မြန်မာ့စီးပွားရေးလုပ်ငန်းများအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပထမဆုံးအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ MCRB ပြုလုပ် - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » မြန်မာ့စီးပွားရေးလုပ်ငန်းများအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပထမဆုံးအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ MCRB ပြုလုပ်

မြန်မာ့စီးပွားရေးလုပ်ငန်းများအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပထမဆုံးအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ MCRB ပြုလုပ်

The free workshop was open to all Myanmar businesses interested in improving their anti-corruption programmes.
The free workshop was open to all Myanmar businesses interested in improving their anti-corruption programmes.

  မြန်မာ့စီးပွားရေးလုပ်ငန်းများအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ နေ့တစ်ဝက် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့တွင်ကျင်းပခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်အခြေစိုက် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာကွန်ရက်တစ်ခုဖြစ်သည် Spectrum အဖွဲ့နှင့် ပူးတွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူ့အခွင့် အရေးနယ်ပယ်များတွင် စီးပွားရေးလုပ်ငန်းစွမ်းရည်များတည်ဆောက်ရန်နှင့် မြန်မာ့စီးပွားရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုမြှင့်တင်ရေးအတွက် ပြုလုပ်သည့် ပွင့်သစ်စ စီမံချက် (TiME) အစီရင်ခံစာ၏ နောက်ဆက်တွဲ အလုပ်ရုံဆွေးနွေးပွဲများအနက်မှ ပထမဆုံးဆွေးနွေးပွဲအဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။

မိမိတို့၏ ဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းအစီအစဉ်များတိုးတက်အောင်ဆောင်ရွက်ရန် စိတ်ပါဝင်စားသည့် မြန်မာ့စီးပွားရေးလုပ်ငန်းများအားလုံးအတွက် အခမဲ့တက်ရောက် ခွင့်ပြုသည့် ယင်းအလုပ်ရုံဆွေးနွေးပွဲသည် ထိပ်ပိုင်း သို့မဟုတ် အလတ်အလတ်အဆင့် စီမံခန့်ခွဲမှု အထူးသဖြင့် လူ့စွမ်းအားအရင်းအမြစ်၊ တိုင်ကြားမှုကိုင်တွယ်ရေး၊ ဘဏ္ဍာရေး သို့မဟုတ် ကော်ပိုရိတ်ဆက်ဆံရေးများတွင် လုပ်ကိုင်နေသူများအတွက် ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးလုပ်ငန်းများမှ ၅၈ ဦးတက်ရောက်ခဲ့ပြီး အချို့မှာ ပွင့်သစ်စ စီမံချက်(TiME) အစီရင်ခံစာတွင်ပါဝင်ကြသည့် ကုမ္ပဏီများမှ ဖြစ်ကြသည်။

ဦးဆောင်ဆွေးနွေးကြသူများမှာ မြန်မာ့စီးပွားရေးလုပ်ငန်း တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ဒါရိုက်တာ ဗစ်ကီ ဘိုမန်၊ Spectrum ဒါရိုက်တာ ဒေးဗစ် အယ်လန်၊ SMART Services Pte Ltd မန်နေးဂျင်းဒါရိုက်တာ ဒေါ်ရတနာစုလှိုင်တို့ဖြစ်ကြသည်။ ၄င်းတို့၏ ဆွေးနွေးတင်ပြမှုများမှ အဓိကကျသော အချက်များကို ကောက်နုတ်တင်ပြရလျှင်

  • ပွင့်သစ်စ (TiME) စီမံချက်၊ အဂတိလိုက်စားမှုနှင့် UN Global Compact Principle 10
  • မြန်မာနိုင်ငံရှိ အဂတိလိုက်စားမှုအနေအထားများနှင့် အာဆီယံနိုင်ငံများရှိ အနေအထားများ
  • အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာ တစ်ရပ်ကို အကောင်အထည်ဖော်ရာတွင်တွေ့ကြုံရသည့် SMART ၏ အတွေ့အကြုံများ
  • အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အကောင်းဆုံးအလေ့အထများ (Transparency International ၏ စီးပွားရေးလုပ်ငန်းဆိုင်ရာ အလေ့အထများကို မိတ်ဆက်ခြင်း)။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အားထုတ်လုပ်ဆောင်မှုများ၊ ကျင့်ဝတ်များနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းအစီိအစဉ်များ၊ လေ့ကျင့်သင်တန်းပေးခြင်း အစီအစဉ်များ၊ လက်ဆောင်များ၊ ဧည့်ခံခြင်းနှင့် အသုံးစရိတ်များ၊ လုပ်ငန်းချောမွေ့စေရန်ငွေပေးခြင်းများ၊ ဖော်ထုတ်ခြင်းများ၊ နိုင်ငံရေးအရထည့်ဝင် ခြင်းများစသည့် အကြောင်းများလည်း ဆွေးနွေးမှုတွင်ပါဝင်ခဲ့သည်။

 

  ဆွေးနွေးတင်ပြမှုများကို အောက်တွင် ရယူနိုင်ပါသည်။ အဂတိလိုက်စားမှုနှင့် ထိရောက်စွာလျှော့ချရေးမဟာ ဗျူဟာများနှင့်ပက်သက်သော မိမိတို့၏အမြင်များနှင့် အတွေ့အကြုံများကို တက်ရောက်လာကြသူများက ပါဝင်ဆွေးနွေးခဲ့ကြသည်။

လူ့အခွင့်အရေးဆိုင်ရာမူဝါဒများ၊ အစီရင်ခံတင်ပြခြင်းနှင့် နစ်နာကြေးပေးခြင်းလုပ်ငန်းစဉ်များ နှင့်ပက်သက်သော နောက်ထပ်အလုပ်ရုံဆွေးနွေးပွဲများကို အောက်တို ဘာနှင့် နိုဝင်ဘာလများတွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယှုမှုရှိရေး အထောက်အကူပြုဌာန (MCRB) က ကျင်းပသွားဦးမည်ဖြစ်သည်။ တက်ရောက်လိုသော မြန်မာ့စီးပွားရေးလုပ်ငန်းများသည် MCRB ကို ဆက်သွယ်နိုင်ပါသည်။

Workshop on Developing a Human Rights Policy for your Company
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
Workshop on Developing a Human Rights Policy for your Company
Scoping the Sector-Wide Impacts of Information and Communication Technology (ICT)
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
Scoping the Sector-Wide Impacts of Information and Communication Technology (ICT)
Un-subscribe

If you want to stop receiving newsletters write here the Removal Code shown in newsletter you reveived by us and click Un-subscribe.

Invalid e-mail address
 
Please wait...
© 2024 Myanmar Centre for Responsible Business