မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က မြန်မာကုမ္ပဏီများ ဥပဒေကြမ်းနှင့် ပတ်သက်၍ အကြံပြုချက် ပေးပို့ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က မြန်မာကုမ္ပဏီများ ဥပဒေကြမ်းနှင့် ပတ်သက်၍ အကြံပြုချက် ပေးပို့

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က မြန်မာကုမ္ပဏီများ ဥပဒေကြမ်းနှင့် ပတ်သက်၍ အကြံပြုချက် ပေးပို့

၁၉၁၄ မြန်မာကုမ္ပဏီများ အက်ဥပဒေကို ခေတ်နှင့်လျော်ညီအောင်ပြင်ဆင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က အာရှဖွံ့ဖြိုးရေးဘဏ်အကူအညီဖြင့် ဥပဒေသစ်ကို ပြင်ဆင်ဆောင်ရွက်နေသည်။
၁၉၁၄ မြန်မာကုမ္ပဏီများ အက်ဥပဒေကို ခေတ်နှင့်လျော်ညီအောင်ပြင်ဆင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က အာရှဖွံ့ဖြိုးရေးဘဏ်အကူအညီဖြင့် ဥပဒေသစ်ကို ပြင်ဆင်ဆောင်ရွက်နေသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) က http://dica.gov.mm.x-aas.net/

တွင် အကြံပြုချက် ဖိတ်ခေါ်ထားသည်ကို MCRB က အကြံပြုချက်များ ပေးပို့ခဲ့သည်။ ပွင်းလင်းမြင်သာမှုရှိသော အကြံပေးချက်များ လက်ခံခြင်းအစီအစဉ် အထူးသဖြင့် အများပြည်သူသို့ အနှစ်ချုပ်တင်ပြချက်နှင့် ရှင်းလင်း ချက်များ ပေးပို့ခြင်းဖြစ်ပြီး ယင်းသို့ပြုလုပ်ခြင်းဖြင့်  ပါဝင်ပတ်သက်သူများက (DICA) ၏အဆိုပြုချက်များကို နားလည်ကာ  အကြံပြုချက်များ ပေးပို့နိုင်မည်ဖြစ်သည်။  အာရှဖွံ့ဖြိုးရေးဘဏ်၏ ကူညီထောက်ပံ့မှုဖြင့် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ၄င်းအစီအစဉ်များ ပြုလုပ်နေသည်ဆိုသည့် နောက်ခံအချက် အလက်များကို နားလည်စေရန် ပြုလုပ်ပေးခြင်းတို့ကိုလည်း ၀မ်းမြောက်ကြောင်း ကျွန်ုပ်တို့၏ အကြုံပြု ချက်တွင် ပါဝင်သည်။

MCRB ၏ခံယူချက်ဖြစ်သည့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းလာရေးအမြင်အရ ကျွန်ုပ်တို့၏ မှတ်ချက်များသည် အပိုင်း၎ (စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှု)ကို အာရုံစိုက်သည်။ ပုဒ်မ ၈၃။ က (၁၀)တွင် ကုမ္ပဏီဒါရိုက်တာ သို့မဟုတ် အရာရှိသည်တာဝန်ကို သဘောရိုးဖြင့် ထမ်းဆောင်ရမည်ဟု ပါရှိရာ ၄င်းကဏ္ဍ တွင် သဘောရိုးဆိုသည်မှာ မည်သည်ကို ဆိုလိုကြောင်း ရှင်းလင်းတင်ပြချက်ကို ထည့်သွင်းရန် အကြံပြုလိုပါ သည်။ ၄င်းရှင်းလင်းတင်ပြချက်အတွက် ကောင်းမွန်စွာ ပြဌာန်းထားသော UK Companies Act 2006 (Cap. 46) (UKCA)ကို   ကြည့်ရှုခဲ့ရာ ၄င်းဥပဒေတွင်လုပ်ငန်းဆောင်တာများ ထမ်းဆောင်ရာတွင် ဆုံးဖြတ်ချက်ရ မည့်အရာများကို ကုမ္ပဏီဒါရိုက်တာက ရွေးချယ်ရာတွင် ထည့်သွင်း စဉ်းစားရမည့် အချက်များကို ရှင်းလင်းစွာ ဖော်ပြထားသည်။

ထိုစဉ်းစားဆင်ခြင်ခြင်းများသည် ကုမ္ပဏီအတွက် ပိုမိုကျယ်ပြန်သည့် လုပ်ကိုင်မှု မူဘောင်နှင့် ထို ကုမ္ပဏီ၏ အောင်မြင်မှု ၊ ဆုံးရှုံးမှုများ အပေါ်အရေးပါသော အကျိုးသက်ရောက်စေသည့် မူဘောင်အတွင်းရှိ တာဝန်များ တွင် ပါဝင်ရမည် ဆိုသည်ကို ရှင်းလင်းစေသည်။ ၄င်းသည် တာဝန်ကို သဘောရိုးဖြင့်ထမ်းဆောင်ခြင်း၏ အနှစ်သာရပင်ဖြစ်သည်။  

ထို့ကြောင့် ကျွန်ုပ်တို့က (UKCA) ၏ အသစ်ပြင်ဆင်ထားသော ပုဒ်မ ၁၇၂ ပါ အချက်ကို လက်ခံ အကြံပြုထား ပါသည်။ ၄င်းသည် ကုမ္ပဏီများမှတ်ပုံတင်ရာတွင် အာမခံမှုပေးနိုင်ခြင်း နှင့်လုပ်ငန်းလည်ပတ်ရာတွင် တာဝန် ယူမှုရှိသော အပြုအမူများ ဖော်ဆောင်စေရေးအတွက်  မြန်မာနိုင်ငံ အစိုးရက လုပ်ဆောင်ပေးနိုင်ရန်   ရှင်းလင်း သော  ကတိက၀တ်များပေးလိမ့်မည် ဖြစ်သည်။


ပုဒ်မ ၁၇၂

(၁) ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာတစ်ဦးသည် ကုမ္ပဏီတစ်ခုလုံး၏ အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် အောင်မြင်မှုကို မြှင့်တင်ပေးရန် သဘောရိုးဖြင့် ၄င်းစဉ်းစားသည့်အတိုင်း လုပ်ဆောင်ရမည်။

(က) မည်သည့် ဆုံးဖြတ်ချက်မဆို ရေရှည်တွင် ဖြစ်နိုင်ချေရှိသော အကျိုးဆက် ။

(ခ) ကုမ္ပဏီ ၀န်ထမ်းများ၏ အကျိုးစီးပွား။

(ဂ)  ကုမ္ပဏီ၏ ကုန်ပစ္စည်းသွင်းသူများ ၊ဖောက်သည်များနှင့် အခြားစီးပွားရေးဆိုင်ရာဆက်ဆံသူများ နှင့် ဆက်ဆံမှုများ တိုးတက်ရန် လိုအပ်မှု။

(ဃ) (မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများ ပတ်သက်၍ လိုက်နာကျင့်သုံးခြင်း  အသိအမှတ်ပြုမှုများ အပါအ၀င်) ရပ်ရွာအသိုင်းအ၀ိုင်းနှင့် သဘာဝပတ်ဝန်းကျင် အပေါ်တွင် ကုမ္ပဏီ လုပ်ဆောင်မှုများနှင့် ပတ်သက်သော အကျိုးဆက်။

(င) အဆင့်အတန်းမြင့်သော စီးပွားရေး အမူအကျင့်များအတွက် ဂုဏ်သိက္ခာကျော်စောမှုကို ထိန်ုးသိမ်း ရန် ကုမ္ပဏီ၏ အလိုရှိမှု နှင့်

(စ) ကုမ္ပဏီအဖွဲ့ဝင်များ အချင်းချင်းကြား မျှတစွာဆက်ဆံရန် လိုအပ်မှု။


ထို့အပြင် အပိုင်းခြောက် (ရုံးမှတ်ပုံတင်ခြင်းနှင့် အခကြေးငွေများ)တွင် ကျွန်ုပ်တို့က နည်းပညာပိုင်းဆိုင်ရာ အချက်တစ်ချက်ကို ပြောလိုပါသည်။ မော်ကွန်းထိန်း (မှတ်တမ်းတင်သူ) ထုတ်ပေးရမည့် အထောက်အထား ဆိုင်ရာတန်ဖိုး မိတ္တူများနှင့် ပတ်သက်၍ ၄င်းသည် မြန်မာနိုင်ငံ၏ အပြောင်းအလဲ ကာလတွင် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပေးရာရောက်မည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။  

နောက်ဆုံးအနေဖြင့် (၂၆ရက်နေ့တွင် မှတ်ချက်များ နောက်ဆုံးထားပေးပို့ရမည့်၊ MCRB ကလည်း မှတ်ချက် ထပ်မံပေးပို့မည့်) ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းအတွက် အကြံပြုချက်များ တောင်းခံရာတွင် ယခုကဲ့သို့ပင် နည်းစနစ်ကျစွာ ချဉ်းကပ်လုပ်ဆောင်ရန် DICAကို တိုက်တွန်းပါသည်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းနှစ်ခု ပူးပေါင်းခြင်းနှင့်ပတ်သက်ပြီး အဆိုပြုထားသော ပြောင်းလဲမှုများနှင့် ပတ်သက်၍ ပြောင်းလဲရသည့် အကြောင်းရင်းများနှင့် ပတ်သက်သည့် ရှင်းလင်းချက်များနှင့် ယခင်ရှိခဲ့သော ဥပဒေဟောင်းပါ အချက်အလက်များနှင့် ပူးတွဲတင်ပြရန်  တိုက်တွန်းပါသည်။ ထို့အပြင် ကုမ္ပဏီများ ဥပဒေကြမ်းကို လွှတ်တော်တွင် ဦးစားပေးတင်သွင်းရန်တိုက်တွန်းပါသည်။ ၄င်းဥပဒေကြမ်း အတည်ပြုပြီးမှသာလျှင် (၂၀၁၆ခုနှစ်တွင် ပြုလုပ် ဖွယ်ရှိသော) လာမည့်လွှတ်တော်သက်တမ်းတွင်မှ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို တင်သွင်း သင့်ပါသည်။ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် မရှိသေးမီ အသစ်ပြုပြင်ထားသော ကုမ္ပဏီများ ဥပဒေက မရှိမဖြစ် လိုအပ်၍ ဖြစ်ပါသည်။

Amnesty International slams abusive, poorly regulated Myanmar mining industry
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
Amnesty International slams abusive, poorly regulated Myanmar mining industry
Cable Car Slated for Mount Kyaiktiyo
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
Cable Car Slated for Mount Kyaiktiyo

နောက်ဆုံးရ သတင်း

Recordings of the presentations are available to watch in English or in Thai. Click "See More" below the video for the link to the Thai version.

On 13 July, MCRB and Fair Finance Thailand co-hosted a webinar for Thai companies. Vicky Bowman, Director of MCRB, presented the human rights risks which companies currently need to take into account when doing business in Myanmar...

Launched in November 2022, the Myanmar Sustainable Business Network (MSBN) is a multistakeholder platform bringing together businesses and professionals committed to building a more sustainable economy in Myanmar through responsible business practices.

MSBN, a partnership between MCRB, United Nations Development Programme (UNDP) Myanmar and Yever, has submitted input to the consultations by the UN Global Digital Compact (UNGDC) highlighting digital rights priorities...

Un-subscribe

If you want to stop receiving newsletters write here the Removal Code shown in newsletter you reveived by us and click Un-subscribe.

Invalid e-mail address
 
Please wait...
© 2024 Myanmar Centre for Responsible Business