သတ္တုတွင်း ဥပဒေကို အကောင်အထည်ဖော်ရာတွင် အသုံးပြုရမည့် စည်းမျဉ်းများနှင့် ပတ်သက်သည့် အကြံပေးဆွေးနွေးမှုအတွက် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က ဆွေးနွေးမှုများပေးပို့ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » သတ္တုတွင်း ဥပဒေကို အကောင်အထည်ဖော်ရာတွင် အသုံးပြုရမည့် စည်းမျဉ်းများနှင့် ပတ်သက်သည့် အကြံပေးဆွေးနွေးမှုအတွက် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က ဆွေးနွေးမှုများပေးပို့

သတ္တုတွင်း ဥပဒေကို အကောင်အထည်ဖော်ရာတွင် အသုံးပြုရမည့် စည်းမျဉ်းများနှင့် ပတ်သက်သည့် အကြံပေးဆွေးနွေးမှုအတွက် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က ဆွေးနွေးမှုများပေးပို့

MCRB၏ မှတ်ချက်များသည် နစ်နာမှုကုစားရေးဆိုင်ရာ ကိုင်တွယ်ဖြေရှင်းမှု၊နှင့် CSR အသုံးအနှုန်းများ နှင့် ပတ်ဝန်းကျင်ထိခိုက်မှုများကို စီမံခန့်ခွဲခြင်း အပါအဝင် လက်ယက်တွင်း နှင့် တနိုင်တပိုင် သတ္တုတွင်းများနှင့် သက်ဆိုင်သည့် အလုပ်သမား စည်းမျဉ်းများနှင့် လုပ်ငန်းခွင်
MCRB၏ မှတ်ချက်များသည် နစ်နာမှုကုစားရေးဆိုင်ရာ ကိုင်တွယ်ဖြေရှင်းမှု၊နှင့် CSR အသုံးအနှုန်းများ နှင့် ပတ်ဝန်းကျင်ထိခိုက်မှုများကို စီမံခန့်ခွဲခြင်း အပါအဝင် လက်ယက်တွင်း နှင့် တနိုင်တပိုင် သတ္တုတွင်းများနှင့် သက်ဆိုင်သည့် အလုပ်သမား စည်းမျဉ်းများနှင့် လုပ်ငန်းခွင်

သတ္တုတွင်းဥပဒေကို အကောင်အထည်ဖော်ရာတွင် အသုံးပြုရမည့် စည်းမျဉ်းများ မူကြမ်းရေးဆွဲမှုအတွက် သတ္တုတွင်းဝန်ကြီးဌာနသို့ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က ပေးပို့တင်ပြခဲ့သည်။

မှတ်ချက်ပေးပို့ခွင့်ရရှိခြင်းကို ဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။ MCRB၏ မှတ်ချက်များသည် နစ်နာမှုကုစားရေးဆိုင်ရာ ကိုင်တွယ်ဖြေရှင်းမှု၊နှင့် CSR အသုံးအနှုန်းများ နှင့် ပတ်ဝန်းကျင်ထိခိုက်မှုများကို စီမံခန့်ခွဲခြင်း အပါအဝင် လက်လုပ်လက်စားနှင့် တနိုင်တပိုင် သတ္တုတွင်းများနှင့် သက်ဆိုင်သည့် အလုပ်သမား စည်းမျဉ်းများနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေး၊ ဒေသခံများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် ဖွံဖြိုးရေးတို့ကို ဦးတည်သည်။

MCRB သည် လတ်တလောတွင် သတ္တုတွင်းကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း၊(SWIA) ကို ပြုလုပ်လျှက်ရှိပါသည်။ ၄င်းတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ( ရွှေတွင်းများ၊ တစ်နိုင်တစ်ပိုင် ရွှေလုပ်ကွက်များ ၊ခဲမဖြူ ၊ အဖြိုက်နက်၊ ထုံးကျောက်) သတ္တုတွင်းများသို့ ကွင်းဆင်း သုတေသနပြုခြင်းများ၊ အရေးပါသူများနှင့် အင်တာဗျူး ပြုလုပ်ခြင်းနှင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာမူဝါဒများ၊ ဥပဒေများနှင့် စံနှုန်းများကို လေ့လာခြင်းတို့ကို လည်း ပြုလုပ်လျှက်ရှိသည်။

အကြံပြုချက်များသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ညီလာခံ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) င့်  International Council of Minerals and Metals. တို့မှ အလေ့ကျင့်ကောင်းများနှင့် စံချိန်စံနှုန်းများကို အခြေပြု ကိုးကား၍ ရေးသားထားခြင်းဖြစ်ပါသည်။ သတ္တုတွင်းကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း၊(SWIA) အစီရင်ခံစာကို ယခုနှစ် ကုန်ပိုင်းတွင် ရေးသားထုတ်ဝေမည်ဖြစ်ရာ ၄င်းကိုလည်း ထည့်သွင်းသွားမည်ဖြစ်သည်။

Latest Mining SWIA News

© 2024 Myanmar Centre for Responsible Business