လဖက်ရည်ဖိုးမပေးပါ။ “အဂတိလိုက်စားမှု တိုက်ဖျက်ရေးလက်စွဲ” စာအုပ်ကို ခေတ်နှင့်လျော်ညီအောင်ပြုပြင်တည်း ဖြတ်ရန်အတွက် ပါဝင်ကူညီမှုများ ရှာဖွေ - သတင်းစဉ်
You are here Home » သတင်းစဉ် » လဖက်ရည်ဖိုးမပေးပါ။ “အဂတိလိုက်စားမှု တိုက်ဖျက်ရေးလက်စွဲ” စာအုပ်ကို ခေတ်နှင့်လျော်ညီအောင်ပြုပြင်တည်း ဖြတ်ရန်အတွက် ပါဝင်ကူညီမှုများ ရှာဖွေ

လဖက်ရည်ဖိုးမပေးပါ။ “အဂတိလိုက်စားမှု တိုက်ဖျက်ရေးလက်စွဲ” စာအုပ်ကို ခေတ်နှင့်လျော်ညီအောင်ပြုပြင်တည်း ဖြတ်ရန်အတွက် ပါဝင်ကူညီမှုများ ရှာဖွေ

၂၀၁၆တွင်“အဂတိလိုက်စားမှု တိုက်ဖျက်ရေးလက်စွဲ” စာအုပ်ကိုမြန်မာ၊ အဂလိပ် ၂ဘာသာြဖင့် ထုတ်‌ဝေခဲ့သည်။
၂၀၁၆တွင်“အဂတိလိုက်စားမှု တိုက်ဖျက်ရေးလက်စွဲ” စာအုပ်ကိုမြန်မာ၊ အဂလိပ် ၂ဘာသာြဖင့် ထုတ်‌ဝေခဲ့သည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် အဂတိလိုက်စားမှု ကိုမြန်မာကုမ္ပဏီများက  တိုက်ဖျက်နေပုံ၊ဂုဏ်သိက္ခာရှိစွာ လုပ်ကိုင်နေကြပုံများပါဝင်သည့် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးလက်စွဲ” စာအုပ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (ACC)၊ ကုလဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နှင့်ပူပေါင်းပြီး FCO Prosperity Fund FairBiz project ၏ထောက်ပံ့မှုဖြင့် ယခုနှစ်ကုန်ပိုင်းတွင်  တည်းဖြတ်ပြင်ဆင်ထုတ်ဝေမည် ဖြစ်သည်။  

ယခုထုတ်ဝေမည့် လက်စွဲစာအုပ်သည် ၂၀၁၆ခုနှစ်က ထုတ်ဝေခဲ့ပြီး MCRB၏ သင်တန်းများတွင် သုံးစွဲနေသည့် Good Governance Toolkit for Myanmar Businesses: A Handbook for Resisting Corruption and Working with Integrity ဖြစ်သည်။ အသစ်ဖြည့်စွက် ပြုပြင်တည်းဖြတ်မှုတွင် ၂၀၁၆ မှစ၍တိုးတက်ပြောင်းလဲလာမှုများဖြစ်သည့် ACC ၏ ၁၄/၂၀၁၈ လမ်းညွှန်ချက် ၊ ၂၀၁၈ ခုနှစ် ပြည်တွင်းအခွန်များ ဦးစီးဌာန၏  လက်ဆောင်နှင့် အလှုဆိုင်ရာ  ကြေငြာမှုများ ပါဝင်သည်။သုတေသနရလဒ် သစ်များ ၊ အရေးကြီးသည့် အကြောင်းအရာများလည်း ပါဝင်မည် ဖြစ်သည်။

ပထမအကြိမ် ထုတ်ဝေခဲ့စဉ်က ကုမ္ပဏီများ၏ နမူနာ အလေ့ကျင့်ကောင်းများ ကိုဖော်ပြထားသည်။ SMART Technical Services၏ စီးပွားရေးလုပ်ငန်း ဂုဏ်သိက္ခာဆိုင်ရာ ချဉ်းကပ်ပုံ၊ တယ်လီနော်၏ လက်ဆောင်မပေးရမူဝါဒ၊ FMI၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မူဝါဒ နှင့် ကိုကာကိုလာ၏ ယာဉ်မောင်းများအတွက် ကဒ်စသည် နမူနာကောင်းများ ပါဝင်သည်။ စုပေါင်းတိုက်ဖျက်မှုအနေဖြင့် ဆောက်လုပ်ရေး တင်ဒါကိစ္စများ ကိုပူးပေါင်း ဆွေးနွေးကြသည့် Face Book group တစ်ခုနှင့်ငွေဆောင်ဟိုတယ်ဇုန် ဟိုတယ်လုပ်ငန်းရှင်များက အစိုးရ၏ အခမဲ့တည်းခိုခွင့်တောင်းခံမှုအပေါ်ဆောင်ရွက်ပုံ တို့ကိုဖော်ြပထားသည်။ ထို့အပြင် အစိုးရက အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် လုပ်ဆောင်ချက်များဖြစ်သည့် DICA’s website ၊လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့် အတွက် လမ်းညွှန်ချက်များကို ရှင်းလင်းစွာ နှင့် တုန့်ပြန်ချက်များကို စာရင်းကောက်ယူထားခြင်းများလည် ပါဝင်သည်။

MCRB သည် ယခုအချိန် ထုတ်ဝေသည့် စာအုပ်အတွက် လတ်ဆတ်သစ်လွင်သော နမူနာကောင်းများကို ရှာဖွေနေပါသည်။ ဖြစ်ရပ်လေ့လာမှုများ၊ ကုမ္ပဏီကျင့်ဝတ်များ၊ လေ့ကျင့် သင်ကြားပေးမှုများနှင့် အစိုးရနှင့်ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုကင်းစင်ရေးအတွက် ကုမ္ပဏီများ၏ ပူးပေါင်းဆောင်ရွက်မှု များကို သိရှိလိုပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် သင့်ကုမ္ပဏီ၊ အဖွဲ့အစည်း၏ ဆောင်ရွက်မှုများ ရှိနိုင်သလို အခြားသူများ ၏ လုပ်ဆောင်မှုများကို သင်က သိရှိနေသည်မျိုးလည်းရှိရာ ၎င်းကိစ္စမျိုးရှိပါက [email protected].ထံဆက်သွယ်နိုင်ပါသည်။

သတင်းစဉ်

Presentations မှတ်တမ်းများကို ဤနေရာတွင် ရယူနိုင်ပါသည်။

ဇူလိုင်လ 13 ရက်နေ့တွင် MCRB နှင့် Fair Finance Thailand တို့သည် ထိုင်းကုမ္ပဏီများနှင့် အခြားစိတ်ဝင်စားသော ပတ်သက်ဆက်နွယ်သူများ အတွက် webinar တစ်ခုကို ပူးတွဲကျင်းပခဲ့ပါသည်။

၂၀၂၂ ိုဝင်ဘာလတွင် စတင်တည်ေထာင်ခဲ့ေသာ ေရရှည်တည်တံ့ခိုင်မဲေသာ ြမန်မာစီးပွားေရးကွန်ရက် (MSBN) သည် တာဝန်ယူမှရှိေသာ စီးပွားေရးအေလ့အကျင့်များမှတစ်ဆင့် ြမန်မာိုင်ငံတွင် ပိုမိုေရရှည်တည်တံ့ေသာ စီးပွားေရးကို တည်ေဆာက်ရန် ကတိြပထားေသာ စီးပွားေရးလုပ်ငန်းများှင့် ကျွမ်းကျင်ပညာရှင်များကို စုစည်းေပးထားသည့် အစုအဖွဲေပါင်းစုံ ပလက်ေဖာင်းတစ်ခု ြဖစ်သည်။ ကျွ်ုပ်တို၏ အသိုက်အဝန်းသည် ပညာရှင်ေပါင်း ၄၄၀ ေကျာ်ကိုစုစည်းထားပီး ြဖစ်သည်။

ရေရှည်တည်တံ့ခိုင်မြဲသော မြန်မာစီးပွားရေးကွန်ရက် (MSBN) သည် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မြန်မာ နှင့် Yever တို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည့် MSBN ၏အဖွဲ့ဝင်များနှင့် အခြားသော ပတ်သက်ဆက်နွယ်သူများ အတွက် ဒစ်ဂျစ်တယ်အခွင့်အရေးများကို ဦးစားပေး မီးမောင်းထိုးပြထားသည့် UN Global Digital Compact (UNGDC) ၏ ဆွေးနွေးညှိနှိုင်းမှုများတွင် အကြံဥာဏ်ပံ့ပိုးပေးမှုများ ရှိခဲ့သည်။

© 2024 Myanmar Centre for Responsible Business