မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှု ရှိရေး အထောက်အကူပြုဌာန(MCRB)က တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း၏ အခြေခံအကြောင်းအရာများကို မွန်ပြည်နယ် လွှတ်တော်ခန်းမတွင် ဆွေးနွေး တင်ပြ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှု ရှိရေး အထောက်အကူပြုဌာန(MCRB)က တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း၏ အခြေခံအကြောင်းအရာများကို မွန်ပြည်နယ် လွှတ်တော်ခန်းမတွင် ဆွေးနွေး တင်ပြ

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှု ရှိရေး အထောက်အကူပြုဌာန(MCRB)က တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း၏ အခြေခံအကြောင်းအရာများကို မွန်ပြည်နယ် လွှတ်တော်ခန်းမတွင် ဆွေးနွေး တင်ပြ

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှု ရှိရေး အထောက်အကူပြုဌာန(MCRB)က  တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း၏ အခြေခံအကြောင်းအရာများကို မွန်ပြည်နယ် လွှတ်တော်ခန်းမတွင် ဆွေးနွေး တင်ပြ
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှု ရှိရေး အထောက်အကူပြုဌာန(MCRB)က တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း၏ အခြေခံအကြောင်းအရာများကို မွန်ပြည်နယ် လွှတ်တော်ခန်းမတွင် ဆွေးနွေး တင်ပြ

National Enlightenment Institute (NEI)မှ စီစဉ်ဆောင်ရွက်ပြီး ဇူလိုင် ၁၃ ရက်နေ့တွင် မော်လမြိုင်မြို့ မွန်ပြည်နယ်လွှတ်တော်ခန်းမတွင် ကျင်းပသော “ဘဏ္ဍာငွေ စီမံခန့်ခွဲခြင်းဆိုင်ရာနှင့် စီမံကိန်း ရေး ဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ”တွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန၏ တွင်းထွက်သယံဇာတ ကဏ္ဍမှမန်နေဂျာ ဦးအောင်ကျော်စိုးနှင့် ဆီအုန်းကဏ္ဍမှ တွဲဖက်တာဝန်ခံ ဦးလှိုင်မင်းဦးတို့က  သင်တန်းပို့ချခဲ့ကြပါသည်။ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေး လုပ်ငန်းရှင် များနှင့် မွန်ပြည်နယ်မှ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ သူများ အပါအဝင် စုစုပေါင်း ၉၀ ဦးတက်ရောက်ခဲ့သည်။  

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနမှ အဓိက ပို့ချခဲ့သော ခေါင်းစဉ်များ မှာ “တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း ဟူသည် မည်သည်နည်း”၊ မြန်မာနိုင်ငံ၌ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများအတွက် သက်ဆိုင်ရာ ဥပဒေမူဘောင်များနှင့် မွန်ပြည်နယ်တွင် “အကျိုး စီးပွားမျှဝေခြင်း” ချဉ်းကပ်မှုပုံစံကြောင့် စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများအတွက် မည်သို့ အကျိုးဖြစ်ထွန်းစေနိုင်သည်များ ပါဝင်ပါသည်။ အထူးသဖြင့် ခွင့်ပြုမိန့်များ ထုတ်ပေးသည့် ဖြစ်စဉ်များတွင် ပွင့်လင်းမြင်သာမှုရှိခြင်း၏ အရေးကြီးပုံနှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြု စေရန် ကြောင်းကျိုးညီညွှတ်ဆက်စပ်မှုပြီး ရှင်းလင်းပြတ်သားသည့် ဥပဒေ မူဘောင်များ လိုအပ်ကြောင်းကို အဓိကထား ပို့ချပေးခဲ့ပါသည်။ 

ထို့အပြင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ လုပ်ငန်းစဉ်များ၊ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (EIA)နှင့် ခွင့်ပြုမိန့် လုပ်ငန်း စဉ်များနှင့် ဆက်စပ်မှုရှိသော အခြား အကြောင်းအရာများလည်း ပါဝင်ပါသည်။ သင်တန်းပို့ချမှုတွင် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) ၏ လုပ်ငန်းစဉ်နှင့် ရည်ရွယ်ချက်များ၊ အဓိကဖြစ်ရပ်ကိစ္စရပ်များအတွက် နယ်ပယ်တိုင်းတာ သတ်မှတ်ခြင်း၊ ဖြစ်နိုင်ချေရှိသော သက်ရောက်မှု များကို သတ်မှတ်ဖော်ထုတ်ခြင်း၊ အခြားဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ပိုင်းခြားစီစစ်ခြင်း၊ အချက်အလက်စုဆောင်းခြင်း နှင့် စောင့်ကြည့်လေ့လာခြင်း၊ ဆွေးနွေးညှိနှိုင်းပွဲများနှင့် အဓိပ္ပါယ် ပြည့်ဝသော အများပြည်သူပူးပေါင်း ပါဝင်ခြင်းတို့အတွက် ဥပဒေအရ အနိမ့်ဆုံး လိုအပ်ချက်များ အစရှိသဖြင့် အမျိုးမျိုးသော လုပ်ငန်းစဉ်များအကြောင်း ထည့်သွင်းပို့ချခဲ့သည်။ .

မတ်လ ၂၀၁၈ ခုနှစ်တွင် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနမှ ထုတ်ဝေခဲ့သည့် သက်ရောက်မှုများအား ကဏ္ဍအလိုက်လေ့လာခြင်း (SWIA) ၏ အစိုးရသို့ အကြံပြုချက်များနှင့် သတ္တုကဏ္ဍ အတွက် ဥပဒေရေးရာမူဘောင်များကို ခြုံငုံသုံးသပ်ခြင်းများ ပါဝင်သော သတ္တုတွင်းလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်း (SWIA) မှ အဓိကတွေ့ရှိချက်များ ကိုလည်း တွင်းထွက်သယံဇာတကဏ္ဍမှမန်နေဂျာ ဦးအောင်ကျော်စိုးမှ တင်ပြခဲ့ပါသည်။ သတ္တုတွင်းလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်း (SWIA) ၏ ကွင်းဆင်းသုတေသန ပြုလုပ်ရာတွင် မွန်ပြည်နယ် မပါဝင်ခဲ့သော်လည်း အခြားသော နေရာဒေသများမှ အဓိကတွေ့ရှိချက်များ အထူးသဖြင့် ထုံးကျောက် ကဏ္ဍသည် မွန်ပြည်နယ်အခြေအနေများနှင့် ဆက်စပ်မှု ရှိပါသည်။ ဆီအုန်းကဏ္ဍမှ တွဲဖက် တာဝန်ခံ ဦးလှိုင်မင်းဦးမှလည်း နှစ်ရှည်သီးနှံ စိုက်ပျိုးရေး ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုပြုရန် ဥပဒေအရ လုပ်ငန်းစဉ်၊ သက်ရောက်မှုများ၊ စိန်ခေါ်မှုများ၊ တာဝန်ယူမှုရှိသော အကြီးစား စိုက်ပျိုးရေးလုပ်ငန်းများကို မြန်မာနိုင်ငံတွင် ထောက်ပံ့ပေးနိုင်ရန် စီးပွားရေးလုပ်ငန်းနှင့် အစိုးရအတွက် အကြံပြုချက်များ အစရှိသည့် အချက်များကို အနှစ်ချုပ် တင်ပြခဲ့သည်။

© 2024 Myanmar Centre for Responsible Business