မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က မကျေနပ်မှုများကိုတိုင်ကြားခြင်းနှင့်နစ်နာမှုများကို ဖြေရှင်းခြင်းဆိုင်ရာ ထိရောက်မှုရှိသောလုပ်ငန်းစဉ် ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က မကျေနပ်မှုများကိုတိုင်ကြားခြင်းနှင့်နစ်နာမှုများကို ဖြေရှင်းခြင်းဆိုင်ရာ ထိရောက်မှုရှိသောလုပ်ငန်းစဉ် ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က မကျေနပ်မှုများကိုတိုင်ကြားခြင်းနှင့်နစ်နာမှုများကို ဖြေရှင်းခြင်းဆိုင်ရာ ထိရောက်မှုရှိသောလုပ်ငန်းစဉ် ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

This was the fourth of a series of workshops, previous ones being on anti-corruption, human rights policy and human rights reporting.
This was the fourth of a series of workshops, previous ones being on anti-corruption, human rights policy and human rights reporting.

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက  လုပ်ဆောင်လျှက်ရှိသော မြန်မာ့စီးပွားရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေးစီမံချက် (TiME) / ပွင့်သစ်စ စီမံကိန်း၏ နောက် ဆက်တွဲအနေဖြင့် “သင် ၏ကုမ္ပဏီအတွက် မကျေနပ်မှုများကိုတိုင်ကြားခြင်းနှင့်နစ်နာမှုများကို ဖြေရှင်း ခြင်းဆိုင်ရာ ထိရောက်မှု ရှိသောလုပ်ငန်းစဉ် ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲ”ကို၂၀၁၅ခု၊ ဇွန်(၃) ရက်က ကျင်းပခဲ့သည်။ ယခုအကြိမ်သည် စဉ်ဆက်မပြတ် ပြုလုပ်လာသည့် လေးကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲဖြစ်ပြီး ယခင် ကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲ များမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ လူ့အခွင့်အရေးဆိုင်ရာမူဝါဒနှင့် လူအခွင့်အရေးဆိုင်ရာ အစီရင်ခံခြင်းတို့ဖြစ်သည်။

တက်ရောက်လာသောကုမ္ပဏီများတွင် ကမ္ဘောဇဘဏ်၊ ဟပ်ချင်ဆန် ဂလိုဘယ် ကွန်မြူ နီကေးရှင်း၊ ကေအမ်ဒီ ကုမ္ပဏီ၊ မြန်မာစီးပွားစီမံအမှုဆောင်များအသင်း၊ ရွှေတောင်ကုမ္ပဏီ၊ မြန်မာနိုင်ငံစားသုံးသူများ ကာကွယ်ရေး  အသင်း၊ ရိုးမစထရာတဒ်ဂျစ် လီမိတက်၊ ဘောအာရှ ပစိဖိတ်၊ မက်စ်မြန်မာ၊ ဝမ်ပေါင်သတ္တုတွင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ စီအန်ပီစီ၊ အရှေ့တောင်အာရှသဘာဝဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ၊ နက်စလေ၊ အက်စ်ကေအို မြန်မာ၊ စမတ်အက္ကနီကယ် ဆားဗစ်၊ အက်စ်အက်စ်တီ ခရီးသွားလုပ်ငန်း၊ ဒဂုံအင်တာနေရှင်နယ်၊နှင့် အေဝမ်းဂရုတို့ပါဝင်သည်။ PeaceNexus နှင့် Spectrum တို့လည်း တက်ရောက်ခဲ့သည်။

  • အလုပ်ရုံဆွေးနွေးပွဲတွင်
  • မကျေနပ်မှုများကိုတိုင်ကြားခြင်းနှင့်နစ်နာမှုများကို ဖြေရှင်းခြင်း လုပ်ငန်းစဉ်အကြောင်းနှင့် စီးပွားရေးလုပ်ငန်းများတွင် ဘာ့ကြောင့် ရှိသင့်သည်။
  • မကျေနပ်မှုများကိုတိုင်ကြားခြင်းနှင့်နစ်နာမှုများကို ဖြေရှင်းခြင်း လုပ်ငန်းစဉ်အကြောင်းနှင့် ဖော်ကောင် လုပ်ခြင်းတို့အကြား တူညီမှုများနှင့် ကွာခြားမှုများ
  • နိုင်ငံတကာစံနှုန်းများနှင့် မကျေနပ်မှုများကိုတိုင်ကြားခြင်းနှင့် နစ်နာမှုများကို ဖြေရှင်းခြင်း လုပ်ငန်းစဉ်အတွက် အလေ့အထကောင်းများ
  • အခြားသော ကုမ္ပဏီများ၏ မကျေနပ်မှုများကိုတိုင်ကြားခြင်းနှင့်နစ်နာမှုများကို ဖြေရှင်းခြင်း လုပ်ငန်းစဉ် ဥပမာများ
  • မြန်မာနိုင်ငံအတွင်းရှိ လူ့မှုအဖွဲ့အစည်းများ၊ အလုပ်သမားများ၊ စားသုံးသူများနှင့် လက်တွဲ လုပ်ကိုင် လျက်ရှိသော အရပ်ဘက်လူ့အဖွဲ့အစည်းများမှ မကျေနပ်မှုများကိုတိုင်ကြားခြင်းနှင့် နစ်နာမှုများကို ဖြေရှင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ် ပါဝင်ပတ်သက်ရန် အလားအလာရှိသူများ၏ ရှုထောင့်များ
  • ပါဝင်ပတ်သက်သူများ၏ လိုအပ်ချက်နှင့် ကိုက်ညီမည့် မကျေနပ်မှုများကိုတိုင်ကြားခြင်းနှင့် နစ်နာမှုများ ကို ဖြေရှင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ် ကို မည်သို့ဖော်ထုတ်မည် စသည်တို့ကိုဦးစားပေးဆွေးနွေးခဲ့

IHRB မှ Jon Barnes က နိုင်ငံတကာစံနှုန်းများနှင့် မကျေနပ်မှုများကိုတိုင်ကြားခြင်းနှင့် နစ်နာမှုများကို ဖြေရှင်းခြင်း လုပ်ငန်းစဉ်အတွက် အလေ့အထကောင်းများကို ဆွေးနွေးခဲ့သည်။

Myanmar Petroleum Resources Ltd (MPRL) E&P မှ Anastacia Howe ကလည်း မြန်မာနိုင်ငံမှ အတွေ့အကြုံများကို မျှဝေခဲ့သည်။

အခြား အရပ်ဖက်လူ့အဖွဲ့အစည်းများဖြစ်သည့် ၈၈ မျိုးဆက်မှ မနုနုအောင်၊  Action Labor Rights မှ ကိုသူရိန်အောင်နှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းမှ မစိုးကလျာထိုက် တို့က လယ်ယာ၊အလုပ်သမားနှင့် စားသောက်ကုန်ဘေးကင်းစိတ်ချရရေးတို့နှင့် ပတ်သက်ပြီး လုပ်ဆောင်ရာတွင်ကြုံတွေ့ရသော ကုမ္ပဏီများ၏ မကျေနပ်မှုများကိုတိုင်ကြားခြင်းနှင့် နစ်နာမှုများကို  ဖြေရှင်းခြင်းဆိုင်ရာ အတွေ့အကြုံများကို မျှဝေခဲ့သည်။


အလုပ်ရုံဆွေးနွေးပွဲတွင်ပေးအပ်သောစာရွက်စာတမ်းများတွင် IPIECA ၏  Good Practice Survey on Operational Level Grievance Mechanisms  ကို ဘာသာပြန်ထားသော အချက်အလက်များ လည်းပါဝင်သည်။

IPIECA’s Good Practice Survey on Operational Level Grievance Mechanisms (Burmese)
Document PDF, 652.87 KB, 1824 downloads, ဇွန် 16, 2015
ICTs and Elections: Challenges for Freedom of Expression
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
ICTs and Elections: Challenges for Freedom of Expression
MCRB and MIDO
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
MCRB and MIDO
Un-subscribe

If you want to stop receiving newsletters write here the Removal Code shown in newsletter you reveived by us and click Un-subscribe.

Invalid e-mail address
 
Please wait...
© 2024 Myanmar Centre for Responsible Business