သုတေသနအရ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် (EIA)ထုတ်ပြန်ကြေညာမှု မပြည့်စုံသည်ကို တွေ့ရှိရ - ရင်းမြစ်များ
You are here Home » ရင်းမြစ်များ » သုတေသနအရ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် (EIA)ထုတ်ပြန်ကြေညာမှု မပြည့်စုံသည်ကို တွေ့ရှိရ

သုတေသနအရ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် (EIA)ထုတ်ပြန်ကြေညာမှု မပြည့်စုံသည်ကို တွေ့ရှိရ

The survey focusses on oil and gas companies in Myanmar who were awarded blocks after 2013.
The survey focusses on oil and gas companies in Myanmar who were awarded blocks after 2013.

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် (EIA)နှင့် ကနဦး ပတ်ဝန်းကျင် လေ့လာဆန်းစစ်ချက် (IEE) ထုတ်ပြန်ကြေညာမှု မည်မျှရှိသည်ကို လေ့လာထားသော စစ်တမ်းတစ်ခုထုတ်ပြန်ခဲ့သည်။ ၄င်းစစ်တမ်းသည် မြန်မာနိုင်ငံတွင် ၂၀၁၃ခုနှစ်နောက်ပိုင်း ရေနံနှင့် သဘာဓာတ်ငွေ့တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများကို ဦးတည်လေ့လာခဲ့သည်။ စစ်တမ်းအရ ကမ်းလွန်လုပ်ကွက် ၁၉ခုအနက် ၁၁ခု (၅၈ရာခိုင်နှုန်း)၊ ကုန်းတွင်းလုပ်ကွက် ၁၅ခုအနက် ၄ခု (၂၆ ရာခိုင်နှုန်း) ကသာ ၄င်းတို့၏ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် (EIA)နှင့် ကနဦး ပတ်ဝန်းကျင် လေ့လာဆန်းစစ်ချက် (IEE) တို့ကို အင်တာနက်တွင် ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။ ထုတ်ြပန်ကြေညာမှုများမှာ ၅၀ရာခိုင်နှုန်းအောက်နည်းသော်လည်း ရေနံနှင့် သဘာဓာတ်ငွေ့ကဏ္ဍမှ ထုတ်ပြန်မှုသည် မြန်မာနိုင်ငံရှိအခြား သော ကဏ္ဍများဖြစ်သည့် သတ္တုတွင်းကဏ္ဍ၊ဆောက်လုပ်ရေးကဏ္ဍတို့မှ အနည်းမျှသာရှိသော ထုတ်ပြန်မှုများ နှင့်ယှဉ်လျှင် များပြားသည်ဟု ဆိုနိုင်ပါသည်။

စစ်တမ်းသည် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် (EIA)၊ ကနဦး ပတ်ဝန်းကျင် လေ့လာဆန်းစစ်ချက် (IEE) နှင့် ထုတ်ပြန်ကြေညာမှုအတွက် လိုအပ်ချက်အသစ်များကို လိုက်နာဆောင်ရွက်ရာတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများကို ဆန်းစစ်လေ့လာထားပြီး မည်သို့ဖြေရှင်းရမည်ကိုလည်း အကြံပြုထားပါသည်။ မပေါ်ပေါက်သေးသော စီမံချက်အသစ်များနှင့် ပတ်သက်ပြီးလည်း မေးခွန်းများကို မီးမောင်းထိုးပြထားပါသည်။ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် (EIA) လုပ်ထုံးလုပ်နည်းသစ် ပုဒ်မ ၈အရ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနမှ ထုတ်ပေးသော ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ လိုက်နာမှု အသိမှတ်ပြုလက်မှတ်ကိုရရှိရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှု အစီအစဉ်ကို တင်ပြရမည်ဖြစ်သည်။

MCRB၏ ဒါရိုက်တာဗစ်ကီဘိုမန်က “ ဒီစစ်တမ်းကို ကောက်ရတာကတော့ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် (EIA) လုပ်ငန်းစဉ်တွေကို လူတွေ သိစေချင်လို့ပါ။ အကျိုးစီးပွားပါဝင် ပက်သက်သူတွေအားလုံးက ဒီဆန်းစစ်မှုတွေကို အင်တာနက်ကနေတဆင့် ရဖို့အရေးကြီးတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှု အစီအစဉ်မှာ ကုမ္ပဏီတွေက သူတို့ရဲ့ ထိခိုက်မှုတွေကို လျော့ချဖို့အတွက် ဥပဒေနဲ့ ချည်နှောင်ထားတာတွေ ပါဝင်ပါတယ်။ ဒေသခံအစိုးရအဖွဲ့အစည်းတွေ၊ လွှတ်တော်၊အရပ်ဖက် လူ့အဖွဲ့အစည်း၊ဒေသခံအသိုင်းအဝိုင်းစတဲ့ အကျိုးစီးပွားပါဝင်ပတ်သက်သူတွေ နဲ့ မီဒီယာတွေက ဒီချည်နှောင် ထားတဲ့ ကတိကဝတ်တွေက ဘာလဲဘယ်လို ဆိုတာ တာသိမထားရင် ကုမ္ပဏီတွေဘက်က ပတ်ဝန်းကျင်နဲ့ လူမှုရေး ထိခိုက်မှုတွေကို ဘယ်လိုလုပ်ကိုင်နေတယ်ဆိုတာ သိဖို့ (ထိန်းသိမ်းဖို့) ခက်ပါလိမ့်မယ်။

နောက်ပြီးတော့ အကျိုးစီးပွားပါဝင်ပတ်သက်သူတွေကလည်း ကိုယ့်တာဝန်ကိုယ်ကျေဖို့အတွက် အစီရင်ခံစာ တွေ ကို ဖတ်ရပါလိမ့်မယ်။ ဒါကြောင့် ဒီစစ်တမ်းက အင်တာနက်ကနေ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် (EIA)တွေဖတ်လို့ရတယ်ဆိုတာကို အသိအမြင်ဖွင့်ပေးမယ်။ ဖတ်ကြည့်ဖို့တိုက်တွန်းနိုင်မယ်လို့ မျှော်လင့် ပါတယ်။” ဟုပြောသည်။

နောက်ခံအကြောင်း

၁။ ၂၀၁၅ခုနှစ် ဒီဇင်ဘာ၂၉ရက်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနသည် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် (EIA) လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ကြေညာခဲ့သည်။ ထိုလုပ်ထုံး လုပ်နည်းများအရ ကုမ္ပဏီများသည် ၄င်းတို့၏ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် (EIA)သို့မဟုတ် ကနဦး ပတ်ဝန်းကျင် လေ့လာဆန်းစစ်ချက် (IEE)တို့ကို ဝန်ကြီးဌာနသို့ တင်ပြပြီး ၁၅ရက်အတွင်း ၄င်းတို့၏ ဝက်ဆိုဒ် တွင် ဖြော်ပပေးရမည် ဖြစ်သည်။ (တင်ဒါအောင်မြင်သည့်နှစ် )၂၀၁၃နှင့် (လုပ်ထုံးလုပ်နည်းထွက်ပေါ်လာသည့် နှစ်) ၂၀၁၅ တို့အကြား (ကြားကာလ ) လုပ်ထုံးလုပ်နည်းများ မထွက်ပေါ်မီတွင် လေ့လာဆန်းစစ်မှုများ ပြုလုပ်ထားသော်လည်း ထုတ်ပြန်ကြေညာမှုများ မရှိသလို ၄င်းတို့၏ အနေအထားမှာ ရှင်းလင်းမှုလည်း မရှိပါ။

၂။ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ကို ယူကေ အခြေစိုက် Institute for Human Rights and Business (IHRB) နှင့် ဒိန်းမတ် အခြေစိုက် Danish Institute for Human Rights (DIHR) တို့၏ ပူပေါင်း ဆောင်ရွက်မှုဖြင့် ၂၀၁၃ ခုနှစ်တွင်ဖွဲ့စည်းကာ ရန်ကုန်တွင် အခြေစိုက်ဖွင့်လှစ်ထားသည်။ ရန်ပုံငွေများကို ပြည်ပအစိုးရ အလှူရှင်များမှ ထောက်ပံ့ပေးထားသည်။ မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အလေ့အထများ ပေါ်ပေါက်လာစေရန် အစိုးရ၊ စီးပွားရေးလုပ်ငန်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား အသိပညာ၊ စွမ်းရည်နှင့် စကားဝိုင်းများ ဖန်တီးရန်အတွက် လမ်းကြောင်း (platform)တစ်ခု ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်သည်။ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုသည်မှာ နိုင်ငံတကာစံသတ်မှတ်နှုန်းများကို အခြေခံ၍ လူမှုရေးတာဝန်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုတို့ဖြင့် မြန်မာပြည်သူ၊ ပြည်သားများ၏ ရေရှည်အကျိုးစီးပွားအတွက် ဆောင်ရွက်သော စီးပွားရေးလုပ်ငန်းအား လုပ်ဆောင်ခြင်းကိုဆိုလိုသည်။

ပိုမိုသိရှိလိုပါက

ဖြူဖြူဇင်

အစီအစဉ်နှင့် ဆက်သွယ်ရေး အရာရှိ

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)

နောက်ဆုံးရ သတင်း

Recordings of the presentations are available to watch in English or in Thai. Click "See More" below the video for the link to the Thai version.

On 13 July, MCRB and Fair Finance Thailand co-hosted a webinar for Thai companies. Vicky Bowman, Director of MCRB, presented the human rights risks which companies currently need to take into account when doing business in Myanmar...

Launched in November 2022, the Myanmar Sustainable Business Network (MSBN) is a multistakeholder platform bringing together businesses and professionals committed to building a more sustainable economy in Myanmar through responsible business practices.

MSBN, a partnership between MCRB, United Nations Development Programme (UNDP) Myanmar and Yever, has submitted input to the consultations by the UN Global Digital Compact (UNGDC) highlighting digital rights priorities...

© 2024 Myanmar Centre for Responsible Business