ကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှုကို အမှတ်ပေးသော မီနီပွင့်သစ်စတွင် Irrawaddy Green Towers ပထမဦးဆုံးပါဝင် - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » ကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှုကို အမှတ်ပေးသော မီနီပွင့်သစ်စတွင် Irrawaddy Green Towers ပထမဦးဆုံးပါဝင်

ကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှုကို အမှတ်ပေးသော မီနီပွင့်သစ်စတွင် Irrawaddy Green Towers ပထမဦးဆုံးပါဝင်

Irrawaddy Green Towers သည်  မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ကပြုလုပ်သည့် ကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှုကို အမှတ်ပေးသော မီနီပွင့်သစ်စ အစပြုရာတွင် ကနဦးဆုံး အမှတ်ပေးခံရန် ဆန္ဒအလျောက် ပါဝင်လာသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။
Irrawaddy Green Towers သည် မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ကပြုလုပ်သည့် ကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှုကို အမှတ်ပေးသော မီနီပွင့်သစ်စ အစပြုရာတွင် ကနဦးဆုံး အမှတ်ပေးခံရန် ဆန္ဒအလျောက် ပါဝင်လာသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

Irrawaddy Green Towers သည် မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ကပြုလုပ်သည့် ကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှုကို အမှတ်ပေးသော မီနီပွင့်သစ်စ အစပြုရာတွင် ကနဦးဆုံး အမှတ်ပေးခံရန် ဆန္ဒအလျောက် ပါဝင်လာသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

မီနီပွင့်သစ်စသည် ဆန္ဒအလျောက် အမှတ်ပေးမှုကို ခံယူလိုသော အလတ်စားစီးပွားရေး လုပ်ငန်းများ ကို ဦးတည်ထားကာ ၎င်းကုမ္ပဏီတို့၏ ပွင့်လင်းမြင်သာမှု နှင့် ဝဘ်ဆိုဒ်ပွင့်လှစ်ချဟပြမှု ကို (နှစ်စဉ်ပြုလုပ်လေ့ရှိသည့် ပွင့်သစ်စ လေ့လာစမ်းစစ်မှု တွင် အသုံးပြုသည့်) တိုင်းတာချက် ၃၅ ချက်ကို ပင် အသုံးပြုကာ ဆန်းစစ်ပြုလုပ်ဆောင်ရွက်ခြင်း ဖြစ်ပေသည်။

Irrawaddy Green Towers သည် အဓိကအစီရင်ခံစာတွင် ပါဝင်သော မြန်မာနိုင်ငံရှိ ကုမ္ပဏီကြီး အခု ၁၀၀နှင့်နှိုင်းယဉ်ပါက  စုစုပေါင်းအမှတ် ၃.၂၇ ဖြင့် အဆင့် ၁၄ နေရာတွင် တည်ရှိနေပါသည်။ IGT အနေဖြင့် ၎င်းတို့၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအစီအစဉ်တွင် ပွင့်လင်းမြင်သာမှု အတွက် ၃.၃၃ပေးရာတွင် ၁.၄၁ ရရှိခဲ့ပြီး အဖွဲ့အစည်းပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာမှု အတွက် ၃.၃၃ ပေးရာတွင် ၀.၅၆ ရရှိခဲ့ပါသည်။ လူ့အခွင့်အရေး၊ ကျန်းမာရေး၊ လုံခြုံမှုဘေးကင်းမှု နှင့် ပတ်ဝန်းကျင်ပိုင်းဆိုင်ရာ တွင် ၃၃.၃ တွင် ၁.၃ ရရှိခဲ့ပါသည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ ဒါရိုက်တာ ဗစ်ကီ ဘိုမန် ပြောကြားသည်မှာ “ ကျွန်မတို့ အနေနဲ့ ပွင့်သစ်စမေးခွန်း ၃၅ ခု အပေါ် မူထားပြီး IGT  ရဲ့ သူတို့ရဲ့ ဝဘ်ဆိုဒ်ပေါ်တွင် ဖွင့်လှစ်ချပြမှု နှင့် ပွင့်လင်းမြင်သာမှု အတွက် စိတ်ပါဝင်စားမှု လုပ်ချင်ကိုင်ချင်မှု ကို ကြိုဆိုပါတယ်။ အခြားသော မြန်မာကုမ္ပဏီများ လည်း ပါဝင်ဖို့ ကျွန်မ မျှော်လင့်ပါတယ်။ ဒီအကြာင်းအရာကို ဘာကို ပြသလဲ ဆိုရင် သူတို့ရဲ့ ပွင့်လင်းမြင်သာမှု နဲ့ ကောင်းမွန်သော ကော်ပိုရိတ် လုပ်ငန်း ပိုင်းဆိုင်ရာ အုပ်ချုပ်မှုအတွက် စိတ်ပိုင်းဖြတ်နိုင်မှု စိတ်ပါဝင်စားမှု ကို ပြသလိုက်တာဘဲ ဖြစ်ပါတယ်” ။

IGT ၏ CEO အာရက် ချမ်မက်စ် ပြောကြားသည်မှာ “ ကျွန်တော်တို့က လုပ်ငန်း လည်ပတ်တဲ့ နေရာမှာသာမက သာမက ကျွန်ုပ်တို့ ရဲ့ ပတ်သက်ဆက်နွယ်နေတဲ့သူများ နဲ့ ဆက်ဆံရေး မှာလဲ တာဝန်ခံမှု၊ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှု ကို တန်ဖိုးထားပါတယ်။ ပြီးတော့ လွန်ခဲ့သော ၃ နှစ် အတွင်းမှာလဲ ကျွန်ုပ်တို့က နေ့စဉ်လည်ပတ်ဆောင်ရွက်နေရသည့် လုပ်ငန်းစဉ်များအတွက် လိုအပ်တဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ မူဘောင် နှင့် ထိုအရာများကို ပြန်လည် ထင်ဟပ်စေနိုင်မည့် မူဝါဒများ နှင့် လုပ်ငန်းစဉ်များကို လည်း မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ ယခုမီနီပွင့်သစ်စ ကိစ္စကို အကြောင်းပြု၍ ဒီအကြောင်းအရာ များကို ပိုမိုသိလာစေအောင် အသိပညာမြှင့်တင် ခဲ့ရာတွင် သာမက မူဘောင်ပိုင်းဆိုင်ရာ အကောင်အထည်ဖော်မှုတွင် အဓိကကျသည့် နေရာမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရာမှာ ပြီးပြည့်စုံကျယ်ပြန့်ရုံမက ဖွင့်လှစ်ချပြမှုများအပိုင်းတွင်  MCRB ၏ ကြိုးပမ်းဆောင်ရွက်မှုများ သည် ချီးကျူးထိုက်လောက်ပါသည်။ ကျွန်ုပ်တို့ အနေဖြင့် ထိုသို့ အစပြုမှုတွင် တစ်စိတ်တစ်ဒေသပါဝင်ရသည့် အတွက် လည်း ဝမ်းမြောက်ပါသည်။


နောက်ခံသမိုင်း

  1. ၁။ မြန်မာ့ကုမ္ပဏီ ၀ဘ်ဆိုဒ်များ၏ ပွင့်လင်းမြင်သာမှုကို လေ့လာသည့် ပွင့်သစ်စ စီမံချက် (TiME)/ Pwint Thit Sa သည် မြန်မာကုမ္ပဏီကြီး အခု ၁၀၀ ၏ ဝဘ်ဆိုဒ်များကို နှိုင်းယှဉ်လေ့လာပြီး ၎င်းတို့၏ စီမံအုပ်ချုပ်မှုပိုင်း နှင့် စီးပွားရေးလုပ်ငန်း အလေ့အကျင့်များ အထူးသဖြင့် အဂတိလိုက်စား မှု တိုက်ဖျက်ရေး၊ အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ လူ့အခွင့်အရေး၊ ကျန်းမာရေး၊ လုံခြုံစိတ်ချရမှု နှင့် သဘာဝ ပတ်ဝန်းကျင် (HSE) နှင့် ပတ်သက်၍ ပြောဆိုချက်များအပေါ် ကြည့်၍ အမှတ်ပေးခြင်း ပြုလုပ်ပါသည်။ သို့သော် အစီရင်ခံစာသည် ကုမ္ပဏီများ ထုတ်ပြန်သည့် သတင်းအချက်အလက်များ အပေါ်တွင် မူတည်၍ အမှတ်ပေးခြင်းဖြစ်သးည်။ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ချက်များအား လေ့လာဆန်းစစ်ခြင်းမဟုတ်ပေ။ အစီရင်ခံစာ၏ ရည်ရွယ်ချက်မှာ မြန်မာစီးပွားရေးလုပ်ငန်းများအား ပွင့်လင်းမြင်သာမှုပိုမို ရှိလာစေရန်အတွက် တိုက်တွန်း အားပေးရန် ဖြစ်သည်။ https://www.myanmar-responsiblebusiness.org/pwint-thit-sa/2016.html

  2. ၂။ “မီနီပွင့်သစ်စ”သည် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက ပြုလုပ်သော ပွင့်သစ်စ စီမံချက်တွင် ထပ်မံပေါင်းထည့်ထားသည့် လုပ်ဆောင်ချက်အသစ် ဖြစ်သည်။ ပွင့်သစ်စစီမံချက်တွင်မပါဝင်သော်လည်း ဆန္ဒအလျောက် အလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးတည်ထားသည်။ https://www.myanmar-responsiblebusiness.org/my/pwint-thit-sa/mini.html

  3. ၃။ အမှတ်ပေးမှုခံယူလိုသော ကုမ္ပဏီများ အနေဖြင့် မဖြူဖြူဇင် [email protected] or 09 799 667713 ထံသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။  

  4. ၄။ Irrawaddy Green Towers Limited (“ IGT” ) သည် မြန်မာနိုင်ငံအတွင်းရှိ အကြီးမားဆုံးသော ပုဂ္ဂလိက တာဝါတိုင်ကုမ္ပဏီဖြစ်သည်။ မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာတို့အနေနှင့် ဆက်သွယ်ရေးအခြေခံအဆောက်အအုံကို မျှဝေသုံးစွဲနိုင်ရန်ဆိုသည့်ရည်ရွယ်ချက်ဖြင့် ၂၀၁၄ ခုနှစ်တွင် IGT ကို စတင်ပေါင်းစပ် ဖွဲ့စည်းခဲ့ပါသည်။ IGT သည် တခုတည်းသော ဆက်သွယ်ရေးတာဝါတိုင်များကို လုပ်ကိုင်ဆောင်ရွက် လည်ပတ်နေသည့် အကြီးမားဆုံးသော ကုမ္ပဏီဖြစ်ပြီး အခြားသော ကြီးမားအဓိကကျသည့် ဆက်သွယ်ရေးလုပ်ငန်းများ ဖြစ်သည့် တယ်လီနော၊ အော်ရီဒူး နှင့် MPT တို့အတွက် တာဝါတိုင်များ ထောက်ပံဖြည့်တင်းပေးနေသည့် ကုမ္ပဏီလည်း ဖြစ်ပေသည်။( http://igt.com.mm)

  5. ၅။ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး  အထောက်အကူပြုဌာန (MCRB) ကို ယူကေအခြေစိုက် Institute for Human Rights and Business (IHRB) နှင့် ဒိန်းမတ်နိုင်ငံအခြေစိုက် Danish Institute for Human Rights (DIHR) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယူကေ ၊ ဒိန်းမတ် ၊ နော်ဝေး ၊ ဆွဇ်ဇာလန် ၊ နယ်သာလန် နှင့် အိုင်ယာလန်တို့၏ အထောက်အပံ့ဖြင့် ဖွဲ့စည်းကာ ရန်ကုန်မြို့တွင် အခြေစိုက်ဖွင့်လှစ်ထားပါသည်။ ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဒေသတွင်းလိုအပ်ချက် နှင့် နိုင်ငံတကာစံချိန်စံညွှန်းများ နှင့် အညီ မြန်မာနိုင်ငံတွင်း တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း နှင့် သက်ဆိုင်သည့် အသိပညာ ၊ စွမ်းရည် နှင့် စကားဝိုင်းများ ဖန်တီးရန် အတွက် ထိရောက် ပြီး တရားဝင်ဖြစ်သော လမ်းကြောင်း (Platform) တစ်ခု အဖြစ် အထောက်အကူ ဖြစ်စေရန် ဖြစ်သည်။ သို့မှသာလျှင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အလေ့အကျင့်များ ပိုမို ဖြစ်ပေါ်လာမည် ဖြစ်သည်။ MCRB သည် စီးပွားရေးလုပ်ငန်းများ ၊ အရပ်ဘက်လူ့အဖွဲ့အစည်း နှင့် အစိုးရ တို့နှင့် အတူတကွလုပ်ဆောင်နေသည့် ဘက်မလိုက်သည့် လမ်းကြောင်းပေါ် တွင် ရပ်တည်ပါသည်။ (www.mcrb.org.mm)

နောက်ဆုံးရ သတင်း

Recordings of the presentations are available to watch in English or in Thai. Click "See More" below the video for the link to the Thai version.

On 13 July, MCRB and Fair Finance Thailand co-hosted a webinar for Thai companies. Vicky Bowman, Director of MCRB, presented the human rights risks which companies currently need to take into account when doing business in Myanmar...

Launched in November 2022, the Myanmar Sustainable Business Network (MSBN) is a multistakeholder platform bringing together businesses and professionals committed to building a more sustainable economy in Myanmar through responsible business practices.

MSBN, a partnership between MCRB, United Nations Development Programme (UNDP) Myanmar and Yever, has submitted input to the consultations by the UN Global Digital Compact (UNGDC) highlighting digital rights priorities...

© 2024 Myanmar Centre for Responsible Business