မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ အသေးစား၊ အ လတ်စား စီးပွားရေးလုပ်ငန်းများက ကြိုးနီစနစ် လျော့ချပေးစေလို၊ ကော်မတီများ နည်းပါးစေလိုပြီး လုပ်ငန်းစဉ်နှင့်ပေးရမည့်ငွေပမာဏကိုရှင်းလင်းစွာ သိလို - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ အသေးစား၊ အ လတ်စား စီးပွားရေးလုပ်ငန်းများက ကြိုးနီစနစ် လျော့ချပေးစေလို၊ ကော်မတီများ နည်းပါးစေလိုပြီး လုပ်ငန်းစဉ်နှင့်ပေးရမည့်ငွေပမာဏကိုရှင်းလင်းစွာ သိလို

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ အသေးစား၊ အ လတ်စား စီးပွားရေးလုပ်ငန်းများက ကြိုးနီစနစ် လျော့ချပေးစေလို၊ ကော်မတီများ နည်းပါးစေလိုပြီး လုပ်ငန်းစဉ်နှင့်ပေးရမည့်ငွေပမာဏကိုရှင်းလင်းစွာ သိလို

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် နှင့် တိုင်းနှင့်ပြည်နယ် အစိုးရများ  သို့ တင်ပြရန်အတွက် UNDP နှင့်  MCRB တို့က မှတ်ချက်များနှင့် အကြံပြုချက်များကို ကောက်ခံခဲ့သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် နှင့် တိုင်းနှင့်ပြည်နယ် အစိုးရများ သို့ တင်ပြရန်အတွက် UNDP နှင့် MCRB တို့က မှတ်ချက်များနှင့် အကြံပြုချက်များကို ကောက်ခံခဲ့သည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)သည် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ပူးပေါင်းပြီး UK FCO prosperity Fund မှ ထောက်ပံ့မှုနှင့် ဆောင်ရွက်သည့် FairBiz programme အရ တစ်ရက်တာ အလုပ်ရုံဆွေးနွေးညှိနှိုင်းခြင်းကို ဇူလိုင်၂ရက်နှင့် ၃ရက် များတွင် ကျင်းပခဲ့သည်။ ယင်းတို့မှာ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့မှ ကုန်သည်စက်မှု အသင်းဝင်များနှင့် ဒေသခံလုပ်ငန်းရှင်များ အတွက် ဖြစ်ပြီး  အစီအစဉ်တစ်ခုစီကို  လုပ်ငန်းရှင် ၂၀-၃၀ ဝန်းကျင် တက်ရောက်ခဲ့သည်။ တက်ရောက်ခဲ့သူ လုပ်ငန်းရှင်များမှာ ဆောက်လုပ်ရေး၊ လက်ကားရောင်းဝယ်ရေး၊ ဆီဆိုင်အပါအဝင် ကုန်သွယ်ရေး လုပ်ငန်းများ၊ ထောက်ပံ့ပို့ဆောင်ရေး၊ခရီးသွား၊ပညာရေးနှင့် အိုင်စီတီ လုပ်ငန်းများကို လုပ်ကိုင်သူများ ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များမှာ-

  • တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ ၏ အလေ့အကျင့်ကောင်းများကို ဒေသခံ လုပ်ငန်း ရှင်များ   မြင့်မားအားကောင်းလာ စေရေး၊

  • ၎င်း အလေ့အကျင့် စံနှုန်းများကို လက်တွေ့ကျင့်သုံးရာတွင် အဓိက အခက်အခဲများကို ဖော်ထုတ်ခြင်း၊

၎င်းအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် နည်းလမ်းအထောက်အကူများ မဟာဗျူဟာများကို ရှာဖွေလေ့လာရန် ဖြစ်သည်။

MCRB မှ ဦးအောင်ကျော်စိုးက တယာန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများတွင် ကျင့်သုံးရမည့် စည်မျဉ်းများကို ရှင်းလင်းတင်ပြသည်။ ၎င်းတွင် ဥပဒေကို  လေးစားလိုက်နာခြင်း၊ လူ့အခွင့်အရေးကို  လေးစားလိုက်နာခြင်း၊ ရေရှည်တည်တံခိုင်မြဲ မှုရှိစေရန်အတွက် ပိုမိုကျော်လွန်လုပ်ဆောင်ခြင်း၊ အကျိုးစီးပွားမျှဝေခြင်းနှင့် လှူဒါန်းခြင်း မည်သို့ကွာခြားပုံ အကြောင်းတို့ ပါဝင်သည်။ တက်ရောက်လာသူများက ဥပမာ ဖြစ်ရပ် ၁၆ခုကို လေ့လာကာ ၁။ မဖြစ်မနေလုပ်ရမည့် အလုပ်၊၂။ အကျိုးစီးပွားမျှဝေခြင်း၊ ၃။ အလှူအတန်း သို့မဟုတ် အဂတိလိုက်စားမှုဟု ယူဆနိုင်ခြင်း စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရသော လေ့ကျင့်ခန်းကိုလည်း တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသည်။

MCRBမှ ဒေါ်ဖြူဖြူဇင်ကလည်း အဂတိလိုက်စားမှုအမျိုးအစားများ၊ အဂတိလိုက်စားမှုတိုက် ဖျက်ရေး ကော်မရှင်၏ ၁၄/ ၂၀၁၈ အမိန့်ကြော်ငြာစာဖြင့်  အဂတိတိုက်ဖျက်ရေးအတွက်  စည်းမျဉ်းများကို သတ်မှတ်ပေးခြင်း အပါအဝင် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ် တိုးတက်မှုများကို ရှင်းလင်းဖော်ပြသည်။ ထို့အပြင် သမ္မတရုံးမှ ထုတ်ပြန်ထားသည့် လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်ချက် ကိုလည်း အကျယ်တဝင့်ရှင်းပြကာ  မြန်မာဘာသာဖြင့်လည်းရရှိနိုင်သည့်  အဂတိတိုက်ဖျက်ရေး ဆိုင်ရာ လက်စွဲစာအုပ်နှင့် အမူအကျင့်ကောင်း ဥပမာများကို ပို့ချခဲ့သည်။

တက်ရောက်သူများက အဂတိလိုက်စားမှု အခြေအေ နများနှင့် ပတ်သက်ပြီး မဲပေးကြရာ မော်လမြိုင်အဖွဲ့က အကောင်မြင်မှု ပိုမိုပြီး ယခင်နှစ်ကထက် တိုးတက်လာသည်ဟု ယူဆ မဲပေးကြကာ ကရင်ပြည်နယ်မှ လုပ်ငန်းရှင်များတွင်မူ ပိုမိုဆိုးရွားလာသည်ဟု ရှုမြင်သူများရှိသလို တိုးတက်မှုများ ရှိသည်ဟု ယူဆသူများလည်း ရှိပါသည်။

တက်ရောက်သူများ ကြုံတွေ့ရသည့် အဂတိဆိုင်ရာ အခက်အခဲများကို တင်ပြစေရာ အဓိက အားဖြင့် တင်ဒါလုပ်လုပ်ငန်းစဉ်ဟု တင်ပြပြီး  မြေလုပ်ကိုင်ခွင့်၊ လူဝင်မှုကြီးကြပ်ရေး၊ အခွန်၊ နယ်စပ်ကုန်သွယ်ရေးနှင့် ဆောက်လုပ်ရေး တို့တွင် ခွင့်ပြုမိန့်အတွက် ဥပဒေပိုင်းဆိုင်ရာ များနှင့် တရားဥပဒေ စိုးမိုးမှုတို့တွင် အဂတိလိုက်စားမှုများရှိနေသည်ဟု  ဆိုသည်။  ထို့အပြင် ပညာရေးပိုင်းတွင် လက်ရှိအခင်းအကျင်းများက အနာဂတ်တွင် အဂတိလိုက်စားရန် ဖန်တီးပေးနေသည်ဟု ထောက်ပြကာ  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားများညွှန်ကြားမှု ဦးစီးဌာန၏ ကုမ္ပဏီမှတ်ပုံတင်လုပ်ငန်းစဉ်အတွက်  www.myco.dica.gov.mm/  တွင် အွန်လိုင်းမှ လုပ်ကိုင်နိုင်ခြင်းကြောင့် ယခင်က ကုမ္ပဏီများမှတ်ပုံတင်ခြင်းက ထီထိုးရသလို မသေချာသည့် လုပ်ငန်းစဉ်ဖြစ်နေရာမှ ယခုအခါ နံနက်ပိုင်းဆောင်ရွက်လျှင် နေ့လည်ပိုင်းတွင်ရသည့် စနစ်ဖြစ်   သဖြင့်  အင်မတန်ကောင်းမွန်ကြောင်း ပြောဆိုသွားသည်။

အဂတိလုက်စားမှုကို ဖြစ်ပေါ်စေသော ကြိုးနီစနစ်ဆိုင်ရာဥပမာများနှင် အခြားဥပမာများကိုလည်း  တင်ပြဆွေးနွေးကြသည်။  စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အဂတိတိုက်ဖျက်ရာတွင် ပိုမို အောင်မြင်နိုင်ပုံ၊  မလိုလားအပ်သော  ကြိုးနီစနစ်နှင့် အရည်အသွေးမရှိ၊ အရေအတွက်သာရှိသော စည်းမျဉ်းများကို လျော့ချနိုင်စေ၇န်အတွက်  အစိုး၇ကို ညှိနှိုင်းဆွေးနွေးသင့်ပုံတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။  တက်ရာက်သူများက အစိုးဘက်မှပြုပြင်ပြောင်းလဲနိုင်ပါရန်များကိုလည်း တင်ပြဆွေးနွေးရာ အောက်ပါအတိုင်း အဓိက အုပ်စု (၄)စုခွဲနိုင်ပါသည်။

  • ခေတ်မမီသော ၊ရှုပ်ထွေးသော စည်းမျဉ်းများကို ပြန်လည်သုံးသပ်ရန်နှင့် ရှင်းလင်းလွယ်ကူအောင် ပြုလုပ်ပေးရန်၊

  • ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်၇န်၊ သို့သော် ကော်မတီများဖွဲ့စည်းရန် မဟုတ်ပါ။

  • စီးပွားရေးလုပ်ငန်းရှင်များဘက်မှ မည်သို့လိုက်နာဆောင်ရွက် ရမည်တို့ကို နားလည်သဘောပေါက်စေရေး ကူညီပေးရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန်။

အစိုးရဝန်ထမ်းမျာိးကု ပိုမိုအရည်အသွေးရှိလာစေရေးအတွက် လေ့ကျင့်ပေး ရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ လုပ်ကိုင်လိုသော လုပ်ငန်းများကို အသိမှတ်ပြုပေးရန်။ 

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ တိုင်းနှင့်ပြည်နယ် အစိုးရများနှင့် ဗစ်ကီဘိုမန် ဦးဆောင်သည့်  အဂတိ လိုက်စားမှုတိုက်ဖျက်ရေး အတွက် “အလွတ်သဘော စေတနာဖြင့် အကြံပေးရေး အဖွဲ့  VAG ”(အဖွဲ့၏ လုပ်ငန်းညွှန်းတမ်း-ToRs ကို အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့်ရရှိနိုင်ပါသည်။) စသည်တို့ကို တင်ပြရန်အတွက် UNDP နှင့်  MCRB တို့က မှတ်ချက်များနှင့် အကြံပြုချက်များကို ကောက်ခံခဲ့သည်။ ယင်းအကြံပြုချက်များကို ဇူလိုင်လ ၆ ရက် ကျင်းပသည့်   VAG အဖွဲ့အစည်းအဝေးတွင် တင်ပြဆွေးနွေးကာ ယန်ကြီးဌာနအချို့ တွင် ဖွဲ့စည်းဆောင်ရွက်လဆက်ရှိနေပြီဖြစ်သော အဂတိလိုက်စားမှု တာဆီးကာကွယ်ရေးအဖွဲ့ (CPU) များကို ပုံဖော်ရာတွင်  အထောက်အကူ  ဖြစ်စေပါသည်။  အာရှ ဖောင်ဒေးရှင်းက ဆောင်ရွက်သည့်  Myanmar Business Environment Index (MBEI),   ကို (MCRB ကိုလည်း ထောက်ပံ့သည့် ) Dana Facility/DFID ကထောက်ပံ့ပြီး ယင်း MEBI သည် တိုင်းနှင့်ပြည်နယ်များရှိ စီးပွားရေးစီမံအုပ်ချုပ်မှု အခြေအနေများကို လေ့လာသုံးသပ်ထားပါသည်။  ၎င်းကို မြန်မာနိုင်ံ၏ ဝန်ဆောင်မှုနှင့် ကုန်စည် ထုတ်လုပ်ရေး ကဏ္ဍများကို လုပ်ကိုင်သည့် နိုင်ငံတဝန်းမှ အသေးစားနျင့် အလတ်စား လုပ်ငန်းပေါင်း၄၈၇၄ ကို ပွင့်လင်းမြင်သာမှုနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ မေးခွန်းများဖြင့်  ယခုကျင်းပသော အလုပ်ရုံဆွေးနွေးပွဲတွင်လေ့လာသောကိစ္စရပ်များကို ပင် မေးမြန်း  ပြုစုထားပါသည်။

နောက်ဆုံးရ သတင်း

Recordings of the presentations are available to watch in English or in Thai. Click "See More" below the video for the link to the Thai version.

On 13 July, MCRB and Fair Finance Thailand co-hosted a webinar for Thai companies. Vicky Bowman, Director of MCRB, presented the human rights risks which companies currently need to take into account when doing business in Myanmar...

Launched in November 2022, the Myanmar Sustainable Business Network (MSBN) is a multistakeholder platform bringing together businesses and professionals committed to building a more sustainable economy in Myanmar through responsible business practices.

MSBN, a partnership between MCRB, United Nations Development Programme (UNDP) Myanmar and Yever, has submitted input to the consultations by the UN Global Digital Compact (UNGDC) highlighting digital rights priorities...

© 2024 Myanmar Centre for Responsible Business