တိုးတက်ပြောင်းလဲနေသည့် ဖွင့်လှစ်ဖော်ပြချက် လိုအပ်ချက်များကို လိုက်မီအောင် ကြိုးပမ်းအားထုတ်ရန် မြန်မာကုမ္ပဏီများ လိုအပ်နေသေး - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » တိုးတက်ပြောင်းလဲနေသည့် ဖွင့်လှစ်ဖော်ပြချက် လိုအပ်ချက်များကို လိုက်မီအောင် ကြိုးပမ်းအားထုတ်ရန် မြန်မာကုမ္ပဏီများ လိုအပ်နေသေး

တိုးတက်ပြောင်းလဲနေသည့် ဖွင့်လှစ်ဖော်ပြချက် လိုအပ်ချက်များကို လိုက်မီအောင် ကြိုးပမ်းအားထုတ်ရန် မြန်မာကုမ္ပဏီများ လိုအပ်နေသေး

The aim of the report is to encourage increased transparency by Myanmar businesses.
The aim of the report is to encourage increased transparency by Myanmar businesses.

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB) သည် ၎င်း၏ မြန်မာ ကုမ္ပဏီဝဘ်ဆိုဒ်များ၏ ပွင့်လင်းမြင်သာမှုကို လေ့လာသည့် ပွင့်သစ်စစီမံချက် တတိယအကြိမ် အစီရင်ခံစာကို ယနေ့ ထုတ်ပြန်လိုက်ပါသည်။ ၂၀၁၆ အစီရင်ခံစာအရ ၂၀၁၅ တွင် အကောင်းဆုံး လုပ်ဆောင်ပြခဲ့နိုင်သော ထ

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB) သည် ၎င်း၏ မြန်မာ ကုမ္ပဏီဝဘ်ဆိုဒ်များ၏ ပွင့်လင်းမြင်သာမှုကို လေ့လာသည့် ပွင့်သစ်စစီမံချက် တတိယအကြိမ် အစီရင်ခံစာကို ယနေ့ ထုတ်ပြန်လိုက်ပါသည်။ ၂၀၁၆ အစီရင်ခံစာအရ ၂၀၁၅ တွင် အကောင်းဆုံး လုပ်ဆောင်ပြခဲ့နိုင်သော ထိပ်တန်းကုမ္ပဏီများသည် ၂၀၁၆ တွင်လည်း ပွင့်လင်းမြင်သာမှု အရှိဆုံး ကုမ္ပဏီများအဖြစ် ဆက်လက်ရပ်တည်နေနိုင်ခဲ့ပါသည်။ ထိုကုမ္ပဏီများ အားလုံးသည် အများပြည်သူ လူထုရရှိနိုင်သော သတင်းအချက်အလက်ပမာဏအား ထပ်မံတိုးချဲ့တင်ပြခဲ့ပါသည်။

2016 Pwint Thit Sa Report (English)
Document PDF, 4588 downloads, စက်တင်ဘာ 16, 2016
2016 Pwint Thit Sa Report (Myanmar)
Document PDF, 1498 downloads, စက်တင်ဘာ 16, 2016

ပွင့်လင်းမြင်သာမှု အရှိဆုံး မြန်မာကုမ္ပဏီကြီးမှာ First Myanmar Investment (FMI) ဖြစ်ပြီး (၎င်းသည် ၂၀၁၅ တွင် လေ့လာဆန်းစစ်ခြင်းမပြုလုပ်ခဲ့ပေ။ ယခုနှစ်တွင်တော့ SPA မှ ခွဲထုက်ကာ အမှတ်ပေးခြင်း ခံခဲ့ပါသည်။) ဒုတိယနေရာတွင် (၂၀၁၅ တွင် ပထမနေရာ ရရှိခဲ့သည့်) Serge Pun Associates (SPA) ရှိပြီး (၂၀၁၅ တွင် ဒုတိယနေရာ ရရှိခဲ့သည့်) မက်(စ်) မြန်မာက တတိယနေရာ ရ ရှိခဲ့သည်။ ထိပ်တန်းကုမ္ပဏီများအကြား ဖွင့်လှစ်ဖော်ပြခဲ့သည့် အသစ်ဖြစ်သော ကဏ္ဍများမှာ ဘဏ္ဍာ ရေးအချက်အလက်များ၊ နစ်နာမှုကုစားရေး ယန္တရားများ နှင့် သဘာဝပတ်ဝန်းကျင် နှင့် လူမှုဘဝ သက်ရောက်မှု လေ့လာဆန်းစစ်ချက်များ ထုတ်ပြန်ခြင်းတို့ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့သော ကုမ္ပဏီပေါင်း ၁၀၀ တွင် ကုမ္ပဏီ ၃၄ ခုမှာ လက်ရှိအချိန်ထိ ဝဘ်ဆိုဒ်မရှိပေ။ ကုမ္ပဏီပေါင်း ၁၀၀ ထဲမှ ကုမ္ပဏီ ၄၅ ခုတွင် ကောင်းမွန်စွာ လည် ပတ်နေသော ဝဘ်ဆိုဒ် မရှိသည့် ကုမ္ပဏီများ ပါဝင်သလို အချို့ကလည်း စီးပွားရေး စီမံအုပ်ချုပ်မှုပိုင်း ဆိုင်ရာ အချက်အလက်အနည်းငယ်သော်လည်းကောင်း၊ လုံးဝမပါရှိသော ဝဘ်ဆိုဒ်မျိုးသာရှိကြသည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ ဒါရိုက်တာ ဗစ်ကီဘိုမန် က - “ ဒီနှစ် ရလဒ်ဇယားမှာ ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်နေတဲ့အတွက် SPA ရဲ့ အခွဲဖြစ်တဲ့ FMI နဲ့ SPA ကိုဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။ ထိပ်ဆုံးနေရာရဖို့ အပြင်းအထန်ပြိုင်ဆိုင် ကြိုးစားအားထုတ်ကြရပြီး ပွင့်လင်းမြင်သာမှုကို အကောင်းဆုံးလုပ်ဆောင်ပြသနိုင်ခဲ့တဲ့ ကုမ္ပဏီတွေ ကလည်း သတင်းအချက်အလက်တွေ ဖွင့်လှစ်ချပြဖော်ထုတ်တဲ့အခါမှာ ဒီနှစ်မှာပိုကောင်းတဲ့ ထပ်တိုး ဖွင့်လှစ်ဖော်ပြမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ ” ဟုပြောသည်။

ရလဒ်ဇယား၏ အောက်ခြေမှ တိုးတက်မှုမရှိသည့် လုပ်ငန်းများအပေါ် ဗစ်ကီဘိုမန် ၏ မှတ်ချက်မှာ - “ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့စီးပွားရေးကဏ္ဍမှာ ပါဝင်လှုပ်ရှားနေတဲ့ အဓိကကျတဲ့ လုပ်ငန်းစုအချို့က ဒီ ဖွင့်လှစ်ဖော်ပြချက်လုပ်ရမယ် ကိစ္စရပ်အပေါ်မှာ စိတ်ပါဝင်စားမှု မပြသလို့ စိတ်ပျက်မိပါတယ်။ ဖွင့်လှစ်ဖော်ပြချက်ဆိုတာတွေက မြန်မာနိုင်ငံ တရားဥပဒေအရ တဖြည်းဖြည်း လိုအပ်ချက်တစ်ခုလို ဖြစ်လာနေပါပြီ ။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု လေ့လာဆန်းစစ်ချက်တွေ ပြု လုပ်ရာမှာ ပိုမိုအရေးပါလာပါတယ်။ ကုမ္ပဏီများ အက်ဥပဒေမူကြမ်းအရ ကုမ္ပဏီတွေ အားလုံးက အစီရင်ခံစာပေးပို့ရာမှာ ဒါရိုက်တာရဲ့ အစီရင်ခံစာလည်း လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီအစီရင် ခံစာမှာ ဖြစ်ပေါ်နိုင်တဲ့ ဘေးအန္တရာယ်တွေနဲ့ မသေချာမရေရာမှုတွေ အပေါ် အစီရင်ခံချက်တို့လည်း ပါဝင်ရမှာ ဖြစ်ပါတယ် ။” ဟုဖြစ်သည်။ ယခုနှစ် အစီရင်ခံစာထဲတွင် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းသွင်းထားပြီးသော သို့မဟုတ် စာ ရင်းသွင်းရန် အစီအစဉ်ရှိသော ကုမ္ပဏီများလည်း ပါဝင်ပေသည်။ လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း သို့ဝင်ရောက်ရန်အတွက် လိုအပ်သည့် ဖွင့်လှစ်ဖော်ပြချက်များကို လေ့လာစိစစ်ခဲ့ပြီး အကြံပြုချက်များ လည်း ပြုလုပ်ခဲ့ပါသည်။ နောက်ခံသမိုင်း

၁။       မြန်မာ့ကုမ္ပဏီ ၀ဘ်ဆိုဒ်များ၏ ပွင့်လင်းမြင်သာမှုကို လေ့လာသည့် ပွင့်သစ်စ စီမံချက် (TiME)/ Pwint Thit Sa သည် မြန်မာကုမ္ပဏီကြီး အခု ၁၀၀ ၏ ဝဘ်ဆိုဒ်များကို နှိုင်းယှဉ်လေ့လာပြီး ၎င်းတို့၏ စီမံအုပ်ချုပ်မှုပိုင်း နှင့် စီးပွားရေးလုပ်ငန်း အလေ့အကျင့်များ အထူးသဖြင့် အဂတိလိုက်စား မှု တိုက်ဖျက်ရေး၊ အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ လူ့အခွင့်အရေး၊ ကျန်းမာရေး၊ လုံခြုံစိတ်ချရမှု နှင့် သဘာဝ ပတ်ဝန်းကျင် (HSE) နှင့် ပတ်သက်၍ ပြောဆိုချက်များအပေါ် ကြည့်၍ အမှတ်ပေးခြင်း ပြုလုပ်ပါသည်။ သို့သော် အစီရင်ခံစာသည် ကုမ္ပဏီများ ထုတ်ပြန်သည့် သတင်းအချက်အလက်များ အပေါ်တွင် မူတည်၍ အမှတ်ပေးခြင်းဖြစ်သးည်။ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ချက်များအား လေ့လာဆန်းစစ်ခြင်းမဟုတ်ပေ။ အစီရင်ခံစာ၏ ရည်ရွယ်ချက်မှာ မြန်မာစီးပွားရေးလုပ်ငန်းများအား ပွင့်လင်းမြင်သာမှုပိုမို ရှိလာစေရန်အတွက် တိုက်တွန်း အားပေးရန် ဖြစ်သည်။

၂။       သုတေသနပြုလုပ်ရန် ရွေးချယ်သည့် ကုမ္ပဏီများသည် ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ချက် အရ ၂၀၁၄/၂၀၁၅ ဘဏ္ဍရေးနှစ် အခွန်ထမ်းဆောင်သူများ ထိပ်တန်း ၁၀၀၀ နှင့် ဝင်ငွေခွန် ထမ်းဆောင်သူများ ထိပ်တန်း ၁၀၀၀ စာရင်း မှ ထုတ်ယူထားသော ကုမ္ပဏီများ သာမက အခြား သိသာထင်ရှားသော ကုမ္ပဏီများ နှင့် ကဏ္ဍအလိုက် ဦးဆောင်နေသည့် သူများလည်း ပါဝင်ပေသည်။ ထို ပါဝင်သည့် ကုမ္ပဏီများ စာရင်းကို MCRB ၏ ဝဘ်ဆိုဒ်ပေါ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။ ၃။       ကုမ္ပဏီ ၏ ဝဘ်ဆိုဒ်များပေါ်တွင် ရှာဖွေခြင်းခံရသော မေးခွန်း ၃၅ ခု (ကိစ္စရပ်များ) အား အစီရင်ခံစာ ၏ နောက်ဆက်တွဲတွင် လေ့လာဖတ်ရှုနိုင်ပါသည်။ ထိုအပိုင်းတွင် ရွေးချယ်ထားသော ကုမ္ပဏီများ၏ အချို့ သော အစိတ်အပိုင်းများအပေါ် ဝေဖန်ဆန်းစစ် အကဲဖြတ်တတ်သော မီဒီယာများနှင့် အရပ်ဘက်လူမူအဖွဲ့ အစည်းများ၏ သတင်းပေးပို့ချက်များ လည်းပါဝင်ပေသည်။

၎။       ယခု လေ့လာမှုသည် နိုင်ငံတကာပွင့်လင်းမြင်သာမှု (Transparency International) ၏ စီးပွားရေးကော်ပိုရိတ်လုပ်ငန်းများ ၏ ပွင့်လင်းမြင်သာမှု အစီရင်ခံခြင်း လေ့လာမှု ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ (copyright Transparency International. All Rights Reserved). ယခု လို ကနဦးခြေလှမ်းတွင် ကုမ္ပဏီများ ၏ အဂတိလိုက်စားမှု တိုက်ဖျက်မှု နှင့် ပတ်သက်သည့် အစီရင်ခံခြင်း အလေ့အကျင့်များ အား လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့သည်။ ထို အစီရင်ခံခြင်း အလေ့အထတွင် ၎င်းတို့အနေဖြင့် ကုမ္ပဏီပိုင်ဆိုင်မှုများ ဖြစ်သည့် ကုမ္ပဏီ၏အခွဲများ နှင့် ဖက်စပ်လုပ်ငန်းများ အား မည်သို့ စီမံခန့်ခွဲသည် များ နှင့် ၎င်းတို့ လုပ်ကိုင်နေသည့် နိုင်ငံနှင့် ပတ်သက်သည့် သတင်းအချက်အလက်မည်မျှအား ဖော်ပြသည် တို့ ပါဝင်ပါသည်။ နောက်ဆုံး ထွက်ရှိထားသည့် နိုင်ငံတကာပွင့်လင်းမြင်သာမှု အစီရင်ခံစာ သည် ၂၀၁၄ နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့ပါသည်။ ထပ်မံသိရှိလိုပါက ဤတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ www.transparency.org.

၅။       ယခုလေ့လာဆန်းစစ်မှု ပြုလုပ်ရန် မတ်လတွင် ကုမ္ပဏီများအား အကြောင်းကြားခဲ့ပြီး ၎င်းတို့ ၏ ဝဘ်ဆိုဒ်များ အပေါ်တွင် ပြုလုပ်ခဲ့သော အကြမ်းဖျင်း ရှာဖွေတွေ့ရှိချက်များအား မေလတွင် ပေးပို့ခဲ့သည်။ ကုမ္ပဏီများ အနေဖြင့် ထပ်မံဖြည့်စွက်လိုသည်များ ရှိ၍သော်လည်းကောင်း ၎င်းတို့၏ ဝဘ်ဆိုဒ်တွင် သတင်းအချက်အလက်ထပ်မံဖြည့်စွက်လို ပါကလည်းကောင်း ပြုလုပ်ရန် ဖိတ်ခေါ်ခဲ့သည်။ ၂၀၁၆ ဇူလိုင်လ ၃၁ ရက်နေ့အထိ ထုတ်ပြန်ခဲ့သော သတင်းအချက်အလက်များအား ထည့်သွင်းစဉ်းစားခြင်း ပြုလုပ်ခဲ့သည်။ ၆။       ၂၀၁၄ နှင့် ၂၀၁၅ လေ့လာဆန်းစစ်ချက်များအား

www.myanmar-responsiblebusiness.org/pwint-thit-sa/2014.html နှင့် https://www.myanmar-responsiblebusiness.org/pwint-thit-sa/2015.html တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။

၇။       မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး  အထောက်အကူပြုဌာန (MCRB) ကို ယူကေအခြေစိုက် Institute for Human Rights and Business (IHRB) နှင့် ဒိန်းမတ်နိုင်ငံအခြေစိုက် Danish Institute for Human Rights (DIHR) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယူကေ ၊ ဒိန်းမတ် ၊ နော်ဝေး ၊ ဆွဇ်ဇာလန် ၊ နယ်သာလန် နှင့် အိုင်ယာလန်တို့၏ အထောက်အပံ့ဖြင့် ဖွဲ့စည်းကာ ရန်ကုန်မြို့တွင် အခြေစိုက်ဖွင့်လှစ်ထားပါသည်။ ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဒေသတွင်းလိုအပ်ချက် နှင့် နိုင်ငံတကာစံချိန်စံညွှန်းများ နှင့် အညီ မြန်မာနိုင်ငံတွင်း တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း နှင့် သက်ဆိုင်သည့် အသိပညာ ၊ စွမ်းရည် နှင့် စကားဝိုင်းများ ဖန်တီးရန် အတွက် ထိရောက် ပြီး တရားဝင်ဖြစ်သော လမ်းကြောင်း (Platform) တစ်ခု အဖြစ် အထောက်အကူ ဖြစ်စေရန် ဖြစ်သည်။ သို့မှသာလျှင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အလေ့အကျင့်များ ပိုမို ဖြစ်ပေါ်လာမည် ဖြစ်သည်။ MCRB သည် စီးပွားရေးလုပ်ငန်းများ ၊ အရပ်ဘက်လူ့အဖွဲ့အစည်း နှင့် အစိုးရ တို့နှင့် အတူတကွလုပ်ဆောင်နေသည့် ဘက်မလိုက်သည့် လမ်းကြောင်းပေါ် တွင် ရပ်တည်ပါသည်။  (www.mcrb.org.mm)

Transparency to Rule in post-Sanctions Burma: Business Watchdog
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
Transparency to Rule in post-Sanctions Burma: Business Watchdog
MCRB Encourages the US Government to Maintain Reporting Requirements for US Companies
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
MCRB Encourages the US Government to Maintain Reporting Requirements for US Companies
© 2024 Myanmar Centre for Responsible Business