အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းရေး မဟာဗျူဟာ (Universal Service Strategy - USS) မူကြမ်းအပေါ် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူအပြုဌာန (MCRB) မှ အကြံပြုလွှာ ပေးပို့ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းရေး မဟာဗျူဟာ (Universal Service Strategy - USS) မူကြမ်းအပေါ် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူအပြုဌာန (MCRB) မှ အကြံပြုလွှာ ပေးပို့

အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းရေး မဟာဗျူဟာ (Universal Service Strategy - USS) မူကြမ်းအပေါ် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူအပြုဌာန (MCRB) မှ အကြံပြုလွှာ ပေးပို့

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူအပြုဌာန (MCRB) ၏ အကြံပြုချက်များသည် အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းရေး မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပွင့်လင်းမြင်သာမှု နှင့် လွတ်လပ်မှုရှိပြီး ထိရောက်သော စီမံခန့်ခွဲရေး စနစ်ထားရှိရန် အဓိကဦးတည်
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူအပြုဌာန (MCRB) ၏ အကြံပြုချက်များသည် အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းရေး မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပွင့်လင်းမြင်သာမှု နှင့် လွတ်လပ်မှုရှိပြီး ထိရောက်သော စီမံခန့်ခွဲရေး စနစ်ထားရှိရန် အဓိကဦးတည်

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူအပြုဌာန (MCRB)သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းရေး မဟာဗျူဟာ ( USS) မူကြမ်းအပေါ်  သဘောထားတောင်းခံထားခြင်းနှင့်စပ်လျဉ်းပြီး ထိုမူကြမ်းနှင့်ပတ်သက်၍ အကြံပြုလွှာပေးပို့ခဲ့ပါသည်။ ( အကြံပြုချက်ပေးပို့ရမည့် နောက်ဆုံးရက်မှာ ဖေဖော်ဝါရီလ ၁၂ ရက်)

MCRB’s Comments on the draft Universal Service Strategy
Document PDF, 510 downloads, ဖေဖော်ဝါရီ 12, 2018

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူအပြုဌာန (MCRB) က အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းရေး မဟာဗျူဟာ မူကြမ်းကို အကြမ်းဖျင်းအားဖြင့် ကြိုဆိုပါကြောင်း၊ ယင်းမူကြမ်းအပေါ် ပြည်သူ့သဘောထားတောင်းခံမှုကိုလည်း အားပေးထောက်ခံပါကြောင်း နှင့် ယင်းမူကြမ်းတွင်   မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူအပြုဌာန (MCRB) က ယခင်အကြံပြုထုတ်ပြန်ထားသော မြန်မာ့အင်စီတီကဏ္ဍ၏ သက်ရောက်မှုအား  လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ အနှစ်ချုပ်မှ အကြံပြုတင်ပြချက်များ နှင့်   ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပခဲ့သော    မန်မာ့ဒစ်ဂျစ်တယ်အခွင့်အရေး ဖိုရမ်တွင် ဆွေးနွေးခဲ့သည့် အချက်များအပါအဝင် အခြားဆွေးနွေးချက်များပါ ခြုံငုံပါဝင်လာသည့်အတွက် ကြိုဆိုပါသည်။    အဆိုပါ အချက်များတွင် ဝေးလံသော ကျေးလက်ဒေသရှိ ပြည်သူများ အများတန်းတူ အင်တာနက်ဆက်သွယ်အသုံးပြုခွင့် ရရှိရေး၊ထို့အတူ ချန်လှပ်ခံရတတ်သော မသန်စွမ်း ပြည်သူများ ကဲ့သို့သော အစုအဖွဲ့များ အကျိုးခံစားခွင့်ရစေရေး၊ တို့ကို ဤအခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းရေး အစီအစဉ် ( ၃)  တွင်  အကောင်အဖော်ဆောင်ရွက်ရန် ထည့်သွင်းရေး ဆွဲထားသည်ကို တွေ့ရသည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူအပြုဌာန (MCRB) က အကြံပြုချက်များသည် ယင်း အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းရေး ရံပုံငွေ အုပ်ချုပ်မှုတွင် ပွင့်လင်းမြင်သာ မှုရှိရေး နှင့် စားသုံးသူ အခွင့်အရေး ကို ကိုယ်စားပြုသော ကိုယ်စားလှယ်များ ယင်းရံပုံငွေ အုပ်ချုပ်ရေး အဖွဲ့တွင် ပါဝင်နိုင်ရေး တို့ကို အလေးပေး အကြံပြုထားခြင်းဖြစ်ပါသည်။ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူအပြုဌာန (MCRB) က ယင်းအခြေခံဆက်သွယ်ရေးဖြည့်ဆည်းမှု မဟာဗျူဟာကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူများတတ်နိုင်မှု နှင့် အသုံးပြုနိုင်မှု ၊ ရရှိနိုင်မှု နှင့် ရယူအသုံးပြုနိုင်မှု စသည်တို့ကို ဦးစားပေး ဆောင်ရွက်စေလို ပြီး ၊ အထူးသဖြင့် လိုင်စင်ရ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူများထံမှ ရံပုံငွေ အတွက် ကောက်ခံသော (၂ %) သည် စားသုံးသူတို့ အပေါ် တစ်စိတ်တစ်ဒေသ သက်ရောက်လာနိုင်သည်ဖြစ်ရာ၊ ရံပုံငွေသည် ထိထိရောက်ရောက် သုံးစွဲနိုင်မှု ထက်ကျော်လွန်၍ လျင်မြန်စွာ တိုးပွားလာသည့် အခြေအနေတွင် စားသုံးသူတို့အပေါ် ကောက်ခံထားသော ၂ % သော အခွန်ကို ပြန်လည် ဆန်းစစ်ရန်၊ စသည့်အကြောင်းအရာများကို အလေးပေး အကြံပြုလွှာပေးပို့ထားခြင်းဖြစ်ပါသည်။

Latest ICT-Related News

MCRB has approached this input to the UN OHCHR from the perspective of responsible business and the UN Guiding Principles on Business and Human Rights (UNGPs).

MCRB has made an input into a report on the right to privacy in the digital age which is being undertaken by the UN Office of the High Commissioner for Human Rights. MCRB’s inputs reflect its experience of working on digital rights in Myanmar since 2014.

Photo: Thor Jorgen Udvang

MCRB has made an input to the UN Office of the High Commissioner on Human Rights concerning the High Commissioner’s report on the practical application of the Guiding Principles on Business and Human Rights to the activities of technology companies.

A safe and secure digital environment, based on international standards on data protection, rule of law and international human rights, is important to the Myanmar’s sustainable development.

MCRB, together with other stakeholders, is concerned about the latest amendments to the draft Cybersecurity Law circulated by the Ministry of Transport and Communications on 13 January 2022.

© 2024 Myanmar Centre for Responsible Business