ယဉ်ကျေးမှုအမွေအနှစ်ထိန်သိမ်းရေးနှင့်ခရီးသွားလုပ်ငန်းအားစီမံခန့်ခွဲခြင်းဖြင့် မြောက်ဦးဒေသအတွက်ပိုမိုလှပသောအနာဂတ်ဖြစ်ဖို့ စတင်ပြင်ဆင် - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » ယဉ်ကျေးမှုအမွေအနှစ်ထိန်သိမ်းရေးနှင့်ခရီးသွားလုပ်ငန်းအားစီမံခန့်ခွဲခြင်းဖြင့် မြောက်ဦးဒေသအတွက်ပိုမိုလှပသောအနာဂတ်ဖြစ်ဖို့ စတင်ပြင်ဆင်

ယဉ်ကျေးမှုအမွေအနှစ်ထိန်သိမ်းရေးနှင့်ခရီးသွားလုပ်ငန်းအားစီမံခန့်ခွဲခြင်းဖြင့် မြောက်ဦးဒေသအတွက်ပိုမိုလှပသောအနာဂတ်ဖြစ်ဖို့ စတင်ပြင်ဆင်

ယခုနှစ်ရက်တာကျင်းပသော ဆွေးနွေးပွဲတွင်မြောက်ဦးဒေသယဉ်ကျေးမှုအမွေအနှစ်များကို ကောင်းမွန်စွာထိန်းသိမ်းကာကွယ်ခြင်းနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်သောခရီးသွားလုပ်ငန်းမှသည် ဒေသဆိုင်ရာစီးပွားရေးအကျိုးအမြတ်ရရှိရေးစသောအကြောင်းအရာများနှင့်သက်ဆိုင်သောဥပဒေမူဘောင်များဆိုင်ရာခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
ယခုနှစ်ရက်တာကျင်းပသော ဆွေးနွေးပွဲတွင်မြောက်ဦးဒေသယဉ်ကျေးမှုအမွေအနှစ်များကို ကောင်းမွန်စွာထိန်းသိမ်းကာကွယ်ခြင်းနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်သောခရီးသွားလုပ်ငန်းမှသည် ဒေသဆိုင်ရာစီးပွားရေးအကျိုးအမြတ်ရရှိရေးစသောအကြောင်းအရာများနှင့်သက်ဆိုင်သောဥပဒေမူဘောင်များဆိုင်ရာခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာနနှင့် ယူနက်စကိုအဖွဲ့တို့မှပူးပေါင်း၍ မြောက်ဦးဒေသအတွက်ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းစီမံခန့်ခွဲရေးအစီအစဉ် စတင်ရေးဆွဲရေးအတွက်သုံးပွင့်ဆိုင်အစည်းအဝေးကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ဇူလိုင်လ၁၀ ရက်နှင့် ၁၁ ရက် တို့တွင်ပြုလုပ်ခဲ့သည်။ ၎င်းဆွေး နွေးပွဲကို ရခိုင်ပြည်နယ် မြောက်ဦးဒေသမှ အစိုးရတာဝန်ရှိသူများ၊အရပ်ဘက်အဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များအပါအဝင်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် လူထုအခြေပြုခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ခရီးသွားလုပ်ငန်းနှင့်ရိုးရာယဉ်ကျေးမှုထိန်းသိမ်းရေးဆိုင်ရာပညာရှင်များနှင့်အခြားပညာရေးဆိုင်ရာပညာရှင်များစသောကဏ္ဍအစုံမှဦးရေစုစုပေါင်း၄၅ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲ၏ရည်ရွယ်ချက်မှာ မြောက်ဦးဒေသယဉ်ကျေးမှုအမွေအနှစ်များကို ထိရောက်မှန်ကန်စွာ ထိန်းသိမ်း ခြင်းဖြင့် အားလုံးပါဝင်သော ဒေသအတွက်လူမှုရေးနှင့် စီးပွားရေးများဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် ဒေသခံ ပြည်သူလူထုကို အထောက်အကူဖြစ်စေသောကောင်းမွန်ပြီးရေရှည်ဖွံ့တိုးတက်စေမည့်ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမည့်အစီအစဉ်ကိုရေးဆွဲနိုင်ရန်ဖြစ်သည်။ ဤဆွေးနွေးပွဲသည် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အကြံပေးကော်မရှင် ဒေါက်တာကိုဖီအာနန်၏ အစီအရင်ခံစာတွင်အကြံပြုထားသောပြည်ထောင်စုမြန်မာနိုင်ငံအစိုးရအနေနှင့်မြောက်ဦးဒေသသည်နိုင်ငံတကာစာမျက်နာတွင်ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ်အသိအမှတ်ပြုလာပါကခရီးသွားလုပ်ငန်းများအောင်မြင်လာနိုင်ပြီး ဒေသ၏စီးပွားရေးကို အထောက်အပံ့ဖြစ်စေမည့်အတွက်၊ မကြာမှီက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် အသိအမှတ်ပြုခံ ရသောပုဂံကဲ့သို့မြောက်ဦးဒေသကိုလည်းကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ်အသိအမှတ်ပြုခံရနိုင်ရန်အတွက်ယူနက်စကိုကဲ့သို့နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သင့်သည်ဆိုသည့်အကြံပြုချက်ကိုအခြေခံဆောင်ရွက်ခြင်းဖြစ်ပါသည်။ယင်းကဲ့သို့ကမ္ဘာ့ယဉ်ကျေးမူအမွေအနှစ်ဒေသအဖြစ်အသိအမှတ်ပြုလိုပါကရေရှည်ဖွံ့ဖြိုးတိုးတက်စေမည့်ခရီးသွားလုပ်ငန်းစီမံရေးအစီအစဉ်များထားရှိရမည်ဖြစ်ပေသည်။ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရသည် မြောက်ဦးဒေသကိုကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် အသိအမှတ်ပြုရန် အစီအစဉ်စာတမ်းမူကြမ်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ တွင်နောက်ဆုံးထားပြုလုပ်ရန် စီစဉ်ထားကြောင်း ယခင်ကထုတ်ပြန်ထားခဲ့သည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူအားလုံးက လက်ရှိမြောက်ဦးဒေသတွင် ဖြစ်ပေါ်နေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲများနှင့် လုံခြုံမှုဆိုင်ရာပြသနာများသည် လက်ရှိတွင် မြောက်ဦးဒေသအတွက် ခရီးသွားလုပ်ငန်းစီမံခန့်ခွဲခြင်းကို အကောင်အထည်ဖော်ခြင်း၊ ဖွံ့ဖြိုးခြင်းများလုပ်ဆောင်ရန် သင့်တော်သောအခြေအနေအဖြစ် မရှိသည်ကို နားလည်ထားကြပါသည်။အချုပ်အားဖြင့် မြောက်ဦးဒေသခရီးသွားလုပ်ငန်းသည် လုံခြုံမှုအခြေအနေများ၏သက်ရောက်မှုများကြောင့်  ပြည်တွင်းပြည်ပခရီးသွားများ လာရောက်နိုင်မှုမရှိခြင်းကို တိုင်ရိုက်သော်လည်းကောင်း သွယ်ဝယ်၍သော်လည်းကောင်း သက်ရောက်သဖြင့် လက်ရှိမြောက်ဦးဒေသခရီးသွာလုပ်ငန်းသည် အကောင်အထည်ဖော်ခြင်းမရှိသည်ကို သေချာစွာနားလည်ထားကြပါသည်။

အဖွင့်အမှာစကားပြောကြားပေးခဲ့သောယူနက်စကိုအဖွဲ့၏ မြန်မာနိုင်ငံကိုယ်စားလှယ် မစ်မင်းဂျုန်ကင်၊ မြောက်ဦးဒေသယဉ်ကျေးမှုဌာနဌာနေကိုယ်စားလှယ်ဦးသန်းထိုက်၊နှင့်ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနဒုဦးစီးမှုးဦးမိုးအောင်တို့မှအဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပသော ဆွေးနွေးပွဲသည် မြောက်ဦးဒေသကို ဈေးကွက်မြင့်တင်ရေးအတွက်မဟုတ်ပဲ ယနေ့မျက်မှောက်တွေ့ကြုံနေရသောအခက်အခဲများအလွန်၊ မြောက်ဦးဒေသခရီးသွားလုပ်ငန်းနှင့်ဒေသဆိုင်ရာဖွံ့ဖြိုးရေးအတွက် အစီအစဉ်ရေးဆွဲရန် အခွင့်အရေးတစ်ခုဖြစ်ကြောင်း အားလုံးမှ အလေးပေးပြောကြားခဲ့သည်။

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူအပြုဌာနမှ ဒါရိုက်တာဗစ်ကီဘိုမန်တင်ပြဆွေးနွေးမှုတွင်ယနေ့လက်ရှိမြောက်ဦးဒေသခရီးသွားလာမှုအတွက် နိုင်ငံတကာသံရုံးများမှအကြုံပြုသတိပေးစာထုတ်ပြန်ထားသော မြောက်ဦးဒေသသွားလာမှုကိုလုံးဝမပြုလုပ်ရန်နှင့်သွားလာမည်ဆိုပါကအမှန်တကယ်မဖြစ်မနေသွားလာရန် လိုအပ်မှသာ သွားသင့်ကြောင်းစသော ခရီးသွားလာမှုဆိုင်ရာအကြုံပြုချက်များနှင်လုံခြုံမှုကို အဓိကတင်ပြဆွေးနွေးခဲ့သည်။ သူမမှထပ်မံတင်ပြဆွေးနွေးရာတွင် ခရီးသွားလုပ်ငန်းဆိုင်ရာအာမခံများသည်အသက်ဝင်မှုမရှိသဖြင့် အကျိုးဆက်အနေနှင့် ခရီးသွားလှည့်လည်ရေးလုပ်ငန်းများအနေနှင့်လည်း ဤဒေသကို သွားရောက်လည်ပတ်ရန်ဝန်ဆောင်မှုများပြုလုပ်ခြင်းမရှိသည်ကိုလည်း ဥပမာပေးဆွေးနွေးတင်ပြခဲ့သည်။ ယင်းအပြင်၎င်းရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်ရှိမြောက်ဦးမြို့နယ်နှင့်အခြား၈မြို့နယ်များတွင် အင်တာနက်ဖြတ်တောက်မှုသည် ခရီးသွားလုပ်ငန်းနှင့်လုံခြုံရေးဆိုင်ရာ အကြောင်းအရာများအပါအဝင် ယင်းဒေသဆိုင်ရာစီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုများကိုလည်း ဆွေးနွေးတင်ပြခဲ့သည်။

ဤအဖြစ်အပျက်များသည် ယင်းပဋိပက္ခများမှ ခရီးသွားလုပ်ငန်းများကို တိုက်ရိုက်သက်ရောက်စေသလို ဤခရီးသွားလုပ်ငန်းကြောင့်လည်း ပဋိပက္ခများဖြစ်စေနိုင်ကြောင်းကိုလည်း ဗစ်ကီဘိုမန်မှ ဆွေးနွေးခဲ့သည်။ ယင်းကဲ့သို့ ဆွေးနွေးရာတွင် the Business Innovation Facility မှ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဆိုင်ရာအစီအစဉ်များအတွက် ထုတ်ဝေ၍ ရှမ်းပြည်နယ်ခရီးသွားလုပ်ငန်းများအတွက် သင်တန်းများပို့ချရာတွင် အသုံးပြုထားပြီး အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေထားသော ခရီးသွားကဏ္ဍဆိုင်ရာ Do No Harm ပဋိပက္ခဖြစ်နိုင်မှုဆန်းစစ်ခြင်းဆိုင်ရာလမ်းညွှန်ကိုကိုးကား၍ဆွေးနွေးခဲ့သည်။ ယင်းသို့ဆွေးနွေးရာတွင်ခရီးသည်များတည်းခိုနိုင်သည့် တည်းခိုရိပ်သာ လိုအပ်ချက်ကို သတ်မှတ်သောတည်းခိုရိပ်သာလိုင်စင်ရယူခြင်းအမိန့်တွင် နိုင်ငံခြားသားခရီးသည်များတည်းခိုနိုင်သော တည်းခိုရိပ်သာသည်အနည်းဆုံး၁၀ ခန်းရှိရမည် ဆိုသော ဥပဒေပြဌာန်းချက်များသည် ဒေသတွင် မည်သို့ မည်ပုံပဋိပက္ခဖြစ်နိုင်ကြောင်းကိုလည်း ဆွေးနွေးခဲ့သည်။သူမအနေနှင့်ကိုးကားဆွေးနွေးရာတွင် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်၏ အကြံပြုချက်( ၈)ချက် ဖြစ်သော မိသားစုပိုင်ရိုးရာလုပ်ငန်းများ နှင့် ဒေသဆိုင်ရာအသေးစားအလတ်စားလုပ်ငန်းများဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်နေသော ဥပဒေပြဌာန်းချက်များကို ပယ်ဖျက်ရန်နှင့်၊တည်းခိုရိပ်သာလိုအပ်ချက်များဆိုင်ရာထဲမှ၁၀ခန်းရှိမှ လုပ်ကိုင်နိုင်သည့် ပြဌာန်းချက်များကိုဖယ်ရှားကာအများကိုအကျိုးဖြစ်စေသောမိသားစုပိုင်ရိုးရာလုပ်ငန်းများကဲ့သို့သောအသေးစားအလတ်စားလုပ်ငန်းများအောင်မြင်စွာလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်းတင်ပြဆွေးနွေးခဲ့သည်။ထိုဥပဒေဆိုင်ရာအကန့်အသတ်များကို၂၀၁၈ခုနှစ် ခရီးသွားလုပ်ငန်းဥပဒေမှတစ်ဆင့် ပြဌာန်းချက်အကြမ်းများတွင်ပါဝင်သော်လည်းဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနအနေနှင့်အသိအမှတ်ပြုအကောင်အထည်ဖော်ရန်လိုအပ်ပါသည်။

မစ်ဗစ်ကီဘိုမန်အနေနှင့် တည်းခိုရိပ်သာအမျိုးအစားများကို အခြေခံခွဲခြား၍တည်ဆောက်သော မြောက်ဦးဒေသတွင် ဟိုတယ်ဇုန်တည်ဆောက်မည့် အယူအဆများကို ပြင်းထန်စွာကန့်ကွက်ပါကြောင်း ဆွေးနွေးခဲ့သည်။ ဆွေးနွေးရာတွင် ယခင်အစိုးရလက်အောက်တွင် တည်ဆောက်ခဲ့သော အင်းလေးဟိုတယ်ဇုန်နှင့် တံတားဦးဟိုတယ်ဇုန်များသည် ပဋိပက္ခများကို ဖြစ်စေပြီး၊ သဘာဝပတ်ဝန်းကျင်ကို ဆိုရွားစွာထိခိုက်စေသောကြောင့် စီးပွားရေးအနေနှင့် လွဲမှားစွာဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အောင်မြင်ခြင်းမရှိခဲ့ကြောင်းဆွေးနွေးခဲ့သည်။ ဥပမာအနေနှင့် အန်ကောဝတ်တွင်တည်ဆောက်လုပ်ကိုင်နေသော ဟိုတယ်ဇုန်သည် ခရီးသည် ၂.၆ သန်းကို တည်ခိုနိုင်စေခဲ့သော်လည်း ထိုဟိုတယ်ဇုန်ရှိ တည်ဆောက်မှုများသည် ဒေသနှင့်ဆက်နွယ်သော ပင်ကိုယ်သဘာဝအလှတွေ့ရှိရခြင်းမရှိသည်ကို နိုင်းယှဉ်ဆွေးနွေးခဲ့သည်။

ယခုနှစ်ရက်တာကျင်းပသော ဆွေးနွေးပွဲတွင်မြောက်ဦးဒေသယဉ်ကျေးမှုအမွေအနှစ်များကို ကောင်းမွန်စွာထိန်းသိမ်းကာကွယ်ခြင်းနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်သောခရီးသွားလုပ်ငန်းမှသည် ဒေသဆိုင်ရာစီးပွားရေးအကျိုးအမြတ်ရရှိရေးစသောအကြောင်းအရာများနှင့်သက်ဆိုင်သောဥပဒေမူဘောင်များဆိုင်ရာခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။ထို့အပြင်အခြားလိုအပ်သောအဆောက်အအုံများတည်ရှိရေးအတွက်လိုအပ်သော ဘဏ္ဍာရေးအထောက်အပံ့များလိုအပ်ကာ၊ကနဦးအနေနှင့်ယဉ်ကျေးမှုထိန်းသိမ်းရာဝန်းကျင်အပြင်ဘက်တွင်တည်ဆောက်မည်ဖြစ်သော လေယဉ်ကွင်းတည်ဆောက်မည့်လုပ်ငန်းအတွက်လိုအပ်သောအထောက်အပံ့များလိုအပ်သလို၊ထိုဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်များနှင့်ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းကာကွယ်ခြင်းလုပ်ဆောင်ရာတွင်ဒေသခံပြည်သူလူထုကိုပူးပေါင်းပါဝင်ရမည့်အခွင့်အလမ်းများရရှိစေခြင်းသည်လည်းအရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်ကြောင်းစသည့်အကြောင်းအရာများကိုလည်းဆွေးနွေးခဲ့ကြသည်။ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာနအနေနှင့်လည်းမကြာမှီက၎င်း၏မိတ်ဖက်အဖွဲ့အစည်းများနှင့်ကျင်းပပြုလုပ်ခဲ့သောဇွန်၂၀၁၈ကလောမြို့နှင့်၂၀၁၉ခုနှစ်လွိုင်ကော်မြို့လူထုနှင့်ခရီးသွားလုပ်ငန်းဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲများအကြောင်းနှင့်ထိုဆွေးနွေးပွဲများ၏ရလာဒ်များကို မျှဝေ ဆွေးနွေးတင်ပြခဲ့သည်။

ယခုကျင်းပခဲ့သောဆွေးနွေးပွဲသည်ရန်ကုန်အခြေစိုက်ခရီးသွားလုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများဖြစ်သော မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့အချုပ်(MTF)၊မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း(UMTA)၊ နှင့် မြန်မာ့ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအဖွဲ့(MTM)၊စသောအဖွဲ့အစည်းမျာမှခရီးသွားလုပ်ငန်းဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် မြောက်ဦးဒေသ ဒေသခံပြည်သူများအတွက် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် ၂၀၁၇ ခုနှစ်တွင်နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့(ILO)မှထုတ်ဝေခဲ့သောခရီးသွားကဏ္ဍဆိုင်ရာတန်ဖိုးဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ဆန်းစစ်မှုကိုလည်းအသုံးပြု၍ ဆွေးနွေးတင်ပြခဲ့ကြသည်။ပျူရှေးဟောင်းမြို့တော်၏ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သောသရေခေတ္တရာဒေသကိုတာဝန်ယူစီမံခန့်ခွဲသူ တာဝန်ရှိသူအနေနှင့်လည်း မြန်မာနိုင်ငံ၏ပထမဆုံး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ်အသိအမှတ်ပြုပြီးနောက်ခရီးသွားလုပ်ငန်းစီမံခန့်ခွဲရာ၌ရရှိသောအတွေ့အကြံများကို မျှဝေဆွေးနွေးခဲ့ကြသည်။

ယခုဆွေးနွေးပွဲမတိုင်မီ ယူနက်စကိုမြန်မာရုံးမှ စီစဉ်၍ မြောက်ဦးဒေသခံ ၁၆ ဦးသည်ကလောဒေသခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုများကိုလေ့လာရန်နှင့်ကလောခရီးစဉ်ဒေသစီမံထိန်းသိမ်းရေးအဖွဲ့ (KTO)တွေ့ဆုံဆွေးနွေးလေ့လာရန် သွားရောက်လေ့လာခဲ့ကြသည်။မြောက်ဦးဒေသဒေသခံပြည်သူများအတွက် သွားရောက်လည်ပတ်လေ့လာရန်အတွက် တိုင်းရင်းသားပေါင်းစုံယှဉ်တွဲနေထိုင်၍ မတူကွဲပြားခြင်းအလှတရား၊ ခရီးစဉ်ဒေသစီမံထိန်းသိမ်းရေးအတွက် ဘက်ပေါင်းစုံပါဝင်ပူးပေါင်းဆောင်ရွက်ခြင်းများ နှင့် ကောင်းမွန်သော ခရီးစဉ်ဒေသမြှင့်တင်ခြင်းများ အတွက် ကလောဒေသကိုသွားရောက်လေ့လာရန် ရွေးချယ်သွားရောက်ခဲ့ခြင်းများဖြစ်ပါသည်။ယင်းအပြင်အင်းလေးယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှာက်ရေးဖောင်ဒေရှင်း၏အကူအညီဖြင့်မြောက်ဦးဒေသမှဒေသခံပြည်သူများည်ခရီးသွားလုပ်ငန်းဖော်ဆောင်ရင်းမည်သို့သဘာဝပတ်ဝန်းကျင်ကိုစောင့်ရှောက်သင့်ကြောင်းနှင့်ယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်းကာကွယ်ရမည်စသည့်ခရီးသွားလုပ်ငန်းမှအကျိုးသက်ရောက်မှုများအကြောင်းကိုဆွေးနွေးခဲ့ကြသည်။ ယင်းအကြောင်းအရာဥပမာများကိုအခြေပြု၍ ရရှိလာသော သင်ခန်းစာများကို အသုံးချကာယခုနှစ်ရက်တာဆွေးနွေးပွဲတွင်မြောက်ဦးခရီးစဉ်ဒေသခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှုအနာဂတ်အစီအစဉ်များကို ဆွေးနွေးရေးဆွဲခဲ့ကြသည်။

ဤဆွေးနွေးပွဲတွင် ဆွေးနွေးရာမှ ဖြစ်ပေါ်လာသော တက်ရောက်သူများအားလုံးမေးလိုသော မေးခွန်းတစ်ခုမှာ ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုသည် ခရီးသွားလုပ်ငန်းစီမံခန့်ခြင်းအစီအစဉ်အတွက်သာမဟုတ်ပဲ သက်ဆိုင်ရာ ဌာနအစုံပါဝင်ပြီး ဒေသဆိုင်ရာ ဥပဒေမူဘောင်စည်းကမ်းများကိုဖော်ဆောင်ကြပ်မတ်နိုင်မည့်ဒေသတစ်ခုလုံးစီမံခန့်ခွဲရေးအတွက်အုပ်ချုပ်ရေးအာဏာပိုင်တစ်ခုဖွဲ့စည်းသင့်မည်လား ဆိုတာပင်ဖြစ်လေသည်။ ၎င်းကဲ့သို့ အုပ်ချုပ်ရေးဆိုင်ရာအာဏာပိုင်အဖွဲ့ကို အန်ကော်ဝတ်တွင် Apsara အုပ်ချုပ်ရေးအာဏာပိုင်အဖြစ် ဖွဲ့စည်းအုပ်ချုပ်သောသာဓကရှိသည်။ ထိုကဲ့သို့သော အကြောင်းအရာများသည် အခြားကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသမြို့တော်ဖြစ်သောလွန်ဘရာပွန်နှင့်ဂျော့်တောင်း(ပီနန်)နှင့်ဟွိင်အန်းကဲ့သို့သော နေရာများမှအတွေ့အကြုံများကိုရယူ၍ထပ်မံဆွေးနွေးရပေဦးမည်။ယင်းကဲ့သို့သောအကြောင်းအရာများကိုနောင်ကျင်းပမည့်ဘက်စုံပါဝင်သောသုံးပွင့်ဆိုင်ဆွေးနွေးပွဲများ များစွာတွင် တွေ့ဆုံဆွေးနွေးအဖြေရှာရပေလိမ့်မည် ဖြစ်ပါတော့သည်။

Latest Tourism News

© 2024 Myanmar Centre for Responsible Business