မသန်စွမ်းသူများ၏အလုပ်အကိုင်နှင့်ပတ်သက်သော “ဝေပုံကျနှုန်းထား” ဆိုင်ရာ အကြံပြုချက်များအား ဖိတ်ကြားခြင်း။ - သတင်းစဉ်
You are here Home » သတင်းစဉ် » မသန်စွမ်းသူများ၏အလုပ်အကိုင်နှင့်ပတ်သက်သော “ဝေပုံကျနှုန်းထား” ဆိုင်ရာ အကြံပြုချက်များအား ဖိတ်ကြားခြင်း။

မသန်စွမ်းသူများ၏အလုပ်အကိုင်နှင့်ပတ်သက်သော “ဝေပုံကျနှုန်းထား” ဆိုင်ရာ အကြံပြုချက်များအား ဖိတ်ကြားခြင်း။

ကို ကျော်ဇင်လတ်သည် ကားမတော်တဆဖြစ်မှုကြောင့် ဒူးအောက်ပိုင်းဖြတ်ထားရပြီး ယခုအခါတွင် ခြေတုတစ်ဖက်ကို အသုံးပြုထားပါသည်။ သူသည် မြန်မာ့ရှေ့ဆောင်ဘဏ်၏ Call centre တွင် အလုပ်လုပ်ကိုင်နေပါသည်။
ကို ကျော်ဇင်လတ်သည် ကားမတော်တဆဖြစ်မှုကြောင့် ဒူးအောက်ပိုင်းဖြတ်ထားရပြီး ယခုအခါတွင် ခြေတုတစ်ဖက်ကို အသုံးပြုထားပါသည်။ သူသည် မြန်မာ့ရှေ့ဆောင်ဘဏ်၏ Call centre တွင် အလုပ်လုပ်ကိုင်နေပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၏ တောင်းဆိုမှုဖြင့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် အကူအညီပေးရေးနှင့် ပြန်လည်ထူထောင်ရေး အသင်း ဂျပန် (AAR Japan) တို့သည် ကုမ္ပဏီများ အနေဖြင့် မသန်စွမ်းသူများကို ပိုမို အလုပ်ခန့်အပ်လာရေးအတွက် တိုက်တွန်း အားပေးရန် ရည်ရွယ်၍ ခိုင်မာသော မူဝါဒနှင့် စည်းမျဉ်းများ ချမှတ်နိုင်စေရေးအတွက် မူဝါဒပိုင်းဆိုင်ရာ အကြံပြုစာတမ်းကို ပြင်ဆင်ရေးသားထားပါသည်။ ၂၀၁၅ခုနှစ် မသန်စွမ်းသူများ၏အခွင့်အရေး ဥပဒေ အခန်း (၁၀)ရှိ အလုပ်အကိုင်ကဏ္ဍဆိုင်ရာ ပြဌါန်းချက်များကို လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန်လည်း ရည်ရွယ်ပါသည်။

အလုပ်အကိုင်ဆပ်ကော်မတီဝင်များဖြစ်ကြသော မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှု ရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် အကူအညီပေးရေးနှင့် ပြန်လည်ထူထောင် ရေးအသင်း (AAR Japan) တို့ ပြုလုပ်ထားသော မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရရှိနိုင်သော အဆိုပါစာတမ်းသည် လုပ်ငန်းကော်မတီမှတဆင့် အမျိုးသားကော်မတီသို့ အကြံပေးမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ထားပါသည်။ အလုပ်အကိုင်ရေးရာ ကော်မတီ၏ လုပ်ငန်းတာဝန်ဝတ္တရားများမှ တစ်ခုဖြစ်သော “မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ပြဌာန်းချက်များအရ မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းကို အထောက်အပံ့ဖြစ်စေသော မူဝါဒနှင့် စီမံချက်များချမှတ်နိုင်ရန် သက်ဆိုင်ရာများနှင့် ညှိနှိုင်းခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်စေခြင်း၊ ဆောင်ရွက်ချက်များအား လေ့လာစောင့်ကြည့်ခြင်း၊ သုံးသပ်အကြံပြုခြင်း” ဟူသော လုပ်ငန်းတာဝန်နှင့်အညီ ဤစာတမ်းကို ပြုစုထားခြင်းဖြစ်သည်။ အလုပ်အကိုင် ဆပ်ကော်မတီ၏ လုပ်ငန်း တာဝန်ဝတ္တရားများနှင့် ဆပ်ကော်မတီဝင်များ၏ စာရင်းကို ဤနေရာတွင် ရယူနိုင်ပါသည်။ အလုပ်အကိုင်ဆပ်ကော်မတီကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့တွင် မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ဥက္ကဌဖြစ်သူ ဒုတိယတမ္မတ ဟင်နရီဗန်ထီးယူက အမိန့် ကြော်ငြာစာ အမှတ် ၉၈/၂၀၁၉ ဖြင့် အတည်ပြု ပြဌာန်းခဲ့ပါသည်။့ပါသည်။

မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေး အထောာက်အကူပြုဌာန (MCRB) က စီးပွားရေးလုပ်ငန်းများ၊အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊မသန်စွမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများ/အဖွဲ့အစည်းများကို အထောက်အကူပြုနေသူများ အပါအဝင် အလုပ် ရှင်များထံမှမူဝါဒဆိုင်ရာအကြံပြုစာတမ်းနှင့်စာတမ်းပါအကြောင်းအရာများနှင့်ပတ်သတ် သည့် ကိစ္စရပ်များအတွက် သဘောထားမှတ်ချက်များအား စောင့်မျှော်နေပါသည်။ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ၊ အလုပ်အကိုင်ရေးရာ ဆပ်ကော်မတီ အစည်းအဝေး ရက်စွဲအား မသတ်မှတ်ရသေးသော်လည်း အကြိုဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပရန် စီစဉ်ထားပြီး ဖြစ်ပါသည်။ ဆွေးနွေးပွဲကို စိတ်ပါဝင်စား တက်ရောက်သူများ  သို့ ဆက်သွယ် စာရင်း ပေးပို့နိုင်ပြီး မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြစ်လည်း သဘာထား မှတ်ချက်များ ပေးပို့နိုင်ပါသည်။

ဤစာတမ်းသည် အာရှနိုင်ငံများမှ အတွေ့အကြုံများ၊ ၂၀၁၉ ခုနှစ် မတ်လ နှင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ တွင် အေအေအာ ဂျပန် (AAR Japan)၊ အိုင်အဲလ်အို (ILO) နှင့် မြန်မာ့ စီးပွားရေး တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) တို့ပြုလုပ်ခဲ့သော မသန်စွမ်းသူများ အလုပ်အကိုင် အခွင့်အလမ်း တိုးမြှင့်ရေးနှင့်သက်ဆိုင်သည့် (နယ်ပယ်အသီးသီးမှ) ပါဝင်ပတ်သက်သူများ အလုပ်ရုံဆွေးနွေးပွဲများ မှ အကြံပြုချက် များကိုအခြေခံ၍ ပြုစု ရေးသား ထားပါသည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)၊ အကူအညီ ပေးရေးနှင့် ပြန်လည်ထူထောင်ရေး အသင်း ဂျပန် (AAR Japan) နှင့် အခြား ပါဝင်ပတ်သက် သူများ၏ ထင်မြင်ယူဆချက်၊ အမြင်များပေါ်တွင် ကိုယ်စား မပြုဘဲ၊ အပြန်အလှန်ဆွေးနွေး အကြံပြုရန်အတွက် ရည်ရွယ်ပါသည်။ ဤစာတမ်းသည် ဝေပုံကျနှုန်းထားစနစ်ဆိုင်ရာ ရွေးချယ်ပိုင်ခွင့်ရှိသည်များကို အဓိကထား ဆန်းစစ် လေ့လာသော်လည်း အမျိုးသားကော်မတီနှင့် မြန်မာ့အစိုးရအနေဖြင့် ဝေပုံကျနှုန်း ထားစနစ်ကို သတ်မှတ်ထားခြင်းရှိရှိ၊ မရှိရှိ မသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ တိုးမြှင့်ရေးအတွက် လိုအပ်သော ဆောင်ရွက်မှုများအားလုံးကို ထည့်သွင်း စဉ်းစားရန် အရေးကြီးကြောင်း ဖော်ပြထားသည်။

ဤစာတမ်းသည် အမျိုးသားကော်မတီက ရွေးချယ်မှု (၂) ခုမှ (၁) ခုကို ရွေးချယ်ရန် အကြံဉာဏ်ပေးထားခြင်း ဖြစ်ပါသည်။


ရွေးချယ်မှု (၁) ဝေပုံကျနှုန်းထားစနစ်ကို နောက်ပိုင်းနှစ်များတွင်သာ သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ကောင်းများ တိုးတက် ကောင်းမွန်စေရန် လိုအပ်သော လုပ်ဆောင်မှုများကိုသာ ဦးတည် ဆောင်ရွက်သင့် ပါသည်။

က။ မသန်စွမ်းသူများ၏အခွင့်အရေးများနှင့်သက်ဆိုင်သော၊ ခွဲခြားဆက်ဆံခြင်း မပြုရန် တားမြစ်ထားသော လက်ရှိပြဌာန်းထားသည့် မူဝါဒများ၊ ဥပဒေများ၊ စည်းမျဉ်း များအား အသိပညာပေးမှု မြှင့်တင်ရန်အတွက် အစိုးရဌာနများ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူများအား ဦးတည်ဆောင်ရွက်သင့် ပါသည်။

ခ။ ခွဲခြားဆက်ဆံမှုမရှိခြင်းကို သေချာစေရန် လက်ရှိ ပြဌာန်းထားသည့် မူဝါဒများ၊ ဥပဒေများ နှင့် နည်းဥပဒေများကို အကောင်အထည်ဖော် လုပ်ဆောင်ခြင်း

  • ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများကို လက်လှမ်းမီရယူ သင်ကြားနိုင်ခြင်း

  • အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး စနစ်ကို လက်လှမ်းမီ အသုံးပြုနိုင်စေခြင်း

  • မသန်စွမ်းသူများ မသန်စွမ်းမှတ်ပုံတင်ရရှိစေရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း

  • အလုပ်အကိုင်အမျိုးအစားများ အားလုံး (အစိုးရဌာန၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍ) တွင် အလုပ်လျှောက်လွှာခေါ်ယူခြင်း၊ အလုပ်ခန့်အပ်ထားခြင်းနှင့် ရာထူးတိုးမြှင့်ခြင်းများတွင်ရှိသော ခွဲခြားဆက်ဆံမှု များ ကို တွန်းလှန် ဆောင်ရွက်ခြင်း

မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းတိုးမြှင့်စေရန်နှင့် လုပ်ငန်းခွင်ဝင်ရန် သင့်လျော်သော စွမ်းဆောင်ရည် တိုးမြှင့်စေရန် အစီအမံများနှင့် လုပ်ဆောင်ချက်များ

  • တစ်ဦးချင်းစီ၏ စိတ်အားထက်သန်မှုအပေါ်မှာ အခြေခံပြီး လူမှန်၊ နေရာမှန် ကိုက်ညီမှု ရှိရန် ဆောင်ရွက်ခြင်း (job matching) ၊ အလုပ်အကိုင် အခွင့်အလမ်း ပြပွဲ (job fairs) နှင့် အလုပ် အကိုင်ရှာဖွေနေသော မသန်စွမ်းသူများ၏ အချက် အလက်များကို စနစ်တကျ စုဆောင်း ထားရှိခြင်း၊

  • လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် မိမိတို့အပေါ် မိမိတို့ယုံကြည်မှုများ ရှိလာအောင် ဆောင်ရွက်ပေးသည့် အစီအစဉ်များ၊ လုပ်ငန်းခွင်အကြိုနှင့် လုပ်ငန်းခွင်အတွင်း လေ့ကျင့်သင်ကြားပေးမှုများ၊ အလုပ်မရှိသေးသူများကို အလုပ်အကိုင်အတွေ့အကြုံရရှိစေရန် ယာယီအလုပ်နေရာ ခန့်အပ်ထားမှုနှင့် လုပ်ငန်းခွင်အတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ခြင်း၊

  • (မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်း၊ မသန်စွမ်းဝယ်ယူ စားသုံး သူများအား ဝန်ဆောင်မှုများ လက်လှမ်းမီစေရေး လုပ်ဆောင်ခြင်း အပါအဝင်) မသန်စွမ်းသူများ အားလုံးပါဝင်သည့် မူဝါဒများကို ချမှတ်၍ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နေသောကုမ္ပဏီများကို အခွန်လျော့ပေါ့ပေးခြင်း နှင့် အသိအမှတ်ပြုပေးခြင်း။


ရွေးချယ်မှု (၂) စွမ်းဆောင်နိုင်သည့် ပတ်ဝန်းကျင်တိုးတက်အောင် ပြုလုပ်ခြင်းအပြင် ဝေပုံကျနှုန်းထား စနစ်ကို အစပျိုးခြင်းနှင့်ပတ်သက်၍ အကြံဉာဏ်ရယူခြင်း။

အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများရှိ အလုပ်ရှင်များသည် မသန်စွမ်းမှုနှင့် ခွဲခြားဆက်ဆံမှု မပြုလုပ်ရဟူသော၊ တာဝန်ဝတ္တရားများအကြောင်းနှင့် ပတ်သက်၍ အသိပညာ အနည်းငယ်သာ ရှိသည်။ မြန်မာနိုင်ငံတွင် ဝေပုံကျနှုန်းထားစနစ် အကောင်အထည်ဖော်ရန် ဖြစ်နိုင်ခြေကို လေ့လာနိုင်ရန်အတွက် အလုပ်ရှင်များ (စီးပွားရေး လုပ်ငန်းများနှင့် အစိုးရ မဟုတ်သောအဖွဲ့အစည်းများ)၊ မသန်စွမ်း အဖွဲ့အစည်းများနှင့် တိုင်ပင် ဆွေးနွေး၍ စေ့စေ့စပ်စပ် ပွင့်ပွင့် လင်းလင်းနှင့် စနစ်တကျ ပြုစုထားသည့် “Green Paper” (တိုင်ပင် ဆွေးနွေးမှုမှရရှိထားသော အတွေးအမြင်၊ အကြံပြုချက်များပါဝင်သည့် စာတမ်း တစ်စောင်) လိုအပ်ပါသည်။ နိုင်ငံတကာ အလေ့အကျင့်ကောင်းများအပေါ် အခြေခံ၍ ထိုကဲ့သို့ တိုင်ပင် ဆွေးနွေးမှုများသည် တစ်နှစ်ခန့် ကြာမြင့်သင့်သည်။ ဥပမာ ပြင်ဆင်မှု၊ ခြောက်လ တိုင်ပင်ဆွေးနွေးမှု (ဆက်သွယ်ရေးနှင့် လူထုအစည်းအဝေးများအပါအဝင်၊ အဖြေများအား ပြန်လည်သုံးသပ်ခြင်းနှင့် စုစည်းခြင်း)။

အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံများကို ထင်ဟပ်သော လုပ်ဆောင်နိုင်ဖွယ်ရှိသည့် အမျိုးမျိုးသော အရေးယူဆောင်ရွက်မှုများနှင့် ၎င်းတို့၏ ဖြစ်နိုင်ချေတို့နှင့် ပတ်သက်၍ တိကျသော မေးခွန်းများ ရှိသင့်သည်။ တိုင်ပင် ဆွေးနွေးမှုများမှ တစ်ဆင့် အောက်ပါတို့နှင့် စပ်လျဉ်းသည့် ဦးစားပေးမှုများနှင့် ဖြစ်နိုင်ခြေအပေါ် ထင်မြင်ယူဆချက်များကို ရှာသင့် ပါသည်။

  • ဝေပုံကျနှုန်းထား ရာခိုင်နှုန်း

  • အကျုံးဝင်မှု (ဥပမာ-အများပြည်သူ/ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ၏ မည့်သည့် အစိတ်အပိုင်းများ)

  • အကောင်အထည်ဖော်ဆောင်ရွက်ရန် စတင်မိတ်ဆက်ခြင်းအတွက် အချိန်ဇယား

  • မက်လုံးများအတွက် ရွေးချယ်စရာများ

  • ပြစ်ဒဏ်များအတွက် ရွေးချယ်စရာများ

  • အစီရင်ခံရန် လိုအပ်ချက်များ

  • စောင့်ကြည့်လေ့လာခြင်းနှင့် ပြန်လည်သုံးသပ်ရန်အတွက် ရွေးချယ်စရာများ

© 2024 Myanmar Centre for Responsible Business