(မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန) တို့ မိတ်ဖက်ပြု၍ “Myanmar Business Coalition on CSR” (MBC-CSR) “CSR လုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးလုပ်ငန်းများအဖွဲ့” ရုံးများ နိုင်ငံအ၀ှမ်း၌ ကွန်ယက်ချိတ်ဆက် ဖွင့်လှစ်နိုင်ရန် သဘောတူလက်မှတ်ရေးထိုးခြ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » (မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန) တို့ မိတ်ဖက်ပြု၍ “Myanmar Business Coalition on CSR” (MBC-CSR) “CSR လုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးလုပ်ငန်းများအဖွဲ့” ရုံးများ နိုင်ငံအ၀ှမ်း၌ ကွန်ယက်ချိတ်ဆက် ဖွင့်လှစ်နိုင်ရန် သဘောတူလက်မှတ်ရေးထိုးခြ

(မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန) တို့ မိတ်ဖက်ပြု၍ “Myanmar Business Coalition on CSR” (MBC-CSR) “CSR လုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးလုပ်ငန်းများအဖွဲ့” ရုံးများ နိုင်ငံအ၀ှမ်း၌ ကွန်ယက်ချိတ်ဆက် ဖွင့်လှစ်နိုင်ရန် သဘောတူလက်မှတ်ရေးထိုးခြ

MCRB is keen to see multistakeholder dialogues on responsible business issues spread well beyond Yangon.
MCRB is keen to see multistakeholder dialogues on responsible business issues spread well beyond Yangon.

Myanmar Business Coalition on Aid (MBCA) နှင့် Myanmar Centre For Responsible Business (MCRB) တို့ မိတ်ဖက်ပြု၍ “Myanmar Business Coalition on CSR” (MBC-CSR) “CSR လုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးလုပ်ငန်းများအဖွဲ့” ရုံးများကို အဓိကမြို့ကြီးများရှိ MBCA ၏  ကွန်ယက်ရုံး (၇) ရုံး၌ပင် ဖွင့်လှစ်ထားရှိပါမည်။ အဖွဲ့နှစ်ဖွဲ့သည် ၂၀၁၄ ၌ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားမြို့များ၌ ရုံးများဖွင့်လှစ်မည့် အစဦးပမာဏ စီမံချက်အတွက် ပူးတွဲထောက်ပံ့သွားမည် ဖြစ်သည်။ ရန်ပုံငွေ အပေါ်မူတည်၍ ရုံးများထပ်မံဖွင့်လှစ်သွားမည်ဖြစ်သည်။

ယခုကဲ့သို့ ရုံးများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဒေသတွင်းကုမ္ပဏီများအနေဖြင့် တာဝန်ယူမှုရှိသော စီးပွားရေးအလေ့အထများကို သိရှိလာစေရန်နှင့် လက်တွေ့ကျင့်သုံးနိုင်ရန်အတွက် စွမ်းရည်မြှင့်တင်ပေးရန်ဖြစ်ပါသည်။ ရုံးများဖွင့်လှစ်၍ CSR ကိုဆောင်ရွက် လျှက်ရှိကြသော စီးပွားရေး လုပ်ငန်းများအချင်းချင်း ဒေသတွင်း၊ နိုင်ငံတွင်း နှင့် နိုင်ငံတကာ အဆင့်များ၌ ကွန်ယက်ချိတ် ဆက်ဆောင်ရွက်နိုင်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် UN Global Compact ၏ အခြေခံမှုစည်းမျဉ်း ၁၀ခုကို မြန်မာစီးပွားရေး လုပ်ငန်းများ ပိုမိုလိုက်နာ ကျင့်သုံးနိုင်ရေးအတွက် အထောက်အကူပြုစေမည်ဖြစ် သည်။ မြန်မာနိုင်ငံ၌ ဒေသတွင်း UN Global Compact ကွန်ယက်များ ပေါ်ထွက်လာရေးအတွက်လည်း အထောက်အကူ ဖြစ်စေပါလိမ့်မည်။

         မြန်မာနိုင်ငံကုန်သည်ကြီးများအသင်း (UMFCCI) မှ ကြီးမှုးကျင်းပသော၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် UN Global Compact မှ ဒုဥက္ကဌ Sir Mark Moody Stuart တို့ မိန့်ခွန်းပြောကြားသည့် UN Global Compact အစည်းအဝေးသို့ တက်ရောက်လာသော MBCA ၏ ဥက္ကဌ (Martin Pun) ကပြောကြားရာတွင် “ယခုပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံနှင့်အ၀ှမ်း CSR (စီးပွားရေးလုပ်ငန်း များ၏ တာဝန်ယူမှု) ကို နားလည်မှုရှိရေး အထောက်အကူပြုနိုင်မည်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ကို MBCA နှင့် UMFCCI တို့မှ ကတိက၀တ်ပြုထားသည့်အတိုင်းလည်း အကောင်အထည်ဖော်နိုင်ရေးအတွက် အထောက်အပံ့ပြုပါလိမ့်မည်။ ဒေသအတွင်း စီးပွားရေးလုပ်ငန်းများ ဦးဆောင်၍ ပူးပေါင်းလုပ် ဆောင်လျှက်ရှိသော HIV/AIDS တိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်မှု နမူနာကိုယူပြီး တာဝန်ယူမှု ရှိသော စီးပွားရေးလုပ်ငန်း အလေ့အထများ နိုင်ငံတ၀ှမ်း အရှိန်အဟုန်နှင့် ပေါ်ထွန်းလာ နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။”

         မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန၏ ဒါရိုက်တာ Vicky Bowman ပြောကြားရာတွင် “MCRB အနေဖြင့် ယခုကဲ့သို့ မိတ်ဖက်ပြုဆောင်ရွက်မှုအတွက် ငွေကြေး၊ သင်တန်း နှင့် နည်းပညာ ကျွမ်းကျင်မှုအထောက်အကူတို့ကို ပံ့ပိုးပေးရတဲ့အတွက် ၀မ်းသာပါတယ်။ ကျွန်မတို့အနေနဲ့ တာဝန်ယူမှုရှိရေး စီးပွားရေးလုပ်ငန်းများဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး Multi- stakeholder dialogues ‘ပါတ်သက်နေသူများအားလုံးပါဝင်သော စကားဝိုင်းဖွဲ့ဆွေးနွေးမှုများ’ ကို ရန်ကုန်မြို့အပြင် အခြားဒေသများထိ ပျံနှံဖြစ်ပေါ်တာကို အရမ်းမြင်ချင်ပါတယ်။ ရေရှည်တည်တံ့တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုဖို့အတွက် စီးပွားရေးလုပ်ငန်း အချင်းချင်း၊ ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းများ၊ ဒေသဆိုငိရာ အစိုးရများနှင့် အပြုသဘောဆောင်တဲ့ ဆွေးနွေး မှုတွေပေါ်ပေါက်လာဖို့ဆိုရင် ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းများအနေနဲ့ တာဝန်ယူမှုရှိ သော စီးပွားရေးအလေ့အထများကို သိရှိနားလည်၊ လက်ခံ၊ ကျင့်သုံးဖို့လိုပါတယ်။ အဲဒီအတွက် သူတို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့လိုအပ်လှပါတယ်။”

နောက်ခံသမိုင်းကြောင်း

၁။      အဖွဲံအစည်းနှစ်ခုစလုံးက စီးပွားရေးလုပ်ငန်းကြီးများ၏ လူမှုရေးတာဝန် (CSR) ကို “လူမှုအသိုင်းအ၀ိုင်းအပေါ် စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများအတွက်  တာဝန်ယူမှု”ဟု အဓိပ္ပါယ်ဖွင့်ဆိုပါသည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်သည် CSR နဲ့ပတ်သက်သော European Union (EU) ၏ အောက်တိုဘာလ ၂၀၁၁ တွင်ချမှတ်ထားသော ပေါ်လစီမူဝါဒတွင် ဖော်ပြထားသည့် အဓိပ္ပါယ်နဲ့အညီဖြစ်ပါသည်။ ၎င်းတို့သည် UN Guiding Principles on Business and Human Rights (စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မူဘောင်စည်းမျဉ်းများ)၊ UN Global Compact နှင့် OECD Guidelines for Mulinational Enterprises (နိုင်ငံတကာ လုပ်ငန်းကြီးများအတွက် OECD ၏ လမ်းညွှန်များ) ကို အဓိကကျသော အကိုးအကားများအဖြစ် ညွှန်းဆိုထားပါသည်။

၂။      Myanmar Business Coalition on Aid (MBCA) ကို Martin Pun မှ ၂၀၀၂ တွင် ဖွဲ့စည်းခဲ့ပြီး၊ မြန်မာနိုင်ငံရှိ လူမှုရေးနှင့် သဘာဝပါတ်ဝန်းကျင်ကိစ္စများတွင် ကုမ္ပဏီများအနေဖြင့် ပါဝင်ဆောင် ရွက်နိုင်ရန် စီးပွားရေး လုပ်ငန်းများကဦးဆောင်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ တနိုင်ငံလုံးရှိ၎င်း ၏ရုံး (၇) ရုံးသည် စီးပွားရေးလုပ်ငန်းများအနေဖြင့် ကျန်းမာရေး၊ လူမှုရေးနှင့် သဘာဝပါတ်ဝန်းကျင် အရေး ကိစ္စများတွင် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အားပေးဆောင်ရွက်ပါသည်။

၃။      MCRB မှာ ရန်ကုန်တွင် အခြေစိုက်ပြီး လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းများဆိုင်ရာ အင်စတီကျု (Institute For Human Rights and Business – IHRB) နှင့် လူ့အခွင့်အရေးဆိုင်ရာ ဒိန်းမတ်အင်စတီကျု (Danish Institute for Human Rights – DIHR) တို့ ပူးပေါင်းစတင်လိုက်သော ကြိုးပမ်းမှုတရပ်ဖြစ်ပြီး၊ ယူကေ(UK), ဒိန်းမတ်(Denmark), နော်ဝေး(Norway), ဆွစ်ဇာလန် (Switzerland), နယ်သာလန်(Netherlands) and အိုင်ယာလန်(Ireland) တို့မှထောက်ပံ့ခဲ့ပါသည်။ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အလေ့အထများ ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ ဒေသဆိုင်ရာ လိုအပ်ချက်များနှင့် နိုင်ငံတကာအဆင့်အတန်းများအပေါ် အခြေခံသည့် တာဝန်ယူမှု ရှိသော စီးပွားရေးဆိုင်ရာ အသိပညာနှင့် စကားဝိုင်းများ ထွက်ပေါ်လာစေရေး အတွက် ယုံကြည်စိတ်ချရပြီး ဘက်မလိုက်သော အခင်းအကျင်းတခု ပေါ်ထွက်လာစေရန် ရည်ရွယ်ထူထောင်ခဲ့ပါသည်။ ၎င်းသည် ဘက်လိုက်မှုကင်းစွာ စီးပွားရေးလုပ်ငန်းများ၊ လူမှုအဖွဲ့အစည်းများနှင့် အစိုးရတို့နှင့် ပူးပေါင်း လုပ်ဆောင်လျှက်ရှိပါသည်။

၎။      ရန်ပုံငွေအပေါ်မူတည်၍ နိုင်ငံနှင့်အ၀ှမ်း CSR ကွန်ယက်များ၊ ရုံးများကို ဆက်လက်ဖွင့်လှစ် သွားရန်ရှိပါသည်။ ယနေ့မိတ်ဖက်ပြုဆောင်ရွက်မှု၏ အစဦးအနေဖြင့် ရန်ကုန် (မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်း ၏ MBCA ရုံးအတွင်း၌)၊ မန္တလေး (MBCA ရုံး၌) နှင့် မြစ်ကြီးနား (ဒေသဆိုင်ရာ MBCA၏ စီးပွားရေးမိတ်ဖက်တဦး နေရာ၌) မြို့တို့၌ ၂၀၁၄၊ မတ်လ၊ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်၍ ၀န်ထမ်းများ ခန့်အပ်ထားရှိ ဆောင်ရွက်မည်ဖြစ်ပါသည်။ ရန်ကုန်ရုံးသည် စီမံကိန်းရေး ဆွဲခြင်း၊ ကွန်ယက်ဖွဲ့စီမံ ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းများ အလျင်အမြန် စတင်လည်ပတ်နိုင်ရေးကို အဓိကထား ဆောင်ရွက်မည်ဖြစ်သည်။

အသေးစိတ်အချက်အလက်များသိရှိလိုပါက-

MBCA (http://www.mbconaid.org/)

Martin Pun

Email: [email protected]

MCRB (www.myanmar-responsiblebusiness.org)

Vicky Bowman, Contact number: 09 448 011895

Hnin Wut Yee, Contact number: 09450 051946

MCRB at workshop on responsible business in Naypyidaw
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
MCRB at workshop on responsible business in Naypyidaw
The Road to Myanmar Is Inviting but Potholed
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
The Road to Myanmar Is Inviting but Potholed
{youtube}Ia--8bv6LyY{/youtube}
Un-subscribe

If you want to stop receiving newsletters write here the Removal Code shown in newsletter you reveived by us and click Un-subscribe.

Invalid e-mail address
 
Please wait...
© 2024 Myanmar Centre for Responsible Business