၂၀၁၅ ပွင့်သစ်စ

၂၀၁၅ ပွင့်သစ်စ အစီရင်ခံစာကို ၂၀၁၅ ဇူလိုင်၂၀တွင်ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာအရ ၂၀၁၄ခုနှစ်တွင် အကောင်းဆုံးလုပ်ကိုင်ခဲ့ပြီး ၂၀၁၅ခုနှစ်တွင်လည်း ပွင့်လင်းမြင်သာမှုအများဆုံးရှိသည့်ကုမ္ပဏီများကို တွေ့ရပါသည်။ ၄င်းကုမ္ပဏီများသည် ပေးနိုင်သည့်သတင်း အချက်အလက်များကို အများပြည်သူသိရှိအောင် ပိုမိုထုတ်ပြန် ပေးအပ်ခဲ့ကြသည်။
၂၀၁၅ အစီရင်ခံစာအရ ပွင့်လင်းမြင်သာမှုအရှိဆုံး ကုမ္ပဏီမှာ Serge Pun and Associates (SPA) ( ၂၀၁၄တွင် အဆင့်၉) ဖြစ်ပြီး အမှတ်မတိမ်းမယိမ်း ဖြင့် ဒုတိယလိုက်သည့် ကုမ္ပဏီမှာ မက်စ် ( ၂၀၁၄တွင် အဆင့် ၃) ဖြစ်သည်။ အဆင့်သုံးမှာ (၂၀၁၄တွင့် အဆင့် ၁) ဖြစ်သည့် ကမ္ဘောဇ ကုမ္ပဏီဖြစ်သည်။ ထိပ်တန်းအဆင့်ရရှိသည့် ကုမ္ပဏီများက အများပြည်သူသို့ ထုတ်ပြလာ သည့်အချက်များမှာ အခွန်အပါအဝင် ဘဏ္ဍာရေး အချက်အလက်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းနှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုများကိုလေ့လာဆန်း စစ်ခြင်းများ ပင်ဖြစ်သည်။ မည်သို့ဆိုစေကာမူ ကုမ္ပဏီ ၁၀၀တွင် ၃၉ ခုမှာ ဝက်ဆိုဒ်များ မရှိသဖြင့် အမှတ်မရရှိခဲ့ပေ။ အခြား ကုမ္ပဏီ ၄၀ခန့်ကလည်း အုပ်စု သို့ လက်ခွဲ ကုမ္ပဏီတွင် ဝက်ဆိုဒ်ရှိသော်လည်း လုပ်ငန်းစီမံခန့်ခွဲမှု နှင့် စဉ်ဆက်မပြတ် သတင်းအချက်အလက်ပေးမှုတို့ အနည်းငယ်ရှိ သည်ကရှိပြီး အချို့ကလည်း မရှိကြပေ။
၂၀၁၅ ပွင့်သစ်စ အစီရင်ခံစာတွင် ၂၀၁၄ခုနှစ် အစီရင်ခံစာထက်ပိုမိုသည့် အချက်များကို ထည့်သွင်းဖော်ပြထားသည်။ ကုမ္ပဏီများ၏ပွင့်လင်း မြင်သာမှု တိုးတက်လာစေရန်အတွက် မြန်မာကုမ္ပဏီများကိုသာမက နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ မီဒီယာများ၊အစိုးရနှင့် ၂၀၁၆ခုနှစ်တွင်ပေါ်ပေါက်လာမည့် လွှတ်တော်အသစ် (အထူးသဖြင့် မြန်မာ့ ကုမ္ပဏီအက်နှင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေများပြင်ဆင်ရေးအတွက်) အကြံပြုချက်များ ဖော်ပြခဲ့သည်။ ပထမဆုံး အနေဖြင့် MCRBက ကုမ္ပဏီများ၏လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ တိကျသည့် နစ်နာမှုများကိုကုစားသည့် နည်းလမ်းများလုပ်ဆောင်မှုနှင့်ပတ်သက်ပြီး အရပ်ဖက်လူ့အဖွဲ့အစည်းများ အပါအဝင် ပြည်သူလူထုထံမှ တုန့်ပြန်မှုများ တောင်းခံခဲ့သည်။
ဆက်စပ်သော အကြောင်းအရာ
- uab Tops the 2020 Pwint Thit Sa / Transparency In Myanmar Enterprises Ranking
- 2020 Pwint Thit Sa / Transparency in Myanmar Enterprises
- Corporate Disclosure in Myanmar – Regulatory Requirements and Sustainability Leadership
- Disclosure of Company Information Leads to Better Business Reporting and a Better Investment Climate
- Research Phase for Pwint Thit Sa 2020 Kicks Off With a Reminder that Transparency and Corporate Governance Are Good For Business
- MCRB Provides Comments to DICA Consultation on the Disclosure of Company Information