မြန်မာနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်နေသော စိုးရိမ်မှုရှိနေသည့် စီးပွားရေးလုပ်ငန်းများ၏ ထုတ်ပြန်ချက်

ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB) သည် နိုင်ငံစုံ စီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများစွာတို့နှင့် ချိတ်ဆက်၍ ၎င်းတို့ ကြုံတွေ့နေရသော စီးပွားရေး နှင့် လူ့အခွင့်အရေး ဆိုင်ရာ စိန်ခေါ်မှုများအား ကျော်ဖြတ်နိုင်ရန် လမ်းညွှန်ကူညီမှုများ ပေးလျက်ရှိပါသည်။
ထိုကုမ္ပဏီအချို့၏ တောင်ဆိုမှုအရ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန အနေဖြင့် အောက်ဖော်ပြပါ ထုတ်ပြန်ချက်အားရေးသားရာတွင် ကူညီပေးခဲ့ပြီး၊ ထုတ်ပြန်ချက်တွင်ပါဝင်သော ကုမ္ပဏီများ၏ အမည်စာရင်းလည်း ပါရှိပါသည် - ဤထုတ်ပြန်ချက်နှင့် အတူ ထောက်ခံရပ်တည်လိုသော အခြားသော ကုမ္ပဏီများ - နိုင်ငံတကာ သို့မဟုတ် ပြည်တွင်း ကုမ္ပဏီများအနေဖြင့် MCRB သို့ဆက်သွယ်ရန် ဖိတ်ခေါ်အပ်ပါသည်။
မြန်မာနိုင်ငံတွင် ရေးနှီးမြုပ်နှံထားသော ကျွန်ုပ်တို့ ကုမ္ပဏီများအနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အရေးပေါ်အခြေအနေထုတ်ပြန်သည့် အချိန်မှစတင်၍ မြန်မာနိုင်ငံ၏ အခြေအနေကို စိုးရိမ်ကြီးစွာဖြင့် စောင့်ကြည့်ခဲ့ပါသည်။
ကျွန်ုပ်တို့၏ ရင်းနှီးမြုပ်နှံမှုများ၊ လုပ်ငန်းလည်ပတ်မှုများ၊ ဒေသတွင်းမိတ်ဖက် စီးပွားရေးလုပ်ငန်းများနှင့် ထုတ်လုပ်မှုများ မှတဆင့် သိန်းနှင့်ချီသော ပြည်တွင်းအလုပ်အကိုင်များစွာ အတွက် ပံ့ပိုးပေးနေပါသည်။ ကျွန်ုပ်တို့၏ဝန်ထမ်းများနှင့် ဝန်ဆောင်မှုထောက်ပံ့ပေးသူများ (suppliers)၏ ဝန်ထမ်းများ ဘေးကင်းလုံခြုံမှုနှင့် အေးချမ်းသာယာမှုသည် ကျွန်ုပ်တို့အတွက် အဓိက စိုးရိမ်စိတ်ဖြစ်မိသော အချက်ဖြစ်ပါသည်။ ယခုရက်များတွင် လုပ်ငန်းများလည်ပတ်ရာ၌ ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုရှိစေရေး၊ မြန်မာပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် - အစားအစာ နှင့် သောက်ဖွယ်ရာများ သော်လည်းကောင်း၊ လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေး၊ ငွေကြေးဝန်ဆောင်မှုများ၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု သို့မဟုတ် ကုန်ထုတ်လုပ်မှု သော်လည်းကောင်း - အခြေအနေနှင့် လိုက်လျောညီထွေ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျွန်ုပ်တို့ဝန်ထမ်းများနှင့် မြန်မာပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့်ကိုလည်း လေးစားခဲ့ပါသည်။
ကျွန်ုပ်တို့ ရင်းနှီးမြုပ်နှံသူများအနေဖြင့် အရပ်ဘက် အဖွဲ့အစည်းများ အပါအဝင် မြန်မာပြည်သူတို့နှင့်အတူ “shared space” တွင်အတူရှိနေပြီး - လွတ်လပ်စွာ ထုတ်ဖော်ရေးသား ပြောဆိုခွင့် နှင့် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် - တရားဥပဒေစိုးမိုးရေး - တို့အပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း နှင့် အခြေခံလွတ်လပ်ခွင့်တို့မှ ကျွန်ုပ်တို့အားလုံးအတွက် အကျိုးကျေးဇူးများရရှိပါသည်။
တရားဥပဒေစိုးမိုးမှု၊ လူ့အခွင့်အရေးကို လေးစားလိုက်နာမှု နှင့် သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းမှုတို့သည် တည်ငြိမ်သော စီးပွားရေးပတ်ဝန်းကျင် တည်ဆောက်ရန် အတွက် အထောက်အကူဖြစ်စေပါသည်။ကျွန်ုပ်တို့သည် မြန်မာနိုင်ငံအတွင်း ပွင့်လင်းမြင်သာမှု၊ အပြည်အပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ပင်မ သဘောတူစာချုပ်များ နှင့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ (UN Guiding Principles on Business and Human Rights) နှင့်အညီ လုပ်ငန်းများအား လုပ်ဆောင်ရန် အမြဲတစေ ကြိုးပမ်းအားထုတ်ခဲ့ပါသည်။ ယင်းတို့တွင် လူ့အခွင့်အရေးကို စဥ်ဆက်မပြတ် လေးစားလိုက်နာခြင်း၊ စီးပွားရေးလုပ်ငန်းများ ကျင့်ဝတ်ဖြောင့်မှန်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်း (business integrity) နှင့် စီးပွားရေးလုပ်ငန်းများကြောင့်ဖြစ်ပေါ်နိုင်သော သက်ရောက်မှုများကို ကြိုတင်သိမြင်ရန် စစ်ဆေးခြင်းနှင့် ကြိုတင်ကာကွယ်တားဆီးခြင်း (due diligence)၊ သက်ဆိုင်ရာ ပိတ်ဆို့မှုများ (sanctions) ကို လေးစားလိုက်နာခြင်းအပြင် US Foreign Corrupt Practices Act (FCPA)၊ UK Anti-Bribery Act၊ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေများ ကိုလေးစားလိုက်နာခြင်းတို့လည်းပါဝင်ပါသည်။
မြန်မာနိုင်ငံအတွင်းရှိ ကျွန်ုပ်တို့နှင့် သဘောထားတူ၊ ချဥ်းကပ်မှုပုံစံတူသော အခြားသော ပြည်တွင်းမိတ်ဖက် စီးပွားရေးလုပ်ငန်းများနှင့်လည်း ရှေ့ဆက်လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းများ တည်ရှိနေခြင်း၊ လုပ်ငန်းဆောင်ရွက်ပုံ အလေ့အထများ နှင့် စီးပွားရေးလုပ်ငန်းအားလုံး အခွင့်အရေးတပြေးညီ ရရှိရန်(level playing field) အတွက် စည်းရုံးလှုံ့ဆော်ခြင်း (advocacy) တို့နှင့် နိုင်ငံတကာ လူ့အခွင့်အရေး စံနှန်းများအပေါ် ကျွန်ုပ်တို့၏ ကတိကဝတ်များသည် မြန်မာနိုင်ငံ၏ ပွင့်လင်းမှုရှိသော ဒီမိုကရေစီခရီး အတွက် အထောက်အကူပြုသည်ဟု ယုံကြည်ပါသည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် မြန်မာပြည်သူများအတွက် ဆက်လက်ရပ်တည်သွားမည် ဖြစ်ပါသည်။ လက်ရှိအခြေအနေအား ဖြေရှင်းနိုင်ရန် ဆွေးနွေးညှိနှိုင်းမှု နှင့် ပြန်လည်ပေါင်းစည်းရေး တို့ကိုအခြေခံသော ပြည်သူ့ဆန္ဒ၊ အကျိုးစီးပွား နှင့်ကိုက်ညီသည့် အဖြေအား အလျင်အမြန် ရရှိရန် မျှော်လင့်ပါသည်။
လက်မှတ်ရေးထိုးသူများ
Acteus | Amer Sports | Artelia |
Audaxia Global | Audier & Partners | BESTSELLER |
Big Dutchman Myanmar | Bolloré Logistics | CANAL+ |
Carlsberg | Coca-Cola Myanmar | De Heus |
DSV Air & Sea | ENI | Ericsson Group |
Fresh Studio | Frontiir | |
H&M Group | HEINEKEN | Humology |
Jotun Myanmar | Kantar Myanmar | KappAhl |
Kelvin Chia Yangon Ltd | LITHAN | Maersk |
MDF Asia Myanmar | METRO | Monkiri |
Nestlé | Ooredoo | PERM |
Rice PR | Schenker Myanmar Co Ltd | Telenor |
TOTAL | Unocal Myanmar | Unilever |
Woodside |
မြန်မာကုမ္ပဏီများအနေဖြင့်ကျွန်ုပ်တို့သည်ဤထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည့်စိုးရိမ်မှုများနှင့်အပြန်အလှန်ဆက်စပ်နေသည်။ လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်ကိုလေးစားခြင်းအားဖြင့်ကျွန်ုပ်တို့၏ ၀ န်ထမ်းများ၏ လုံခြုံရေးနှင့်မြန်မာပြည်သူများအတွက် မရှိမဖြစ် လိုအပ်သော ၀န်ဆောင်မှုများကို သေချာစေရန် ကျွန်ုပ်တို့၏ လုပ်ငန်းများကို လိုက်လျောညီထွေဖြစ်အောင်ကြိုးပမ်းခဲ့သည်။ ကျွန်ုပ်တို့သည် စီးပွားရေးလုပ်ငန်းများကို တာဝန်ယူမှုရှိစွာဖြင့်သမာဓိရှိစွာ၊ အပြည်ပြည်ဆိုင်ရာစီးပွားရေးနှင့်လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့်အညီလုပ်ဆောင်ရန်ကတိက ၀ တ်ပြုထားပါသည်။
360ed (EdTech) | Agriculture & Food Services International Myanmar (AFSIM) Co Ltd | All Myanmar Advisors |
Alpha Power Engineering | Amata Holding Public Co Ltd | ANNAM Myanmar Co Ltd |
Ayeyarwaddy Seeds & Irrigation Co Ltd | Better HR | Better Version Institute |
Bodhi Nava Cafe and Hostel | BOD Tech Ventures Co Ltd | Botanical Cosmetics Co Ltd |
Bridge | Bumble Bee Professional Cleaning Service | Burgundy Hills |
Burma Watches | CCEducare Myanmar | CityMart Holdings Ltd (CMHL) |
Conyat Create | Clean Pro Professional Cleaning Company | Cube Digital |
Dagon Group of Companies | Doh Eain | Edify |
ERA Myanmar | Ever Flow River Group Public Co Ltd | EXO Travel |
Exploration Travel Myanmar | First Myanmar Investment (FMI) | Flymya.com |
Get All Myanmar Co Ltd | Green Gallery | Hla Day Myanmar |
Howe Sustainable | IGE Group | IME Group |
Information Matrix | Inle Princess Co Ltd | Inle Heritage Co Ltd |
Innoveller Co Ltd (MMBUSTICKET) | Inspiral Creative | Javelin Services |
Innoveller Co Ltd (MMBUSTICKET) | JobNet Myanmar | Kasante |
KBZ Bank | KFC Myanmar | KMD Co Ltd |
Legacy Music Network Co | L-IFT (Myanmar) Co Ltd | Linklusion |
Maha Agriculture Public Co Ltd | Maia Travel & Tours | Mango Group |
MAPCO | Mee Panyar | Memories Group |
Monsoon Restaurant and Bar | Moonji Production | Mr Chef & Pizzamaru Myanmar |
MultiVerse Advertising | Mya Ayer Group | Myanma Awba Group |
The Myanmar Fly Fishing Project Co Ltd Gty | Myanmar Shalom Travels | Myan Shwe Pyi Tractors Ltd (MSP CAT) |
My Mentor Myanmar | Nexlabs | Organic Valley |
Pacific Andaman (SEA) Co., Ltd. | Parami Energy Group including 8484 Co Ltd. | Pegu Partners |
Platform | Pochi | Pro Niti Co Ltd |
Sampan Travel | Sanctum Inle Resort | SCM Legal |
Proven Group | Pun Hlaing Hospitals | Seagram Myanmar |
Shwe Bank | ShweProperty | Sin Sar Bar |
Sushi Academy | Thibi | ThitsaWorks |
The Tokyo Enterprise Co Ltd | Tour Mandalay | uab bank |
uab securities | Vero Public Relations | The Warehouse Myanmar Co Ltd |
The Water Agency | Wave Money | Yangon Door2Door |
Yangoods | Yever | YKKO |
Yoma Group | Yoma Bank |
အဆိုပါကြေငြာချက်ကို EuroCham Myanmar ကထောက်ခံခဲ့ပြီး အခြားအပြည်ပြည်ဆိုင်ရာကုန်သည်များအသင်းများကအဖွဲ့ဝင်များသို့ဖြန့်ဝေခဲ့သည်။