မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအစီအစဉ်များအတွက် ကုမ္ပဏီများဆွေးနွေး - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအစီအစဉ်များအတွက် ကုမ္ပဏီများဆွေးနွေး

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအစီအစဉ်များအတွက် ကုမ္ပဏီများဆွေးနွေး

လက်ရှိမြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေးတို့တွင် ပြုပြင်ပြောင်းလဲမှုများရှိနေသော်လည်း ကာလကြာရှည်စွာရှိနေသည့် အဂတိလိုက်စားမှုများက စီးပွားရေးလုပ်ငန်းများ အောင်မြင်ရန်အတွက်အဓိက အဟန့်အတားဖြစ်နေသည်။
လက်ရှိမြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေးတို့တွင် ပြုပြင်ပြောင်းလဲမှုများရှိနေသော်လည်း ကာလကြာရှည်စွာရှိနေသည့် အဂတိလိုက်စားမှုများက စီးပွားရေးလုပ်ငန်းများ အောင်မြင်ရန်အတွက်အဓိက အဟန့်အတားဖြစ်နေသည်။

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်ကူပြုဌာန (MCRB) နှင့် ASEAN CSR Network (ACN) တို့ပူးပေါင်းကာ မတ်လ(၁၆)ရက်နေ့တွင်  မြန်မာကုမ္ပဏီများမှ အကြီးတန်းတာဝန်ခံများအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ဆောင်မှုများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ တွင် ကျင်းပခဲ့သည်။

“မြန်မာနိုင်ငံတွင် ပြောင်းလဲမှုဖြစ်ပေါ်စေခြင်း- စီးပွားရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှုများကို မည်သို့တိုက်ဖျက်ရမည်ကို လက်တွေ့ကျစွာဆွေးနွေးမည့် အလုပ်ရုံ ဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲကို လုပ်ငန်းနယ်ပယ်အသီးသီးနှင့် လုပ်ငန်းအရွယ်အစားအသီးသီးမှ ကုမ္ပဏီပေါင်း ၆၀ကျော်နှင့် မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို စိတ်ဝင်စားသည့်  အဖွဲ့အစည်း (၁၅) ခုခန့်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

လက်ရှိမြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေးတို့တွင် ပြုပြင်ပြောင်းလဲမှုများရှိနေသော်လည်း ကာလကြာရှည်စွာရှိနေသည့် အဂတိလိုက်စားမှုများက စီးပွားရေးလုပ်ငန်းများ အောင်မြင်ရန်အတွက်အဓိက အဟန့်အတားဖြစ်နေသည်။

၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် UNESCAP/UMFCCI ၏ စီးပွားရေးစစ်တမ်းအရ အဂတိလိုက်စားမှုကို ၎င်းတို့၏ အဓိကအဟန့်အတားအဖြစ် မြန်မာ့စီးပွားရေးလုပ်ငန်းများက သတ်မှတ်သည်ကိုတွေ့ရသည်။

မြန်မာကုမ္ပဏီအချို့သည် ကောင်းမွန်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအစဉ်များထားရှိသည်ကို တွေ့ရသော်လည်း ကုမ္ပဏီအများအပြားတွင်မူ ထိုသို့ ထားရှိခြင်းမရှိပေ။

အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့်  Global Compact Network Myanmar တို့က ပူးပေါင်းကူညီပြီး ယူကေနိုင်ငံ၏ Foreign & Commonwealth Office ၏ Prosperity Fund မှ ဘဏ္ဍာရေးထောက်ပံ့မှုဖြင့် ကျင်းပခဲ့ပါသည်။  တက်ရောက်သူများထဲတွင် UN Global Compact (UNGC)အဖွဲ့ဝင်ဖြစ်သူ အများအပြားပါဝင်ရာ UNGC ၏ ဆယ်ခုမြောက်သော သဘောာတရား ဖြစ်သည့်  "စီးပွားရေးလုပ်ငန်းများသည် လာဘ်ပေးလာဘ်ယူလုပ်ခြင်းနှင့် ခြိမ်း ခြောက်၍ ငွေညှစ်ခြင်း စသော အဂတိလိုက်စားမှုများကိုအမြဲပင် ဆန့်ကျင်လုပ်ဆောင်ရမည် ဆိုသောအချက်နှင့် ပတ်သက်ပြီး လက်တွေ့ကြုံတွေ့နေရပုံများကို ပါဝင်ဆွေးနွေးခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲ ဟောပြောသူများအဖြစ် UNGC Myanmar Local Network၏ ဥက္ကဌဖြစ်သူ ဒေါက်တာအောင်ထွန်းသက်၊ UMFCCI အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေ၊ Transparency International Malaysia နှင့် UN Office on Drugs and Crime (UNODC)မှ တာဝန်ရှိသူများပါဝင်ပြီး၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းတစ်ခုဖြစ်သည့် Spectrum နှင့် ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီများဖြစ်သည့် SMART, Max Myanmar, Standard Chartered နှင့် Coca Cola ကုမ္ပဏီများမှ တာဝန်ရှိသူများက တက်ရောက်ခဲ့သည်။

Presentations များနှင့် သတင်းထုတ်ပြန်ချက်များ ရရှိနိုင်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်သူများအား ၎င်းတို့၏ နေ့စဉ်လုပ်ကိုင်မှုများနှင့် ၄င်းတို့စီးပွားရေး လုပ်ငန်းများလုပ်ဆောင်ရာတွင် အဂတိလိုက်စားမှုကိစ္စရပ်များ အများဆုံးကြုံတွေ့ရသည့် နေရာ၊ ဌာနများကို အီလက်ထရောနစ်စနစ်ဖြင့် မဲပေးရွေးချယ်စေခဲ့သည်။

လာဘ်ပေးလာဘ်ယူမှု အများဆုံးကြုံတွေ့ရသည့် နေရာမှာ ဝင်ငွေခွန်ပေးဆောင်ရာတွင် သို့မဟုတ် အစိုးရခွင့်ပြုချက်လိုင်စင်နှင့် တင်ဒါများ ဆောင်ရွက်ရာတွင်ဖြစ်သည်ကို တွေ့ရှိရသည်။ တက်ရောက် လာသူများ၏ ၂၇ ရာခိုင်နှုန်းက အစိုးရတင်ဒါ သို့မဟုတ် လိုင်စင်ချပေးသော ဝန်ကြီးဌာနများနှင့် ဆက်ဆံရာတွင် လာဘ်ပေးလာဘ်ယူမှုကို အများဆုံးကြုံတွေ့ရကြောင်း ဖော်ပြကြပြီး၊ အခြား  ၂၇ ရာခိုင်နှုန်းကလည်း ဝင်ငွေခွန်ပေးဆောင်ရသည့်ဌာနများတွင်  လာဘ်ပေးခဲ့ရသည်ဟု မဲပေးခဲ့သည်ကို တွေ့ရသည်။ တက်ရောက်လာကြသူများအနက် ၁၅ ရာခိုင်နှုန်းက ရန်ကုန်မြို့တော် စည်ပင် သာယာ ရေး ကော်မတီနှင့် ကျန် ၁၄ ရာခိုင်နှုန်းကမူ အကောက်ခွန်ဆိုင်ရာရုံးများ ဖြစ်သည်ဟု မဲပေးခဲ့ကြသည်။ တက်ရောက်သူများအား ၎င်းတို့၏နေ့ဉ်ဘဝ၌ လာဘ်ပေးလာဘ်ယူမှုများ မည်သည့်နေရာတွင်ကြုံ တွေ့ရသနည်းဟုမေးမြန်းရာတွင် ကြုံတွေ့မှုအများဆုံးနေရာများစာရင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တက်ရောက်သူများ၏ ၂၄ ရာခိုင်နှုန်းသော မဲဖြင့်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးရုံးများကလည်း ၂၄ ရာခိုင်နှုန်းနှင့် ယာဉ်ထိန်းရဲများက ၂၁ ရာခိုင်နှုန်းသောမဲဖြင့် လည်းကောင်း စာရင်းထိပ်ဆုံးနေရာများအဖြစ် ရွေးချယ်ခံခဲ့ရသည်။

Local voices still need to be heard in Wan Hsala village, Shan State
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
Local voices still need to be heard in Wan Hsala village, Shan State
Companies Discuss the Challenges of Doing Business Responsibly in SouthEast Myanmar
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
Companies Discuss the Challenges of Doing Business Responsibly in SouthEast Myanmar

 

Download Press Statement (Burmese)Download Press Statement (Burmese)
Download Agenda (Burmese)Download Agenda (Burmese)
Download Press Statement (English)Download Press Statement (English)
Download AgendaDownload Agenda

 

 

 

© 2024 Myanmar Centre for Responsible Business