မသန်စွမ်းသူများ အခွင့်အရေးနှင့် စီးပွားရေး မဟာဗျူဟာမူကြမ်း အပေါ် မှတ်ချက်ပေးပို့ရန် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) တောင်းဆို - သတင္းမီဒီယာစင္တာ
You are here Home » သတင္းမီဒီယာစင္တာ » မသန်စွမ်းသူများ အခွင့်အရေးနှင့် စီးပွားရေး မဟာဗျူဟာမူကြမ်း အပေါ် မှတ်ချက်ပေးပို့ရန် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) တောင်းဆို
မသန်စွမ်းသူများ အခွင့်အရေးနှင့် စီးပွားရေး မဟာဗျူဟာမူကြမ်း အပေါ် မှတ်ချက်ပေးပို့ရန် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) တောင်းဆို
မဟာဗျူမူကြမ်းတွင် ၂၀၁၄ခုနှစ်ကတည်းက MCRB ကလုပ်ဆောင်ခဲ့သည့် သက်ဆိုင်ရာ လုပ်ဆောင်ချက်များကို အသေးစိပ်ဖော်ပြပါရှိပါသည်။
မဟာဗျူမူကြမ်းတွင် ၂၀၁၄ခုနှစ်ကတည်းက MCRB ကလုပ်ဆောင်ခဲ့သည့် သက်ဆိုင်ရာ လုပ်ဆောင်ချက်များကို အသေးစိပ်ဖော်ပြပါရှိပါသည်။
၂၀၁၆-၁၈ကာလအတွင်း မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ ယုံကြည်မှု ပြည့်ဝစွာဖြင့် လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန ( MCRB)သည် မဟာဗျူဟာမူကြမ်းကို ရေးဆွဲထား
၎င်းကို မြန်မာဘာသာ ဖြင့်ရော အင်္ဂလိပ်ဘာသာ ဖြင့်ပါ ရရှိနိုင်ပါသည်။ စိတ်ပါဝင်စားသူများက အကြံဥာဏ်ပေးလိုပါက ထံသို့ပေးပို့နိုင်ပြီး မှတ်ချက်များကို ဝမ်းမြောက်စွာ ကြိုဆိုပါသည်။
ဗစ်ကီဘိုမန်နှင့် မနှင်းဝတ်ရည်တို့သည် (ယခင်က မသန်စွမ်းသူများ ကောင်စီဟုခေါ်သည့်) မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် နှင့် ပူးပေါင်း ဆောင်ရွက်ရန် အောက်တိုဘာ ၂၆ရက်က ညှိနှိုင်းခဲ့သည်။ MCRB သည် မဟာဗျူဟာကို အသင်းချုပ်၏ အလုပ်သမားရေးရာ အောက်မှ ကော်မတီများနှင့်လည်း ဆက်လက်ပြီး ဆွေးနွေးမည် ဖြစ်သည်။
ဆက်လက်ဆောင်ရွက်မည့် မဟာဗျူဟာတွင် MCRB သည် မသန်စွမ်းသူများအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရန် အလားအလာရှိသည့်နေရာများကို ဖော်ပြထားသည်။ ၎င်းတွင် ၂၀၁၅၊ဇွန်လကပြဌာန်းခဲ့သည့် မသန်စွမ်းသူများအခွင့်အရေး ဥပဒေ အခန်း၁၀ (အလုပ်အကိုင်) ကို အကောင်ထည်ဖော်နိုင်ရန်အတွက် ကဏ္ဍစုံ အကျိုးစီးပွားဆက်နွယ် ပတ်သက်သူများအား ချဉ်းကပ်သည့်ပုံစံကို ထောက်ပံ့ရန်ပါဝင်သည်။ ရည်ရွယ်ချက်သည် ချဉ်းကပ်ပုံအောင်မြင်ရန်၊ စီးပွားရေးလုပ်ငန်းများရော မသန်စွမ်းသူများအတွက်ပါ ယုံကြည် စိတ်ချရပြီး မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ ခွဲခြားဆက်ဆံခံရမှုများ ရပ်တန့်သွားစေရန်အတွက် အခြားနိုင်ငံများမှ အတွေ့အကြုံများ ရယူရန်ဖြစ်သင့်သည်။
MCRB၏ နောက်ထပ်အလုပ်များသည်  မဟာဗျူဟာမြောက်ပူပေါင်းထားသော bdi  နှင့်လည်း တွဲဖက်လုပ်ဆောင်မည်ဖြစ်ပါသည်။ MCRBသည် အပြည်အပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)ကဲ့သို့သော အဖွဲ့အစည်းများနှင့် လညး် လုပ်ငန်းခွင်အတွင်းခွဲခြားဆက်ဆံခြင်းမရှိစေရန်၊ အမျိုးသမီးများနှင့်မသန်စွမ်းသူများ အတွက် သင့်တင်လျောက်ပတ်သောအလုပ်အကိုင်များရရှိစေရန်၊  အမြင်ဖွင့်သင်တန်းများပို့ချခြင်းများကို  နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်သည်။ အခြားအဖွဲ့အစည်းများနှင့်လညး် ၄င်းတို့မူဘောင်အတွင်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ 
နောက်ဆုံးရ သတင်း
The online discussion was attended by around 70 Participants.
On 24 June 2022, MCRB, Shwe Minn Tha Foundation (Myanmar) and the Myanmar Independent Living Initiative (MILI), co-hosted the third online panel discussion on the topic “Realistic and Decent Work Opportunities for Person with Disability (PwD) led/involved
The webinar was attended by 70 participants, most of whom represented small-to-medium sized Myanmar companies and disability rights organisations.
On 12 January, a webinar was held to share experiences on the role of businesses in making their products and/or services more accessible and inclusive for persons with disabilities in Myanmar.
Participants discussed how the Dignity by Design framework could be useful, including the potential for identifying a first Asian Pilot Project in Myanmar.
MCRB and CIAG held a discussion on 11 January on how the ‘Framework for Dignity in the Built Environment’ could be used for new building projects and renovation in Myanmar.
© 2024 Myanmar Centre for Responsible Business