မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် Peace Nexus တို့ ပူးပေါင်းပြီး ကုမ္ပဏီ နှင့် ဒေသခံ အသိုင်းအဝန်း တို့အကြား ပြောဆိုဆက်သွယ်ခြင်းနှင့် စေ့စပ်ညှိနိုင်းခြင်းဆိုင်ရာ ဒီဇိုင်းများ ရေးဆွဲနိုင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် Peace Nexus တို့ ပူးပေါင်းပြီး ကုမ္ပဏီ နှင့် ဒေသခံ အသိုင်းအဝန်း တို့အကြား ပြောဆိုဆက်သွယ်ခြင်းနှင့် စေ့စပ်ညှိနိုင်းခြင်းဆိုင်ရာ ဒီဇိုင်းများ ရေးဆွဲနိုင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် Peace Nexus တို့ ပူးပေါင်းပြီး ကုမ္ပဏီ နှင့် ဒေသခံ အသိုင်းအဝန်း တို့အကြား ပြောဆိုဆက်သွယ်ခြင်းနှင့် စေ့စပ်ညှိနိုင်းခြင်းဆိုင်ရာ ဒီဇိုင်းများ ရေးဆွဲနိုင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပါဝင်တက်ရောက်သူများ သည် စီးပွားရေးလုပ်ငန်းရှင်များ ထံမှ ဒေသခံ အသိုင်းအဝန်းများ နှင့် လုပ်ဆောင်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများ အပေါ် အမြင်များအား ကြားခဲ့ရပြီး  ဒေသတွင်းမှ တက်ကြွလှုပ်ရှား သူများထံမှ ဒေသအသိုင်းအဝန်းအပေါ် ၎င်းတို့အကူအညီ ပေးခဲ့သော ကိစ္စရပ်များ အား
ပါဝင်တက်ရောက်သူများ သည် စီးပွားရေးလုပ်ငန်းရှင်များ ထံမှ ဒေသခံ အသိုင်းအဝန်းများ နှင့် လုပ်ဆောင်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများ အပေါ် အမြင်များအား ကြားခဲ့ရပြီး ဒေသတွင်းမှ တက်ကြွလှုပ်ရှား သူများထံမှ ဒေသအသိုင်းအဝန်းအပေါ် ၎င်းတို့အကူအညီ ပေးခဲ့သော ကိစ္စရပ်များ အား

သြဂုတ်လ ၂၉ ရက် နှင့် ၃၀ ရက်များတွင် Peace Nexus နှင့် MCRBတို့ သည်  ရန်ကုန်မြို့ရှိ အင်းယားလိတ်ဟိုတယ်တွင် ၄င်းအလုပ်ရုံဆွေးနွေးပွဲ အား နှစ်ရက်ကြာ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် စီးပွားရေး နှင့် ဆက်စပ်နေသည့် ပြဿနာများကို ပြောဆိုဆွေးနွေးခြင်း နှင့် စေ့စပ်ညှိ နိုင်းခြင်းများ လုပ်ဆောင်နိုင်ရန်အတွက်  အရပ်ဘက်လူ့အဖွဲ့အစည်းများ နှင့် စီးပွားရေးလုပ်ငန်းတို့၏ စွမ်းရည် တည်ဆောက်ရေးများ ဆောင်ရွက်နိုင်ရန် လိုအပ်ချက်များ၊အစပျိုးမှုများ အား ဆွေးနွေးခဲ့ ကြသည်။

တက်ရောက်သူစုစုပေါင်း ၅၀ ခန့်ရှိပြီး ဒေသတွင်း ရှေ့ နေများ ကွန်ရက် နှင့် ဥပဒေပညာတတ်ကျွမ်းသူများ ၊ ရင်းနှီးမြှပ်နှံမှုများကြောင့် သက်ရောက်မှု ဒဏ်ခံရသော ဒေသခံအသိုင်းအဝန်းအား အထောက်အပံ့ပေးနေသော အရပ်ဘက်လူမှု အဖွဲ့အစည်းများ ၊ ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းစု များ နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင် စသည်ဖြင့် အသီးသီးမှ တက်ရောက်ခဲ့ကြသည်။ လုပ်ငန်းသဘောသဘာဝဆက်စပ်သည့် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်ကြသော  MyJustice ၊ US Institute for Peace၊ International Alert ၊ Earth Rights International ၊ American Friends Services Committee ၊Mercy Corps နှင့် IDLO အပါအဝင် ကုလဖွံ့ဖြိုးရေးအစီအစဉ်နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် တို့မှလည်း တက်ရောက်ခဲ့ကြသည်။

အလားတူ စတင်လှုပ်ရှားဆောင်ရွက်နေကြသည့် အိမ်နီးနားချင်း နိုင်ငံများမှ ဧည့်ပြောကြားသူများအားလည်း ၄င်းတို့၏ အတွေ့အကြုံများ အား ဝေမျှရန် ဖိတ်ကြားခဲ့သည်။ ထိုထဲတွင် Centre for Social Excellence in Indonesia လည်း ပါဝင်သည်။ ၎င်းသည် ပညာရေး ပံပိုးမှုပိုင်းဆိုင်ရာ အထောက်အပံ့ပေးခြင်းဖြစ်ပြီး ကုမ္ပဏီများ နှင့် ဒေသအသိုင်းအဝန်းများအကြား သဟဇာတ ဖြစ်စွာနေထိုင်နိုင်ရန်အတွက်  တာဝန်ယူမှုရှိသော သဘာဝအရင်းအမြစ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုတွင် မည်သို့အစပြုရန် နှင့် ပူးပေါင်းပါဝင်မှုအား မည်သို့အားဖြည့်ပေးရန် တို့ကို သင်ကြားပြသ အထောက်အပံ့ပေး နေသည်။ သမားရိုးကျမပာုတ်သော အငြင်းပွားဖွယ်ရာ ကိစ္စရပ် ဖြေရှင်းခြင်း (Alternative Dispute Resolution – ADR) ၊ ကြားဝင်ပြန်လည် ညှိနှိုင်းခြင်းပိုင်းဆိုင်ရာ ဝန်ဆောင်မှုများ နှင့် မူဝါဒပိုင်းဆိုင်ရာ ထောက်ခံအားပေးမှု တို့ကို ဆောင်ရွက်နေသည့်  ဖိလစ်ပိုင်နိုင်ငံမှ ပဋိပက္ခ ပြန်လည်ဖြေရှင်းရေး အုပ်စု ဖောင်ဒေးရှင်း (Conflict Resolution Group Foundation – CoRe Group) ၊ ဘင်္ဂလားဒေ့ရှ်မှ ကြားဝင်ပြန်လည် ညှိနှိုင်းခြင်း ၊ တရားစွဲဆိုခြင်း နှင့် ဒေသအသိုင်းအဝန်း အဆင့်တွင် အထောက်အပံ့ပေးခြင်းတို့ ဆောင်ရွက်နေသည့်  ဒေသအသိုင်းအဝန်း ဥပဒေရေးရာ အထောက်အပံများ အစီအစဉ် Community Legal Services (CLS) နှင့် ကမ္ဘောဒီးယား နိုင်ငံ မှ KhmerLex Legal Solution ၏ ကိုယ်စားလှယ်တို့ လည်း တက်ရောက်ခဲ့ကြသည်။ PeaceNexux ကလည်း မော်ရိုကိုနိုင်ငံ တွင် ဆွေးနွေးပွဲ နှင့် ဖြန်ဖျေခြင်း အားပိုမိုတိုးမြှင့် လုပ်ဆောင်နိုင်ရန် ရန်ပုံငွေအသစ်ပေးအပ်မှု ၏ အနှစ်ချုပ်အား ဝေမျှခဲ့ သည်။

ပါဝင်တက်ရောက်သူများ သည် စီးပွားရေးလုပ်ငန်းရှင်များ ထံမှ ဒေသခံ အသိုင်းအဝန်းများ နှင့် လုပ်ဆောင်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများ အပေါ် အမြင်များအား ကြားခဲ့ရပြီး  ဒေသတွင်းမှ တက်ကြွလှုပ်ရှား သူများထံမှ ဒေသအသိုင်းအဝန်းအပေါ် ၎င်းတို့အကူအညီ ပေးခဲ့သော ကိစ္စရပ်များ အားလည်း သိရှိခွင့်ရခဲ့ကြသည်။ အစိုးရ နှင့်  ကုမ္ပဏီများတို့ နှင့် စေ့စပ်ညှိနှိုင်းမှုများ၏  အောင်မြင်မှုအတိုင်းအတာ အမျိုးမျိုးကိုလည်း ပြောပြခဲ့ကြသည်။  ၎င်းတို့ ပါဝင်ပေးခဲ့သည့် ကိစ္စရပ်အတော်များများသည် သတ္တုတွင်း ကဏ္ဍ နှင့် ဆက်နွယ်နေသည်။ MCRB က သတ္တုတွင်းကဏ္ဍ ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း အား များမကြာမီ အချိန်တွင် ထုတ်ဝေတော့မည် ဖြစ်ပါသည်။

MCRB ကလည်း လက်ရှိ မြန်မာနိုင်ငံ တရားဥပဒေဘောင်အရ ကုမ္ပဏီ နှင့် ဒေသ အသိုင်းအဝန်း စကားဝိုင်းအား ထောက်ပံ့နေပုံများ နှင့်  ဒေသအသိုင်းအဝန်း ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် အတွက် ကုမ္ပဏီများ နှင့် ဒေသအသိုင်းအဝန်းများ၏ အလားအလာများ၊ နှစ်ဘက်စလု့းမှ စိတ်ဝင်စား။ စိတ်ပူပန်သည့် အကြောင်း အရာ များ အပါအဝင် အနာဂတ် အခွင့်အလမ်းများ၊  ကို ဆွေးနွေးတင်ပြသည်။

ပွင့်လင်းမြင်သာမှု ရှိခြင်း ၏ အရေးပါမှု နှင့် ရင်းနှီးမြှပ်နှံသူများ ထံမှ သတင်းအချက်အလက်အထောက်အပံ့ ပေးခြင်း တို့အပေါ်အထူး အလေးပေး အာရုံစိုက်ခဲ့သည်။ အကြောင်းမှာ ဆိုးကျိုးသက်ရောက်မှုရှိသည့် ရင်းနှီးမြှပ်နှံမှုများ ထံမှ မြန်မာနိုင်ငံမှ လူများအား ကာကွယ်ထားပေးသော တရားဥပဒေဘောင်မှာ လက်ရှိအခြေအနေ အရ အားနည်းချက်ရှိနေဆဲ ပင်ဖြစ်သည်။ ဥပဒေတွင် ကွာဟချက်များ ရှိနေခြင်း ၊ အကောင်အထည်ဖော်မှု အားနည်းနေခြင်း ၊ နှင့် အဂတိလိုက်စားခြင်း တို့ပင်ဖြစ်သည်။ စောင့်ကြည့်ထိန်းညှိပေးသူများ နှင့် ကြားဝင်ဆွေးနွေးဖြန်ဖျေပေးသူတို့အတွက် အထောက်အပံ့ပေးရန် နှင့် လေ့ကျင့်မှုများ ပေးရန် နှင့် ကုမ္ပဏီများ နှင့် ဒေသခံအသိုင်းအဝန်းများ အကြား နှစ်ဦးနှစ်ဖက် တစ်ဦးအပေါ် တစ်ဦး အပြန်အလှန် ပိုမို နားလည်မှုရှိလာစေရန် အတူတကွ လေ့ကျင့်ခြင်း များ ပြုလုပ်ရန် တို့ သဘောတူညီချက် ရှိထားခဲ့သည်။

စကားစု အသုံးအနှုန်းများ ဖြစ်သည့် ADR ၊ Mediation နှင့် facilitation စသည့် အသုံးအနှုန်းများ၏ အဓိပ္ပါယ်များအား မြန်မာဘာသာ ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ဖြန့်ဝေခဲ့ပါသည်။

ယခု အလုပ်ရုံဆွေးနွေးပွဲမှ  ထွက်ပေါ်ရရှိလာသော အဓိက ကျသည့် အကြံပြုချက်များ အား MCRB နှင့် PeaceNexus တို့မှ ပြန်လည်သုံးသပ်မှုများ ပြုလုပ်ကာ မြန်မာနိုင်ငံတွင် ယခု ကိစ္စရပ် နှင့် သက်ဆိုင်သည့် နေရာများတွင် လုပ်ဆောင်မှု စွမ်းရည်မြှင့်တင်ရာတွင် ထပ်လှမ်းရမည့် ခြေလှမ်းအတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။  

MCRB နှင့် PeaceNexus သည် ကရင်ပြည်နယ် ရှိ ဒေသခံ ကုမ္ပဏီများအား တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အလေ့အထများ ခေါင်းစဉ်ဖြင့် သင်တန်းပို့ချခြင်း  အတူတကွ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ PeaceNexus သည် MCRB ၏ ကဏ္ဍအလိုက်သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း တွင်လည်း ပဋ္ဋိပက္ခပိုင်းဆိုင်ရာတွင် ပါဝင်အကြံပြု အားဖြည့်ခဲ့ပါသည်။

MCRB trains Companies on ’Developing a Human Rights Policy’
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
MCRB trains Companies on ’Developing a Human Rights Policy’
China Faces Tougher Laws in Myanmar
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
China Faces Tougher Laws in Myanmar

နောက်ဆုံးရ သတင်း

Recordings of the presentations are available to watch in English or in Thai. Click "See More" below the video for the link to the Thai version.

On 13 July, MCRB and Fair Finance Thailand co-hosted a webinar for Thai companies. Vicky Bowman, Director of MCRB, presented the human rights risks which companies currently need to take into account when doing business in Myanmar...

Launched in November 2022, the Myanmar Sustainable Business Network (MSBN) is a multistakeholder platform bringing together businesses and professionals committed to building a more sustainable economy in Myanmar through responsible business practices.

MSBN, a partnership between MCRB, United Nations Development Programme (UNDP) Myanmar and Yever, has submitted input to the consultations by the UN Global Digital Compact (UNGDC) highlighting digital rights priorities...

© 2024 Myanmar Centre for Responsible Business