သတ္တုတွင်းလုပ်ငန်း၏ ကဏ္ဍအလိုက်သက်ရောက်မှုအား လေ့လာ ဆန်းစစ်ခြင်း ဆွေးနွေးညှိနှိုင်းပွဲ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » သတ္တုတွင်းလုပ်ငန်း၏ ကဏ္ဍအလိုက်သက်ရောက်မှုအား လေ့လာ ဆန်းစစ်ခြင်း ဆွေးနွေးညှိနှိုင်းပွဲ

သတ္တုတွင်းလုပ်ငန်း၏ ကဏ္ဍအလိုက်သက်ရောက်မှုအား လေ့လာ ဆန်းစစ်ခြင်း ဆွေးနွေးညှိနှိုင်းပွဲ

အောက်တိုဘာလ (၁၁)ရက်နှင့် (၁၂)ရက်တို့တွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန ( MCRB)သည် သတ္တုတွင်း လုပ်ငန်း ၏
အောက်တိုဘာလ (၁၁)ရက်နှင့် (၁၂)ရက်တို့တွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန ( MCRB)သည် သတ္တုတွင်း လုပ်ငန်း ၏

အောက်တိုဘာလ (၁၁)ရက်နှင့် (၁၂)ရက်တို့တွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန ( MCRB)သည် သတ္တုတွင်း လုပ်ငန်း ၏

ကဏ္ဍအလိုက်သက်ရောက်မှုအား လေ့လာဆန်းစစ်ခြင်း ဆွေးနွေး ညှိနှိုင်းပွဲ ကို မြန်မာဘာသာဖြင့်တစ်ရက်၊ အင်္ဂလိပ်ဘာ သာဖြင့်တစ်ရက် ပြုလုပ်ပြီး အဖွဲ့လိုက်ဆွေးနွေးမှုများမှ အကြံပြုချက်များကို ရယူခဲ့သည်။

အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများ၊အစိုးရမဟုတ်သော ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသီများနှင့် သတ္တုတွင်း ကုမ္ပဏီများမှ စိတ်ပါဝင်စားသူစုစုပေါင်း လူဦးရေ (၄၀)ခန့်တက်ရောက်ခဲ့သည်။

သတ္တုတွင်း လုပ်ငန်း ၏ ကဏ္ဍအလိုက်သက်ရောက်မှုအား လေ့လာဆန်းစစ်ခြင်းမှ အဓိကတွေ့ရှိချက်များကို တက်ရောက်သူများအား တင်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်းရန်နှင့် ဆွေးနွေးရန် အချိန်ပေးခဲ့သည်။

အောက်ပါတို့မှာ အဖွဲ့ခွဲပြီး အဖွဲ့အလိုက်ဆွေးနွေးကြသည့် ခေါင်းစဉ်များဖြစ်သည်။ တက်ရောက်သူများက ယင်းခေါင်းစဉ်များအပေါ်တွင် ဆွေးနွေးကာ အကြံပြုချက်များ ပေးခဲ့ကြပါသည်။

  • ဒေသခံများနှင့် ချိတ်ဆက်ညှိနှိုင်းဆွေးနွေးခြင်း၊ ဆွေးနွေးအကြံဥာဏ် ရယူခြင်းနှင့် နစ်နာမှုများအား တိုင်ကြားနိုင်သည့်စနစ်။
  • လုံခြုံမှု နှင့် အလုပ်သမား။
  • အမျိုးသမီးများ နှင့် ကလေးသူငယ်များ အပေါ် သက်ရောက်မှုများ။
  • -မြေယာနှင့် အသက်မွေးဝမ်းကြောင်းအပေါ် သက်ရောက်မှုများ
  • ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ။
  • အသက်မွေးဝမ်းကြောင်း သတ္တုတွင်းလုပ်ငန်း နှင့် တရားဝင်ပြုလုပ်ခြင်း
  • ခွင့်ပြုမိန့်ချပေးခြင်း လုပ်ငန်းစဉ်များ
  • အကျိုးအမြတ်မျှဝေခြင်း

အဖွဲ့တစ်ခုခြင်းစီမှ ရရှိလာသော တုန့်ပြန်အကြံပြုချက်များကို တက်ရောက်သူများထံ ပြန်လည်တင်ပြကြပြီး  တက်ရောက်သူများကလည်း ၄င်းတို့၏ အတွေ့အကြုံများ၊ ဗဟုသုတများကို ထပ်မံဆွေးနွေးခဲ့ကြပါသည်။

သတ္တုတွင်း လုပ်ငန်း ၏ ကဏ္ဍအလိုက်သက်ရောက်မှုအား လေ့လာ ဆန်းစစ်ခြင်း အစီရင်ခံစာကိုလုပ်ကိုင်ကြသည့် အဖွဲ့သားများသည် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သို့လည်း သွားရောက်ကာ တွေ့ရှိချက်များကို တင်ပြခဲ့ပြီး မှတ်ချက်များရယူခဲ့ပပါသည်။

သတ္တုတွင်း လုပ်ငန်း ၏ ကဏ္ဍအလိုက်သက်ရောက်မှုအား လေ့လာ ဆန်းစစ်ခြင်း အစီရင်ခံစာသည် အခြားတုန့်ပြန်အကြံပြုချက်များကိုလည်း အောက်တိုဘာ ၃၁ ရက်အထိ လက်ခံနေပါသည်။ MCRB နှင့် DIHR တို့သည် အစီရင်ခံစာအချောသတ်ရေးဆွဲသည့်အခါတွင် ၄င်း အကြံပြုချက်များကို ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားမည်ဖြစ်သည်။

Latest Mining SWIA News

© 2024 Myanmar Centre for Responsible Business