၂၀၁၅ ခုနှစ်အတွက် မြန်မာ့စီးပွားရေးလုပ်ငန်းကဏ္ဍပွင့်လင်းမြင်သာမှုအစီရင်ခံစာ၌ ပြည်သူများ၏ ပူးပေါင်းပါဝင်မှု MCRB မှ အလိုရှိ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » ၂၀၁၅ ခုနှစ်အတွက် မြန်မာ့စီးပွားရေးလုပ်ငန်းကဏ္ဍပွင့်လင်းမြင်သာမှုအစီရင်ခံစာ၌ ပြည်သူများ၏ ပူးပေါင်းပါဝင်မှု MCRB မှ အလိုရှိ

၂၀၁၅ ခုနှစ်အတွက် မြန်မာ့စီးပွားရေးလုပ်ငန်းကဏ္ဍပွင့်လင်းမြင်သာမှုအစီရင်ခံစာ၌ ပြည်သူများ၏ ပူးပေါင်းပါဝင်မှု MCRB မှ အလိုရှိ

This year, MCRB will research the websites of around 100 large Myanmar companies. The Pwint Thit Sa project is also intended to build company capacity.
This year, MCRB will research the websites of around 100 large Myanmar companies. The Pwint Thit Sa project is also intended to build company capacity.

မြန်မာ့စီးပွားရေးလုပ်ငန်းကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုရေးဌာန (MCRB)မှ ၂၀၁၅ ခုနှစ် အတွက် ပွင့်သစ်စ စီမံချက် (သို့မဟုတ်) မြန်မာ့စီးပွားရေးလုပ်ငန်းများပွင့်လင်းမြင်သာမှုရှိရေးစီမံချက် (TiME)၏ သုတေ သနအဆင့်ကို စတင်မိတ်ဆက်လိုက်ပါသည်။ ထို့ပြင် (MCRB)က ကုမ္ပဏီမျာ

ယခု ထုတ်ဝေမည့် ၂၀၁၅ ပွင့်သစ်စ အစီရင်ခံစာသည် (MCRB) ၏ ဒုတိယအကြိမ် သုတေသနအစီရင် ခံစာဖြစ် ပါလိမ့်မည်။ ဤအစီရင်ခံစာသည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ အ ဖွဲ့အစည်းဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ လူ့အခွင့်အရေးလေးစားလိုက်နာမှု၊ ကျန်းမာရေး၊ လုံခြုံ စိတ်ချရမှုနှင့် ပတ် ၀န်းကျင်အပေါ်သက်ရောက်မှု စသည့် နယ်ပယ်ရပ်များတွင် ပိုမို၍ ပွင့်လင်းမြင်သာစေရန် ရည်ရွယ်၍ ထို ကုမ္ပဏီများ၏ အင်တာနက်ဝက်ဆိုက်ပေါ်တွင် ဖော်ပြသော သတင်းအချက်အလက်များကို အခြေခံ၍ ထုတ် ပြန်ခြင်းဖြစ်ပါသည်။

ယမန်နှစ် ၂၀၁၄ အစီရင်ခံစာမှ တွေ့ရှိချက်အရ သုတေသန ပြုလုပ်ခဲ့သော ကုမ္ပဏီ ၆၀ အနက် ၂၅ ခုတွင် ၀ဘ် ဆိုက်မရှိဘဲ ထိုကုမ္ပဏီများအနက်မှ ၁၀ ခုသာ တိကျလျော်ညီသော သတင်းအချက်အလက်များ ထုတ်ပြန် ထားကြောင်းတွေ့ရသည်။

ယခုနှစ် ၂၀၁၅ တွင် MCRB အနေနှင့် မြန်မာနိုင်ငံမှ လူသိများထင်ရှားသည့် ကုမ္ပဏီကြီး ၁၀၀ ကို သုတေသန ပြုလုပ်သွားမည်ဖြစ်သည်။ MCRB မှ ကုမ္ပဏီတစ်ခုချင်းစီအား ၄င်းတို့၏ တရားဝင်ဝဘ်ဆိုက် (သို့) လူမှုကွန် ယက် (Social Media) စာမျက်နှာများတွင် ထုတ်ပြန်ထားသည့် သတင်းအချက်အလက်များပေါ် မူတည် အကဲ ဖြတ်အမှတ်ပေးသွားမည်ဖြစ်သည်။

MCRB က ယခု မတ်လတွင် စတင်ပြုလုပ်သော သုတေသနပြီးဆုံးချိန်မေလ၌ ကုမ္ပဏီ ၀က်ဘ်ဆိုဒ်များမှ စုဆောင်းရရှိသော သတင်းအချက်အလက်များကို MCRB က ကုမ္ပဏီတစ်ခုချင်းစီကို ပြန်လည် အကြောင်း ကြားမည်ဖြစ်ပြီး ကုမ္ပဏီများအနေဖြင့် ထိုအချက်အလက်များ အပေါ် မှတ်ချက်ပေးပို့နိုင်မည်ဖြစ်ပါသည်။ ထိုအခါ MCRB က ကုမ္ပဏီများအား ပိုမိုပြည့်စုံသော အချက်အလက်များ ထုတ်ပြန်ရန် နှင့် ၄င်းတို့ မရှိသေး သော မူဝါဒများချမှတ် အကောင်အထည်ဖော်ရန် အားပေး တိုက်တွန်းသွားမည်ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်၊ ဇွန်လတွင် ကုမ္ပဏီဝဘ်ဆိုဒ်များကို နောက်ဆုံးအကြိမ် အကဲဖြတ်ပြီးသည့်အခါ ရလဒ်များကို ဇူလိုင်လတွင် ထုတ်ပြန်မည်ဖြစ်သည်။ ထိုအခါ ကုမ္ပဏီ ၁၀၀ သည် ၄င်းတို့၏ ပွင့်လင်းမြင်သာမှုပေါ်မူတည်၍ အဆင့်သတ် မှတ် အမှတ်ပေးခြင်းကို ခံရမည်ဖြစ်ပါသည်။

ထိုမျှသာမက ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ်၊ အများပြည်သူနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများထံမှ ကုမ္ပဏီများ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ မကျေနပ်ချက်များအား MCRB မှ စနစ်တကျ တောင်းခံ သွားမည်ဖြစ်ပါသည်။ မကျေနပ်ချက်များ (သို့) တိုင်ကြားမှုများရှိပါက [email protected] သို့ ပေးပို့နိုင်ပါသည်။ ကုမ္ပဏီ၏ ရမှတ်အကြမ်းများအား ပေးပို့ သည့်အခါ ထိုကုမ္ပဏီများသို့ ပေးပို့လာသော ကိစ္စရပ်များနှင့် ပတ်သက်၍ MCRB မှ အကြောင်းကြားထောက်ပြ သွားမည်ဖြစ်ပြီး ကုမ္ပဏီ များအား မှတ်ချက်ပေးပို့ရန်လည်း ဖိတ်ခေါ်ပါမည်။

အစီရင်ခံစာနှင့်ပတ်သက်၍ MCRB ၏ ဒါရိုက်တာ ဗစ်ကီဘိုမန်က -

” မနှစ်က အစီရင်ခံစာကို အစိုးရလုပ်ငန်းတွေသာမကဘဲ စီးပွားရေးလုပ်ငန်းတွေ၊ လူမှုအဖွဲ့အစည်းတွေက အသုံးကျတယ်လို့ မြင်ကြတယ်။ ဥပမာ၊ နိုင်ငံခြားကုမ္ပဏီတွေက ပြည်တွင်းစီးပွားဖက်တွေ၊ ပူးပေါင်းရင်းနှီး မြှပ်နှံမယ့်ကုမ္ပဏီတွေ ဘယ်လို အကဲဖြတ်ရလဒ်တွေ ရတယ်ဆိုတာ စိတ်ဝင်စားလာကြတယ်၊ သိချင်ကြတယ်။ ပြီးတော့ ဒီအစီရင်ခံစာက မြန်မာကုမ္ပဏီတွေကို စီးပွားရေးလုပ်ငန်းတွေမှာ ပိုပြီးတာဝန်ယူမှုရှိအောင် နိုင်ငံတကာအဆင့်နဲ့ညီတဲ့ စည်းတစ်ခု၊ ဘောင်တစ်ခု သတ်မှတ်ပေးသလို ဖြစ်တယ်။ မနှစ်က အစီရင်ခံစာ ထုတ်အပြီးမှာ ကုမ္ပဏီတော်တော်များများက သူတို့ထုတ်ပြန်တဲ့သတင်းအချက် အလက်တွေကို ပိုပြီးတော့ စိစစ်လာကြတာ၊ ပိုပြီးပြည့်စုံအောင် ထုတ်ပြန်လာတာကိုတွေ့ရတယ်"

"ဒါပေမယ့်လည်း ကျွန်မတို့ မနှစ်ကပြောခဲ့တဲ့အတိုင်း ဒီအစီရင်ခံစာက ကုမ္ပဏီတွေကပေးတဲ့ အချက် အလက် တွေကိုသာ အခြေခံတာဖြစ်တယ်။ လက်တွေ့မှာ အကောင်အထည်ဖော်တာ၊ မဖော်တာကို အခြေခံထားခြင်း မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ MCRB အနေနဲ့ ကုမ္ပဏီတွေက ဖော်ပြထားတာတွေကို အများပြည်သူက ပေးပို့လာတဲ့ မှတ်ချက်အကြံပြုချက်တွေနဲ့ ချိန်ညှိစစ်ဆေးချင်ပါတယ်။ ဥပမာ ကုမ္ပဏီတစ်ခုဟာ မြေယာအဓမ္မ သိမ်းယူတာမျိုးလုပ်သလား၊ ဒါမှမဟုတ် အလုပ်သမားတွေကို အလုပ်သမားသမဂ္ဂ၀င်လို့ ခြိမ်းခြောက် တာမျိုးရှိ သလား၊ အလုပ်သမားသမဂ္ဂမ၀င်အောင် အတင်းအကြပ်တားဆီးတာမျိုး ရှိသလား စသဖြင့်ပေါ့။ ကျွန်မတို့ မျှော်လင့်တာက  အခုထုတ်ပြန်လိုက်တဲ့ ကုမ္ပဏီ ၁၀၀ ရဲ့လုပ်ငန်းတွေက ဆိုးကျိုးတွေ သက်ရောက်မှုတွေကို ခံစားရတဲ့လူတွေရှိမယ်ဆိုရင် ကျွန်မတို့ကို အသိပေးစေချင်ပါတယ်။ အထူးသဖြင့် အဲဒီကုမ္ပဏီတွေက မကျေနပ်ချက်တွေကို ကျေနပ်အောင် မဖြေရှင်းပေးနိုင်ဘူးဆိုရင်ပေါ့" ဟု ပြောသည်။

ယခု ပွင့်သစ်စ စီမံချက်သည် ကုမ္ပဏီများ၏ စွမ်းဆောင်ရည်ကို တည်ဆောက်မြှင့်တင်ပေးရန်လည်း ရည်ရွယ်ပါ သည်။ ယမန်နှစ် အစီရင်ခံစာထုတ်ပြန်ပြီးချိန်မှစပြီး  စိတ်ပါဝင်စား၍ ပွင့်လင်းမြင်သာမှုမြှင့်တင်လိုသော ကုမ္ပဏီ များအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲများ၊ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲများ MCRB က ကျင်းပပြုလုပ်ခဲ့ရာ ကုမ္ပဏီအတော်များများလည်း တက်ရောက်ခဲ့ပါသည်။ ထိုလုပ်ဆောင်ချက်များ အားလည်း နိုင်ငံတကာစံနှုန်းများနှင့်အညီ ကြိုးပမ်းလုပ်ဆောင်ခဲ့ပါသည်။

နောက်ခံအကြောင်း

ရန်ကုန်အခြေစိုက် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန(MCRB) ကိုယူကေ အခြေစိုက် လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းအဖွဲ့ (Institute of Human Rights and Business)နှင့် ဒိန်းမတ် လူ့အခွင့်အရေးအဖွဲ့အစည်း (Danish Institute of Human Rights) တို့ ပူးပေါင်းဖွဲ့စည်းပြီး ယူနိုက်တတ်ကင်းဒမ်၊ ဒိန်းမတ်၊နော်ဝေ၊ဆွစ်ဇာလန်၊နယ်သာလန်၊အိုင်ယာလန်တို့ကထောက်ပံ့ပေးပါသည်။ ပြည်တွင်းလိုအပ်ချက်များပေါ်မှုတည်၍နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီတာဝန်ယူမှုရှိသောစီးပွားရေးကျင့်ဝတ်များပေါ်ပေါက်လာရန်လိုအပ်သောအသိပညာ၊စွမ်းရည်၊ဆွေးနွေးတိုင်ပင်ခြင်းများကို အားပေးပြီးထိရောက်အသုံးတည့် သည့်အခင်းအကျင်းတစ်ခုဖန်တီးပေးလိုသောရည်ရွက်ချက်ဖြင့် ဤဌာနကိုတည်ထောင်ခဲ့ရခြင်းဖြစ်သည်။ (MCRB) သည်စီးပွားရေးလုပ်ငန်းများ၊အရပ်ဘက်လူ့အဖွဲ့အစည်းများ၊အစိုးရများနှင့်ပူပေါင်းဆောင်ရွက်နေသောဘက်လိုက်မှုကင်းသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

ယခုနှစ် ၂၀၁၅ အတွက် ပါဝင်မည့် ကုမ္ပဏီများ ကိုပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်သော ဝင်ငွေခွန် အများဆုံး ပေးဆောင်သူစာရင်း(၁ဝဝ၀)နှင့်ကုန်သွယ်လုပ်ငန်းခွန်များဆုံးပေးဆောင်သူစာရင်း (၁ဝဝ၀) ကိုအခြေခံ၍ ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ (Top 1000 commercial tax payers , Top 1000 income payers) ယင်းကုမ္ပဏီများ၏ကုမ္ပဏီခွဲများကိုလည်း မိခင်ကုမ္ပဏီတစ်ခုတည်း အောက်တွင်  ထည့်သွင်းပါသည်။ အခွန်အများဆုံးပေးဆောင်သူစာရင်းတွင် မပါဝင်သောကုမ္ပဏီကြီးများကိုလည်း ဤစီမံချက်တွင်ထည့်သွင်းမည်ဖြစ်သည်။စီမံချက်တွင်ပါဝင်သောကုမ္ပဏီစာရင်းအပြည့်အစုံကိုသိရှိလိုပါက https://www.myanmar-responsiblebusiness.org/ ဤနေရာကိုနှိပ် ၍ကြည့်ရှုနိုင်ပါသည်။ ကုမ္ပဏီများ၏ ၀ဘ်ဆိုဒ် များကိုအကဲဖြတ်ရာတွင် အသုံးပြုမည့် မေးခွန်း ၃၅ခုကို A list of the 35 questions/issues which will be searched for on company websites is available here ဤနေရာတွင်ရယူ နိုင်ပါသည်။

ဤစီမံချက်တွင် အသုံးပြုသည့် မေးခွန်းအများစုကို နိုင်ငံတကာအဖွဲ့ အစည်းတစ်ခုဖြစ်သည့် Transparecy International ၏ အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုအဖွဲ့စစ်တမ်း (Transparency in Corporate Reporting Report) (questionnaire report. ©Transparency International. All rights Reserved.) ပေါ်တွင်အခြေခံထားပါသည်။ အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုအဖွဲ့ စစ်တမ်း (Transparency in Corporate Reporting Report) သည်ကုမ္ပဏီများနှင့်အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ထုံးလုပ်နည်းများ၊ ကုမ္ပဏီတစ်ခုချင်းစီ၏ လုပ်ငန်းခွဲများ၊ ရင်းနှီးမြုပ်နှံမှုများ၊ မိမိစီးပွားရေး လုပ်ကိုင်နေသောနိုင်ငံတစ်ခုချင်းစီတွင် မိမိစီးပွားရေးလုပ်ဆောင်ချက်များကိုမည်မျှဖော်ပြသည်ဟူသောနယ်ပယ်များကိုဆန်းစစ် လေ့လာပါသည်။

၂၀၁၅ ခုနှစ်မတ်လတွင် MCRB မှ ကုမ္ပဏီဝဘ်ဆိုဒ်များကို စတင်သုတေသနပြုလုပ်မည်ဖြစ်ပါသည်။

သုတေသနနှင့် ပတ်သက်၍ တွေ့ ရှိချက်များကိုလည်း MCRB မှကုမ္ပဏီများအား အသိပေးသွားမည်ဖြစ်သည်။ ကနဦးတွေ့ ရှိချက်များကို ဧပြီ၊ မေလများတွင် MCRB မှကုမ္ပဏီများ သို့ စတင်ပေးပို့ သွားမည်ဖြစ်ပါသည်။ ထိုအခါ ကုမ္ပဏီများ အနေနှင့် ၄င်းတို့ ၏၀ဘ်ဆိုဒ်များ ပေါ်ရှိ သတင်းအချက်အလက်များကို ဖြည့်စွက်ခြင်း၊ ပြုပြင်ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ ထို့ နောက် နောက်ဆုံးတွေ့ ရှိချက်ရလဒ်များ ကို ဇူလိုင်လတွင် ထုတ်ပြန်သွားမည် ဖြစ်ပါသည်။ အများပြည်သူနှင့် လူမှုအရပ်ဘက်အဖွဲ့ အစည်းများအနေနှင့် ကုမ္ပဏီများ (သို့ မဟုတ်) ပါဝင်သော ကုမ္ပဏီများအနက်မှ မည်သည့် ကုမ္ပဏီအပေါ် မည်သို့ သော မကျေနပ်ချက်များ၊ တိုင်ကြားချက်များ ရှိသည်ကို [email protected] သို့ ဧပြီ ၃၀ ရက်နောက်ဆုံးထား၍ပေးပို့  ရန်ဖိတ်ခေါ်လိုပါသည်။ ထိုတိုင်ကြားချက်များကိုသတင်းပေးသည့်အနေနှင့်ဖြစ်စေ၊မူရင်းအချက်အလက်အတိုင်း ဖြစ်စေ၊ (သို့ မဟုတ်) ဆန္ဒရှိပါက အမည်မဖော်ပြဘဲဖြစ်စေ၊ ပေးပို့ နိုင်ပါသည်။ ဤအကြောင်းအရာနှင့်ပတ်သက်၍MCRBမှမည်သည့်အဖွဲ့ ဝင်ကိုမဆိုဆက်သွယ်ပေးပို့ မေးမြန်းနိုင်ပါသည်။ပေးပို့ လာသောသတင်းအချက်အလက်များ မပေါက်ကြားရန် MCRB မှတာဝန်ခံပါသည်။

၂၀၁၄ ခုနှစ်အတွက် ပွင့်သစ်စ (TiME) အစီရင်ခံစာကို https://www.myanmar-responsiblebusiness.org/ ဤနေရာ တွင်ရယူနိုင်ပါသည်။ ထိုအစီရင်ခံစာအရ ပွင့်လင်းမြင်သာမှု အရှိဆုံး ကုမ္ပဏီများမှာ KBZ, Parami နှင့် Max Myanmar တို့ ဖြစ်ကြပါသည်။

ဤစီမံကိန်းနှင့်ပတ်သက်၍ပိုမိုသိရှိပါက

ဖြူဖြူဇင်

စီမံကိန်းနှင့်ဆက်သွယ်ရေး အရာရှိ
မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန(MCRB)
သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

What Have We Achieved So Far? Reflections on 2nd anniversary of the Myanmar Centre for Responsible Business
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
What Have We Achieved So Far? Reflections on 2nd anniversary of the Myanmar Centre for Responsible Business
Amnesty International slams abusive, poorly regulated Myanmar mining industry
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
Amnesty International slams abusive, poorly regulated Myanmar mining industry

Latest TiME News

Un-subscribe

If you want to stop receiving newsletters write here the Removal Code shown in newsletter you reveived by us and click Un-subscribe.

Invalid e-mail address
 
Please wait...
© 2024 Myanmar Centre for Responsible Business