ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများအတွက် ထိရောက်သော ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက် လုပ်ငန်းစဉ် တည်ဆောက်ခြင်း - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများအတွက် ထိရောက်သော ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက် လုပ်ငန်းစဉ် တည်ဆောက်ခြင်း

ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများအတွက် ထိရောက်သော ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက် လုပ်ငန်းစဉ် တည်ဆောက်ခြင်း

တက်ရောက်သုများက ပါဝင်သည့်အကြောင်းအရာများ၊ အပြန်အလှန်ဆက်သွယ်ခြင်းနှင့် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက် တင်ပြခြင်းနှင့် ခွင့်ပြုချက်ရရှိခြင်းတို့နှင့် စပ်လျဉ်းသည့် အချိန်အတိုင်းအတာတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။
တက်ရောက်သုများက ပါဝင်သည့်အကြောင်းအရာများ၊ အပြန်အလှန်ဆက်သွယ်ခြင်းနှင့် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက် တင်ပြခြင်းနှင့် ခွင့်ပြုချက်ရရှိခြင်းတို့နှင့် စပ်လျဉ်းသည့် အချိန်အတိုင်းအတာတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) မှ ဦးဆောင်ပြီး ဇွန်လ ၁၁ ရက်နေ့ က နေ့ပြည်တော်တွင် ကျင်းပသောအစည်းအဝေး တွင် အစိုးရနှင့်အတူ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကုမွှဏီများ အတူတကွလက်တွဲပြီး ၂၀၁၆-၂၀၁၇ ကာလ၏ ရေနံတွင်းတူးခြင်း လုပ်ငန်းများအပါအဝင် ရှေ့ဆက်လုပ်ငန်းစဉ်များနှင့် ကနဦး ပတ်ဝန်းကျင် လေ့လာဆန်းစစ်ချက် / ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက် လုပ်ငန်းစဉ်တို့မှ မှရရှိသော သင်ခန်းစာများကို ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများ အတွက်  ၂၀၁၄ သြဂုတ်လက ကျင်းပသောနယ်ပယ်ပေါင်းစုံမှ အကျိုးစီးပွား ပါဝင်ပတ်သက်သူများ အစည်းအဝေး၏ နောက်ဆက်တွဲအနေဖြင့် ကျင်းပသော အစည်းအဝေးဖြစ်ပြီး ကနဦး ပတ်ဝန်းကျင် လေ့လာဆန်းစစ်ချက်  / ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက်  တို့မှ ရ၇ှိသည့် သင်ခန်းစာများ  ပြန်လည်မျှဝေခြင်း ဖြစ်သည်။ ရေနံနှင့်သဘာဝဓတ်ငွေ့လုပ်ငန်းသဘောအရ ကမ်းလွန်လုပ်ကွက်များကိုရင်းနှီးမြှုပ်နှံရာတွင် သိသာစွာပြင်ဆင်ရသည်ဖြစ်ရာ ဒ်ါလာသန်းနှင့် ချီသောရင်းနှီးမြှုပ်နှံမှု များ မစတိုင်မီကတည်းက ပင် မြန်မာနိုင်ငံ ၏ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက်  ဆိုင်ရာလိုအပ်ချက်များကို ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီများက လိုက်နာရန် လေးလေးနက်နက် ကတိပြုပြီး ဖြစ်သည်။

အစည်းအ၀းကို ရေနံနှင့် သဘာဝဓတ်ငွေ့ဆိုင်ရာ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက် ကို လက်ခံအတည်ပြုရာတွင် ပါဝင်သည့် သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန မှ တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံတွင် လက်ရှိရင်းနှီးမြှုပ်နှံလျှက်ရှိသော Woodside, Shell/ BG, Statoil, MPRL, Ophir, ENI, TOTAL, Petronas Carigali, PTTEP, Berlanga Holdings/CAOG, POSCO-Daewoo, Canadian Foresight Groupနှင့် Pacific Hunt) တို့မှ အကြီးတန်းတာဝန်ရှိသူ၁၄ ဦးခန့် အပါအဝင် လူဦးရေ ၅၀ခန့် တက်ရောက်ခဲ့ကြ သည်။

ထို့အတူ မြန်မာနိင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့MATA၊ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက် လုပ်ငန်းစဉ်အတွက် သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို အထောက်အပံ့ပြုနေသည့် အာရှဖွံ့ဖြိုးရေးဘဏ်၊ ရေနံနှင့်သဘာဝဓတ်ငွေ့လုပ်ငန်းအတွက် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက် လုပ်ငန်းစဉ် လမ်းညွှန်ချက်များကို သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် အတူပူးပေါင်းရေးဆွဲနေသည့် Norwegian Environment Agency (NEA)နှင့် အမျိုးသားလွတ်တော် သတ္တုသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီတို့မှလည်း တက်ရောက်ခဲ့ပါသည်။

တက်ရောက်သုများက ပါဝင်သည့်အကြောင်းအရာများ၊ အပြန်အလှန်ဆက်သွယ်ခြင်းနှင့် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက် တင်ပြခြင်းနှင့် ခွင့်ပြုချက်ရရှိခြင်းတို့နှင့် စပ်လျဉ်းသည့် အချိန်အတိုင်းအတာတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

Agenda and Concept Note
Document PDF, 409.77 KB, 559 downloads, ဇူလိုင် 17, 2016

အစည်းအဝေးမှတ်တမ်းအပြည့်အစုံကို မကြာမီထုတ်ဝေမည်ဖြစ်ပါသည်။

Article on MCRB in the Journal of Business and Human Rights
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
Article on MCRB in the Journal of Business and Human Rights
Cleaning Up Corruption in Myanmar
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
Cleaning Up Corruption in Myanmar

Latest O&G News

© 2024 Myanmar Centre for Responsible Business