ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း

ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း

The SWIA, developed by MCRB, is intended to support responsible business practices in this growing sector of Myanmar’s economy.
The SWIA, developed by MCRB, is intended to support responsible business practices in this growing sector of Myanmar’s economy.

MCRB၊ IHRB နှင့် DIHR တို့မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း (SWIA) ကို ၂၀၁၄၊ စက်တင်ဘာတွင် ထုတ်ပြန်လိုက်သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း(SWIA) ကို မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန(MCRB) က ၄င်း၏ ပူးတွဲ ထူထောင်ကြသည့်အဖွဲ့အစည်းများဖြစ်သည့် ယူကေ အခြေစိုက် Institute for Human Rights and Business (IHRB) နှင့် ဒိန်းမတ် အခြေစိုက် Danish Institute for Human Rights (DIHR) တို့နှင့်လက်တွဲကာ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့စီးပွားရေး၏ ကြီးထွားလာနေသော ယင်းကဏ္ဍတွင် တာဝန်ယူမှုရှိသောစီးပွားရေးလုပ်ငန်းအလေ့အထများကို အထောက်အပံ့ ပြုရန်ရည်ရွယ်သည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း(SWIA) သည် ကဏ္ဍအမျိုးမျိုးမှ လုပ်ကိုင်ဆောင်ရွက်သူများ လက်ခံကျင့်သုံးရန်အတွက် အများပြည်သူအသုံးပြုနိုင်ငံမည့် လေ့လာဆန်းစစ်မှုတစ်အဖြစ် ကဏ္ဍ၏ ဖြစ်ပေါ်လာဖွယ်ရှိသည့် သက်ရောက်မှုများနှင့်ပက်သက်ပြို အသေးစိတ်ကျသော သတင်းအချက်အလက်များကို ထည့်သွင်းထားသည်။ ယခုလေ့လာဆန်းစစ်မှုသည် ကဏ္ဍရှိ စီမံကိန်းများကြောင့်ပေါ်ထွက်လာမည့် လူတစ်ဦးတစ်ယောက် နှင့် လူတစ်စုအပေါ်သက်ရောက်မှုများကို ဆန်းစစ်သလို မြန်မာ့လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ်သက်ရောက်မည့် စုပေါင်းသက်ရောက်မှုများနှင့် ကဏ္ဍတစ်ခုလုံး၏အလားအလာရှိသော သက်ရောက်မှုများကိုလည်း လေ့လာဆန်းစစ်သည်။

ယခုလေ့လာဆန်းစစ်မှု အရေးကြီးရသည့် အကြောင်းမှာ

  •   မြန်မာနိုင်ငံသည် ၂၀၁၃-၂၀၁၄ တွင် ၁၂ လတာကာအလတွင်း ကုန်းတွင်းရေနံလုပ်ကွက် ၁၆ ကွက်နှင့် ကမ်းလွန်ရေနံလုပ်ကွက် ၂၀ ကိုတင်ဒါချပေးခဲ့သည့် ၄င်း၏ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများအလျင်အမြန်တိုးပွားလာမှုနှင့် လတ်တလောရင်ဆိုင်နေရသည်။
  •   နိုင်ငံသည် တိုင်းရင်းသားလူမျိုးအရေးဆိုင်ရာ ပဋိပက္ခ၊ စစ်အစိုးရ အုပ်ချုပ်မှုနှင့် စီးပွားရေးအရ အထီးကျန်နိုင်ငံ တစ်ခုအဖြစ် ဆယ်စုနှစ်ပေါင်း များစွာနေခဲ့ရသည့် အခြေအနေမှ ရုန်းထွက်လာသည့်နိုင်ငံ ဖြစ်သော်လည်း အုပ်ချုပ်စီမံမှုပိုင်း၌ အားနည်းမှုကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ အန္တရာယ်များကို ရင်ဆိုင်၍ သွားရနိုင် သည့် အခြေအနေတွင်ရှိသည်။ ဖြစ်သည်။ ကဏ္ဍ၏ ဖြစ်ပေါ်လာဖွယ်ရှိသော သက်ရောက်မှုများကို နားလည်မှု တစ်ရပ်ရှိခြင်းသည် မြန်မာနိုင်ငံနှင့် ပြည်သူများအတွက် ရလဒ်များတိုးတက်လာစေရန်လိုအပ်သည်။
  • ထို့ကြောင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍရှိ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆောင်ရွက်မှု တွင် လူ့အခွင့်အရေးအပါအ၀င် လူ့အဖွဲ့အစည်းပေါ်တွင် မည်သို့သော စီးပွားရေးလုပ်ငန်းသက်ရောက်မှုများကို ရှိမည်ကို ဆုံးဖြတ်ရန် ပတ်ဝန်းကျင်ရပ်ရွာအသိုင်းအ၀ိုင်းအပေါ်မိမိတို့ရဲ့ သက်ရောက်ဖွယ်ရှိတဲ့ တကယ့်သက်ရောက်မှုတွေကို ကြိုတင်သိမြင်ရန် စစ်ဆေးခြင်း၊ ထိခိုက် စေတဲ့ အကြောင်းတွေအား ကြိုတင်တားဆီးခြင်းလုပ်ငန်းများ  (due diligence) ကို မြှင့်တင်ရန်လိုသည်။ ယင်းသို့သော သက်ရောက်မှုများ ကို ကိုင်တွယ်ရန် အားကောင်းသည့်ချဉ်းကပ်မှုများလည်းပါဝင်ရမည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း(SWIA)သည် ယင်းသို့သော်အားထုတ်မှုများအတွက် အကိုးအကား တစ်ခုဖြစ်ရန်ရည်ရွယ်သည်။

  ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း(SWIA)တွင် အစိုးရ၊ စီးပွားရေးလုပ်ငန်းများ(ယင်းသို့သော စီးပွားရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံသူများ)၊ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေကြသောအဖွဲ့အစည်းများသို့ တိုက်ရိုက် ထောက်ခံအကြံပြုချက်များပေးထားပြီး သက်ဆိုင်ပတ်သူမျိုးစုံပါဝင်သည့် ပိုမိုကျယ်ပြန့်သောပူးပေါင်းလုပ်ဆောင်မှု ကိုအထောက်အပံ့ဖြစ်စေရန်ရည်ရွယ်သည်။

 Results of a Survey of Local Business Attitudes to CSR
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
Results of a Survey of Local Business Attitudes to CSR
MCRB launches ground-breaking impact assessment on Myanmar’s oil and gas sector
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
MCRB launches ground-breaking impact assessment on Myanmar’s oil and gas sector
Meiti Map
A geopspatial map of oil and gas licences from 2018, using data from 6th (and most recent) Myanmar Extractives Industries Transparency initiative (MEITI) report is available at www.meiti-map.org

Download the Myanmar O&G SWIA:

© 2024 Myanmar Centre for Responsible Business