မီနီ ပွင့်သစ်စ
မီနီပွင့်သစ်စသည် အသေးစားနှင့် အလတ်စား လုပ်ငန်းများ အတွက် ဦးတည်ထားပြီး အစီရင်ခံစာတွင် မပါဝင်သေးသော ဆန္ဒအလျာက် အကဲဖြတ်မှု ခံယူလိုသည့် လုပ်ငန်းများအတွက် ဖြစ်သည်။
ကုမ္ပဏီဝဘ်ဆိုဒ်ရှိထားပြီး “မီနီပွင့်သစ်စ” တွင်ပါဝင်လိုပါက- ပွင့်သစ်စ အစီရင်ခံစာမှ စံနှုန်း ၇၄ ခုကို ကိုယ်စားပြုသည့် မေးခွန်း ၅၉ခု ကို လေ့လာပါ။
၎င်းတို့သည် ကော်ပိုရိတ် ယဉ်ကျေးမှု နှင့် စီမံအုပ်ချုပ်မှု၊ ရေရှည်တည်တံ့ခိုင်မြဲမှုအတွက် စီမံခန့်ခွဲမှု၊ သတင်းအချက်အလက်များ ပေးပို့ဆက်သွယ်ပြောဆိုခြင်း၊ နှင့် အစီရင်ခံခြင်း တို့ နှင့် သက်ဆိုင်သည်။
၎င်းသတင်းအချက်အလက်များ သည် သင့်လုပ်ငန်းနှင့် သက်ဆိုင်ပြီး ရှိနှင့်နေပြီး ဖြစ်ပါက ဝဘ်ဆိုဒ်ပေါ်တွင် တင်ထားရပါမည်။
အမှတ်ပေးမှုကို ခံယူရန်အတွက် ဆက်သွယ်ရမည့် ပုဂ္ဂိုလ်၊လိပ်စာ အတိအကျနှင့် ဝဘ်ဆိုဒ်လိပ်စာ တို့ကို ကို ပေးပို့ပါ။
MCRB က သင့်လုပ်ငန်းကို အမှတ်ပေးပြီး အမှတ်စာရင်း မူကြမ်းကို ပြန်လည်ပေးပို့ကာ ဆွေးနွေးမှုများ ပြုလုပ်ပါ မည်။
ထို့နောက် နောက်ဆုံးရလဒ်ကို ကြေငြာပေးပါမည်။ နောက်ဆုံးရလဒ်ကို အများပြည်သူသို့ ချပြလိုပါက မီနီပွင့်သစ်စစီမံချက် ဇယားတွင် ဖော်ပြပေးမည်ဖြစ်သည်။ ထိုဖော်ပြမှုကို ကုမ္ပဏီ၏သဘောတူညီမှု ဖြင့်သာ ပြုလုပ်မည် ဖြစ်သည်။