Due Diligence အကြောင်း ဆွေးနွေးမှုဖြင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုင်ရာ အစဉ်လိုက်ပြုလုပ်မည့် ဆွေးနွေးပွဲများ အား မိတ်ဆက် - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » Due Diligence အကြောင်း ဆွေးနွေးမှုဖြင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုင်ရာ အစဉ်လိုက်ပြုလုပ်မည့် ဆွေးနွေးပွဲများ အား မိတ်ဆက်

Due Diligence အကြောင်း ဆွေးနွေးမှုဖြင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုင်ရာ အစဉ်လိုက်ပြုလုပ်မည့် ဆွေးနွေးပွဲများ အား မိတ်ဆက်

အခမ်းအနား၏ အစိတ်အပိုင်းတစ်ခုအဖြစ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံဖြိုးတိုးတက်ရေးအဖွဲ့ (OECD)၏ ၂၀၁၈ခုနှစ် မေလတွင် အသစ်ထွက်ရှိခဲ့သော “တာဝန်ယူမှုရှိသော စီးပွားရေး ကျင့်ဝတ်အတွက် due diligence လမ်းညွှန်စာတမ်း”ကို မြန်မာနိုင်ငံတွင် မိတ်ဆက်ပေးခဲ့သည်။
အခမ်းအနား၏ အစိတ်အပိုင်းတစ်ခုအဖြစ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံဖြိုးတိုးတက်ရေးအဖွဲ့ (OECD)၏ ၂၀၁၈ခုနှစ် မေလတွင် အသစ်ထွက်ရှိခဲ့သော “တာဝန်ယူမှုရှိသော စီးပွားရေး ကျင့်ဝတ်အတွက် due diligence လမ်းညွှန်စာတမ်း”ကို မြန်မာနိုင်ငံတွင် မိတ်ဆက်ပေးခဲ့သည်။

ဇူလိုင် ရက်နေ့တွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA) စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံဖြိုးတိုးတက်ရေး အဖွဲ့ (OECD) တို့နှင့် ပူးပေါင်း၍ တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းဆိုင်ရာ အစဉ်လိုက်ပြုလုပ်မည့် ဟောပြောပွဲများ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနား၏ အစိတ်အပိုင်းတစ်ခုအဖြစ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံဖြိုးတိုးတက်ရေး အဖွဲ့ (OECD) ၂၀၁၈ခုနှစ် မေလတွင် အသစ်ထွက်ရှိခဲ့သော တာဝန်ယူမှုရှိသော စီးပွားရေး ကျင့်ဝတ်အတွက်( စီးပွားရေးလုပ်ငန်းများအနေဖြင့်မိမိတို့ ၏ လုပ်ငန်းလည်ပတ်မှုကြောင့် လူ့အခွင့်အရေးဆိုင်ရာနှင့်လူမှု သို့မဟုတ်သဘာဝပတ်ဝန်းကျင်တို့ကိုတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထိခိုက်နစ်နာမှုများကို ကြိုတင်သိရှိနိုင်ရန်စိစစ်ခြင်း) due diligence လမ်းညွှန်စာတမ်းကို မြန်မာနိုင်ငံတွင် မိတ်ဆက်ပေးခဲ့သည်။ ဟောပြောပွဲတွင် ပြည်တွင်းရှိ ကုမ္ပဏီများဖြစ်သော Heineken နှင့် ရွှေတောင်တို့သည် due diligence ကို ၎င်းတို့လုပ်ငန်းခွင် တွင် မည်သို့ အသုံးချကြောင်း မျှဝေဆွေးနွေးပေးခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ တာဝန်ရှိသူများ အပါအဝင် သံရုံးအရာရှိများ၊ ကုန်သည်ကြီးများအသင်းများ၊ ပြည်တွင်းနှင့် နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံတကာ အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များအပြင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် စပ်လျဉ်း၍ ကုမ္ပဏီနှင့် အစိုးရအား အကြံပေးဆောင်ရွက်နေသည့် ရှေ့နေများ အစရှိသဖြင့် လူဦးရေ စုစုပေါင်း ၈၀ ကျော် တက်ရောက်ခဲ့ကြသည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန၏ စီမံကိန်းတာဝန်ခံဖြစ်သော မအင်္ဂါ မခူရှီဗာက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး နောက်ဆက်တွဲ ဆောင်ရွက်သွားမည့် တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများတွင် စီးပွားရေး ကျင့်ဝတ်၊ လုပ်ငန်းခွင်ဆိုင်ရာ အခြေအနေများ၊ လူတိုင်း အတွက် အကျုံးဝင်မှု၊ ခွဲခြားဆက်ဆံမှု မရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ကို လေးစားကာကွယ်ခြင်း အစရှိသည့် အကြောင်းအရာများကို ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဤအကြောင်းအရာများသည် ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) အစရှိသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ချမှတ်ထားသော စံချိန်းစံနှုန်းများတွင်လည်း  ပါဝင်နေသည်။

အစိုးရဌာနမှ ကိုယ်စားလှယ်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA) ၏ ဒုတိယ ညွှန်ကြားရေးမှုးချုပ်ဖြစ်သော ဦးသန်းအောင်ကျော်က တာဝန်ယူမှုရှိသော စီးပွားရေးကျင့်ဝတ် (RBC)၊ ၂၀၁၆ခုနှစ် ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ မြန်မာနိုင်ငံအစိုးရနှင့် OECDတို့အတူ လက်တွဲဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှု မူဝါဒအား ဒုတိယ အကြိမ် ပြန်လည်သုံးသပ်ခြင်းတို့နှင့် ပတ်သက်၍ ထည့်သွင်းပြောဆိုခဲ့သည်။ တာဝန်ယူမှုရှိသော စီးပွားရေးကျင့်ဝတ်နှင့် မြန်မာနိုင်ငံတွင်းရှိ သက် ဆိုင်ရာ ဥပဒေအရ လိုအပ်ချက်များ၏ အရေးပါမှုရှိပုံကိုလည်း ဆွေးနွေးဖော်ပြခဲ့သည်။ ဆက်လက်၍ စီးပွားရေး လုပ်ငန်းများမှ ၎င်းတို့၏ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများအား ရှာဖွေဖော်ထုတ်ခြင်းနှင့် လျော့ပါးစေခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော နည်းလမ်းများဖြင့် လုပ်ငန်းလည်ပတ်ခြင်းတို့ကို မြန်မာ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ပိုမိုအလေးပေးလုပ်ဆောင်လာကြောင်း ဖော်ပြခဲ့သည်။ ဆက်လက်၍ အခမ်းအနား တက်ရောက်လာသူများအား ပွင့်လင်း မြင်သာမှုရှိခြင်း၏ အရေးပါပုံနှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ပါမစ်ချထားပေးသော ကုမ္ပဏီများသည် ဥပဒေအရ (မြန်မာ့ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများ၊ နည်းဥပဒေ အမှတ် ၁၉၆ အရ) နှစ်ပတ်လည် အစီရင် ခံစာများအား DICA သို့ တင်သွင်းရမည်ဖြစ်သလို ၎င်းတို့ကုမ္ပဏီ ဝက်(ဘ်)ဆိုဒ်ပေါ်တွင်လည်း ထုတ်ပြန် ကြေညာရမည်ဖြစ်သော်လည်း လက်ရှိအချိန်တိုင်အောင် DICA မှ အဆိုပါနှစ်ပတ်လည် အစီရင်ခံစာများ ၁၀ ခုမျှသာ လက်ခံရရှိသေးကြောင်း အသိပေးဖော်ပြခဲ့သည်။ ထို့အပြင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့်အတူ DICA နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့ လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၏ နောက်ဆုံးပြင်ဆင် ဖြည့်စွက်ချက်များတွင် တာဝန်ယူမှုရှိသော စီးပွားရေးကျင့်ဝတ်ကို အဓိကထား လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။ ၎င်း၏ ဆွေးနွေးတင်ပြချက်အဆုံးတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) မှ ရင်းနှီးမြှုပ်နှံမှု မူဝါဒအား ဒုတိယအကြိမ် (ပထမအကြိမ် သုံးသပ်ချက်အား ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ထားပြီး) သုံးသပ်ပေးခြင်းအတွက်နှင့် OECD မှ DICA နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အား အတူလက်တွဲ ဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။

OECD ၏ ဘဏ္ဍာရေးနှင့် စီးပွားရေးလုပ်ငန်းရေးရာ ညွှန်ကြားမှုအပိုင်းမှ ဘောဂဗေဒ ပညာရှင်ဖြစ်သော Tihana Bule မှ အသစ်ထွက်ရှိလာသည့် “တာဝန်ယူမှုရှိသော စီးပွားရေးကျင့်ဝတ်အတွက် OECD ၏ due diligence လမ်းညွှန်စာတမ်း”တွင် စီးပွားရေး လုပ်ငန်းများအတွက် လက်တွေ့ကျသော ပံ့ပိုးမှုများပါဝင်သလို “OECD ၏ နိုင်ငံစုံ စီးပွားရေး လုပ်ငန်းများဆိုင်ရာ လမ်းညွှန်စာတမ်း”ပါ due diligence အကြံပြုချက်များ အပြင် ဆက်စပ်နေသည့် ပြဌာန်းချက်များအား နားလည်လွယ်သည့် ရိုးရှင်းသော အသုံးအနှုန်းများဖြင့် ဖော်ပြပေးထားကြောင်း ပြောဆို၍ အဆိုပါစာတမ်းအား မိတ်ဆက်ပေးခဲ့သည်။ ၎င်းစာတမ်းသည် OECD လမ်းညွှန်ချက်များနှင့် ကိုက်ညီသော ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန် အခြေခံမူများနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့၏ နိုင်ငံစုံ စီးပွားရေးလုပ်ငန်းများဆိုင်ရာ ညွန့်ပေါင်း ကြေညာစာတမ်းပါ အကြံပြုချက်များအား ကုမ္ပဏီများမှ အကောင်အထည်ဖော်နိုင်ရန် ကူညီပေးသည်။

Heineken ၏ မြန်မာနိုင်ငံပိုင်းဆိုင်ရာ ကော်ပိုရိတ်ရေးရာ ဒါရိုက်တာဖြစ်သော Holly Bostock မှ Heineken ကုမ္ပဏီသည် ၎င်း၏ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုအစီအစဉ်ကို ဖွံ့ဖြိုးစေရန်နှင့် ကုန်ကြမ်းဖြစ်သော ဘာလီဂျုံမှ ကုန်ချောဖြစ်သည့် ဘီယာအဖြစ် ထုတ်လုပ်ရောင်းချမှု ခရီးစဉ်တစ်လျှောက်  တာဝန်ယူမှုရှိသော လုပ်ငန်းအဖြစ် ရပ်တည်နိုင်ရန်အတွက် လုပ်ငန်းခွင်တစ်ခုလုံးတွင် due diligence ကို မည်သို့ အသုံးပြုကြောင်း မျှဝေရှင်းပြခဲ့သည်။ ထို့အပြင် ပတ်သက်ဆက်နွယ်သူများနှင့် အတူလက်တွဲ လုပ်ဆောင်ခြင်းနှင့် အတွေ့အကြုံများ မျှဝေခြင်း၏ အရေးပါမှုကိုလည်း အလေးပေးပြောဆိုခဲ့သည်။

ရွှေတောင်အုပ်စု၏ COO ဖြစ်သော Giuseppe Sardone သည် လွန်ခဲ့သော နှစ်နှစ်ကျော်၌ due diligence ကို စတင်ကျင့်သုံးခဲ့သည့် အတွေ့အကြုံနှင့် ပတ်သက်၍ မျှဝေဆွေးနွေးပေးခဲ့သည်။ ၎င်းအတွေ့ အကြုံများတွင် ဝန်ထမ်းများလိုက်နာရမည့် ကျင့်ဝတ် စာတမ်းများ ရေးသားပြုစုခြင်းနှင့် ဝန်ထမ်းများအား ကျင့်ဝတ် စည်းကမ်းများနှင့် ပတ်သက်၍ သင်တန်းပေးခြင်းတို့လည်း ပါဝင်သည်။ Giuseppe Sardone သည် ဆက်လက်၍ အပါချီ ဘိလပ်မြေစက်ရုံအတွက် ရွှေတောင်အုပ်စုမှ ဆောင်ရွက်ခဲ့သည့် များပြားလှသော ဆန်းစစ်မှုများ အကြောင်းနှင့် ပြည်သူများနှင့် လုံလောက်စွာ တိုင်ပင်ဆွေးနွေးခြင်းနှင့် စပ်လျဉ်း၍ ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုများကိုလည်း ဖော်ပြပေးခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်ကျော်အတွင်း ရွှေတောင်ကုမ္ပဏီသည် အပါချီ ဘိလပ်မြေစက်ရုံနှင့် ပတ်သက်၍ ဆက်သွယ်ပြောဆိုမှုများ ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ခဲ့သလို ကုမ္ပဏီ၏ အစီရင်ခံစာများ ထုတ်ပြန်ခြင်း၊ လုပ်ငန်းလည်ပတ်မှုကြောင့် သက်ရောက်မှုများ ခံစားခဲ့ရသည့် ဒေသခံများအတွက် သတင်း အချက်အလက် ရယူနိုင်သည့် နေရာများ ဖွင့်လှစ်ခြင်း၊ အကြံပြုချက် ထည့်သွင်းနိုင်သည့် ပုံးများ ထားရှိခြင်း အစရှိသဖြင့် လုပ်ဆောင်ခဲ့ကြောင်းလည်း အသိပေးပြောဆိုခဲ့သည်။ ထို့အပြင် လုပ်ငန်း အတွေ့အကြုံများအား စီးပွားဖက် မိတ်ဆွေများထံ မျှဝေပေးခြင်းနှင့် အချင်းချင်း မျှဝေသင်ယူခြင်းသည် Heineken မှ တင်ပြဆွေးနွေးခဲ့သည့်အတိုင်း အရေးပါမှုရှိကြောင်း ထပ်မံပြောဆိုခဲ့သည်။

ဆက်လက်ကျင်းပသွားမည့် တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းဆိုင်ရာ ဟောပြောဆွေးနွေးပွဲများအား မြန်မာ့ရင်းနှီး မြှုပ်နှံမှု ကော်မရှင်နှင့် DICA အပါအဝင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၊ စိတ်ပါဝင်စားမှုရှိသော ကုမ္ပဏီများနှင့် စီးပွားရေး အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ အတွေ့အကြုံများ မျှဝေပေးရန် စိတ်အားထက်သန်သည့် ကုမ္ပဏီများ နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ တွေ့ဆုံခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ အစည်းအဝေးတွင် လည်း ဤဟောပြော ဆွေးနွေးပွဲအတွက်  ပြောဆိုဆွေးနွေးခဲ့သည်။

ဤဟောပြောဆွေးနွေးပွဲများသည် မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိစွာ စီးပွားရေးလုပ်ငန်း မည်သို့လုပ်ကိုင်နိုင်ကြောင်းနှင့် သက်ဆိုင်ရာ စိန်ခေါ်မှုများနှင့် စပ်လျဉ်းသည့် အတွေ့အကြုံများအား မျှဝေပေးနိုင်ရန် ရည်ရွယ်ပြီး စီးပွားရေးလုပ်ငန်းများနှင့် အခြားသူများ၏ စိတ်ပါဝင်စားမှုပေါ် အခြေခံ၍ ဆွေးနွေးသည့် အကြောင်းအရာများအား ပုံဖော်သွားမည် ဖြစ်သည်။ စီးပွားရေး လုပ်ငန်း အမျိုးအစားအားလုံးအား မြန်မာနိုင်ငံရှိ ရင်းနှီး မြှုပ်နှံမှု ဥပဒေနှင့် မူဝါဒနှင့်အညီ တာဝန်ယူမှုရှိစွာဖြင့် လုပ်ငန်း လည်ပတ်နိုင်ရန်အတွက် ဤဆွေးနွေးပွဲများမှတဆင့် ကူညီပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။ အခမ်းအနားတွင် တင်ပြဆွေးနွေးသူများအား ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် အခြားသော တတ်ကျွမ်းပညာရှင်များ (ဥပမာ-OECD၊ ILO နှင့် အခြားအဖွဲ့အစည်းများမှ ကျွမ်းကျင်သူများ) အား ဖိတ်ခေါ်ရွေးချယ်သွားမည်ဖြစ်သည်။ ၎င်းဆွေးနွေးတင်ပြမှုများ၏ ရည်ရွယ် ထားသော အဓိကပရိသတ်မှာ ရန်ကုန်အပြင် အခြားဒေသများရှိ အမျိုးမျိုး သော စီးပွားရေး လုပ်ငန်းကဏ္ဍများနှင့် လုပ်ငန်းအရွယ်အစားအမျိုးမျိုးရှိ မြန်မာနှင့် နိုင်ငံခြားကုမ္ပဏီများမှ မန်နေဂျာများ ဖြစ်သည်။ DICA တစ်ခုတည်းသာမက စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်ရသည့် အခြားသော အစိုးရဌာနများရှိ အရာရှိပုဂ္ဂိုလ်များကိုလည်း အနာဂတ် ဟောပြောဆွေးနွေးပွဲများသို့ တက်ရောက်ပေးရန် ဖိတ်ကြားသွားမည်ဖြစ်သည်။

Download the AgendaDownload the Agenda
© 2024 Myanmar Centre for Responsible Business