စီးပွားရေးလုပ်ငန်းများအတွက် အကျိုးအမြတ်ရှိသည့် မတူကွဲပြားမှုရှိသော၊ လေးစားမှုရှိသော အားလုံးအကျုံးဝင်သည့် လုပ်ငန်းခွင်ကို မည်ကဲ့သို့ တည်ဆောက်မလဲ။ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » စီးပွားရေးလုပ်ငန်းများအတွက် အကျိုးအမြတ်ရှိသည့် မတူကွဲပြားမှုရှိသော၊ လေးစားမှုရှိသော အားလုံးအကျုံးဝင်သည့် လုပ်ငန်းခွင်ကို မည်ကဲ့သို့ တည်ဆောက်မလဲ။

စီးပွားရေးလုပ်ငန်းများအတွက် အကျိုးအမြတ်ရှိသည့် မတူကွဲပြားမှုရှိသော၊ လေးစားမှုရှိသော အားလုံးအကျုံးဝင်သည့် လုပ်ငန်းခွင်ကို မည်ကဲ့သို့ တည်ဆောက်မလဲ။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် ခွဲခြားဆက်ဆံမှုများအား အဆုံးသတ်ရန် အစိုးရ တစ်ခုတည်း လုပ်ဆောင်၍ မရနိုင်ပါ ဆိုသည့်အပေါ် အခြေခံသည့် အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် ခွဲခြားဆက်ဆံမှုများအား အဆုံးသတ်ရန် အစိုးရ တစ်ခုတည်း လုပ်ဆောင်၍ မရနိုင်ပါ ဆိုသည့်အပေါ် အခြေခံသည့် အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါသည်။

MCRB သည် မတူကွဲပြားမှုများအား လေးစားမှုရှိသော အားလုံးအကျုံးဝင်သည့် လုပ်ငန်းခွင် ဖြစ်လာစေရန် ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များအား လက်တွေ့ကျသော အကြံဥာဏ်များပေးနိုင်ရန် ရည်ရွယ်ပြီး စားသုံးသူ နှင့် အလုပ်သမားများအပေါ် ခွဲခြားဆက်ဆံခြင်း၊ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း နှင့် လုပ်ငန်းခွင် နိုင်ထက်ပြုမူ ကင်းရှင်းခြင်းနှင့်ဆိုင်သောအကြောင်းအရာများကို မေလ ၇ ရက်နေ့တွင် တစ်ရက်တာ ကျင်းပခဲ့ပါသည်။

အဆိုပါပွဲကို အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းမှ လုပ်ဖော် ကိုင်ဖက်များ၊ အစိုးရအဖွဲ့အစည်းများ၊ အကြံပေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီများ စုစုပေါင်း ၁၁၂ ယောက်ခန့် တက်ရောက်ခဲ့ကြပါသည်။ တာဝန်ယူမှုရှိသော စီးပွားရေးဆိုင်ရာ  ဆွေးနွေးပွဲ ၏ လေးကြိမ်မြောက်ပွဲ ဖြစ်ပြီး ChevronNestleDaNa FacilityIFC တို့နှင့် ပူးပေါင်းဆောင်ရွက် ကျင်းပခဲ့ပါသည်။ ခွဲခြားဆက်ဆံမှုများကို အဆုံးသတ်ရန် အစိုးရတစ်ခုတည်းဖြင့်  လုပ်ဆောင်၍ မရနိုင်ပါ ဆိုသည့်အပေါ် အခြေခံသည့် အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများ အနေဖြင့် ၎င်းလုပ်ငန်းများနှင့် ၎င်းတို့၏ စီးပွားရေး လုပ်ဖော်ကိုင်ဖက်များ လုပ်ဆောင်နေသော လူမှုအသိုင်းအဝိုင်းများနှင့် လုပ်ငန်းခွင် နှစ်ခုစလုံးတွင် မတူကွဲပြားမှုများ၊ လေးစားမှုရှိသောအလေ့အထများ နှင့် တန်းတူညီမျှမှုများကို မြှင့်တင်နိုင်ပါသည်။  မြန်မာနိုင်ငံတွင် ထိုသို့ပြုလုပ်ခြင်းအားဖြင့် ၂ဝ၁၈ ခုနှစ် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော  ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့်အညီ ပို၍ ငြိမ်းချမ်းသော၊ အားလုံးအကျုံးဝင်သော တစ်ဦးကိုတစ်ဦး နားလည်လက်ခံမှုရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေနိုင်ပါသည်။

ဦးစွာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်လာသူများကို တန်းတူညီမျှရှိရန်နှင့် ခွဲခြား ဆက်ဆံမှု မရှိရန်အတွက် ၄င်းတို့၏ အဖွဲ့အစည်းများမှ မည်သို့ လုပ်ဆောင် နေကြသည့်နှင့်ပတ်သက်၍ မဲပေးကြစေရာ၊ အများစုမှာ ထိုကဲ့သို့လုပ်ဆောင်ရန် ကတိကဝတ်ရှိကြပါသည်။ သို့သော် အကောင်အထည်ဖော်ရန် အဓိက အတားအဆီး ဖြစ်စေသည့်အကြောင်းအရင်းများသည် အသိအမြင်နှင့် အသိပညာ ဗဟုသုတ မရှိခြင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး လူ့အဖွဲ့အစည်း၏ စိတ်နေ သဘောထား၊ လုပ်ဖော် ကိုင်ဖက်များ၏ စိတ်နေ သဘောထားတို့ဖြစ်သည်။ အခြားသော အချက်များသည်  ခေါင်းဆောင်ပိုင်း နှင့်မန်နေဂျာများ၏ စိတ်နေသဘောထားများ ဖြစ်ပါသည်။ ကတိကဝတ်ရှိ သည်ဟု ပြောဆိုကြသူများ၏ တဝက်ခန့်သာ ခွဲခြား ဆက်ဆံခြင်း နှင့်ဆိုင်သော မကျေနပ်မှုများကို တိုင်ကြားနိုင်သည့် စနစ်ထား ရှိသည်ဟု  ဖော်ပြကြသည်။

မြန်မာနိုင်ငံလုပ်ငန်းခွင်များနှင့် ပတ်သက်သည့် မကြာသေးခင်က သုတေသန (၃)ခု ကို IFC/DaNa, ILO/H&M ( ဆွီဒင် SIDA မှ ထောက်ပံ့) နှင့် Colour Rainbow အဖွဲ့များမှ တင်ပြသွားခဲ့ပါသည်။ ဓန Facility မှ အစီအစဉ်ဒါရိုက်တာဖြစ်သူ Paul Joicey က လေးစားမှုရှိသည့် လုပ်ငန်းခွင်များ “မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများတွင် လုပ်ငန်းခွင်နိုင်ထက်စီးနင်းပြုလုပ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း များကြောင့်ဖြစ်ပေါ်သော ဆုံးရှုံးနစ်နာမှုများအား  လေ့လာ ဆန်းစစ်ခြင်း ”         အစီရင်ခံစာ၏ တွေ့ရှိချက်များကို မိတ်ဆက်ပေးခဲ့ပါသည်။ ထိုသုတေသနကို IFC ၏ ကျားမရေးရာ ဌာနနှင့်အတူ ဓန အဖွဲ့အစည်းက ၂ဝ၁၈ ခုနှစ်နောက်ပိုင်း၌ အဖွဲ့ပေါင်း ၃၉ ခု ကို စစ်တမ်းကောက်ယူထားသော ရလာဒ်အား အခြေခံ၍ ၂ဝ၁၉ ခုနှစ်တွင် တွေ့ရှိချက် အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်း  ဖြစ်သည်။ ထိုသုတေသန၏ အသေးစိတ်တွေ့ရှိသောရလာဒ်များကို IFCအဖွဲ့မှ နေ့လည်ပိုင်း ကဏ္ဍတွင် အသေးစိတ်ဆွေးနွေးသွားခဲ့ပါသည်။


LGBTI လူ့အခွင့်အရေးကို မြှင့်တင်နေသော အဖွဲ့အစည်းဖြစ်သည့် Colors Rainbow မှ တွဲဖက် ဒါရိုက်တာ လှမြတ်ထွန်း သည် နိုဝင်ဘာလ ၂ဝ၁၇နှင့် ဇန်နဝါရီ ၂ဝ၁၈ခုနှစ် ကြားတွင် လုပ်ဆောင်ခဲ့သော “ရန်ကုန်မြို့ LGBTI များ၏ လုပ်ငန်းခွင်အခြေအနေ  လေ့လာဆန်းစစ်ချက် ” အစီရင်ခံစာ၏ တွေ့ရှိချက်များကို မျှဝေဆွေးနွေးခဲ့ပါသည်။ LGBTI များ၏ အလုပ်အကိုင်အခွင့်အလမ်းကို လက်လှမ်းမှီနိုင်ရေးအတွက် အတားအဆီး ဖြစ်စေသည့် အကြောင်းအရာများစွာတွင် LGBTI အခွင့်အရေးများနှင့် ပတ်သက်၍ အသိအမြင်နည်းပါးခြင်း၊ အမြစ်တွဲနေသည့် ရှေးရိုးစွဲ အယူအဆများ အစရှိသည်တို့ ပါဝင်ကြောင်း ၄င်းသုတေတနမှ တွေ့ရှိခဲ့ပါသည်။ Colors Rainbow သည် ဝန်ထမ်းများအကြားတွင် မတူကွဲပြားမှုများ အားလုံးအကျုံးဝင်မှုများရှိစေရန် LGBTI တန်းတူညီမျှရေးအတွက် အသိပညာပေးလုပ်ငန်းများလုပ်ဆောင်ပြီး လူသား အရင်းအမြစ် မူဝါဒကို ရေးဆွဲရန်အတွက် ကုမ္ပဏီများ၏ ဦးဆောင်မှုနှင့်ထောက်ခံမှု ရရန်ကြိုးပမ်း နေပါသည်။ မေလ (၁၇) ရက်နေ့တွင် ကျရောက်သည့် လိင်တူ ချစ်သူများအပေါ် ရွံ့ရှာမုန်းတီးရေးကို ဆန့်ကျင်သောနေ့တွင် Rainbow သက်တံ့ အလံများကို လွှင့်ထူခြင်းဖြင့် LGBTI တန်းတူညီမျှရေးအတွက် ရပ်တည်ပေးရန်၊ ကုမ္ပဏီများသို့ တိုက်တွန်းပေးရန်အတွက်  Color Rainbow နှင့် MCRB တို့ Campaignတစ်ခု ကို အတူပူးပေါင်းခဲ့ပါသည်။ ကုမ္ပဏီများတွင် ၎င်းတို့၏ ဝန်ထမ်းများ အတွက် LGBTI လူ့အခွင့်အရေးအကြောင်း အသိပညာသင်တန်းများကို ပေးလိုလျှင် Color Rainbow အဖွဲ့မှ အခမဲ့ ပြုလုပ်ပေးနိုင်ပါသည်။


H&M ၏ မြန်မာနိုင်ငံမန်နေဂျာဖြစ်သူ Tobias Fischer သည် “ ကျားမရေးရာ ဟန်ချက် - မြန်မာ အထည်ချုပ်လုပ်ငန်းများ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ ” ၏ တွေ့ရှိချက်များကို အကျဉ်းချုပ်တင်ပြခဲ့ပါသည်။ ထို သုတေသနစာတမ်းကို မြန်မာအထည်ချုပ်ကဏ္ဍမှ ရန်ကုန်အခြေပြု စက်ရုံ ၁၆ ရုံ၌ ကျားမဟန်ချက်ညီ ဆန်းစစ်ချက်တစ်ခုအား Swedish အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ကိုယ်စားလှယ်ရုံး(SIDA)၊ ILO နှင့် H&M တို့၏ အထောက်အပံ့ဖြင့်  ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ Tobias က လုပ်ငန်းခွင် နိုင်ထက်ပြုမှုများနှင့် လိင်ပိုင်းဆိုင်ရာ ထိပါး နှောက်ယှက်မှုသည် ပြဿနာတစ်ခုဖြစ်သည်ကို အသိမှတ်ပြုပြီး ၎င်းတို့ အတွက်အကူအညီရယူရန်၊အရေးယူဆောင်ရွက်ရန် လေ့လာစောင့်ကြည့်မှုများကို လုပ်ဆောင်ရန် ကုမ္ပဏီများအား တိုက်တွန်းပြောဆိုလိုက်ပါသည်။ စီးပွားရေး လုပ်ငန်းများသည် ထိုသို့ လုပ်ဆောင်နိုင်ခြင်းဖြင့် အရည်အချင်းရှိသော ဝန်ထမ်းများကို ထိန်းသိမ်းထားနိင်ပြီး၊ မတူကွဲပြားမှုကိုမြှင့်တင်နိုင်၍ တီထွင် ဆန်းသစ်မှုနှင့် ထုတ်ကုန် စွမ်းအား မြှင့်တင်နိုင်မှု အစရှိသဖြင့် အကျိုး  ကျေးဇူးရှိကြောင်း၊ ကျင့်ဝတ်အရ လုပ်ဆောင် ရမည့် အရာလည်း ဖြစ်ကြောင်း မီးမောင်းထိုး တင်ပြခဲ့ပါသည်။


Myanmar Total E&P မှ လူသားအရင်းအမြစ်ဌာနနှင့် ရုံးအုပ်ချုပ်ရေးတာဝန်ခံ ဦးအောင်နိုင်သည် “ ဘာသာရေးနှင့် ပတ်သက်သော မေးခွန်းများနှင့် ရင်ဆိုင်ရန် လက်တွေ့ကျသော လမ်းညွှန်ချက်များ ကို မျှဝေဆွေးနွေးခဲ့ပါသည်။ Total သည် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းခွင်နှင့် မတူကွဲပြားမှုရှိသော လုပ်သား အင်အားများ ရှိသည့်အတွက် မန်နေဂျာနှင့် ဝန်ထမ်းများအတွက် အထောက်အကူပြုရန် ရည်ရွယ်ပြီး ဘာသာရေးနှင့်ဆိုင်သော မေးခွန်းနှင့် လုပ်ငန်းခွင်၌ ရိုးရာယဉ်ကျေးမှု ဓလေ့များနှင့် ပတ်သက်သော ကိစ္စများကို ဖြေရှင်းရန် Total ၏ အဓိက တန်ဖိုး (Core Value) ဖြစ်သော တစ်ဦးကို တစ်ဦးလေးစားမှု (Respect for Each Other)အား မြှင့်တင်ရန် ဤလမ်းညွှန်စာစောင်ကို ရေးဆွဲခဲ့ပါသည်။


မြန်မာပြည်၏ Heineken မှ Corporate Affairs ဒါရိုက်တာဖြစ်သူ Holly Bostock သည် ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ လူမှုကွန်ယက်မူဝါဒကို မြန်မာနိုင်ငံတွင် ၎င်းတို့၏ လုပ်ငန်းခွင်များတွင် မည်သို့ အသုံးချပြီး အကောင်အထည်ဖော်  ဆောင်ရွက်နေသည်ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဤသို့ လုပ်ဆောင်ရာတွင် ဝန်ထမ်းများနှင့် လူသား အရင်းအမြစ် စီမံခန့်ခွဲသူများအား သင်တန်းပို့ချခြင်းများ ပါဝင်သည်။ မူဝါဒများသည် ကန့်သတ်ထားခြင်းထက် အပြုသဘောဆောင်သော မူဝါဒ ဖြစ်စေရန် ရည်ရွယ်ပါသည်။ ဝန်ထမ်းများအား ကုမ္ပဏီအကြောင်း  ကောင်းသော သတင်းများအား မျှဝေရန် နှင့် တစ်ဦးကိုတစ်ဦး လေးစားမှုရှိသော ကုမ္ပဏီ၏ တန်ဖိုးကို မြှင့်တင်ရန် တိုက်တွန်းခဲ့ပါသည်။ ဝန်ထမ်းများသည် လူမှုကွန်ယက်မူဝါဒကို လိုက်နာခြင်းမရှိလျှင် ဥပမာ - ခွဲခြားဆက်ဆံမှု များနှင့်ပတ်သက်သော အရေးအသားများကို လူမှုကွန်ယက် ပေါ်တွင် မှတ်ချက်ပြုခြင်းအပေါ် ကုမ္ပဏီစီမံခန့်ခွဲသူများမှ အရေး ယူဆောင်ရွက်မှုများကိုလည်း ရှင်းပြခဲ့ပါသည်။ ၄င်းမှာ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခြင်းများအထိ ပါဝင်ပါသည်။ သို့ရာတွင် လုပ်ဖော်ကိုင်ဖက်အချင်းချင်းဝေဖန်ထောက်ပြ၊ အကြံပြုမှုဖြင့် ခွဲခြားမှုများ ပါဝင်သော အရေးအသားများကို ဖယ်ရှားခဲ့သည်များ ရှိပါသည်။


MCRB အဖွဲ့၏ ဒါရိုက်တာ ဗစ်ကီဘိုမန်မှ “ စီးပွားရေးလုပ်ငန်းများသည် မြန်မာ ပြည်တွင်း နှင့်ပြည်ပ၌ တန်းတူညီမျှမှုနှင့် အားလုံးအကျုံးဝင်သော လုပ်ငန်းခွင် မည်သို့ ဖန်တီး မည်နည်း” ဝိုင်းဖွဲ့ဆွေးနွေးခြင်း စကားဝိုင်းကို ဦးဆောင်  ဆွေးနွေးခဲ့ပါသည်။ ANZ မြန်မာ ရုံးခွဲမှ Rajesh Ahuja မှ ၄င်းတို့ အနေဖြင့် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ လုပ်ငန်းခွင်နှင့် ယဉ်ကျေးမှုများကို မသန်စွမ်း အလုပ်သမားများနှင့် မသန်စွမ်း ဝယ်ယူစားသုံးသူများ အတွက် မည်သို့ လက်လှမ်းမှီစေရန် ကတိ ကဝတ်ပြု ဆောင်ရွက်ထားပုံ ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ မသန်စွမ်းသူများနှင့် LGBTI ဝန်ထမ်းများ ပါဝင်သော လုပ်ငန်းခွင် မတူကွဲပြားမှု မြှင့်တင်ခြင်းများ အား  မည်သို့  မြှင့်တင်ပုံကို လည်း ပြောကြားသွားခဲ့သည်။ Unocal Myanmar Offshore Co., Ltd မှ ဥက္ကဌ Jonethan Perry သည် ၂ဝ၁၆ ခုနှစ်တွင် ချမှတ်ခဲ့သော  “စစ်မှန်သော အပြောင်းအလဲအတွက် အမျိုးသားများ ပါဝင်ထောက်ခံ စည်းရုံးပြောဆိုခြင်း” အစီအစဉ်အပါအဝင် ၎င်းတို့၏ လုပ်ငန်းခွင်တွင် အားလုံးအကျုံးဝင်ခြင်းနှင့် မတူကွဲပြားမှု များအား မည်ကဲ့သို့ ထောက်ခံသည်ကို ရှင်းလင်းခဲ့ပါသည်။  တစ်ဦးကိုတစ်ဦး ပိုပြီး နားလည်မှု ရှိရန် လေးစားမှုရှိရန် မိမိတို့လုပ်ဖော် ကိုင်ဖက်များကြားတွင် မျက်နှာချင်းဆိုင် ဆက်ဆံရေး  နှင့် လေးစားမှုရှိသော ကိုယ်ရေးကိုယ်တာဆက်ဆံရေးတည်ဆောက်ရန် အရေးကြီးပုံကို လည်း ၎င်းက အလေးထား ဆွေးနွေးသွားခဲ့ပါသည်။

Myanmar Business Coalition on Gender Equality, MBCGE မှ Country Director ဒေါ်ကျော့ကေသီဝင်းသည် MBCGE အား မည့်သို့ စတင်ဖွဲ့စည်းခဲ့သည်ကို ရှင်းပြခဲ့ပါသည်။ ထို အဖွဲ့ဝင် ကုမ္ပဏီ ၆ ခု (FMI, City Mart, Shwe Taung Group, AYA Bank, KBZ Group နှင့် Parami Engery) သည် EDGE (Economic Dividends for Gender Equality) အသိအမှတ်ပြုမှုရရှိရန် ကတိကဝတ်ထားခဲ့ကြပါသည်။ ထိုကတိ ကဝတ်သည် ၎င်းတို့၏ ကုမ္ပဏီများတွင် ကျားမတန်းတူအရေးကိစ္စ နှင့် ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ရန် ဖြစ်သည်။ MBCGE သည် LGBTI နှင့် မသန်စွမ်းသူများအပါအဝင် တန်းတူညီမျှအရေးနှင့် စပ်လျဉ်းသည့် ကိစ္စအားလုံးကို မြှင့်တင်ပေးနိုင်ရန် စီးပွားရေး ဆိုင်ရာ ပူးပေါင်းအဖွဲ့ တစ်ခု ဖြစ်လာစေရန် ၎င်းကမျှော်လင့်ကြောင်း ပြောဆိုခဲ့ပါသည်။ EDGE လက်မှတ် ရရှိသည့်အဆင့်အထိ သွားရန် အစီအစဉ်မရှိသေးသော်လည်း ဤစီးပွားရေး ဆိုင်ရာပူးပေါင်းသည့်အဖွဲ့နှင့် ပူးပေါင်းပါဝင်ကြရန် မြန်မာကုမ္ပဏီနှင့် နိုင်ငံခြား ကုမ္ပဏီများကို ၎င်းကတိုက်တွန်း ခဲ့ပါသည်။ City Mart Holding Co. Ltd (CMHL) မှ Group Chief People Officer ဖြစ်သူ မပွင့်ဖြူဟန်သည် City Mart ၏ အဓိက တန်ဖိုး (core value) နှင့် အညီ မတူကွဲပြားမှုများနှင့် အားလုံး အကျုံးဝင်သည် လုပ်ငန်းခွင်အား မြှင့်တင်ရန်အတွက် မည်သို့ ကြိုးပမ်း လုပ်ဆောင်ခဲ့သည်ကို မျှဝေဆွေးနွေးခဲ့ပါသည်။ ဤသို့ လုပ်ဆောင်ရန် ၎င်းတို့၏ ဝန်ထမ်းများနှင့် စီမံအုပ်ချုပ်သူများအကြားမှာ ဆန်းသစ်သော အတွေးအခေါ်များနှင့် စိုးရိမ်းပူ ပင်စရာများကို အပြုသဘောဆောင် ဆွေးနွေးရန် တိုက်တွန်းခဲ့ပါသည်။ City Mart ၏ ၂ဝ၁၈ ခုနှစ်အတွင်း လုပ်ဆောင်မှုများကို ဖော်ပြထားသော ဒုတိယအကြိမ် ရေရှည်တည်တံ့မှု အစီရင်ခံစာကို မကြာသေးခင်က ထုတ်ဝေခဲ့သည်။ ၄င်းတွင် အခြားကိစ္စများအပါအဝင် လုပ်ငန်းခွင် အခြေအနေများနှင့် “လူသားအရင်းအမြစ်” ကဏ္ဍ၌ အရည်အချင်းရှိ သူများကို ရေရှည်ထိန်းသိမ်းထားနိုင်ရန် မည်သို့စီမံခန့်ခွဲမှု လုပ်သည်များ ကိုပါ ဖော်ပြထားသည်။

Factive Consulting ၏ Dean Laplonge မှ  “ လေးစားမှုရှိသော လုပ်ငန်းခွင်များ- မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများတွင် လုပ်ငန်းခွင်နိုင်ထက်စီးနင်းပြုလုပ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ နှောင်ယှက်ခြင်း “ များကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးနစ်နာ မှုများအား လေ့လာ ဆန်းစစ်ခြင်း” မှာ တွေ့ရှိချက်များအား နေ့လည်ပိုင်းတွင် အသေး စိတ် ရှင်းလင်းတင်ပြသွားပါသည်။


IFC, Gender Department မှ Operation Officer ဖြစ်သူ Ellen Maynes နှင့် Gender Coordinator ဖြစ်သူ မနှင်းနွယ်နွယ်အောင်တို့မှ အပြန်အလှန်  ဆွေးနွေးသည့် အစီအစဉ်များကို ဦးဆောင်ခဲ့ကြသည်။ အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ သရုပ်ပြ တင်ပြမှုများ၊ လေးစားမှုရှိသော လုပ်ငန်းခွင် မူဝါဒများနှင့် အလေ့အထများကို ချမှတ်ရန်နှင့် လက်တွေ့အသုံးချနိုင်ရန် စီမံခန့်ခွဲသူနှင့် မည်သို့ စတင် တိုင်ပင်  ဆွေးနွေးရန် နည်းလမ်းများကို မျှဝေဆွေးနွေးခဲ့ပါသည်။


MCRB က ၂ဝ၁၇ခုနှစ်တွင် ထုတ်ဝေသော LGBTI များအပေါ် ခွဲခြား ဆက်ဆံမှုများကို ကိုင်တွယ် ဖြေရှင်းရန် ကုလသမဂ္ဂ၏စီးပွားရေးလုပ်ငန်းများအတွက် ကျင့်ဝတ် စံနှုန်းများ  အား လည်းကောင်း၊ ၂ဝ၁၈ခုနှစ် ဒီဇင်ဘာတွင် မြန်မာနိုင်ငံ မသန်စွမ်း သူများအသင်းချုပ်၊ အေအေအာ ဂျပန်၊ လူမှုဝန်ထမ်း ကယ်ဆယ်  ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တို့နှင့်ပူးပေါင်း၍ ထုတ်ဝေခဲ့ပြီး ဒုတိယသမ္မတမှ စာအုပ်စတင် မိတ်ဆက်သည့်ပွဲ၌ အမှာစကားပြောကြားပေးခဲ့သည့်မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်း မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် လက်စွဲစာအုပ် နှင့် “ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းခွင်၌ ခွဲခြားဆက်ဆံမှုများအား တိုက်ဖျက်ခြင်း ” အစရှိသည့် MCRB ၏ လုပ်ငန်းခွင်၌ ခွဲခြားဆက်ဆံမှုမရှိရေးဆိုင်ရာ စာစောင်နှင့်စာတမ်းများ အကြောင်းကို  ဖော်ပြခဲ့ပါသည်။

အစောပိုင်းတွင်ပြုလုပ်ခဲ့သော တာဝန်ယူမှုရှိသောစီးပွားရေးနှင့်စပ်ဆက်သည့် အလုပ် ရုံးဆွေးနွေးပွဲများမှာ ၂ဝ၁၈ခုနှစ် ဇွန်လိုင်လတွင် စီးပွားရေးကျင့်ဝတ်အတွက် (စီးပွားရေးလုပ်ငန်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းလည်ပတ်မှုကြောင့် လူ့အခွင့်အရေးဆိုင်ရာနှင့် လူမှု သို့မဟုတ် သဘာဝပတ်ဝန်းကျင်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထိခိုက်နစ်နာမှုများကို ကြိုတင်သိရှိနိုင်ရန် စိစစ်ခြင်း) due diligence ကိုလည်းကောင်း၊ ၂ဝ၁၈ခုနှစ် စက်တင်ဘာတွင် (သင့်တင့်လျောက်ပတ်သောအလုပ်၊ အလုပ်ခန့်အပ်မှု၊ လုပ်ငန်းခွင်အခြေအနေ၊ လုပ်ငန်းခွင်ဆက်ဆံရေး၊ လက်ခံခွင့်ပြု၍ မရသော အလုပ်ပုံစံ) နှင့် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာတွင်  အဂတိလိုက်စားမှုကို တွန်းလှန်ခြင်း တို့ ဖြစ်ပါသည်။

နောက်ဆုံးရ သတင်း

Recordings of the presentations are available to watch in English or in Thai. Click "See More" below the video for the link to the Thai version.

On 13 July, MCRB and Fair Finance Thailand co-hosted a webinar for Thai companies. Vicky Bowman, Director of MCRB, presented the human rights risks which companies currently need to take into account when doing business in Myanmar...

Launched in November 2022, the Myanmar Sustainable Business Network (MSBN) is a multistakeholder platform bringing together businesses and professionals committed to building a more sustainable economy in Myanmar through responsible business practices.

MSBN, a partnership between MCRB, United Nations Development Programme (UNDP) Myanmar and Yever, has submitted input to the consultations by the UN Global Digital Compact (UNGDC) highlighting digital rights priorities...

© 2024 Myanmar Centre for Responsible Business