ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းများမှ ခရီးသွားလုပ်ငန်းဆိုင်ရာ ကုန်စည် ၃၀ ကျော်အတွေ့ အကြုံမျှဝေ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းများမှ ခရီးသွားလုပ်ငန်းဆိုင်ရာ ကုန်စည် ၃၀ ကျော်အတွေ့ အကြုံမျှဝေ

ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းများမှ ခရီးသွားလုပ်ငန်းဆိုင်ရာ ကုန်စည် ၃၀ ကျော်အတွေ့ အကြုံမျှဝေ

ခရီးသွားလုပ်ငန်းဆွေးနွေးပွဲမှ ရပ်ရွာအခြေပြု ခရီးသွားဒေသတစ်ခုဖြစ်သည့် ပအိုဝ့်ဒေသ၏ ဒေသထွက်ပစ္စည်း ပြသရောင်းချခန်း
ခရီးသွားလုပ်ငန်းဆွေးနွေးပွဲမှ ရပ်ရွာအခြေပြု ခရီးသွားဒေသတစ်ခုဖြစ်သည့် ပအိုဝ့်ဒေသ၏ ဒေသထွက်ပစ္စည်း ပြသရောင်းချခန်း

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)၊ Myanmar Responsible Tourism Initiative (MRTI)  နှင့် Hanns Seidel Foundation (HSF) တို့က ဒုတိယအကြိမ် ရပ်ရွာလူထုနှင့် ခရီးသွားလုပ်ငန်း ဆွေးနွေးပွဲကို ဇွန်လ ၁၃ရက်နှင့် ၁၄ရက်တို့တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။ 

ပထမအကြိမ် ရပ်ရွာအခြေပြု ဆွေးနွေးပွဲကို ၂၀၁၅ခုနှစ်ဒီ ဇင်ဘာလ က နေပြည်တော်တွင် ကျင်းပခဲ့သည်။ ဒုတိယအကြိမ် ဆွေးနွေးပွဲကို  ဒေသခံ ပြည်သူများပါဝင်သည့် ခရီးသွားလုပ်ငန်းကို လက်ရှိ ဖော်ဆောင်နေသူများ ၊ ခရီသွား နေရာသစ်၊ခရီးစဉ်အသစ်များ ဖော်ဆောင်လုပ်ကိုင်နေသူများ၊  နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များနှင့် ဒေသတွင် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် စိတ်ဝင်စားသည့် ဒေသများမှ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးခန့်အပါအဝင်  စုပေါင်း လူဦးရေ ၁၂၀ခန့်တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဖော်ဆောင် အောင်မြင်ပြီးသည့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းဒေသများ၏ အတွေ့အကြုံများကို လေ့လာရန်၊ ခရီးသွားထုတ်ကုန်များကို အတုယူရန်နှင့် ၄င်းတို့ကို ရည်ရွယ်ရာ ဈေး ကွက်အထိထိုးဖောက်နိုင်ရန် အတွက် ချိတ်ဆက်ပေးနိုင်ရန်ရည်ရွယ်ပြီး  ကျင်းပခြင်းဖြစ်သည်။ စီမံချက်များအလိုက် ကြုံ တွေ့နေရသည့် အခက်အခဲများမှာ စည်းမျဉ်းစည်းကမ်း အတားအဆီးများ၊ ကျွမ်းကျင်လုပ်သားရှားပါးမှုနှင့် ဈေးကွက် တို့ဖြစ်သည်။ ပဋိပက္ခဖြစ်ပွားရာဒေသရှိ ခရီးသွားလုပ်ငန်းများကို မြှင့်တင်ရာတွင်  ကြုံတွေ့နေရသည့် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကိုလည်း  ဆွေးနွေးခဲ့ကြသည်။ 

အခမ်းအနားအစီအစဉ်နှင့် သတင်းထုတ်ပြန်ချက်ကို မြန်မာဘာသာနှင့်ရော အင်္ဂလိပ်ဘာသာနှင့်ပါ ရရှိနိုင်သည်။ 

Agenda: 2nd National Conference on Communities and Tourism (English)
Document PDF, 475 downloads, ဇွန် 14, 2017
Agenda: 2nd National Conference on Communities and Tourism (MY)
Document PDF, 410 downloads, ဇွန် 14, 2017

Myanmar Responsible Tourism Institute နှင့် GIZ တို့၏ အကြံပေး Dr Nicole Haeusler  က ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ဆိုသည့်အသုံးအနှုန်းသည်  ဒေသခံများပါဝင်သည့် ခရီးလှည့်လည်သွားလာခြင်း၊ ညအိပ်ညနေ နေထိုင်ခြင်းတို့ ပါဝင်ရန်ရွယ်သည်ဟု ရှင်းလင်းပြောဆိုသည်။ HSF အကူအညီဖြင့် ၂၀၁၃တွင် ရပ်ရွာလူထုပါဝင်သော ခရီးသွားလုပ်ငန်း ကို မြန်မာအစိုးရက လက်ခံကျင့်သုံးခဲ့သော်လည်း ခရီးသွားလုပ်ငန်းတွင် တစ်ခုလုံးတွင် လိုအပ်နေသည့် ကွင်းဆက်ဖြစ်သည့် အစားအစာ၊ ဟိုတယ်၊ပရိဘောဂနှင့် အမှတ်တရပစ္စည်းများနှင့် ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်းများလည်း ပါဝင်သည်ဟု ယူဆနိုင်ပါသည်။ 

ရပ်ရွာလူထုပါဝင်သော ခရီးသွားလုပ်ငန်း၊ ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း စသည်ဖြင့် မည်သို့ပင် ခေါ်ဝေါ်စေကာမူ အောင်မြင်မှုရေရှည်တည်တံ့စေရန် အရေးပါသည့်အချက်မှာ ဒေသခံများ၏  စစ်မှန်သော ပါဝင်မှုနှင့် စွန့်ဦးတီထွင် လုပ်ဆောင်မှုတို့ဖြစ်ပြီး  အထက်မှ အောက်သို့ လာသည့်လုပ်တောင်မှု၊ချဉ်းကပ်မှု မဟုတ်ဟု ဆိုသည်။ 

၂၀၁၅ ဒီဇင်ဘာတွင် ကျင်းပသည့် ပထမအကြိမ် ဆွေးနွေးပွဲတွင် တက်ရောက်သူများက ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းအောင်မြင်မှု ကျဆံုးမှုတို့ကို  လွှမ်းမိုးနိုင်သည့် အချက်များကို မေးမြန်းခဲ့ကြသည်။ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း အောင်မြင်စေရန်အတွက် အရေးပါသော အချက်မှာ “ ဒေသတွင်း အဖွဲ့အစည်းများနှင့် စီမံခန့်ခွဲမှု အထောက်အကူ ( ၂၀၁၅တွင် ၂၁%သာရှိရာမှ ၃၉ % အထိ တက်လာသည်။) ”  ဖြစ်ပြီး နောက်အချက်မှာ “ ဈေးကွက်လိုအပ်ချက်နှင့် အညီ ခရီးသွား ထုတ်ကုန်ဖွံ့ဖြိုးမှု (၁၄%မှ ၁၇%) ” ဖြစ်သည်။ 

ဆုံးရှုံးရသည့်အကြောင်းရင်းများတွင် “ဒေသခံများ ၏အကြံဥာဏ်နှင့် လိုအပ်ချက် များကို ထည့်သွင်းစဉ်းစားခြင်းမရှိ သည့် ဖွံဖြိုးရေး လက်တွဲဖော် နှင့် / သို့  ပုဂ္ဂလိကလုပ်ငန်းမှ လက်တွဲဖော်တို့ ၏ အထက်မှ အောက်သို့ (အမိန့်ပေး)ချဉ်းကပ်ပုံ မျိုး( ၁၇%မှ ၂၄ %အထိတက်လာ)”  က သိသာသည့် အချက်ဖြစ်ပြီး  နောက်အချက်များမှာ “ လူထု၏ လှုပ်ရှားမှုနှင့် ပါဝင်မှုမရှိခြင်း” နှင့် “တည်ငြိမ်မှုမရှိသည့် နိုင်ငံရေး “အခြေအနေတို့ကြောင့်ဖြစ်သည်။

ထိုတွေ့ရှိချက်များက မီးမောင်းထိုးပြသည့်အချက်မှာ ဈေးကွက်တင်နိုင်သည့် ခရီးသွားထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ဒေသခံများ သို့မဟုတ် အဖွဲ့ဝင်များက စိတ်ဝင်စားရန် လိုအပ်သည်ဟူ သောအချက် ဖြစ်သည်။  မဲပေးသည့်ရလဒ်များကို ဒေါင်းလုပ်ရယူနိုင်ပါသည်။ 

Results from polling, and comparison with 2015
Document PDF, 433 downloads, ဇွန် 14, 2017

၂၀၁၅ ဒီဇင်ဘာ တွင်ကျင်းပသည့် ပထမအကြိမ် ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးခဲ့သည့် (မြိုင်၊အင်းတော်ကြီး၊ ပအိုဝ့်ဒေသ၊ကယားပြည်နယ်၊ဧရာဝတီ ဖြစ်အထက်ပိုင်းရှိ လင်းပိုင်ကြည့်နိုင်သည့် ခရီးစဉ်များနှင့် သံတောင်ကြီးဒေသရှိ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း )တို့က လွန်ခဲ့သော နှစ်များက ၄င်းတို့အောင်မြင်ခဲ့သည့် လုပ်ငန်းအောင်မြင်မှု အတွေ့အကြုံများကို ရှင်းလင်းတင်ပြကြသည်။ ၄င်းတို့အနက် အချို့ဒေသများသည် နိုင်ငံတကာအသိမှတ်ပြု ဆုများပင် ရရှိထားသည်။ ပြည်တွင်း ခရီးသွားများအပါအဝင် လာရောက်လည်ပတ်သူဦးရေတိုးပွားလာပြီး ဝင်ငွေတိုးလာသော်ငြားလည်း ရပ်ရွာအခြေပြု ခရီးသွားဒေသများသည် ၄င်းတို့လုပ်ငန်းများအကြောင်း ၊ခရီးသွားဒေသနှင့် ထုတ်ကုန်များအကြောင်းကို ဈေးကွက်မြှင့် တင်ရာတွင် အခက်အခဲများ ကြုံတွေ့နေရဆဲ ဖြစ်သည်။ 

အခြားအခက်အခဲများမှာ လက်လှမ်းမီနိုင်မှုနှင့် ဒေသခံများ ဝင်ငွေရနိုင်သည့်အလားအလာများကို ကျဆင်းစေသည့် နိုင်ငံခြားသား ညအိပ်လက်ခံမှုနှင့် ပတ်သက်သည့်  ရှိနေသေးသော ကန့်သတ်ချက်များ၊ကျွမ်းကျင်သည့် လူ့စွမ်းအား အရင်းအမြစ်ရှားပါခြင်းနှင့် နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားသည့် အရာ၊ ၄င်းတို့နေထိုင်ပုံများနှင့် ပတ်သက်၍ ဒေသတွင် အသိအမြင် နည်းပါးခြင်း တို့ပါဝင်သည်။ ရပ်ရွာအခြပြု ခရီးသွားလုပ်ငန်း အတွေ့အကြုံတွင် သဘာဝပတ်ဝန်းကျင် အသိပညာပေးမှုများနှင့် နိုင်ငံခြားသားဧည့်သည်များက စိတ်ဝင်စားသည့် ဒေသ၏ ယဉ်ကျေးမှုများကို သိရှိဂုဏ်ယူခြင်းနှင့် ထိန်းသိမ်းကာကွယ်မှုတို့၏ အရေးပါပုံကိုလည်း ဆွေးနွေးခဲ့သည်။ အာရှခရီးသွားလုပ်ငန်း၏ ဈေးကွက်အတွက် အရေးပါသော အချက်မှာ ဒေသတွင်း ခရီးသွားများလည်း ပါဝင်သည်။

တက်ရောက်သူုများက မြန်မာနိုင်ငံ၏ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း၏ အလားအလာရှိသော ခရီးသွားနေရာသစ်များနှင့် ပတ်သက်ပြီး အပြုသဘောဖော်ပြကြသည်။ ခရီးစဉ်များနှင့် ပတ်သက်ပြီး မြိတ်ကျွန်းစုဒေသနှင့် လန်ပိကျွန်း၊ ရှမ်းပြည်နယ်ရှိ ဓနုဒေသတွင် ခရီးကြမ်းလမ်းေ လျာက်ခြင်း၊ ရန်ကုန်တိုင်းအနီးရှိ ငရုတ်ကောင်းနှင့် ဂွ ၊ စလေအနီးရှိ မန်ကျီးကန်ရွာနှင့် ပုဂံဧရိယာတို့ကို ဆွေးနွေးခဲ့ကြသည်။   

ဆွေးနွေးပွဲတွင်  ၄င်းတို့၏ အတွေ့အကြုံနှင့် အရည်အချင်းများကို မျှဝေပေးနိုင်မည့် ကွန်ယက်ချိတ်ဆက်ခြင်း၊ ယခင်ဆွေးနွေးပွဲက စတင်ခဲ့သည့် လူမှုကွန်ယက်စာမျက်နှာများကို အသုံးပြုခြင်း၊ လူထုပါဝင်သောခရီး သွားလုပ်ငန်းကို မြှင့်တင်ပေးနိုင်မည့် နည်းပညာနှင့် ဈေးကွက်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် လက်မှုပညာနှင့်ပြုလုပ်ထားသည့် အမှတ်တရ ပစ္စည်းများ ကိုလည်းပြသကြသည်။ ၄င်းတွင် HlaDay and Pomelo မှလက်မှုပစ္စည်းများ၊ Turquoise Mountain Jewellery Project ၊ ပအိုဝ့်ဒေသမှ အမှတ်တရ ပစ္စည်းများ၊ YK designs  လဖက်ရည်၊အင်းလေးကန်အနီးမှ ဝါးလက်မှု ပစ္စည်းများ၊ Third Story Project မှ စာအုပ်များနှင့် ကြွပ်ကြွပ်မှ ပြန်လည်အသုံးချ ပလပ်စတစ် ပစ္စည်းများ ပါဝင်သည်။  

Consultation Held on the Discrimination and Business in Myanmar Briefing Paper
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
Consultation Held on the Discrimination and Business in Myanmar Briefing Paper
Publication of Conference Paper on Gender and Hydropower
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
Publication of Conference Paper on Gender and Hydropower
Download Press Statement (English)Download Press Statement (English)
Download Press Statement (Burmese)Download Press Statement (Burmese)
© 2024 Myanmar Centre for Responsible Business