မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေကြသော နိုင်ငံခြား ကုမ္ပဏီများ စီးပွားရေးလုပ်ငန်းများ၏ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုများကို အမှတ်ပေးသည့် ကမ္ဘာလုံးဆိုင်ရာ စံနမူနာ (Benchmark) သစ်တွင် ရမှတ် မြင့်မားစွာရရှိ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေကြသော နိုင်ငံခြား ကုမ္ပဏီများ စီးပွားရေးလုပ်ငန်းများ၏ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုများကို အမှတ်ပေးသည့် ကမ္ဘာလုံးဆိုင်ရာ စံနမူနာ (Benchmark) သစ်တွင် ရမှတ် မြင့်မားစွာရရှိ

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေကြသော နိုင်ငံခြား ကုမ္ပဏီများ စီးပွားရေးလုပ်ငန်းများ၏ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုများကို အမှတ်ပေးသည့် ကမ္ဘာလုံးဆိုင်ရာ စံနမူနာ (Benchmark) သစ်တွင် ရမှတ် မြင့်မားစွာရရှိ

The CHRB provides a comparative snapshot year-on-year of the world's largest companies, looking at the policies, processes, and practices they have in place to systematise their human rights approach and how they respond to serious allegations.
The CHRB provides a comparative snapshot year-on-year of the world's largest companies, looking at the policies, processes, and practices they have in place to systematise their human rights approach and how they respond to serious allegations.

စီးပွားရေးလုပ်ငန်းများ၏ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုများကို အမှတ်ပေးနိုင်သည့် စံနမူနာ Corporate Human Rights Benchmark (CHRB)သစ်အစီရင်ခံစာကို လန်ဒန်တွင် မတ်လ ၁၄ရက်က ထုတ်ဝေခဲ့သည်။ ၄င်းအစီရင်ခံစာကို မြန်မာ့စီးပွားရေးကဏ္ဍတာဝန်တာဝန်ယူမှုရှိရေး အထောက်အကူ ပြဌာန (MCRB)ကို ထူထောင်ပေးသည့် မိခင်အဖွဲ့အစည်းနှစ်ခုအနက် တစ်ခုဖြစ်သော  the Institute of Human Rights and Business (IHRB) ကပြုစုထားပါသည်။  မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည့် ရင်းနှီးမြှုပ်နှံသူများအနက် ၄င်းအစီရင်ခံစာတွင် ထိပ်ပိုင်းရောက်သူ ၊အမှတ်များသူ စာရင်းတွင် Nestle နှင့် Unilever တို့ ပါဝင်သလို မြန်မာနိုင်ငံတွင်လုပ်ကိုင်နေသော၊ မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်ရန် ဆန္ဒရှိသော၊ အဝတ်အထည်ကုမ္ပဏီများဖြစ်ကြသည့် Marks & Spencer , Adidas နှင့် H&M,  တို့လည်း ပါဝင်သည်။ တွင်းထွက်ကုမ္ပဏီများစာရင်းတွင် ပါဝင်သည့် ပြင်သစ်ရေနံကုမ္ပဏီ TOTAL ကလည်း ထိပ်တန်းအမှတ်ကောင်းသူ စာရင်းတွင် ပါဝင်သည်။  GAP, Chevron နှင့် Coca-Cola   တို့သည်လည်း အခြားကုမ္ပဏီအများစုနှင့်နှိုင်းယှဉ်ပါက ရမှတ်ကောင်းများ ရရှိခဲ့သည်။

အမှတ်ပေးရာတွင် ကုမ္ပဏီ၏မူဝါဒများ၊ စီမံအုပ်ချုပ်ပုံများ၊ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်၊ အလေ့အ ကျင့်၊နှင့် ပွင့်လင်းမြင်သာမှုတို့ကို လေ့လာအမှတ်ပေးသည့်အပြင် ကုမ္ပဏီက လူ့အခွင့်အရေး ချိုး ဖောက်မှုရှိသည်ဟု စွပ်စွဲခံရပါက မည်သို့ တုန့်ပြန်သည်ကိုလည်း ထည့်သွင်းစဉ်းစားပါသည်။ စိုက်ပျိုးရေးထွက်ကုန်၊အဝတ်အထည်နှင့် သတ္တုတွင်းကဏ္ဍမှ ကုမ္ပဏီပေါင်း ၉၈ခုကို အဓိက ခေါင်းစဉ် ခြောက်ခုအောက်မှ အညွှန်းကိန်း ၁၀၀ဖြင့် အမှတ်ပေး ပါသည်။ ရမှတ် ၅၅မှ ၆၉ရာခိုင်နှုန်း ရရှိခဲ့သည့် ကုမ္ပဏီငယ်များ ပေါ်ပေါက်ခဲ့ပြီး ရလဒ်မှာ မျော်မှန်းချက်နှင့် မကိုက်ညီခဲ့ပါ။  ကုမ္ပဏီ၉၈ခုတွင် ၆၃ခုမှာ ရမှတ် ၃၀ရာခိုင်နှုန်းအောက်ပင် နည်းခဲ့သည်။  

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသောကုမ္ပဏီများနှင့်၊ ထုတ်လုပ်မှု၊ဝန်ဆောင်မှုနှင့် ရောင်းဝယ် ရေး လုပ်ငန်းစဉ်တစ်လျောက်လုံးပါဝင်သော ကွင်းဆက်များ (supply chain)တွင်ပါဝင်သော  အခြားကုမ္ပဏီများဖြစ်သည့် CNOOC, ENI, Heineken, ONGC, Pepsi, (CNPC ကရှယ်ယာများကို ထိန်းချုပ်ထားသည့်) Petro china, Royal Dutch Shellနှင့်  Statoil တို့မှာရမှတ် မများသည်ကို တွေ့ရသည်။  ထို့အပြင် အဝတ်အထည်ကဏ္ဍတွင် ဖော်ပြထားသည့် ကုမ္ပဏီအချို့မှာ ရင်းမြစ်ရရှိမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် လိုအပ်နေသေးသည်ဟု ယူဆရသည်။

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)၏ဒါရိုက်တာ ဗစ်ကီဘိုမန်က  ‘ကုမ္ပဏီတွေရဲ့ စီးပွားရေး အမူအကျင့်မှာ လူအခွင့်အရေးကို လေးစားလိုက်နာဖို့တင်းကြပ်တဲ့ မူဘောင်ရှိနေတဲ့ အနည်းသာရှိတဲ့ထိပ်ပိုင်းရင်းနှီးမြှုပ်နှံသူတွေကို မြန်မာနိုင်ငံက ဆွဲဆောင်ထား နိုင်တာက ကောင်းပါတယ်။  ထို့အတူပဲ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ လိုအပ်တဲ့ ထိရောက်မှုရှိတဲ့   human rights due diligence (စီးပွားရေးလုပ်ငန်းများအနေဖြင့်မိမိတို့၏ လုပ်ငန်း လည်ပတ်မှုကြောင့် လူ့အခွင့်အရေးဆိုင်ရာနှင့်လူမှု သို့မဟုတ်သဘာဝပတ်ဝန်းကျင်တို့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထိခိုက်နစ်နာမှုများကို ကြိုတင်သိရှိနိုင်ရန်စိစစ်ခြင်း)တွေ မြန်မာနိုင်ငံတွင်း မှာလည်း အမြဲတမ်း လုပ်ဆောင်ဖို့ အရေးကြီး ပါတယ်။ MCRB၇ဲ့ အတွေ့အကြုံအရ အချို့ ကုမ္ပဏီတွေက အမှတ်များများမရနိုင်ပါဘူး။ သူတို့မှာ လက်ခံကျင့်သုံးဖို့အတွက် မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေးအကဲဆတ်မှု၊ ဈေးကွက်ဝင်ရောက်မှု မဟာဗျူဟာတွေ မရှိသေးပါဘူး။  

မြန်မာရင်းနှီးမြှုပ်နှံမှုဥပဒေသစ် နဲ့ အသစ်ထွက် ပေါ်လာမယ့်စည်းမျဉ်းတွေမှာ လူ့အခွင့်အရေး နဲ့ရေရှည် တည်တံ့ခိုင်မြဲရေးကို ခိုင်ခိုင်မာမာ ကတိပြုထားတဲ့ ကုမ္ပဏီတွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်း အားပေးခြင်းဖြင့် အဲဒီလုပ်ဆောင်ချက်တွေကို အားကောင်းအောင်လုပ်ဖို့လိုပါတယ်။  'ဟု ပြောသည်။

၂၀၁၄ခုနှစ်ကတည်းက MCRBသည် ကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှုကိုတိုင်းတာသည့် စံနမူနာ (benchmark)ပွင့်သစ်စ စီမံချက် အစီရင်ခံစာကို ထုတ်ဝေခဲ့သည်။ ၄င်းသည်လည်း မြန်မာကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှုကို မျှတကောင်းမွန်စွာ ယှဉ်ပြိုင်ရန်အတွက်ဖြစ်သည်။ ၄င်းတွင် စီးပွားရေး လုပ်ငန်းများ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊အဖွဲ့အစည်းဆိုင်ရာပွင့်လင်းမြင်သာမှုနှင့် လူ့အခွင့်အရေး၊ကျန်းမာရေးလုံခြုံစိတ်ချရရေး ပတ်ဝန်းကျင် တို့ပါဝင်သည့် စီးပွားရေးဆိုင်ရာ အမူအ ကျင့်နှင့် စီမံအုပ်ချုပ်မှုတို့ကိုပွင့်လင်းစွာ ဖော်ပြရန် တိုက်တွန်းထားသည်။    MCRB သည် ယခုနှစ်တွင် ပြုလုပ်မည့် ၄င်းပွင့်သစ်စအစီရင်ခံစာအတွက် အမှတ်ပေးစည်းမျဉ်းကို CHRB အမှတ်ပေးစည်းမျဉ်းနှင့် ညီညွတ်မှုရှိစေရန် ပြန်လည်သုံးသပ်မည် ဖြစ်သည်။ 

နောက်ခံအကြောင်း

၁။ Corporate Human Rights Benchmark (CHRB) အကြောင်းပိုမို သိရှိလိုပါက ပူးတွဲပါ  CHRB သတင်းထုတ်ပြန်ချက်နှင့် ဝက်ဆိုဒ်လိပ်စာ www.corporatebenchmark.org  တွင်ကြည့်ရှုနိုင်ပါသည်။   CHRB ကို အောက်ပါအဖွဲ့အစည်းများက ဦးဆောင်ပါသည်။

၂။ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB )www.mcrb.org.mm သည် ယူကေအခြေစိုက် Institute for Human Rights and Business (IHRB) နှင့် ဒိန်းမတ်နိုင်ငံအခြေစိုက် Danish Institute for Human Rights (DIHR) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယူကေ ၊ ဒိန်းမတ် ၊ နော်ဝေး ၊ ဆွဇ်ဇာလန် ၊ နယ်သာလန် နှင့် အိုင်ယာလန်တို့၏ အထောက်အပံ့ဖြင့် ဖွဲ့စည်းကာ ရန်ကုန်မြို့တွင် အခြေစိုက်ဖွင့်လှစ်ထားပါသည်။ ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဒေသတွင်းလိုအပ်ချက် နှင့် နိုင်ငံတကာစံချိန်စံညွှန်းများ နှင့် အညီ မြန်မာနိုင်ငံတွင်း တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း နှင့် သက်ဆိုင်သည့် အသိပညာ ၊ စွမ်းရည် နှင့် စကားဝိုင်းများ ဖန်တီးရန် အတွက် ထိရောက် ပြီး တရားဝင်ဖြစ်သော လမ်းကြောင်း (Platform) တစ်ခု အဖြစ် အထောက်အကူ ဖြစ်စေရန် ဖြစ်သည်။ သို့မှသာလျှင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အလေ့အကျင့်များ ပိုမို ဖြစ်ပေါ်လာမည် ဖြစ်သည်။ MCRB သည် စီးပွားရေးလုပ်ငန်းများ ၊ အရပ်ဘက်လူ့အဖွဲ့အစည်း နှင့် အစိုးရ တို့နှင့် အတူတကွ လုပ်ဆောင်နေသည့် ဘက်မလိုက်သည့် လမ်းကြောင်းပေါ် တွင် ရပ်တည်ပါသည်။ 

၃။      မြန်မာ့ကုမ္ပဏီ ၀ဘ်ဆိုဒ်များ၏ ပွင့်လင်းမြင်သာမှုကို လေ့လာသည့် ပွင့်သစ်စ စီမံချက် (TiME)/ Pwint Thit Sa သည် မြန်မာကုမ္ပဏီကြီး အခု ၁၀၀ ၏ ဝဘ်ဆိုဒ်များကို နှိုင်းယှဉ်လေ့လာပြီး အမှတ်ပေးခြင်း ပြုလုပ်ပါသည်။ သို့သော် အစီရင်ခံစာသည် ကုမ္ပဏီများ ထုတ်ပြန်သည့် သတင်းအချက်အလက်များ အပေါ်တွင် မူတည်၍ အမှတ်ပေးခြင်းဖြစ်သးည်။ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ချက်များအား လေ့လာဆန်းစစ်ခြင်းမဟုတ်ပေ။ အစီရင်ခံစာ၏ ရည်ရွယ်ချက်မှာ မြန်မာစီးပွားရေးလုပ်ငန်းများအား ပွင့်လင်းမြင်သာမှုပိုမို ရှိလာစေရန်အတွက် တိုက်တွန်း အားပေးရန် ဖြစ်သည်။ပွင့်သစ်စအကြောင်း ပိုမိုသိရှိလိုပါက  https://www.myanmar-responsiblebusiness.org/pwint-thit-sa/2016.html တွင်လေ့လာနိုင်ပါသည်။

For more information please contact:

[email protected]

Developing Sustainable Tourism in the Myeik Archipelago and Tanintharyi Region
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
Developing Sustainable Tourism in the Myeik Archipelago and Tanintharyi Region
Lack of Consultation on the Citizens Privacy and Security Law is a Missed Opportunity
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
Lack of Consultation on the Citizens Privacy and Security Law is a Missed Opportunity

နောက်ဆုံးရ သတင်း

Recordings of the presentations are available to watch in English or in Thai. Click "See More" below the video for the link to the Thai version.

On 13 July, MCRB and Fair Finance Thailand co-hosted a webinar for Thai companies. Vicky Bowman, Director of MCRB, presented the human rights risks which companies currently need to take into account when doing business in Myanmar...

Launched in November 2022, the Myanmar Sustainable Business Network (MSBN) is a multistakeholder platform bringing together businesses and professionals committed to building a more sustainable economy in Myanmar through responsible business practices.

MSBN, a partnership between MCRB, United Nations Development Programme (UNDP) Myanmar and Yever, has submitted input to the consultations by the UN Global Digital Compact (UNGDC) highlighting digital rights priorities...

© 2024 Myanmar Centre for Responsible Business