SWIA - သတင်းမီဒီယာစင်တာ

SWIA

SWIA sensitise planners, decision-makers, businesses and civil society.
SWIA sensitise planners, decision-makers, businesses and civil society.

SWIA look at impacts of a business sector through several different levels of analysis in order to build a more complete picture of the potential impacts of the sector on Myanmar society and on its enjoyment of human rights.

စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်း (SWIA) ဆိုတာဘာလဲ?

စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်း (SWIA) ဆိုသည်မှာ မြန်မာ့လူ့အဖွဲ့ အစည်းအပေါ်စီးပွားရေးလုပ်ငန်း ကဏ္ဍများမှ သက်ရောက်နိုင်သည့် အလားအလာနှင့် လူ့အခွင့်အရေးကိုက်ညီမှုတို့ကို ပိုမိုပြည့်စုံသော အမြင်တခုဖြင့် အဆင့်လိုက် ခွဲခြမ်းစိတ်ဖြာသုံးသပ်မှုများ ဆောင်ရွက်ခြင်းဖြစ်သည်။ ကဏ္ဍတစ်ခုချင်းအလိုက် သုံးသပ်မှုသည် ပါဝင်ပက်သက်သူများကိုလုပ်ငန်းများ ကြောင့် ဖြစ်ပေါ်နိုင်သော ကောင်းကျိုး၊  ဆိုးကျိုးသက်ရောက်မှုများကို သိမြင်စေပြီး  ကောင်းမွန်သော လူ့အခွင့်အရေးပေါ်ထွန်းရေး အတွက် ဖြစ်နိုင်ခြေများကို ရွေးချယ်ရန် အခွင့်အလမ်း ဖော်ထုတ်ခြင်းဖြစ်သည်။

 

စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်း (SWIA) သည် အခြားသော စီမံကိန်းများ၏ သက်ရောက်မှု ဆန်းစစ်ချက်များနှင့် မည်ကဲ့သို့ ဆက်နွယ်မှုရှိပါလဲ?

“SWIA” သည် စီမံကိန်းအဆင့် (Project Level) သက်ရောက်မှု ဆန်းစစ်ချက်များနှင့် နည်းလမ်းအချို့တွင် ကွဲပြားပါသည်။

  • စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်းဟူသည် အတိုင်း ဤ လေ့လာဆန်းစစ်မှုသည် သက်ရောက်မှုများကို ကဏ္ဍ (Sector) တစ်ခုလုံး အတိုင်း အတာဖြင့်လေ့လာဆန်းစစ်ပါ သည်။ ထိုဆန်းစစ်မှုတွင် ရှုထောင့်ကျယ်ပြန့်မှုနှင့် အသေးစိတ် ခွဲခြမ်းစိတ်ဖြာမှုတို့ ပါဝင်ပါသည်။
  • “SWIA” သည် ကဏ္ဍတစ်ခုလုံး၏ သက်ရောက်မှုများကို ဖြေရှင်းသောကြောင့် ကဏ္ဍတစ်ခုအတွင်း စီးပွားရေးလုပ်ငန်း လုပ်ဆောင်ခြင်းအတွက် မူဝါဒနှင့် အခြေခံမူဘောင်များချမှတ်ခြင်းအပါအ၀င် ထိုသက်ဆိုင်ရာ မူဘောင်များအား ခြုံငုံ၍ ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်သည်။
  • စီမံကိန်းအဆင့်(Project Level) တွင်လုပ်သည့် သဘာဝ ပတ်ဝန်းကျင်၏ ထိခိုက်နစ်နာမှုများ အား ဆန်းစစ်ခြင်း (Environmental Impact Assessment – EIA)၊ လူမှုဘဝ သက်ရောက်မှု များကို ဆန်းစစ်ခြင်း (Social Impact Assessment – SIA)၊ သဘာဝပတ်ဝန်းကျင်၏ ထိခိုက် နစ်နာမှုများနှင့် လူမှုဘဝ သက်ရောက်မှုများကို ဆန်းစစ်ခြင်း (Environmental and Social Impact Assessment - ESIA ) များသည် သမားရိုးကျနည်းလမ်းအတိုင်း ဆောင်ရွက်ခြင်း သို့မဟုတ် စီမံကိန်းလုပ်ဆောင်သူများ သိရန်အတွက်သာ လုပ်ဆောင်ခြင်းဖြစ်သည်။ သို့သော် “SWIA”သည် အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းများ၊ ဒေသခံရပ်ရွာ လူမှုရေးအဖွဲ့များ၊ အရပ်ဘက်လူ့အဖွဲ့ အစည်းများ၊ အလုပ်သမားများ၊ ၊ အလုပ်သမားသမဂ္ဂ အစရှိသော သူအားလုံးအတွက်  ကျယ်ကျယ်ပြန့်ပြန့်  ရည်ရွယ်ပါသည်။
  • မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)  က အကောင်အထည် ဖော်ဆောင်ရွက်မည့် “SWIA” သည် အထူးသဖြင့် ပြည်သူများပေါ် သက်ရောက်မှုများကို အဓိက ထားလုပ်ဆောင်သည်။ ဥပမာအားဖြင့် မြေယာနှင့် အလုပ်သမား အခွင့်အရေးများ၊ ရပ်ရွာလူမှုရေး အဖွဲ့များနှင့် စားသုံးသူများအပေါ် အခြားသက်ရောက်မှုများကို လေ့လာခြင်းတို့လည်း ပါဝင်သည်။

အခြားစီမံကိန်းဆိုင်ရာ သက်ရောက်မှုဆန်းစစ်ချက်များကဲ့သို့ ဆောင်ရွက်ရာတွင် -

  • “SWIA” ကို အခြားသော သက်ရောက်မှု ဆန်းစစ်ချက်များတွင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားသော အဆင့်အတိုင်း ဆောက်ရွက်ပါမည်။ ထိုလုပ်ငန်းစဉ်တွင် မှတ်တမ်းမှတ်ရာများ ရှာဖွေလေ့လာခြင်း နှင့် ကွင်းဆင်း လေ့လာခြင်း နှစ်မျိုးပါဝင်သည်။ ဤလေ့လာဆန်းစစ်ခြင်းအား လုပ်ဆောင်မည့် အဖွဲ့များ သည် အဓိက ကဏ္ဍတစ်ခုခြင်းစီလိုက် လုပ်ဆောင်ခြင်းအပြင် မြန်မာပြည်တွင် စိန်ခေါ်မှုရှိနေသည့် ကဏ္ဍတိုင်းနှင့် ဆက်နွယ်နေသော ကိစ္စရပ်များ (cross-cutting issues) ဖြစ်သည့် လယ်ယာမြေ ရရှိရေး၊ အလုပ်သမားအရေး၊ လက်နက်ကိုင်ပဋ္ဋိပက္ခနှင့် တိုင်းရင်းသား လူနည်းစုများအရေးတွင် အသေးစိတ် သုတေသနများလည်း လုပ်ဆောင်ပါမည်။ အဘယ်ကြောင့်ဆိုသော် “SWIA”သည် ကဏ္ဍ (Sector) တစ်ခုလုံးအား လေ့လာသော ကြောင့်ဖြစ်သည်။ ကွင်းဆင်းလုပ်ငန်းများသည် စီမံကိန်း အဆင့်တွင် ဆောင်ရွက်သော လူမှုဘဝ သက်ရောက်မှုများကို ဆန်းစစ်ခြင်း (Environmental and Social Impact Assessment - ESIA ) ၏ ဖြစ်နိုင်ခြေရှိသည့် နေရာအကျယ်အ၀န်းထက် ပို၍နေရာ ကျယ်ပြန့်စွာ လုပ်ဆောင်မည်။ ထိုလုပ်ငန်းတွင် တိုင်းပြည်အနှံ့ရှိကဏ္ဍအသီးသီးနှင့် အဓိကသက်ဆိုင် သည့်နေရာများတွင် ကွင်းဆင်း လုပ်ဆောင်ခြင်းများပါဝင်သည်။
  • အကောင်းဆုံးစံအရ စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ် ခြင်းကို အစိုးရက ကဏ္ဍရပ်အလိုက် မူဝါဒများနှင့် ဥပဒေများ မပြုမီ၊ ကုမ္ပဏီများမှ ရင်းနှီးမြုပ်နှံမှု မလုပ်မီနှင့် လုပ်ငန်းမစတင်မီ ဆောက်ရွက်သင့်သည်။ သို့မှသာ ရရှိလာသော ရလဒ်များသည် အလုပ် သမားများ၊ ရပ်ရွာလူမှု အဖွဲ့များနှင့် စားသုံးသူ များအပေါ်သက်ရောက်မှုရှိသော မူဝါဒများနှင့် လုပ်ငန်း များကို အထောက်အကူ ဖြစ်စေမည်။ မြန်မာပြည်တွင် မူဝါဒနှင့် ဥပဒေများကို ပြုစုလျက်ရှိရာ “SWIA”  သည် တာဝန်သိရှိသော လုပ်ငန်းများ ဖြစ်လာစေရန် ရည်ရွယ်၍ လက်ရှိကျင့်သုံး နေသော မူဝါဒများနှင့် ဥပဒေများကို လည်းခွဲခြမ်းစိတ်ဖြာ လေ့လာသွားမည် ဖြစ်ပါသည်။ ထို့ပြင် အနာဂတ်၌ ပြုပြင်ရန် လိုအပ် သော ဥပဒေနှင့် မူဝါဒများအတွက် အကြံပြုချက်များပေးရန် အာရုံစိုက်ပါမည်။ ရင်းနှီးမြုပ်နှံမှု အဆင့် တွင် “SWIA”  သည်လက်ရှိ ဆောက်ရွက်နေသော စီမံကိန်းများမှ ရရှိသည့် အတွေ့ အကြုံများကို အသုံးပြု၍ ရင်းနှီးမြုပ်နှံမှု အသစ်များအတွက် အကြံပြုချက်များ ဖေါ်ထုတ်မည်။ ထိုအကြံပြုချက်များ သည် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများအတွက်လည်း အသုံးဝင်စေမည် ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းမျာ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်း (SWIA) လုပ်ဆောင်ရာတွင် မည်ကဲ့သို့ ခွဲခြမ်းစိတ်ဖြာ သုံးသပ်မှုမျိုး ပါဝင်မလဲ?

ကဏ္ဍတခုခြင်း၏ သက်ရောက်မှုများတွင် အာရုံစိုက်မှုကြောင့် “SWIA”သည် အဆင့်အများအပြား၌ အမှန် တကယ်နှင့် ဖြစ်နိုင်ခြေရှိသော သက်ရောက်မှုများကို ဆန်းစစ်သည်။ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)  သည် ဖြစ်နိုင်ခြေရှိသော သက်ရောက်မှုများ၏ မတူညီသောအဆင့်များကို ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်နိုင်ရန် လွယ်ကူစေမည့် နည်းလမ်းများကို ပြုစုလျှက်ရှိပါသည်။

  • နိုင်ငံတော်အဆင့်- စီးပွားရေးလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာနိုင်သော သက်ရောက်မှု အများစုကို အစိုးရ၏ မူဝါဒနှင့် ဥပဒေများက ပုံဖေါ်ပါသည်။ ထို့ကြောင့် ကဏ္ဍဆိုင်ရာ မူဝါဒများ၊ ဥပဒေများ၏ အကျိုးဆက်အဖြစ် ပေါ်ပေါက်လာနိုင်သော လူ့အခွင့်အရေး ဆိုင်ရာသက်ရောက်မှုများကိုလည်း ဆန်းစစ်ရန်လိုအပ်ပါသည်။ စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာ ဆန်းစစ်ခြင်းသည် ခွဲခြမ်းစိတ်ဖြာမှု လေ့လာသုံးသပ်သော  မူဘောင်တရပ်ကို ဖော်ထုတ်ပြီး နိုင်ငံအဆင့် မူဝါဒများကြောင့် ဖြစ်ပေါ်လာနိုင်သော တိုက်ရိုက် နှင့် သွယ်ဝိုက်သက်ရောက်မှုများ  ဆန်းစစ်ရန် အဓိကကဏ္ဍလေးရပ်ကို ရွေးချယ်ထားပါသည်။ ဆင်းရဲနွမ်းပါးမှုနှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှု ကိုလည်း ခွဲခြမ်းစိတ်ဖြာသုံးသပ်ရန် အရင်းအမြစ်များမှ ရှာဖွေရယူမည်။ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများကို မြှင့်တင်သော သို့မဟုတ် ဆိုးကျိုးသက်ရောက်မှု များအား ကဏ္ဍဆိုင်ရာ ဥပဒေများနှင့် အခြားဥပဒေများ အား လျှော့ချရန် ပြန်လည်သုံးသပ်ခြင်းအတွက် မူဘောင်မရှိသေးပါ။  ထို့ကြောင့် “SWIA” သည် ရှုမြင်မှုအသစ်ဖြင့် ကဏ္ဍဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့် ဆက်သွယ် နေသော ဥပဒေများကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ရန် မူဘောင်များကို ပြုစုမည်။
  • တိုင်းဒေသ သို့မဟုတ် ပြည်နယ်အဆင့်- တစ်နေရာတည်းတွင် (သို့မဟုတ်) မနီးမဝေးနေရာတွင် (သို့မဟုတ်) အဆောက်အဦးတစ်ခုထဲတွင် တူညီသောကဏ္ဍ  တခုကို လုပ်ဆောင်နေသော လုပ်ငန်း အမြောက်အမြားရှိသည်။ ထိုလုပ်ငန်းများမှ ဖြစ်လာသော စုပေါင်းသက်ရောက်မှုများသည် လုပ်ငန်း တစ်ခုတည်းမှ ဖြစ်ပေါ်သော သက်ရောက်မှုများနှင့် ကွဲပြားခြားနားနေနိုင်ပါသည်။ ပုံမှန်အားဖြင့်ထိုသို့ သက်ရောက်မှု များကို စီမံခန့််ခွဲရန် ကုမ္ပဏီ-အစိုးရ ပူးပေါင်းမှု သို့မဟုတ် အနည်းဆုံး ကုမ္ပဏီ-ကုမ္ပဏီ ချင်း ပူးပေါင်းမှု လိုအပ်သည်။ စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာ ဆန်းစစ်ခြင်းသည် ဒေသတွင်း သက်ရောက်မှု ဆန်းစစ်ချက်များရေးဆွဲပြီး ကုမ္ပဏီများနှင့် ဒေသခံ အစိုးရများမှ စုပေါင်းသက်ရောက်မှုများကို ဖြေရှင်းရန်အတွက် စုပေါင်းလုပ်ဆောင်နိုင်မည့် ရွေးချယ် စရာကိစ္စများကို ဖေါ်ထုတ်မည်။
  • စီမံကိန်းအဆင့်- သက်ရောက်မှုပုံစံများသည် များသောအားဖြင့် နောက်ခံအကြောင်းအရင်းအပေါ် အလွန်မူတည်နေသောကြောင့် စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်း သည် ကဏ္ဍတွင်းရှိ စီမံကိန်းပုံစံ အမျိုးမျိုးကို ကြည့်ပြီး “သမားရိုးကျ”  စီမံကိန်းတခု၏ သက်ရောက်မှု စာရင်းကိုပြုစုမည်။ စီမံကိန်းများမှ ဖြစ်နိုင်ခြေရှိသော ဆိုးကျိုး သက်ရောက်မှုများကို ကြည့်ခြင်းအပြင် “SWIA” သည် ဖြစ်နိုင်ခြေရှိသော ကာကွယ်ခြင်းနှင့် ဘေးအန္တရာယ်ဖြစ်နိုင်ခြေလျှော့ချခြင်း အဆင့်များကိုလည်း စာရင်းပြုစုပါမည်။ ဤကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုများမှ ဖွံ့ဖြိုးရေးနှင့် လူ့အခွင့်အရေးတိုးတက်စေရေးအတွက် စီးပွားရေးလုပ်ငန်းများ၊ ဆောင်ရွက် မည့်အဆင့်များ ဖော်ပြခြင်းအားဖြင့် “SWIA” သည် စီမံကိန်းတခုတွင်း ကောင်းမွန်သော ရလဒ်များ တည်ဆောက်နိုင်မည့် အခွင့်အလမ်း များကိုတင်ပြပါမည်။

စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်း (SWIA) သည် မည်သူတို့အတွက်ဖြစ်ပါသလဲ ?

  • အစိုးရ- အစိုးရနှင့် လွှတ်တော်အဖွဲ့ဝင်များသည် ကဏ္ဍဆိုင်ရာမူဝါဒများနှင့် ဥပဒေများ ပြုစုကြသူများ အနေဖြင့် ဖြစ်နိုင်ခြေရှိသော ဆိုးကျိုး၊ ကောင်းကျိုးသက်ရောက်မှုများကို ရွေးချယ်ချိန်ဆလျက် တိုင်းပြည်အနာဂတ် ဦးတည်ရာနှင့် ပက်သက်၍ ရွေးချယ်မှု ပြုကြပါမည်။ ကဏ္ဍအသီးသီးတွင် လူ့အဖွဲ့အစည်းနှင့် လူ့အခွင့်အရေးအပေါ်တွင် ဆန့်ကျင်ဘက်သက်ရောက်မှုတစ်ချို့ ဖြစ်စေနိုင်သည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်းသည် မြန်မာအစိုးရနှင့် လွှတ်တော် အဖွဲ့ဝင်များအတွက် ဆန့်ကျင်ဘက် ဆိုးကျိုးများမှ ကာကွယ်ခြင့်း၊ လျှော့ချခြင်း နှင့် ကောင်းကျိုးပြုသည့် ကိစ္စရပ်များကို မြှင့်တင်နိုင်မည့် နည်းလမ်းများကို သုံးသပ်မှုများ ပြုလုပ်ခြင်းပေးဖြင့် မူဝါဒမှတ်ခြင်း၊ ဥပဒေပြုခြင်း၊ ခွင့်ပြုချက်ပေးမှုများကို ချိန်ဆမှုပြုစေနိုင်မည်။ သမိုင်းသင်ခန်းစာအရ အစိုးရများသည် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် စီးပွားရေး ဖွံ့ဖြိုးမှုတစ်ခုတည်း အတွက်သာ အဓိကထားခြင်း၊ လူမှုဘ၀နစ်နာချက်များကို ဦးစားပေးမှု မရှိခြင်း၊ အခြားတိုင်းပြည်များ၏ လုပ်ဆောင်ချက်အတိုင်း ပုံတူကူးယူလိုစိတ်များ ရှိတတ်ကြောင်း တွေ့ရတတ်ပါသည်။ မြန်မာပြည်သူ အားလုံးအတွက် ညီမျှသော တိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်းနှင့် ကြွယ်ဝမှုများ တိုးမြှင့်ရန် အတွက် ပြဌာန်းမည့် အရာသည် လူ့အခွင့်အရေးပေါ်ရေရှည် သက်ရောက်မှု ကိစ္စများတွင် သေသေ ချာချာ သတိထား ကိုင်တွယ်မှုပင်ဖြစ်သည်။ “SWIA” သည် အစိုးရနှင့်လွှတ်တော် အဖွဲ့ဝင်များအနေဖြင့် စီးပွားရေးကဏ္ဍ၏ သက်ရောက်မှုများကို “ပဲ့ကိုင်သူ” အဖြစ် ဆောင်ရွက်နိုင်ရန် မူဝါဒများနှင့် ဥပဒေများ အပေါ်တွင် လွတ်လပ်သည့် သုံးသပ်ချက်များ ပေးသွားပါမည်။
  • စီးပွားရေးလုပ်ငန်း- စီးပွားရေးလုပ်ငန်း များသည်လည်း စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများ အား ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်းမှ ကောင်းကျိုးရကြပါမည်။ အဘယ်ကြောင့်ဆိုသော် ကုမ္ပဏီများသည် လုပ်ငန်းကဏ္ဍ တစ်ရပ်လုံးမှ ဖြစ်နိုင်ခြေရှိသော စုပေါင်းသက်ရောက်မှုများကို နားလည်သိရှိနိုင် သောကြောင့်ဖြစ်သည်။ “SWIA” သည် ကျယ်ပြန့်သော မဟာဗျုဟာ သုံးသပ်ချက်နှင့် စီးပွားရေးကဏ္ဍဆိုင်ရာဥပဒေ မူဘောင်တရပ် ဖြစ်ပေါ်အောင် ဖြည့်ဆည်းသွားပါမည်။ ကဏ္ဍ တစ်ရပ် တွင်း လုပ်ကိုင်ရန် လုပ်ဆောင်ခွင့်အတွက် လူမှုရေးခွင့်ပြုချက် (Social license) ရရှိရန်လိုအပ်သော အချက်များကို ကြိုတင် သုံးသပ်ခြင်းနှင့် စီမံကိန်း အဆင့်ရှိ ဖြစ်နိုခြေ လူ့အခွင့်အရေး သက်ရောက်မှု များကို ပိုမိုနားလည်လာခြင်းဖြင့် သမားရိုးကျလုပ်ငန်းများ၏ ဖြစ်နိုင်ခြေလူမှုရေးနှင့် လူ့အခွင့်အရေး များကို ဘက်ပေါင်းစုံမှ သုံးသပ်မည်။  စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ်မှုတိုင်းတွင် ပြုလုပ်မည့် ထူးခြားသည့် သတင်းအချက်အလက်များ စုဆောင်းမှုနှင့် သုံးသပ်ချက်များကို လေ့လာ၍ စီးပွားရေးလုပ်ငန်းများ တည်ထောင်ခြင်းဖြင့် ကုမ္ပဏီများကိုယ်တိုင် ပြုလုပ်သည့် သက်ရောက်မှု ဆန်းစစ်ချက်များကို ပိုမိုကောင်းမွန်လာစေသည်။ ထိုသို့ဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် လူ့အခွင့်အရေးဆိုင်ရာကိစ္စများကို ထည့်သွင်းရန်သတိပြုမိ လာနိုင်ပါမည်။
  • အရပ်ဘက်လူ့အဖွဲ့အစည်း နှင့်သတင်းမီဒီယာ- မြန်မာနိုင်ငံတွင် စီမံကိန်းများကို စိန်ခေါ်နေသော လှုပ်ရှားတက်ကြွပြီး ရှင်သန်နိုင်စွမ်းရှိသည့် အစိုးရမဟုတ်သောအဖွဲ့များ (NGOs) ရှိပါသည်။ သတင်း မီဒီယာတို့သည်လည်း စီမံကိန်းများ၏ သက်ရောက်မှုများ အကြောင်းကိုပိုမို ဖော်ပြလာကြသည်။ သို့ရာတွင် ၎င်းတို့သည် ခြုံငုံရှုမြင်နိုင်မှု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းများကို သုံးသပ်နိုင်မှုစွမ်းရည် နည်းပါးနေနိုင်သည်။  မူဝါဒပြုစုခြင်း၊ စီမံကိန်း အစီအစဉ်ရေးဆွဲခြင်းနှင့် နိုင်ငံ တကာစံများနှင့် ချဉ်းကပ်မှုများကို ထိရောက် စွာအသုံးပြုနိုင်ရေး တို့တွင် ပါဝင်ရန် မြန်မာ့ အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ စွမ်းရည်တည်ဆောက်မှုကို “SWIA” ကအထောက်အကူပြုပါမည်။ စိတ်ပါဝင်စား သော ဒေသခံ NGOs များ က “SWIA” ၏ တွေ့ရှိချက်များအတိုင်း စီးပွားရေးလုပ်ငန်းများ လိုက်ပါ ဆောင်ရွက်ခြင်း အခြေအနေများကို လေ့လာ စောင့်ကြည့်မှုများ ပြုလုပ်လာနိုင်ခြင်းဖြင့် ကဏ္ဍအသီးသီး ရှိ တာဝန်ခံနိုင်မှု စွမ်းရည်များ တိုးတက်မြင့်မား လာရန်မျှော်လင့်ပါသည်။
  • ဒေသခံရပ်ရွာနေသူများ- ဒေသခံ ရပ်ရွာနေသူများသည် စီမံကိန်းများ၏ သက်ရောက်မှုကို အများဆုံး တိုက်ရိုက် ထိတွေ့ကြသူများဖြစ်သည်။ သို့ရာတွင် ရင်းနှီးမြှုပ်နှံသူများ၊ ဒေသအာဏာပိုင်များနှင့် စေ့စပ် ညှိနှိုင်းနိုင်စွမ်းအားနည်းကြပြီး လည်းကောင်းတို့ ကြုံတွေ့နေသည့် အခက်အခဲ ပြဿနာများကို နိုင်ငံ တကာစံများပေါ် မူတည်ပြီး တောင်းဆိုနိုင်မှုမရှိပါ။ “SWIA”  သည် ထိုကဲ့သို့ အားနည်းချက်များကို အထောက်အကူပြု ရန်ရည်ရွယ်ပါသည်။
  • အလုပ်သမားသမဂ္ဂများ- မြန်မာနိုင်ငံ၏ ဖြစ်တည်စ အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုများသည် စီးပွားရေး လုပ်ငန်း တစ်ခုချင်း တွင်သာ ဖြစ်သည်။ စီးပွားရေးကဏ္ဍတရပ်လုံး ပါဝင်နိုင်မှု မရှိသေးပါ။ သမဂ္ဂပေါင်း ၆၀၀ ကျော် ရှိသည့်အနက် ၆၀ ရာခိုင်နှုန်းသည် လယ်သမားအင်အားစုများဖြင့် ဖွဲ့စည်းထားကြပြီး မြို့နယ်နှင့် စက်ရုံအဆင့်တွင်သာ ရှိကြပါသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ သမဂ္ဂများ၏ စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများ လုပ်ဆောင်နေသော်လည်း အချိန်အတိုင်းအတာတစ်ခု ယူရမည်ဖြစ်ပါသည်။  အလုပ်သမားများ ရင်ဆိုင်နေရသော ပြဿနာအများစုသည် စီးပွားရေးကဏ္ဍ အတော်များများတွင်ဆင်တူမှု ရှိပါသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်း သည် အလုပ်သမားသမဂ္ဂများအတွက် အလယ်အလတ်ကာလ နှင့် ရေရှည်ကာလတွင်း ဦးစားပေး လုပ်ဆောင်ရန်များကို အသိပေးနိုင်မည်ြဖစ်သည်။
  • အလှူရှင်များ- မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အကူအညီပေးသည့် နိုင်ငံခြားအစိုးရများသည် မြန်မာပြည်တွင်းရှိ အဓိက စီးပွားရေးကဏ္ဍများ၏ လူ့အခွင့်အရေး သက်ရောက်မှုများကို ပိုမိုနားလည် ရန် ဤလေ့လာဆန်းစစ်မှု ကို အသုံးပြုနိုင်သည်။ ထို့အပြင် အလှုရှင်တို့သည် လူ့အခွင့်အရေးကို လေးစားသော၊ ကာကွယ်သော မူဝါဒများကို ထောက်ခံပြီး ကူညီမှုကို ချိန်ညှိနိုင်ပါသည်။ နည်းပညာ အထောက်အပံ့များ ပေးခြင်းကိစ္စရပ်များတွင်လည်း သုံးနိုင်သည်။

ဒေသခံနှင့် နိုင်ငံခြား စီးပွားရေးလုပ်ငန်းများမှ တာဝန်သိသိ ရွေးချယ်မှုများ ပြုလုပ်ရန်အတွက် စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်း (SWIA) က မည်သို့သော အဖြေများ ပေးနိုင်ပါလဲ?

လူ့အခွင့်အရေးကို ကာကွယ်ရန် မည်သည့်သက်ရောက်မှုဆန်းစစ်ချက်ကမှ သေချာပေါက် အာမခံနိုင်မည် မဟုတ်ပါ။ မြန်မာအစိုးရမှ ဆီလျော်သော ဥပဒေများချမှတ်မှု၊ ကျင့်သုံးမှုနှင့် နိုင်ငံရေး အပြုစိတ်ရှိခြင်း၊ စီးပွားရေး လုပ်ငန်းများမှ တစ်စိုက်မတ်မတ်ဖြင့် တာဝန်သိရှိသော အလေ့အထများကို လက်တွေ့လုပ်ဆောင်ခြင်းတို့လိုအပ် ပါသည်။ စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်း “SWIA”သည် အလုပ်သမားများ၊ ရပ်ရွာနေသူများ၊ စားသုံးသူများ နှင့် လူ့အဖွဲ့အစည်း အပေါ် ကျရောက်နိုင်ခြေရှိသည့် အန္တရာယ်များ၊ သက်ရောက်မှုများကို မီးမောင်းထိုးပြနိုင်ပါမည်။ ဤသို့ အန္တရာယ်များမှ ကာကွယ်ပေးနိုင်ခြင်း၊ အန္တရာယ်လျှော့ချခြင်းနှင့် ရရှိနိုင်သည့် အကျိုးများအား မြင်သာစေခြင်းဖြင့်  စီမံကိန်း ရေးဆွဲသူများ၊ အဆုံး အဖြတ်ချမှတ်သူများ၊ စီးပွားရေး လုပ်ငန်းများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများမှ စိတ်ပါဝင်စားလာအောင် အားပေးလှုံ့ဆော်ပေးသွားမည်ဖြစ်သည်။

 

Assessing the Impacts of Selected Business Sectors on Myanmar Society
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
Assessing the Impacts of Selected Business Sectors on Myanmar Society
Vicky Bowman Appointed to Lead Myanmar Centre for Responsible Business
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
Vicky Bowman Appointed to Lead Myanmar Centre for Responsible Business
© 2024 Myanmar Centre for Responsible Business