၂၀၁၄ ပွင့်သစ်စ - Pwint Thit Sa (TiME) Report
You are here Home » Pwint Thit Sa (TiME) Report » ၂၀၁၄ ပွင့်သစ်စ

၂၀၁၄ ပွင့်သစ်စ

အစီရင်ခံစာသည် မြန်မာနိုင်ငံရှိ အကြီးဆုံး ကုမ္ပဏီကြီး ၆၀ ၏ ဝက်ဆိုဒ် များကို နှိုင်းယှဉ်လေ့လာခြင်းဖြစ်သည်။ အစီရင်ခံစာ၏ ရည်ရွယ်ချက်သည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု  တိုးမြှင့်စေရန်အတွက် တိုက်တွန်းအားပေးရန် ရည်ရွယ်ပါသည်။
အစီရင်ခံစာသည် မြန်မာနိုင်ငံရှိ အကြီးဆုံး ကုမ္ပဏီကြီး ၆၀ ၏ ဝက်ဆိုဒ် များကို နှိုင်းယှဉ်လေ့လာခြင်းဖြစ်သည်။ အစီရင်ခံစာ၏ ရည်ရွယ်ချက်သည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု တိုးမြှင့်စေရန်အတွက် တိုက်တွန်းအားပေးရန် ရည်ရွယ်ပါသည်။

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနသည် ပထမဆုံး ပွင့်သစ်စအစီရင်ခံစာကို ၂၀၁၄ ဇူလိုင်၂၂ တွင် ပထမဆုံး ထုတ်ဝေခဲ့သည်။ ၄င်းအစီရင်ခံစာသည် မြန်မာကုမ္ပဏီများ၏ ဝက်ဆိုဒ်များ တွင် ဖော်ပြထားသော တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းအမူအကျင့် များကို ကြည့်ရှုခြင်းဖြစ်ပြီး Transparency International မှနည်းပညာ ယူထားခြင်းဖြစ်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ၊ အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ လူ့အခွင့်အရေး၊ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး တို့နှင့်ပတ်သက်ပြီး  ၄င်းကုမ္ပဏီများ၏ ဝက်ဆိုဒ်များကို လေ့လာခြင်းဖြစ်သည်။

2014 Pwint Thit Sa Report (English and Burmese)
Document PDF, 2858 downloads, ဇူလိုင် 22, 2014

၂၀၁၄ အစီရင်ခံစာအရ ထိပ်တန်းကုမ္ပဏီများဖြစ်သော ကမ္ဘောဇ၊ ပါရမီနှင့် မက်စ်မြန်မာ တို့က ၄င်းတို့၏ မူဝါဒများ၊ စံချိန်စံနှုန်းများနှင့် အလ့အကျင့် များကို အများပြည်သူ သိရှိနိုင်အောင် သိသာထင်ရှားစွာ ပြသခြင်းဖြစ် သည်။ မည်သို့ဆိုစေကာမူ  ကုမ္ပဏီ၆၀အနက် ၂၅ ခုမှာ ဝက်ဆိုဒ်လုံးဝမရှိ ကြသဖြင့် လုံးဝပွင့်လင်းမြင်သာမှုမရှိသလို အမှတ်လည်းလုံးဝမရှိကြပေ။ ကုမ္ပဏီအချို့ကသာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် အဖွဲ့အစည်းဆိုင်ရာပွင့်လင်းမြင်သာမှုတို့နှင့် ပတ်သက်ပြီး သတင်းအချက်အလက်အနည်းသာဖော်ပြ ထားကြသည်။ ကုမ္ပဏီများသည် လူ့အခွင့်အရေး၊ မြေယာသိမ်းဆည်းမှုနှင့် ကျန်းမာရေး၊လုံခြုံစိတ်ချရမှု၊တို့နှင့် ပတ်သက်လျှင် အမှတ်အနည်းငယ်သာရရှိခဲ့သည်။ ဌာနက ၄င်းတို့နှင့်ပတ်သက်ပြီး မူဝါဒ များနှင့် လုပ်ငန်းလုပ်ကိုင်ပုံများကို ကူညီပေးခဲ့သည်။

၂၀၁၅ ပွင့်သစ်စ
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
၂၀၁၅ ပွင့်သစ်စ
2014 Pwint Thit Sa Report2014 Pwint Thit Sa Report
2014 Pwint Thit Sa Report2014 Pwint Thit Sa Report
© 2024 Myanmar Centre for Responsible Business