မြန်မာပြည်၌ မသန်စွမ်းသူများအား အလုပ်ခန့်အပ် လာသော စီးပွားရေးလုပ်ငန်းများတိုးတက်များပြားလာ - သတင်းစဉ်
You are here Home » သတင်းစဉ် » မြန်မာပြည်၌ မသန်စွမ်းသူများအား အလုပ်ခန့်အပ် လာသော စီးပွားရေးလုပ်ငန်းများတိုးတက်များပြားလာ

မြန်မာပြည်၌ မသန်စွမ်းသူများအား အလုပ်ခန့်အပ် လာသော စီးပွားရေးလုပ်ငန်းများတိုးတက်များပြားလာ

Blue Ocean Call Centre အလုပ်လုပ်နေသော ကိုမြင့်ထွန်းဦး (အရှေ့လက်ဝဲဘက်)နှင့် သူ၏ လုပ်ဖော်ကိုင်ဖတ်များ
Blue Ocean Call Centre အလုပ်လုပ်နေသော ကိုမြင့်ထွန်းဦး (အရှေ့လက်ဝဲဘက်)နှင့် သူ၏ လုပ်ဖော်ကိုင်ဖတ်များ

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့၏   ဆောင်ပုဒ်မှာ “အတားအဆီးကင်းရေးမှန်းမျှော်လို့ မသန်စွမ်းသူများ၏ လူ့အခွင့် အရေးဖော်ဆောင်စို့” (The Future is accessible) ဖြစ်ပါသည်။ ထိုနေ့ကို ကြိုဆိုသည့်အနေဖြင့်  မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူ မှုရှိရေး အထောက်အကူပြုဌာန (MCRB)၏ ဒါရိုက်တာဖြစ်သူ ဗစ်ကီဘိုမန်က မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်း များသည် မသန်စွမ်းသူများအား အလုပ်ခန့်ထား ခြင်းဖြင့် စီးပွားရေးအရ အကျိုး အမြတ်ရှိသည်ကို သိမြင်လာ၍ မသန်စွမ်း သူများအား အလုပ်ခန့်အပ်လာသောစီးပွားရေးလုပ်ငန်း အရေအတွက် တိုးတက် များပြားလာခြင်းကို  ဂုဏ်ပြု ကြိုဆိုပါသည်။  

၂၀၁၄ခုနှစ်မှစ၍ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာနသည် မသန်စွမ်း သူများ ပိုမိုအလုပ်အကိုင်ရရှိစေရန် ကုမ္ပဏီများ၊ အစိုးရများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့်အတူတကွ လုပ်ကိုင်ခဲ့ပါသည်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် (MFPD)၏ ပံ့ပိုးမှုဖြင့် MCRB နှင့် AAR Japan တို့မှ ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် “မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်း၊ မြန်မာနိုင်ငံရှိအလုပ်ရှင်များအတွက် လက်စွဲစာအုပ်” ကို စတင်မိတ်ဆက်ခဲ့ သည်။ ထိုစာအုပ်ရေ (၁၀၀)ကျော်ကို အစိုးရဌာနများ၊ စီးပွားရေးလုပ်ငန်းများနှင့် အခြားမသန်စွမ်း အဖွဲ့အစည်းများသို့ ဖြန့်ဝေခဲ့ပြီး အွန်းလိုင်းတွင်လည်း အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေသော စာအုပ် အကြိမ် ၁၀၀၀ ကျော်နှင့် မြန်မာဘာသာဖြင့်ပုံနှိပ်ထုတ်ဝေသောစာအုပ် အကြိမ် ၅၀၀ ကျော် download ဆွဲယူခဲ့ကြပြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံမျက်မမြင်များအသင်းနှင့် MCRB တို့ ပူးပေါင်းပြင်ဆင်သော “ မသန်စွမ်းသူများအား အလုပ် ခန့်ထားခြင်း၊ မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် လက်စွဲစာအုပ်” မြန်မာဘာသာ အသံထွက် စာအုပ်ကို MCRB website မှာ လွှင့်တင်ထားပါသည်။ ထိုအသံထွက်စာအုပ်ကို ဤနေရာတွင် ရယူနိုင်ပါသည်။

ထိုလက်စွဲစာအုပ်တွင် Blue Ocean, Call Centre, KBZ Bank, Myanmar Apex Bank, Myanma Insurance, Novotel Yangon Max နှင့် Sule Shangri-La စသည့် ကုမ္ပဏီများသည် မသန်စွမ်းသူများအလုပ်ခန့်ခြင်းဖြင့် အလုပ်သမားများ၏ ကုန်ထုတ်စွမ်းအားနှင့် ဝန်ထမ်းများ၏ စိတ်အားထက်သန်မှုကို မည်သို့ မြှင့်တင်ခဲ့ခြင်းနှင့်ပတ်သက်သည့် ရှင်းပြသောနမူနာများ ပါဝင် ပါသည်။

အလုပ်အကိုင်၊ မသန်စွမ်းမှုနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းများကို၊ အထူးသဖြင့် လူ့စွမ်းအား အရင်းအမြစ် မန်နေဂျာများကို အသိပညာမြှင့်တင်ရန် MCRBမှ ၂၀၁၉ခုနှစ် မတ်လတွင် ကျင်းပသော အလုပ်ရုံ ဆွေးနွေးပွဲ တွင် တက်ရောက်လာ သူများအား မြန်မာနိုင်ငံ၌ မသန်စွမ်းသူများအားလုံးအကျုံးဝင် လုပ်ဆောင်နိုင်ရန် ဦးဆောင်နေသော စီးပွားရေးလုပ်ငန်းများ၏အမည်ကို အကြံပြုရန်တောင်းခံခဲ့ရာ မသန်စွမ်း သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမှုနှင့် “အဆင်ပြေ သင့်လျော်သော လုပ်ငန်း ခွင်” ဖန်တီးမှုအတွက် KBZ ဘဏ်ဟု ဖော်ပြကြပြီး၊ MAB နှင့် CB ဘဏ်ကဲ့သို့သော အခြားဘဏ်များ ကိုလည်း ဖော်ပြကြသည်။ Rose Garden နှင့် Meliaဟိုတယ်များကိုလည်း ၎င်းတို့၏မသန်စွမ်းမှု ဆိုင်ရာမူဝါဒနှင့် အလုပ်အကိုင်အခွင့်အလမ်းများ အတွက် ချီးကျူးခဲ့ကြပါသည်။ မသန်စွမ်းသူများ အလုပ်အကိုင်ထောက်ပံ့မှုအတွက် မိုးယံထီးဆိုင်၊ မဇ္စိုမ မီဒီယာကိုလည်း ချီးကျူးခဲ့ကြသည်။ လူမှုစီးပွားရေးလုပ်ငန်းများဖြစ်သော Hla Day နှင့် Yangon Bakehouse သည် မသန်စွမ်း အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း သင်တန်း နှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အခွင့်အလမ်းများကို ထောက်ပံ့ ပေးသည်။

Download the PDFDownload the PDF
Download the PDFDownload the PDF
ကို ကျော်ဇင်လတ်သည် ကားမတော်တဆဖြစ်မှုကြောင့် ဒူးအောက်ပိုင်းဖြတ်ထားရပြီး ယခုအခါတွင် ခြေတုတစ်ဖက်ကို အသုံးပြုထားပါသည်။ သူသည် မြန်မာ့ရှေ့ဆောင်ဘဏ်၏ Call centre တွင် အလုပ်လုပ်ကိုင်နေပါသည်။

ကို ကျော်ဇင်လတ်သည် ကားမတော်တဆဖြစ်မှုကြောင့် ဒူးအောက်ပိုင်းဖြတ်ထားရပြီး ယခုအခါတွင် ခြေတုတစ်ဖက်ကို အသုံးပြုထားပါသည်။ သူသည် မြန်မာ့ရှေ့ဆောင်ဘဏ်၏ Call centre တွင် အလုပ်လုပ်ကိုင်နေပါသည်။

Daw Hla Hla Htun, Director of HR department at Lotte Hotel

Lotte ဟိုတယ် လူသားအရင်းအမြစ်ဌာန၏ ဒါရိုက်တာ ဒေါ်လှလှထွန်း

Daw Hla Hla Htun who is Director of HR at Lotte Hotel and Ma May Htoo Khaing, physical disability who is working at Security Guard in Lotte Hotel

Lotte Hotel ၏ လူသားအရင်းအမြစ်ဌာနမှ ဒါရိုက်တာဖြစ်သူ ဒေါ်လှလှထွန်း နှင့် လုံခြုံရေးဝန်ထမ်းဖြစ်သူ မမေထူးခိုင်(ကိုယ်အင်္ဂါမသန်စွမ်းသူ)ုယ်အင်္ဂါမသန်စွမ်းသူများသူ)

© 2024 Myanmar Centre for Responsible Business