မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက မန္တလေးတက္ကသိုလ်တွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အကြောင်း ဆွေးနွေး - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက မန္တလေးတက္ကသိုလ်တွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အကြောင်း ဆွေးနွေး

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက မန္တလေးတက္ကသိုလ်တွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အကြောင်း ဆွေးနွေး

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက ဖေဖော်ဝါရီ (၂)ရက်နှင့် (၃)ရက်တို့တွင် ရတနာပုံတက္ကသိုလ် (မန္တလေး) နှင့် မန္တလေးကတ္ကသိုလ်တို့မှ ဌာနမှူးများနှင့် ကျောင်းသား ကျောင်းသူများကို ဆွေးနွေးပြောကြားခဲ့သည်။ ဓာတ်ပုံ-Isriya Paireepairit
မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက ဖေဖော်ဝါရီ (၂)ရက်နှင့် (၃)ရက်တို့တွင် ရတနာပုံတက္ကသိုလ် (မန္တလေး) နှင့် မန္တလေးကတ္ကသိုလ်တို့မှ ဌာနမှူးများနှင့် ကျောင်းသား ကျောင်းသူများကို ဆွေးနွေးပြောကြားခဲ့သည်။ ဓာတ်ပုံ-Isriya Paireepairit

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက ဖေဖော်ဝါရီ (၂)ရက်နှင့် (၃)ရက်တို့တွင် ရတနာပုံတက္ကသိုလ် (မန္တလေး) နှင့် မန္တလေးကတ္ကသိုလ်တို့မှ မနုဿဗေဒ၊ သမိုင်း၊ရှေးဟောင်းသုတေသန၊ ဘူမိဗေဒ၊ ရုက္ခဗေဒနှင့်သတ္တဗေဒဌာနတို့မှ ဌာနမှူးများနှင့် ကျောင်းသား ကျောင်းသူများ

ဗစ်ကီဗိုမန်၏ တင်ပြချက် (presentation)တွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံတကာ စံနှုန်းများဖြစ်သည့် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလ လမ်းညွှန်ချက် နှင့် UN Global Compact တို့အကြောင်းကို ဦးစားပေး ဆွေးနွေးခဲ့သည်။

ထို့အပြင် ပေါ်ထွန်းလာနေပြီဖြစ်သော ပတ်ဝန်းကျင် ထိခိုက်မှုစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်အကြောင်းနှင့် စီးပွားရေးလုပ်ငန်း များကြောင့်ထိခိုက်မှုများကို တက္ကသိုလ်များက သုတေသနလုပ်ငန်းများ လုပ်ကိုင် နိုင်ကြောင်းနှင့် စီးပွားရေးလုပ်ငန်း များကြောင့် ပတ်ဝန်းကျင်ကို ဆိုးကျိုးထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှုများကို မည်သို့ကိုင်တွယ်ဖြေရှင်း ရမည်ကို သိရှိသည့် စီးပွားရေး၊အစိုးရအရာရှိ၊ အရပ်ဘက်ဖွဲ့အစည်းများနှင့် သတင်းစာဆရာများစသောနယ်ပယ်စုံမှကျွမ်းကျင်သူတို့၏ အနာဂတ် တွင်ပြုလုပ်မည့် သင်တန်းများ တွင် ပါဝင်နိုင်ကြောင်းပြောခဲ့သည်။

တက်ရောက်လာသူများက စီးပွားရေးလုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုများ၊ မန္တလေးမြို့၏ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေးစနစ်၏ အားနည်း ချက်များနှင့် စက်မှုဇုန်များ၊အထည်ရက်လုပ်သည့် လုပ်ငန်းများ၊ မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ နှင့် အခြား အကျိုးစီးပွားပါဝင် ပတ်သက်သူများ ပူးပေါင်းပြီး စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေးနှင့် ညစ်ညမ်းမှု ထိန်းချုပ်ရေး တို့ကို အဖြေရှာရန်အထူးတလည် ဆွေးနွေးကြသည်။

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနမှ စီမံကိန်း တွဲဖက် တာဝန်ခံ ကိုသိန်းသန်းဌေးက ၂၀၁၅ခုနှစ်တွင် ဌာနကထုတ်ဝေခဲ့သည့် ခရီးသွားကဏ္ဍ၏ သက်ရောက်မှုအားလေ့လာဆန်းစစ်ခြင်းကို ပါမောက္ခ ဒေါက်တာအေးကျော်နှင့် ရတနာပုံတက္ကသိုလ် ဌာနမှူးများကို ဆွေးနွေး တင်ပြခဲ့သည်။

တက်ရောက်လာသူများကလည်း မြန်မာ့ခရီးသွားကဏ္ဍ၏ ကောင်းကျိုးနှင့် ဆိုးကျိုးထိခိုက်ပုံများကို ဆွေးနွေးခဲ့ကြသည်။ ကချင်၏အမြင်များ နှင့် ပြည်မြို့ကဲ့သို့နေရာများကို ရပ်ရွာလူထုပါဝင်သောခရီးသွားလုပ်ငန်း (MCRBနှင့် Hanns Seidel Foundationတို့၏ အလုပ်ရုံဆွေးနွေးပွဲတွင်လ့လာနိုင်ပါသည်) ခရီးစဉ်အသစ်အဖြစ် ဖော်ထုတ်နိုင်ရေး အစရှိသဖြင့် ကျောင်းသားများထံမှလည်း ဖြည့်စွက်ဆွေးနွေးမှုများကို ကြားမြင်ခဲ့ရသည်။ ဌာနမှူးများကလည်း ၄င်းတို့နှစ်သက်ရာ ခရီးသွားဒေသ( ပုဂံ) နှင့် မန္တလေးမြို့ ၏အရေးပါဆုံးသော စိုးရိမ်ဖွယ်ရာဖြစ်သည့် လမ်းခရီးလုံခြုံစိတ်ချရမှုနှင့်ပတ်ဝန်းကျင် စသည်တို့ကို ဆန္ဒပြုခဲ့သည်။

၎င်းကို ကြော်ငြာဝန်ဆောင်မှု ပေးသော ဂျပန်ကုမ္ပဏီတစ်ခုဖြစ်သည့် နာဂါတာ Nagata advertising company ကူညီခဲ့သည်။ ကုမ္ပဏီသည် ပုဂံနှင့် မန္တလေးရှိ ခရီးသွားလာရောက်သည့်နေရာများတွင် အမှိုက်ပုံးများ ထောက်ပံ့တပ်ဆင် ပေးထားပါသည်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲများတွင် နောက်ဆုံးဖြစ်သည့် ယခုဆွေးနွေးပွဲသို့တည်ထောင်သူ မစ္စတာနာဂါတာလည်း  တက်ရောက်ခဲ့သည်။

နောက်ဆုံးရ သတင်း

Recordings of the presentations are available to watch in English or in Thai. Click "See More" below the video for the link to the Thai version.

On 13 July, MCRB and Fair Finance Thailand co-hosted a webinar for Thai companies. Vicky Bowman, Director of MCRB, presented the human rights risks which companies currently need to take into account when doing business in Myanmar...

Launched in November 2022, the Myanmar Sustainable Business Network (MSBN) is a multistakeholder platform bringing together businesses and professionals committed to building a more sustainable economy in Myanmar through responsible business practices.

MSBN, a partnership between MCRB, United Nations Development Programme (UNDP) Myanmar and Yever, has submitted input to the consultations by the UN Global Digital Compact (UNGDC) highlighting digital rights priorities...

Un-subscribe

If you want to stop receiving newsletters write here the Removal Code shown in newsletter you reveived by us and click Un-subscribe.

Invalid e-mail address
 
Please wait...
© 2024 Myanmar Centre for Responsible Business