှုန်းထားအပါအဝင် မူဝါဒဆိုင်ရာ အကြံပြုစာတမ်း” အပေါ်အခြေခံသော “မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းမြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ”ကို Rose Garden Hotel ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲကို မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အလုပ်အကိုင်ရေးရာဆပ်ကော်မတီ၏ ဥက္ကဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းရှိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲတစ်လျှောက် ကူညီပံ့ပိုးမှုများ ပေးခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်သူ ၁၂၀ ကျော် (ရန်ကုန် စက်မှုဇုန်များမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဝန်ထမ်းရေးရာဌာနမှ မန်နေဂျာများ၊ အခြားကုမ္ပဏီများ(၃၄%)၊ မသန်စွမ်းနှင့်မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ (၂၄%)၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်လည်ထူထောင်ရေးဦးစီးဌာန အစရှိသည်တို့မှ အစိုးရ အရာရှိများ (၂၈%)က တက်ရောက်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲ၌ MCRB နှင့် AAR Japan တို့ ရေးသားဖြန့်ဝေခဲ့သော ( အင်္ဂလိပ် နှင့် မြန်မာ) ၊ “မသန်စွမ်းသူများ၏အလုပ်အကိုင်နှင့်ပတ်သက်သောဝေပုံကျနှုန်းထားအပါအဝင် “ မူဝါဒဆိုင်ရာ အကြံပြုစာတမ်းကို ဆွေးနွေးနိုင်ခဲ့ပါသည်။ ဒေါ်နှင်းဝတ်ရည်က မူဝါဒဆိုင်ရာ အကြံပြုစာတမ်း အကျဉ်းချုပ်ကို တင်ပြပြီး၊  အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့မှ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သုတေသနပြုစု၍ ၂၀၁၉ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် စာတမ်းအနှစ်ချုပ်ကိုလည်း ရည်ညွှန်းခဲ့ပါသည်။ ထိုစာတမ်းတွင် ၁၀၃  နိုင်ငံသည် ဝေပုံကျ နှုန်းထားစနစ်ရှိပြီး ၁၀၃ နိုင်ငံထဲမှ အများစုသည် ခွဲခြားဆက်ဆံမှုမရှိသောဥပဒေနှင့် ပေါင်းစပ် အကောင်အထည်ဖော်ထားပါသည်။

ထပ်မံ၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အခြားသော အစိုးရဌာနများက လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို တင်ပြခဲ့ပါသည်။ ၂၀၁၅ခုနှစ် မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေကို အကောင်အထည်ဖော်နေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထွန်းဇော်နှင့် မြေမြှပ်မိုင်းကြောင့် အမြင်အာရုံမသန်စွမ်းသူ၊ အလုပ်အကိုင်ရေးရာဆပ်ကော်မတီဝင်၊ ဒေါက်တာမျိုးမြတ်မောင် သည် “ လက်လှမ်းမီသော လုပ်ငန်းခွင် အကောင်အထည်ဖော်မှုဆိုင်ရာ နည်းပညာကဏ္ဍ၊ အများပြည်သူသုံး ဘယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ဆောက်လုပ်ရေးကဏ္ဍ” တို့ကိုလည်းကောင်း “စောင့်ကြည့်အကဲဖြတ် လုပ်ငန်းစဉ်များ”ကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။ ဒေါက်တာမျိုးမြတ်မောင်သည် မကြာမီအချိန်က ပြီးစီးခဲ့သော မသန်စွမ်းသူများလက်လှမ်းမီ အသုံးပြုနိုင်သော နေပြည်တော်မြို့မစျေးနှင့် ရေပန်းဥယျာဉ်ရှိ ဓါတ်ပုံမှတ်တမ်းများကိုလည်း တင်ပြခဲ့ပါသည်။ ထို့အပြင် သူ၏ကိုယ်တွေ့ အတွေ့အကြုံများနှင့်ဆိုင်သည့်၊ မသန်စွမ်းအဖြစ်သို့ရောက်ရှိသွားသော စစ်မှုထမ်းဟောင်းအတွက် အစိုးရ၏အလုပ်အကိုင် ရရှိရေးမူဝါဒကြောင့် ပြန်လည်ထူထောင်ရေးဌာနတွင် အလုပ်ရရှိခဲ့ကြောင်း ရှင်းပြခဲ့ပြီး ယခုအခါ ယူနီကုတ်ဖြင့် မျက်နှာပြင်ဖတ်စက် ကဲ့သို့သော အထောက်အကူပြုနည်းပညာများကို အသုံးပြုနိုင်ပြီးဖြစ်၍ အစိုးရဝန်ထမ်းအနေဖြင့် ဆက်လက် အလုပ်လုပ်ကိုင်ရာတွင် အဆင်ပြေလျက်ရှိပါသည်။

ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်တင်ယုယုအေးက လက်လှမ်းမီသော ကျောင်းများ ၏သတင်းအချက်အလက်များ ကိုမျှဝေခဲ့ပြီး ဒေါက်တာနေမျိုးထွန်းက  ၂၀၁၇ခုနှစ် စက်တင်ဘာ လ မှ ၂၀၁၉ခုနှစ် ဒီဇင်ဘာလထိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနက ဖွင့်လှစ်သင်ကြားနေသော သင်တန်းများတွင် သင်ကြားနေသော မသန်စွမ်းသင်တန်းသားများ အရေအတွက်အား ရှင်းလင်းတင်ပြခဲ့ပါသည်။ Unicef (မြန်မာ)မှ လူမှုဘဝဆိုင်ရာမူဝါဒ (Social Policy) များနှင့်ပတ်သတ်၍ ဦးဆောင်လုပ်ကိုင်သော ဒေါက်တာ နန္ဒာအောင်က လှိုင်သာယာ၊ ညောင်လေးပင် နှင့် ဖားအံ မြို့များ၌ စတင်လုပ်ဆောင်နေသော မသန်စွမ်းမှတ်ပုံတင်၊ ကနဦးလုပ်ငန်းစဉ်များ ဖားအံမြို့မှ skype ဖြင့် တင်ပြဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပါသည်။ (ဗီဒီယို ရှုပါ) မသန်စွမ်းမှတ်ပုံတင်လုပ်ငန်းစဉ်သည် အလုပ်အကိုင်ခန့်ထားခြင်းဆိုင်ရာ ဝေပုံကျနှုန်းထားစနစ်အပါအဝင် မသန်စွမ်းသူများကို အထောက်အကူပြုရန် ရည်ရွယ်သော အစီအစဉ်အများစုအတွက် မရှိမဖြစ် အရေးကြီးပါသည်။ ထိုလုပ်ငန်းစဉ်ကို Unicef (မြန်မာ)၊ အထောက်အပံ့နှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဦးဆောင်၍ အမြင်အာရုံမသန်စွမ်းအဖွဲ့များ၊ အကြားအာရုံမသန်စွမ်းအဖွဲ့များ၊ မြန်မာဒေါင်းဆင်ဒရုန်းအသင်း၊ မြန်မာအော်တစ်ဇင်အသင်းနှင့် အခြား မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။ မြို့ကြီး (၃) မြို့နယ်တွင် မသန်စွမ်းမှတ်ပုံတင်လုပ်ငန်းစဉ်များထဲမှ တစ်ခုဖြစ်သော မှတ်ပုံတင်ကြီးကြပ်ရေးမှူးများအား သင်တန်းပေးလျက်ရှိပါသည်။ ထို(၃)မြို့နယ်မှ ကနဦးလေ့လာတွေ့ရှိချက်၊ သင်ခန်းစာများကို ရယူပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့သော် အမျိုးသားအဆင့်၌ မသန်စွမ်းမှတ်ပုံတင်လုပ်ငန်းစဉ်ကို တနိုင်ငံလုံးအတိုင်းအတာဖြင့် မည်သည့်အချိန်၌ စတင်အကောင်အထည်ဖော်မှုအား မသိရှိရသေးပါ။

မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၏ ဥက္ကဌနှင့် အတွင်းရေးမှူး၊ ရန်ကုန်တိုင်း မသန်စွမ်း သူများအသင်းနှင့် Abilis Foundation မှ ကိုယ်စားလှယ်များက သူတို့၏အမြင် သဘောထား များကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ထိုအပြင် ရန်ကုန်စက်မှုဇုန်များမှ စီးပွားရေး လုပ်ငန်းရှင် များမှလည်း အမြင်သဘောထားများအား တင်ပြဆွေးနွေးခဲ့ကြပါသည်။ တက်ရောက်သူ (၃) ပုံ၊ (၂) ပုံ က၊ သူတို့၏အဖွဲ့အစည်းများတွင် မသန်စွမ်းသူများကို အလုပ်ခန့်ထားပြီး၊ (၂၇) ရာခိုင်နှုန်းခန့်သည် မခန့်ထားကြောင်းနှင့် အချို့အဖွဲ့အစည်းများကလည်း မသန်စွမ်းသူများအား အလုပ်ခန့်ထားမှုနှင့်ပတ်သက်၍ သေချာမှုမရှိကြောင်း ဖြေကြားခဲ့ပါသည်။

မသန်စွမ်းသူများအလုပ်အကိုင်မြှင့်တင်မှုအတွက် အကြီးမားဆုံး စိန်ခေါ်မှု များအား တက်ရောက်သူများကို ဖြေကြားစေခဲ့ပါသည်။ ကိစ္စအားလုံးသည် စိန်ခေါ်မှုများဖြစ်သော်လည်း ထိုအထဲက ခွဲခြားဆက်ဆံမှုကို တားမြစ်ထားသည့် ဥပဒေဆိုင်ရာ အသိပညာပေးမှုမရှိခြင်း၊ မသန်စွမ်းလုပ်သားများ၏စွမ်းဆောင်ရည် အပါအဝင် အလုပ်ရှင်များ၏ စိတ်နေသဘောထားများ(၅မှတ်တွင် ၃.၈ မှတ်)သည် အဓိက စိန်ခေါ်မှုများ ဖြစ်ကြပါသည်။

ပထမ = အလုပ်ရှင် စိတ်နေသဘောထားများ (၃.၈)

ဒုတိယ = အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး (၃.၆)

ဒုတိယ = အရည်အသွေးပြည့်မီသော မသန်စွမ်းလုပ်သား (၃.၆)

စတုတ္ထ = မသန်စွမ်းမှတ်ပုံတင်မရှိခြင်း (၃.၁)

စတုတ္ထ = အထောက်အပံ့ပေးသည့် နည်းပညာမရှိခြင်း (၃.၁)

ဆဌမ = မိသားစု စိတ်နေသဘောထားများ (၂.၈)

အုပ်စုဖွဲ့ဆွေးနွေးခြင်းများတွင် အထက်ဖော်ပြပါ အဓိကစိန်ခေါ်မှုများ၏ ဖြေရှင်းချက်များအား ဖော်ထုတ်ထားသည့်လုပ်ဆောင်ရမည့်အချက်များကို “အာဆီယံစွမ်းဆောင်နိုင်ရေး မဟာဗျူဟာစီမံကိန်း ၂၀၂၅ - မသန်စွမ်းသူများ၏အခွင့်အရေးများကို ထည့်သွင်း အကောင်အထည်ဖော်ရေး ” (ASEAN Enabling Masterplan 2025: Mainstreaming the Rights of Persons with Disabilities) နှင့် ကိုက်ညီရန်၊ ရည်ရွယ်သော (၁၀) နှစ် မဟာဗျူဟာစီမံချက် ရေးဆွဲခြင်းတွင် ထည့်သွင်းရန်အတွက် အုပ်စုဖွဲ့ ဆွေးနွေးခဲ့ကြပါသည်။

တက်ရောက်လာသူများမှ (၅၃) ရာခိုင်နှုန်းသည် မဖြစ်မနေဝေပုံကျနှုန်းထား စတင်ကျင့်သုံးပါက မသန်စွမ်းသူများအလုပ်အကိုင်မြှင့်တင်လာမည်ဟု ထင်မြင်ချက်များပေးခဲ့ကြပါသည်။ မသန်စွမ်းသူများကိုယ်တိုင်က၊ ဝေပုံကျနှုန်းထား မသတ်မှတ်ထားပါက၊ အစိုးရ (သို့) အခြားအဖွဲ့အစည်းများက၊ အသိပညာမြှင့်တင်ခြင်းလုပ်ငန်းစဉ်ကို မည်သူကမှ အလေး အနက်ထား ဆောင်ရွက်မည် မဟုတ်ပါ။ အထူးသဖြင့် လူသားအရင်းအမြစ်ဌာနမှ မန်နေဂျာများ အပါအဝင် အလုပ်ရှင်များစုက အလေးထားကြမည် မဟုတ်ပါကြောင်း သဘောထားမှတ်ချက် ပေးခဲ့သည်။ ဝေပုံကျနှုန်းထားစနစ်သည် မသန်စွမ်းသူများ အလုပ်အကိုင်မြှင့်တင်နိုင်ကြောင်းကို တက်ရောက်လာသူများမှ သဘောထားမှတ်ချက် တောင်းခံခဲ့ရာ၊ (၆) ရာခိုင်နှုန်းက မယုံကြည်ကြပါ၊ (၄၀)ရာခိုင်နှုန်းသည် မသေချာကြောင်း စသည့်ဖြင့် ဖြေကြားခဲ့ပါသည်။ တစ်ဖန် (၅၅) ရာခိုင်နှုန်းသော တက်ရောက်လာသူများက ၂၀၂၃ခုနှစ် မတိုင်ခင် ဝေပုံကျနှုန်းထားစနစ်ကို စောလျှင်စွာ လုပ်ဆောင်သင့်ကြောင်း၊ (၁၁) ရာခိုင်နှုန်း တက်ရောက်လာသူများကလည်း (၂၀၂၄)ခုနှစ် နောက်ပိုင်းမှသာ လုပ်ဆောင်သင့်ကြောင်း စသည့်ဖြင့် သဘောထားမှတ်ချက်များ ပေးခဲ့ကြပါသည်။ သို့သော် (၂၉)ရာခိုင်နှုန်းသော တက်ရောက်လာသူများသည် မြန်မာပြည်အတွက် ခွဲခြားဆက်ဆံမှုမရှိသော၊ အားပေးတိုက်တွန်း လုပ်ဆောင်မှုများကို အခြေခံသော၊ ချဉ်းကပ်မှုများ အောင်မြင်မှု မရှိမှသာလျှင် ဝေပုံကျနှုန်းထားစနစ်ကို မဖြစ်မနေ ဆောင်ရွက်သင့်ကြောင်း၊ သဘောထားမှတ်ချက်များ ပေးခဲ့ကြပါသည်။ (၅)ရာခိုင်နှုန်းက မဖြစ်မနေ ဝေပုံကျနှုန်းထား သတ်မှတ်ခြင်းသည် ကောင်းသောဖြေရှင်းနည်း မဖြစ်နိုင်ကြောင်း ကိုလည်း သဘောထားမှတ်ချက်များ ပေးခဲ့ကြပါသည်။

ဆက်လက်၍ အလုပ်အကိုင်ရေးရာဆပ်ကော်မတီအစည်းအဝေးမတိုင်ခင် အစိုးရဌာနများနှင့်အတူ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပွဲများ ထပ်မံပြုလုပ်ရန် အစီအစဉ်ရေးဆွဲလျက်ရှိပါသည်။

မူဝါဒဆိုင်ရာအကြံပြုစာတမ်းအပေါ် သဘောထားမှတ်ချက်များ ဆက်လက်ပေးပို့နိုင်ပါသည်။ ကျေးဇူးပြု၍ [email protected] သို့ သဘောထားမှတ်ချက်များ ပေးပို့ပေးပါ။







© 2024 Myanmar Centre for Responsible Business