ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ အရပ်ဖက်အဖွဲ့အစည်းများအား ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းဆိုင်ရာများကို သိရှိနားလည်နိုင်စေရန် အသိပညာပေးခြင်း - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ အရပ်ဖက်အဖွဲ့အစည်းများအား ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းဆိုင်ရာများကို သိရှိနားလည်နိုင်စေရန် အသိပညာပေးခြင်း

ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ အရပ်ဖက်အဖွဲ့အစည်းများအား ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းဆိုင်ရာများကို သိရှိနားလည်နိုင်စေရန် အသိပညာပေးခြင်း

တက်ရောက်လာသူများမှ နမူနာပေးထားသည့် ကုမ္ပဏီ လုပ်ဆောင်မှု  အခု (၃၀) အား CSR/CSV နှင့် သက်ဆိုင်သော ရွေးချယ်ပေးရသည့် ကစားနည်းတွင် ပါဝင်ခဲ့ကြသည်
တက်ရောက်လာသူများမှ နမူနာပေးထားသည့် ကုမ္ပဏီ လုပ်ဆောင်မှု အခု (၃၀) အား CSR/CSV နှင့် သက်ဆိုင်သော ရွေးချယ်ပေးရသည့် ကစားနည်းတွင် ပါဝင်ခဲ့ကြသည်

ဇွန်လတွင် အစပြုကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲ၏ နောက်ဆက်တွဲအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တောင်သူလယ်သမားဖွံ့ဖြိုးရေး အဖွဲ့အစည်း (ရှမ်း) နှင့် မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့်အတူ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထာက်အကူပြုဌာနတို့ ပူးပေါင်းပြီး အောက်တိုဘာ ၃ ရက်နှင့် ၄ ရက်နေ့များတွင် တောင်ကြီးမြို့၌ ကျင်းပပြုလုပ်ခဲ့သော ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် တောင်ပိုင်းရှိ ရပ်ရွာ အခြေပြုအဖွဲ့အစည်းများ (CBO) နှင့် အရပ်ဖက်လူမှု့အဖွဲ့အစည်းများ (CSO) မှ အယောက် ၄၀ ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်းအသင်းမှ အကြီးတန်း ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ ပညာရှင်များနှင့် အခြားသော ကျွမ်းကျင်ပညာရှင်များမှ တတိယအဖွဲ့အစည်း (သို့မဟုတ်) ပညာရှင်များ၏ ရှုထောင့်မှနေ၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လက်တွေ့ လုပ်ဆောင်ခြင်း၏ အတွေ့အကြုံများကို တင်ပြပေးခဲ့ကြပါသည် ။ ရွှေတောင်၊ Apache ဘိလပ်မြေမှလည်း ကုမ္ပဏီရှုထောင့်မှနေ၍ ၎င်းတို့၏ အတွေ့အကြုံများကို တင်ပြခဲ့ကြသလို ၎င်းတို့၏ EIA/EMP အစီရင်ခံစာနှင့် Biodiversity Action Plan မိတ္တူစာစောင်များကိုလည်း တက်ရောက်သူများလေ့လာနိုင်ရန်အတွက် ထားရှိပေးခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ECD (တောင်ကြီး) မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးမှ ရှမ်းပြည်နယ်၌ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်းစဉ်များအား ထိရောက်မှုရှိစွာ ကြီးကြပ်ရေးနှင့် စည်းကမ်းကြပ်မတ်ရေး ဖော်ဆောင်ရာတွင် လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးပေးခဲ့ပြီး စည်းကမ်းကြပ်မတ်မှု ပြုရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတွင် အရင်းအမြစ်များ အကန့်အသတ်ဖြင့်သာ ရှိကြောင်းလည်း  ထည့်သွင်းပြောဆိုခဲ့ပါသည်။ လက်ထောက်ညွှန်ကြားရေးမှုး ဆွေးနွေးတင်ပြခဲ့သည့် အကြောင်းအရာများတွင် တောင်ကြီးပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနထံသို့ တင်သွင်းလာ၍ ကိုင်တွယ်သုံးသပ်ရသည့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းများ၏ အရေအတွက်နှင့် အသေးစိတ်အချက်အလက်များ ပါဝင်ပါသည်။

ဘက်စုံဖွံ့ဖြိုးရေးအမှုဆောင်အဖွဲ့ (IDEA) ၏ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းမှလည်း အရပ်ဖက်အဖွဲ့အစည်းများ၏ အတွေ့အကြုံများပေါ် အခြေခံ၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ် ပိုမိုတိုးတက်ကောင်းမွန်စေရန် အကြံပြုချက်တချို့ကို ဖော်ပြပေးခဲ့ပါသည်။ ဤအလုပ်ရုံဆွေးနွေးပွဲ၏ ဒုတိယနေ့ အစီအစဉ်သို့ ရှမ်းပြည်နယ်လွှတ်တော်၏ သယံဇာတနှင့် လျှပ်စစ်ရေးရာ ကော်မတီဥက္ကဌဖြစ်သော လွှတ်တော်အမတ် ဦးခိုင်ညီညီကျော်မှလည်း တက်ရောက်ပေးခဲ့ပြီး၊ လွှတ်တော်ပိုင်းဆိုင်ရာ အမြင်များကိုလည်း မျှဝေပြောဆိုပေးခဲ့ပါသည်။

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန၏ ဒါရိုက်တာ ဗစ်ကီဗိုမန်မှ ကုမ္ပဏီများ၏ ဆိုးကျိုးသက်ရောက်မှုများကို ဖြေရှင်းရမည့် ဥပဒေဆိုင်ရာ တာဝန်၊ ဝတ္တရားများကြားနှင့် ၎င်းတာဝန်များကို ကျော်လွန်၍ ကုမ္ပဏီ၏ လူထုသဘောတူ ကြည်ဖြူခွင့်ပြုမှု၊ တစ်နည်းအားဖြင့် ဒေသခံပြည်သူများ၏ ထောက်ခံမှု အားကောင်းစေရန် ဆောင်ရွက်ခြင်းတို့ကြားတွင် ကွာခြားမှုများရှိကြောင်း ရှင်းလင်းဖော်ပြပေးခဲ့သည်။ ကုမ္ပဏီကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးသက်ရောက်မှုများကို ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း ဆောင်ရွက်ရာတွင် EIA ပညာရှင်များမှ သတ်မှတ်ဖော်ထုတ်၍ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်များမှ တဆင့် ထိခိုက်မှုလျော့ပါးစေရန်  (သို့) ရှောင်ရှားနိုင်ရန် လုပ်ဆောင်သင့်ပြီး လူထုသဘောတူ ကြည်ဖြူခွင့်ပြုမှု ရယူရန်အတွက်မူ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း၏ ပြင်ပ၌ သီးခြားကိုင်တွယ် လုပ်ဆောင်သင့်သည်။ ဤအကြောင်းအရာများကို ကုမ္ပဏီနှင့် ဒေသခံ ပြည်သူများကြား၊ အခြား ပတ်သက်ဆက်နွယ်သူများနှင့် အတူတကွ တိုင်ပင်ဆွေးနွေးသင့်ပါသည်။ နက်နဲရှုပ်ထွေးသော စီမံကိန်းများနှင့် ရေရှည်စီမံကိန်းများအတွက်မူ ဒေသဖွံ့ဖြိုးရေး သဘောတူစာချုပ် (CDA) ၏ တစိတ်တပိုင်းအဖြစ် ဤအကြောင်းအရာများ ပါဝင်နိုင်သလို တိုင်ပင်ဆွေးနွေးခြင်းနှင့် မကျေနပ်မှုများ ကိုင်တွယ်ဖြေရှင်းခြင်းတို့ကိုလည်း ထည့်သွင်းနိုင်ပါသည်။   

အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများမှ ကုမ္ပဏီ လုပ်ဆောင်မှုများ အဖြစ် ဥပမာပေးဖော်ပြထားသည့် လုပ်ဆောင်မှု အခုပေါင်း (၃၀)အား ဖော်ပြပါ (၁) ဥပဒေအရ လိုက်နာခြင်း (၂) ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အရေး နှင့် အကျိုးစီးပွား ဝေမျှခြင်း (၃) ပရဟိတအဖြစ် လုပ်ဆောင်ခြင်းနှင့် (၄) လာဘ်ပေး လာဘ်ယူခြင်း (သို့) ဈေးကွက်အတွက်အသုံးချခြင်း ဟူ၍ သတ်မှတ်ထားသည့် အမျိုးအစား လေးခုမှ တစ်ခု ရွေးချယ်သတ်မှတ်ရသည့် အပြန်အလှန် တုံ့ပြန်ကစားနည်း အစီအစဉ်တွင် ပါဝင်ဖြေဆိုပေးခဲ့ကြသည်။ အမျိုးအစား နံပါတ် ၂၊ ၃ နှင့် ၄တို့ ကြားတွင်ရှိသည့် ကွာခြားမှုသည် တခါတရံတွင် ကုမ္ပဏီ၏ အခြေအနေနှင့် ချဉ်းကပ်မှုပေါ် မူတည်နေကြောင်း မှတ်သားခဲ့ကြသည်။

မြန်မာစီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန၏ တွင်းထွက်သယံဇာတစီမံကိန်း တာဝန်ခံ ဦးအောင်ကျော်စိုးမှ မကျေနပ်မှုများကို တိုင်ကြားခြင်းနှင့် ဖြေရှင်းပေးခြင်းနှင့် စပ်လျဉ်းသည့် ကမ္ဘာ့ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့် အရေးများဆိုင်ရာ လမ်းညွှန်အခြေခံမူများအရ ကောင်းမွန်သည့် အလေ့အထများကို ပြောကြားပေးခဲ့သည်။ ဆက်လက်၍ မန်းရေနံမြေတွင် MPRL E&P၏ ရေနံထုတ်လုပ်သည့် လုပ်ကွက်များ၌ နစ်နာမှုများ၊ မကျေနပ်မှုများကို တိုင်ကြားသည့် စနစ်တွင် ဒေသတွင်း စေတနာ့ဝန်ထမ်းများမှ ပါဝင်လုပ်ဆောင်နေခြင်းနှင့် ပတ်သက်၍ MPRL E&P မှ ရိုက်ကူးထားသော ဗီဒီယိုကို ပြသပေးခဲ့ပါသည်။  

ပွဲတက်ရောက်ခဲ့ကြသူများ၏ မဲပေးထားသော အဖြေများအရ (၁၄%မှာ EIA ကို ဖတ်ဖူးပြီး၊ ၇၇% မှာ မဖတ်ဖူးပါ၊ ၉% မှာ မသေချာဟု ဖြေကြားခဲ့) ၄၆%မှာ ၂၀၁၅ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်းစဉ်ကို လက်ရှိအကောင်အထည်ဖော် လုပ်ဆောင်နေသည်ထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သင့်သည်ဟု ယူဆကြောင်း သိသာထင်ရှားစွာ ဖော်ပြခဲ့ကြပါသည်။ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်းစဉ်ကို ထိရောက်မှုရှိရှိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းအား ဟန့်တားနေသည့် အရာမှာ ဒေသခံလူထုနှင့် တွေ့ဆုံဆွေးနွေး၍ အကြံဥာဏ် ရယူမှုအားနည်းနေခြင်း ဖြစ်သည်ဟု ၄၃% ရှိသော ပရိသတ်က မဲပေးဖော်ပြခဲ့ပါသည်။ ၃၄% ကမှု စည်းကမ်းကျင့်ဝတ်များနှင့် ဥပဒေကိုလေးစား လိုက်နာမှု အားနည်းနေခြင်း ဖြစ်သည်ဟု ဖော်ပြခဲ့ကြပါသည်။ အဆိုပြုစီမံကိန်းနှင့် ပတ်သက်၍ လုံလောက်သော သတင်းအချက်အလက်မရရှိခြင်းကြောင့်ဟု အခြားသော ၄၆%သော ပရိသတ်မှ မဲပေးခဲ့ကြပါသည်။ ပြည်သူလူထုမှ နစ်နာချက်များကို ဖော်ထုတ်တိုင်ကြားနိုင်ရန် အဓိကအကျဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းကို မေးမြန်းသည့်အခါ ဒေသခံစေတနာ့ ဝန်ထမ်းများမှတဆင့် ကုမ္ပဏီသို့ တိုက်ရိုက်တိုင်ကြားခြင်း နည်းလမ်းကို ၄၆%မှ ရွေးချယ် မဲပေးခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသောသူများမှာ EIA နှင့် ပတ်သက်သည့် နည်းဥပဒေများနှင့် ကြပ်မတ်ဆောင်ရွက်မှုများ၊ ထိရောက်မှုရှိစွာ အများပြည်သူမှ မည်သို့ ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ကြောင်းနှင့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ အစီရင်ခံစာမူကြမ်းများကို မည်သို့ခွဲခြမ်းစိတ်ဖြာရမည် ဖြစ်ကြောင်း အစရှိသည်တို့နှင့် ပတ်သက်၍ သင်တန်းပို့ချပေးမှုများအား တက်ရောက်လေ့လာရန် စိတ်ဝင်စားကြပါသည်။

တောင်ကြီးအလုပ်ရုံဆွေးနွေးပွဲ ပြီးသည့်နောက် ဆက်လက်၍ အောက်တိုဘာ ၈ရက်၊ ၉ရက်တွင် ကျိုင်းတုံမြို၌ ကျင်းပသော  “တာဝန်ယူမှုရှိသော စီးပွားရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (EIA)၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် CSO၊ CBO များနှင့် ၈ မြို့နယ် ကိုယ်စားပြုများဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၏ နိုင်ငံရေးပါတီများ ဖြစ်သော အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် NLD၊ လားဟူအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ LNDP၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊  လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ ANDP များအား သင်တန်းပို့ချခဲ့ပေးပါသည်။ နောက်ဆက်တွဲအနေဖြင့် ဤသို့သော အသိပညာပေး ပို့ချပေးမှုများကို မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနမှ ကယားပြည်နယ်တွင် လုပ်ဆောင်ပေးရန် ရည်ရွယ်ထားပါသည်။

MCRB Presents on Child Labour Issues at the Launch of Report on the Myanmar Fishing Sector
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
MCRB Presents on Child Labour Issues at the Launch of Report on the Myanmar Fishing Sector
The EU Should Calibrate Trade Policy on Myanmar Based on an Overall Analysis of Human Rights Impact
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
The EU Should Calibrate Trade Policy on Myanmar Based on an Overall Analysis of Human Rights Impact
/div>
/div>
© 2024 Myanmar Centre for Responsible Business