၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့တွင် LGBT+ များ တန်းတူညီမျှမှု ခံစားရရှိရေးကို ကျင်းပခြင်း - သတင်းစဉ်
You are here Home » သတင်းစဉ် » ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့တွင် LGBT+ များ တန်းတူညီမျှမှု ခံစားရရှိရေးကို ကျင်းပခြင်း

၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့တွင် LGBT+ များ တန်းတူညီမျှမှု ခံစားရရှိရေးကို ကျင်းပခြင်း

နိုင်ငံတကာ လိင်တူချစ်သူများအပေါ် ရွံရှာမုန်းတီးရေးကို ဆန့်ကျင်သောနေ့ (IDAHOT)  အခမ်းအနားကို နှစ်စဉ် မေလ ၁၇ ရက်နေ့တွင် ကျင်းပကြပါသည်။ ယခုနှစ် ဆောင်ပုဒ်မှာ ‘အမြဲအတူတကွ - မတူကွဲပြားမှုတွင် စည်းလုံးညီညွတ်ကြ ဖြစ်ပါသည်။

UNDP, MCRB နှင့် Yever တို့အကြား မိတ်ဖက်အဖြစ် ပူးပေါင်းတည်ထောင်ထားသော ရေရှည်တည်တံ့ခိုင်မြဲသော မြန်မာစီးပွားရေးကွန်ရက် (Myanmar Sustainable Business Network) သည် အမျိုးသမီးအချင်းချင်း ချစ်ခင်စုံမက်သူ၊ အမျိုးသားအချင်းချင်း ချစ်ခင်စုံမက်သူ၊ လိင်တူလိင်ကွဲချစ်သူနှင့် ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲပြုမှုနေထိုင်သူ စသည့် LGBT များအတွက် တန်းတူညီမျှမှုရှိရေးအတွက် ရပ်တည်ပေးနေသော ကမ္ဘာတစ်ဝှမ်းရှိ ကုမ္ပဏီများနှင့်အတူ မြန်မာနိုင်ငံမှ ကုမ္ပဏီများနှင့် အခြားသော အဖွဲ့အစည်းများအား မေလ ၁၇ ရက်နေ့တွင် သက်တန့်ရောင် အလံ (Rainblow flag) စိုက်ထူ၍ ခွဲခြားဆက်ဆံခြင်းကို ဆန့်ကျင်သည့် ရပ်တည်ချက်ဖြင့် ဆိုရှယ်မီဒီယာပေါ်တွင်ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ သက်တန့်ရောင် အလံရှိလျှင် ထိုအလံအား လွှင့်ထူခြင်းဖြင့် LGBT များအတွက် တန်းတူညီမျှမှုရှိရေး ရပ်တည်ပေးရန် တိုက်တွန်းလိုပါသည်။ (ယခုနှစ်တွင် သက်တန့်ရောင် အလံများ မပေးနိုင်သည့်အတွက် ကျွန်ုပ်တို့ စိတ်မကောင်းဖြစ်မိပါသည်။)

သက်တန့်ရောင် အလံနှင့်အတူ အဖွဲ့ဓာတ်ပုံကို ရိုက်ယူပြီး ဆိုရှယ်မီဒီယာတွင် #IDAHOT2023Myanmar ဆိုသည့် hashtag ဖြင့် လွတ်လပ်စွာ ပို့စ်တင်၍ရပါသည်။ (၂၀၂၂ ခုနှစ်တွင် အခြားအဖွဲ့အစည်းများ လုပ်ဆောင်ခဲ့သည့် ဥပမာအချို့ကို ကြည့်ရှုနိုင်ပါသည်။)

ထိုအလံကို ဘာကြောင့် လွှင့်ထူရသည် ဆိုသည့် မက်ဆေ့ချ်တိုကိုလည်း ပို့စ်တင်နိုင်ပါသည် -
ကျွန်ုပ်တို့အသိုက်အဝန်းထဲတွင် မတူကွဲပြားမှုကို အားပေးထောက်ခံကြောင်း ပြသရန်အတွက် ယခုနှစ် IDAHOT နေ့တွင် သက်တန့်ရောင်အလံကို ဂုဏ်ယူစွာ လွှင့်ထူထားပါသည်။ ယခုလိုပါဝင်ခြင်းဖြင့် ကျွန်ုပ်တို့သည် လိင်တူချစ်သူ၊ လိင်တူလိင်ကွဲချစ်သူ နှင့် ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲပြုမှုနေထိုင်သူများအား ရွံမုန်းမှုကို ‘No’ ဟု ဂုဏ်ယူစွာပြောဆို၍ ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်ရန် လိုအပ်နေသေးသည့်အတွက် အသိပညာ မြှင့်တင်ပေးနိုင်ရန် ကူညီအားပေးပါသည်။

အဖွဲ့ဓာတ်ပုံမရိုက်နိုင်ပါက ဆိုရှယ်မီဒီယာ ပို့စ်များအတွက် အကြံဉာဏ်အချို့ကို ဖော်ပြလိုက်ရပါသည် -

IDAHOT နေ့အတွက် သင့်ဝန်ထမ်းများအား ၎င်းတို့၏ Facebook cover ဓာတ်ပုံကို ပြောင်းလဲ၍တင်ရန် တိုက်တွန်းနိုင်ပါသည် -

သင့်အဖွဲ့သည် အဝေးမှ အလုပ်လုပ်နေသေးပါက ၎င်းတို့  အွန်လိုင်းမှ အစည်းအဝေး တက်ရောက်ရာတွင် သက်တန့်ရောင် နောက်ခံကို download ပြုလုပ်၍ အစည်းအဝေးအတွက် အနောက်ခံ အဖြစ်ထားနိုင်ပါသည်။

MCRB/Colors Rainbow တို့၏ မြန်မာနိုင်ငံတွင် LGBT+ များတန်းတူညီမျှမှု ခံစားရရှိရေးကို စီးပွားရေးလုပ်ငန်းများ လက်ခံရရှိရန် အားပေးကူညီသောလမ်းညွှန် ကို နောက်ထပ်ကြည့်ရှုရန် မမေ့ပါနဲ့ဦး။ ယင်းလမ်းညွှန်ချက်သည် ခွဲခြားဆက်ဆံခြင်းကို ရှောင်ရှားရန်၊ လိင်စိတ်တိမ်းညွှတ်မှု၊ လိင်ဝိသေသခံယူမှုနှင့် ဖော်ပြမှု (SOGIE) နှင့်သက်ဆိုင်သော ရှုပ်ထွေးသည့် ပြဿနာများကို လမ်းညွှန်ပေးရန်နှင့် အားလုံးပါဝင်သော လုပ်ငန်းခွင်တစ်ခု တည်ဆောက်ရန် လုပ်ဆောင်နိုင်သည်များကို လမ်းညွှန်ဖော်ပြပေးထားပါသည်။

© 2024 Myanmar Centre for Responsible Business