စီးပွားရေးလုပ်ငန်းပွင့်လင်းမြင်သာမှုကို တိုးမြှင့်ရန် MCRB က ပွင့်သစ်စ စီမံချက်စတင် - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » စီးပွားရေးလုပ်ငန်းပွင့်လင်းမြင်သာမှုကို တိုးမြှင့်ရန် MCRB က ပွင့်သစ်စ စီမံချက်စတင်

စီးပွားရေးလုပ်ငန်းပွင့်လင်းမြင်သာမှုကို တိုးမြှင့်ရန် MCRB က ပွင့်သစ်စ စီမံချက်စတင်

MCRB has launched the Pwint Thit Sa project, also known as Transparency in Myanmar Enterprises (TiME), to promote corporate transparency in Myanmar.
MCRB has launched the Pwint Thit Sa project, also known as Transparency in Myanmar Enterprises (TiME), to promote corporate transparency in Myanmar.

The Myanmar Centre for Responsible Business (MCRB) has launched the Pwint Thit Sa project, also known as Transparency in Myanmar Enterprises (TiME).

PWINT THIT SA UPDATE: April 30, 2014: Almost Half of the Largest Myanmar Companies Don’t Yet Have Website

Download a Burmese-language version of this release
Document PDF, 180.57 KB, 411 downloads, ဧပြီ 29, 2014

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန(MCRB) က ပွင့်သစ်စစီမံကိန်း (Transparency in Myanmar

Enterprises -TiME)ကိုစတင်ခဲ့ပါတယ်။ စီမံကိန်းလုပ်ဆောင်ရတဲ့ အကြောင်းအရင်းကတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊

အဖွဲ့အစည်းဆိုင်ရာပွင့်လင်းမြင်သာမှု၊ လူအခွင့်အရေး၊ ကျန်းမာရေး၊ လုံခြုံစိတ်ချရမှုနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာနယ်ပယ်တွေ

မှာ မြန်မာ့စီးပွားရေးလုပ်ငန်းတွေက ပွင့်လင်းမြင်သာမှုတိုးမြှင့်လာအောင်အားပေးဖို့ရည်ရွယ်ပါတယ်။ စီမံချက်ကတော့ အောက်ပါ

လင့်ခ် မှာရယူနိုင်တဲ့ မူဘောင်တစ်ခုကိုအသုံးပြုပြီး ကုမ္ပဏီတွေကထုတ်ပြန်ထားတဲ့သတင်းအချက်အလက်တွေအပေါ်မှာပဲ

ကုမ္ပဏီတွေကို အမှတ်ပေးသွားမှာဖြစ်ပါတယ်။

မြန်မာ့နိုင်ငံက ကုမ္ပဏီကြီး ၆၀ ခန့်ရဲ့ လူသိရှင်ကြားထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေကို လေ့လာသွားမှာပါ။ 

The list of companies ကုမ္ပဏီစာရင်းကိုတော့ မြန်မာ့နိုင်ငံရဲ့ထိပ်ဆုံးအခွန်ပေးတဲ့ကုမ္ပဏီစာရင်းထဲကနဲ့ အခြားလူသိများတဲ့ကုမ္ပဏီ

ကြီးတွေထဲ ကနေ ရွေးချယ်ထားတာပါ။ မေးခွန်းတွေအပါအ၀င် ကုမ္ပဏီတွေနဲ့ပက်သက်ပြီးဖြစ်စေ ဒီစီမံချက်အပေါ် တစ်စုံတစ်ရာ

မှတ်ချက်ပြုစရာရှိတယ်ဆိုရင်တော့ [email protected] ကို အီးမေးလ်ပို့နိုင်ပါတယ်။

Transparency in Myanmar Enterprises: Research Questionnaire
Document PDF, 102.25 KB, 1418 downloads, ဧပြီ 29, 2014

Transparency in Myanmar Enterprises: Research Questionnaire (Burmese)
Document PDF, 109.71 KB, 1310 downloads, ဧပြီ 29, 2014

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန(MCRB)က ပွင့်သစ်စစီမံကိန်း (Transparency in Myanmar

Enterprises -TiME)ကို စတင်ခဲ့ပါတယ်။ စီမံကိန်းလုပ်ဆောင်ရတဲ့အကြောင်းအရင်းကတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊

အဖွဲ့အစည်းဆိုင်ရာပွင့်လင်းမြင်သာမှု၊ လူ့အခွင့်အရေး၊ ကျန်းမာရေး၊ လုံခြုံစိတ်ချရမှုနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာနယ်ပယ်တွေ

မှာ မြန်မာ့စီးပွားရေးလုပ်ငန်းတွေက ပွင့်လင်းမြင်သာမှုတိုးမြှင့်လာအောင်အားပေးဖို့ရည်ရွယ်ပါတယ်။ မြန်မာကုမ္ပဏီတွေထံကနေ

ဒီကိစ္စတွေနဲ့ပက်သက်ပြီး သတင်းအချက်းအလက်တွေပိုရဖို့ သူတို့အတွက်အရေးကြီးတယ်လို့ မြန်မာ့အရပ်ဘက်လူ့အဖွဲ့

အစည်းတွေနဲ့ နိုင်ငံတကာကုမ္ပဏီတွေ့ MCRB ကို အကြိမ်ကြိမ်ပြောခဲ့ပါတယ်။

Forum on Business and Anti-Corruption in ASEAN  ပွဲရဲ့ ပြင်ပမှာ MCRB ရဲ့ ဒါရိုက်တာ ဗစ်ကီဘိုမန်က ပြောခဲ့တာကတော့

ပွင့်လင်းမြင်သာမှုဟာ တာဝန်ယူမှုရှိတဲ့စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အသက်သွေးကြောပါပဲ။ အင်တာနက်ခေတ်မှာတော့ ကုမ္ပဏီကြီး

တိုင်းဟာ အချက်အလက်တွေအမြဲတင်ပေးနေတဲ့ ၀ဘ်ဆိုင်တစ်ခုရှိပြီး မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းမှာ အသုံးပြုတဲ့နည်းနာတွေနဲ့

ပက်သက်ပြီး သတင်းအချက်အလက်တွေရနိုင်ဖို့ဒါကိုအသုံးပြုတာဟာ ကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းသဘာဝကိုပါပဲ။

ဒီသုတေသနကို ကျွန်မတို့လုပ်ဖြစ်ခဲ့တာကတော့ ကုမ္ပဏီတွေရဲ့ စွမ်းဆောင်မှုအတွက် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ ၁၀၀၀ကျော်ကို

အမှတ်ပေးအကဲဖြတ်တဲ့ အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုအဖွဲ့ကြီးရဲ့ Transparency in Corporate Reporting report

ကိုကြည့်ပြီးလုပ်ဖြစ်ခဲ့တာပါ။ ဘယ်သူက အခွန်ကို ကောင်းကောင်းမွန်မွန်ပေးဆောင်သလဲဆိုတာ ကုမ္ပဏီတွေကြား ပြိုင်ပွဲ

တစ်ခုလိုဖြစ်နေတဲ့ ပြည်တွင်းအခွန်များဦးစီးဌာနကထုတ်ပြန်တဲ့ ထိပ်တန်းအခွန်ပေးဆောင်တဲ့ကုမ္ပဏီစာရင်းကြောင့်လည်း

လုပ်ဖြစ်ခဲ့တာပါ။ ပွင့်သစ်စစီမံချက်(TiME) ဟာ ကုမ္ပဏီများရဲ့ပွင့်လင်းမြင်သာမှုအပေါ် အလားတူသက်ရောက်မှုရှိလိမ့်မယ်လို့

မျှော်လင့်ပါတယ်။

ပွင့်သစ်စ စီမံချက်(TiME) ရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဒီအကြောင်းတွေကို သူတို့ရဲ့ချဉ်းကပ်မှုနဲ့ပက်သက်ပြီး သတင်းအချက်

အလက်ဘယ်လောက်များများသူတို့ထုတ်ပြန်ထားသလဲဆိုတာကိုကြည့်ဖို့ ထိပ်တန်းမြန်မာ့ကုမ္ပဏီ ၆၀ ကိုခန့်ကို MCRB လေ့လာ

သွားမှာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ တရားဝင် ၀ဘ်ဆိုဒ် သို့မဟုတ် ဆိုရှယ်မီဒီယာစာမျက်နှာတွေအပေါ်မှာ ထုတ်ပြန်ထားတဲ့သတင်း

အချက်အလက် တွေအပေါ်အခြေခံပြီး ကုမ္ပဏီအသီးသီးကို အမှတ်ပေးသွားပါမယ်။ MCRB ရဲ့ ကနဦးသုတေသနတွေ့ရှိချက်အရ

ယင်းတို့ရဲ့ဝဘ်ဆိုဒ်တွေမှာ MCRB ကတွေ့ရှိခဲ့တဲ့ သတင်းအချက်အလက်တွေနဲ့ ပက်သက်ပြီး ဧပြီ/မေလေတွေမှာ ကုမ္ပဏီတွေနဲ့

တိုင်ပင်ဆွေးနွေးမှုပြုလုပ်သွားပါမယ်။ သတင်းအချက် အလက်တွေပိုမိုထုတ်ပြန်ဖို့နဲ့ သူတို့မှာမရှိသေးတဲ့ သက်ဆိုင်ရာမူဝါဒတွေ

ချမှတ်ဖို့ ကုမ္ပဏီတွေကို တိုက်တွန်းသွားမှာပါ။ ၂၀၁၄ ဇွန်လမှ ကုမ္ပဏီတွေရဲ့ဝဘ်ဆိုဒ်တွေကို နောက်ဆုံးအချောသတ်အနေနဲ့

ကြည့်ပြီးတဲ့အခါမှာတော့ အမှတ်ဇယားကိုထုတ်ပြန်သွားမှာဖြစ်ပါတယ်။ နောင်နှစ်အတွင်းမှာလည်း ပွင့်လင်းမြင်သာမှုတိုးမြင့်

လာစေဖို့ လေ့လာမှုကို ၂၀၁၅ မှာလည်း ထပ်မံပြုလုပ်သွားမှာပါ။ ဒီနယ်ပယ်တွေမှာ မိမိတို့ရဲ့ စွမ်းဆောင်ရည်တိုးမြင့်ဖို့

စိတ်ဝင်စားပြီး နိုင်ငံတကာစံနှုန်းနဲ့အညီ ဖြစ်လိုတဲ့ ကုမ္ပဏီတွေနဲ့လည်း MCRB က လုပ်ကိုင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

နောက်ခံအကြောင်း

ရန်ကုန်အခြေစိုက်မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရရှိရေးအထောက်အကူပြုဌာန(MCRB) ကိုယူကေ အခြေစိုက် လူ့အခွင့်

အရေးနှင့် စီးပွားရေးလုပ်ငန်းအဖွဲ့ (Institute of Human Rights and Business)နှင့်  ဒိန်းမတ်လူ့ အခွင့်အရေးအဖွဲ့အစည်း

(Danish Institute of Human Rights)တို့ ပူးပေါင်းဖွဲ့စည်းပြီး ယူနိုက်တတ်ကင်းဒမ်၊ ဒိန်းမတ်၊နော်ဝေ၊ဆွစ်ဇာလန်၊နယ်သာလန်၊

အိုင်ယာလန်တို့ကထောက်ပံ့ပေးပါသည်။ ပြည်တွင်းလိုအပ်ချက်များပေါ်မှု တည်၍ နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီတာဝန်ယူမှု

ရှိသောစီးပွားရေးကျင့်ဝတ်များပ်ါပေါက်လာရန်လိုအပ်သော အသိပညာ ၊ စွမ်းရည်၊ ဆွေးနွေးတိုင်ပင်ခြင်းများကိုအားပေးပြီး

ထိရောက်အသုံးတည့်သည့်အခင်းအကျင်းတစ်ခုဖန်တီးပေး လိုသောရည်ရွက်ချက်ဖြင့်ဤဌာနကို တည်ထောင်ခဲ့ရခြင်းဖြစ်သည်။

MCRB သည်စီးပွားရေးလုပ်ငန်းများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ၊အစိုးရများနှင့်ပူပေါင်းဆောင်ရွက်နေသောဘက်လိုက်မှုကင်း

သည့်အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာကထုတ်ပြန်သောဝင်ငွေခွန်အများဆုံးပေးဆောင်သူစာရင်း(၁ဝဝ)နှင့်ကုန်သွယ်လုပ်ငန်းခွန်

အများဆုံးပေးဆောင်သူစာရင်း(၁ဝဝ)ကိုအခြေခံကာစီမံကိန်းတွင်ပါဝင်မည့်ကုမ္ပဏီများကိုရွေးချယ်ခဲ့ပါသည်။ယင်းကုမ္ပဏီများ၏

ကုမ္ပဏီခွဲများကိုလည်းမိခင်ကုမ္ပဏီတစ်ခုတည်းအောက်တွင်ထည့်သွင်းပါသည်။အခွန်အများဆုံးပေးဆောင်သူစာရင်းတွင်မပါဝင်သော

ကုမ္ပဏီကြီးများကိုလည်းဤစီမံချက်တွင်ထည့်သွင်းဖြစ်မည်ဖြစ်သည်။

Download List of Companies

အပြည်ပြည်ဆိုင်ရာပွင့်လင်းပြင်သာမှုအဖွဲ့ (TI)၏ Transparency in Corporate Reporting သည် ကုမ္ပဏီများ၏ အဂတိ

လိုက်စားမှုတိုက်ဖျက်ရေးအစီရင်ခံခြင်းအလေ့အထများ၊ လက်ခွဲကုမ္ပဏီများနှင့် ပူ’တွဲလုပ်ငန်းများကဲ့သို့ ကုမ္ပဏီကအုပ်စုက

လည်ပတ်လုပ်ကိုင်သည့်နည်းလမ်း၊ မိမိတို့လည်ပတ်လုပ် ကိုင်သည့် နိုင်ငံအသီးသီးနှင့်ပင်သက်ပြီးထုတ်ပြန်သည့်သတင်းအချက်

အလက်အဆင့်များကို ဆန်းစစ်လေ့လာခြင်းဖြစ်သည်။ ကော်ပိုရိတ် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုအဆင့်များပိုမြင့်လျှင်

အဂတိလိုက်စားမှု အန္တရာယ်ဖြစ်နိုင်ချေကိုအနည်းဆုံးလျော့ချနိုင်သည်။ For more information click here.

ကုမ္ပဏီများ၏ဝက်ဘ်ဆိုဒ်ပေါ်တွင်မည်သည့်အကြောင်းအရာကိုမူတည်၍စစ်တမ်းပြုစုမည်ဆိုသည့် မေးခွန်း များကို MCRB

ဝက်ဘ်ဆိုဒ်ပေါ်တွင်ရှာဖွေကြည့်ရှုနိုင်ပါသည်။မေးခွန်းများနှင့်ပက်သက်၍လည်းကောင်း၊ စီမံချက်တွင် ပါဝင်သောကုမ္ပဏီ

စာရင်းများနှင့်ပက်သက်၍လည်းကောင်း၊(သို့မဟုတ်)အခြားသောမည်သည့်ကုမ္ပဏီများကိုဤ စီမံချက်၏ ကုမ္ပဏီများစာရင်းတွင်

ထည့်သွင်းသင့်သည်များနှင့် ပတ်သက်၍သော်လည်းကောင်း လူကြီးမင်းတို့၏ အကြံပြုချက်များကိုဖိတ်ခေါ်အပ်ပါသည်။ထိုအကြံပြု

ချက်များကို([email protected]) သို့ ပေးပို့ နိုင်ပါသည်။

ဤသုတေသနှင့် ပတ်သက်၍ စီမံချက်တွင် ပါဝင်သောကုမ္ပဏီများအား ၄င်းတို့၏ ရလဒ်များ ကိုဧပြီ၊ မေလတွင်အကြောင်းကြား

မည်ဖြစ်သည်။ကုမ္ပဏီဝက်ဘ်ဆိုဒ်များပေါ်တွင်လိုအပ်သောအကြောင်းအရာအချက်အလက်များထည့်သွင်းခြင်း၊ထပ်မံဖြည့်စွက်ခြင်း

များကိုဆောင်ရွက်ရန်အခွင့်အရေးပေးသွားမည်ဖြစ်သည်။ ဤဖြည့်စွက် ထည့် သွင်း ခြင်းများပေါ်မူတည်၍နောက်ဆုံးရလဒ်များကို

ဇူလိုင်လတွင်တရားဝင်ကြေညာသွားမည်ဖြစ်သည်။

British High Commission of Singapore မှတစ်ဆင့် Foreign & Commonwealth Office UK (FCO) ထံမှ အထောက်အပံ့ဖြင့်

“ အာဆီယံရှိ စီးပွားရေးလုပ်ငန်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဖိုရမ်ကို ASEAN CSR Network (ACN) ကကြီးမှူးကျင်းပခဲ့

သည်။ UN Office on Drugs and Crime (UNODC) နှင့် UN Global Compact (UNGC) ကလည်း ဖိုရမ်းကိုအထောက်အပံ့ပေး

ခဲ့သည်။

 

သိရှိလိုသည်များရှိပါက

ဤစီမံကိန်းနှင့်ပတ်သက်၍ပိုမိုသိရှိပါကဝင်းကျော်ကျော် (ပွင့်သစ်စစီမံချက် မန်နေဂျာ)

ဖုန်းဝ၉၄၂၁၁၂၇၅၄၂([email protected]) သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Related:

PWINT THIT SA UPDATE: April 30, 2014: Almost Half of the Largest Myanmar Companies Don’t Yet Have Website

Related:

Transparency in Myanmar Enterprises: Research Questionnaire
Document PDF, 102.25 KB, 1418 downloads, ဧပြီ 29, 2014

Transparency in Myanmar Enterprises: Research Questionnaire (Burmese)
Document PDF, 109.71 KB, 1310 downloads, ဧပြီ 29, 2014

Related:

PWINT THIT SA UPDATE: April 30, 2014: Almost Half of the Largest Myanmar Companies Don’t Yet Have Website

 
Responsible Business and Disability
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
Responsible Business and Disability
MCRB previews a new project to enhance Transparency In Myanmar Enterprises (T.I.M.E.)
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
MCRB previews a new project to enhance Transparency In Myanmar Enterprises (T.I.M.E.)
Un-subscribe

If you want to stop receiving newsletters write here the Removal Code shown in newsletter you reveived by us and click Un-subscribe.

Invalid e-mail address
 
Please wait...
© 2024 Myanmar Centre for Responsible Business