ပွင့်သစ်စစီမံကိန်းလတ်တလောတွေ့ရှိချက်- လုပ်ငန်းပမာဏ အကြီးမားဆုံးမြန်မာကုမ္ပဏီများ၏ ထက်ဝက်နီးပါးခန့်တွင် ၀ဘ်ဆိုဒ်မရှိသေး - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » ပွင့်သစ်စစီမံကိန်းလတ်တလောတွေ့ရှိချက်- လုပ်ငန်းပမာဏ အကြီးမားဆုံးမြန်မာကုမ္ပဏီများ၏ ထက်ဝက်နီးပါးခန့်တွင် ၀ဘ်ဆိုဒ်မရှိသေး

ပွင့်သစ်စစီမံကိန်းလတ်တလောတွေ့ရှိချက်- လုပ်ငန်းပမာဏ အကြီးမားဆုံးမြန်မာကုမ္ပဏီများ၏ ထက်ဝက်နီးပါးခန့်တွင် ၀ဘ်ဆိုဒ်မရှိသေး

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းပွင့်လင်းမြင်သာမှုကို တိုးမြှင့်ရန် MCRB က ပွင့်သစ်စ စီမံချက်စတင်ခဲ့သည်။
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းပွင့်လင်းမြင်သာမှုကို တိုးမြှင့်ရန် MCRB က ပွင့်သစ်စ စီမံချက်စတင်ခဲ့သည်။

Six weeks into the project, we have reviewed the websites of 60 Myanmar companies that are significant players in the country’s economy. We have found that only 34 of them i.e. just over half have websites.

Download a Burmese-language version of this TiME release
Document PDF, 81.23 KB, 1043 downloads, ဧပြီ 30, 2014

မြန်မာ့စီးပွားရေးလုပ်ငန်းများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ အဖွဲ့အစည်းဆိုင်ရာပွင့်လင်းမြင်သာမှု၊ လူ့အခွင့်အရေး၊ လုံခြုံစိတ်ချမှုနှင့် သဘာဝပတ်ဝန်းကျင်ရေးရာနယ်ပယ်များတွင် ပွင့်လင်းမြင်သာမှုတိုးမြှင့်စေရန် ရည်ရွယ်ပြီး မတ်လ၁၈ရက် နေ့က စတင်ခဲ့သည့် ပွင့်သစ်စစီမံချက် (TiME) ၏ လတ်တလောတွေ့ရှိချက်များကို မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)က ယနေ့ထုတ်ပြန်လိုက်သည်။ စီမံချက်သည် ယင်းကုမ္ပဏီ တို့၏ ၀ဘ်ဆိုဒ်များတွင် ထုတ်ပြန်ထားသည့် ယင်းတို့၏ သတင်းအချက်အလက်များအပေါ် အခြေခံပြီး ကုမ္ပဏီများကို အမှတ်ပေးသွားမည်ဖြစ်သည်။

 

“စီမံချက်ကာလသီတင်းပတ် ခြောက်ပတ်ရှိတဲ့အချိန် မြန်မာ့စီးပွားရေးမှာထင်ရှားတဲ့လုပ်ငန်းတွေဖြစ်တဲ့ ပြည်တွင်း ကုမ္ပဏီ ၆၀ ရဲ့ဝဘ်ဆိုဒ်တွေကို ကျွန်မတို့သုံးသပ်ကြည့်ခဲ့ပါတယ်။ အဲဒီထဲက တစ်ဝက်ကျော်ကျော်လောက်ဖြစ်တဲ့ ကုမ္ပဏီ ၃၄ ခုပဲ ၀ဘ်ဆိုဒ်ရှိတာကို ကျွန်မတို့တွေ့ရှိခဲ့ပါတယ်။ အဲဒီထဲကတစ်ချို့တွေကတော့ သူတို့ရဲ့ ကုမ္ပဏီဒါမှ မဟုတ် အုပ်စုရဲ့ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ပက်သက်ပြီးအသေးစိတ်ကို ၀ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ တစ်ချို့က တော့ သူတို့ရဲ့အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေကိုဖော်ပြထားပါတယ်။ ဒါပေမယ့် အလွန်နည်းတဲ့ အရေအတွက်ကပဲ တာဝန်ယူမှုရှိတဲ့စီးပွားရေးလုပ်ငန်းရဲ့ အခြားအလေ့အထတွေကိုဖော်ပြဖို့ ၀ဘ်ဆိုဒ်ကိုသုံးကြပါ တယ်”လို့ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန(MCRB)၏ ဒါရိုက်တာဗစ်ကီဘိုးမင်းက ပြောသည်။

“ဒါပေမယ့် စီမံချက်နဲ့ပက်သက်ပြီးဆွေးနွေးဖို့နဲ့ သူတို့ရဲ့ပွင့်လင်းမြင်သာမှုတွေ ဘယ်လိုတိုးမြှင့်နိုင်မလဲဆိုတာ ဆွေးနွေး ဖို့ ကျွန်မတို့ကိုဆက်သွယ်ထားတဲ့ ကုမ္ပဏီတွေကိုတော့ အားပေးသွားမှာပါ။ ဒါဟာပွင့်သစ်စစီမံချက်ရဲ့ ရည်ရွယ် ချက်ဖြစ်ပြီး မြန်မာ့ကုမ္ပဏီတွေမှာ လက်ရှိကျင့်သုံးနေတဲ့ ကောင်းမွန်တဲ့အလေ့အထတွေကို အသိအမှတ်ပြုပြီး အခြားသူတွေရဲ့ အလေ့အထကောင်းတွေကို လက်ခံဖို့အားပေးသွားဖို့ပဲဖြစ်ပါတယ်” ဟုသူမကပြောသည်။

“ကျွန်မတို့စီမံချက်ရဲ့ နောက်အဆင့်အနေနဲ့ ကျွန်မတို့ရဲ့အကြမ်းဖျင်းတွေရှိချက်တွေနဲ့အတူ မေလပထမပတ်မှာ ကုမ္ပဏီတွေကို ဆက်သွယ်သွားပါမယ်။ ကျွန်မတို့ရဲ့ရှာဖွေတွေ့ရှိချက်တွေကို အီးမေးလ်နဲ့ရောစာနဲ့ပါ သူတို့ဆီ ပေးပို့သွားမှာပါ။ ကျွန်မတို့ကိုနောက်ထပ် သတင်းအချက်အလက်တွေထပ်ပေးဖို့နဲ့ သူတို့ရဲ့ဝဘ်ဆိုဒ်တွေမှာတင်ဖို့ သူတို့ကိုဖိတ်ခေါ်သွားမှာပါ။ ဥပမာအားဖြင့် တစ်ချို့ကုမ္ပဏီတွေမှာ ၀န်ထမ်းကျင့်ဝတ်တွေ ဒါမှမဟုတ် တာဝန်ယူမှုရှိ တဲ့စီးပွားရေးလုပ်ငန်းမူဝါဒတွေ ရှိပြီးသားဖြစ်မယ်လို့ ကျွန်မတို့ယူဆပါတယ်။ ဒါပေမယ့် အဲဒီဲမူဝါဒတွေကို ထုတ်ပြန်ရင် လည်း သူတို့အတွက်စီးပွားရေးလုပ်ငန်း နာမည်ဂုဏ်သတင်းတန်ဖိုး ရရှိနိုင်ကြောင်းနဲ့ တာဝန်ယူမှုရှိ တဲ့စီးပွားရေးလုပ်ငန်းမူဝါဒတွေကို ထုတ်ပြန်ခြင်းအားဖြင့် ပိုမိုကျယ်ပြန့်တဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို အကျိုးပြု နိုင်ကြောင်း ကုမ္ပဏီတွေက  သတိပြုမိပုံ မရပါဘူး” ဟုဗစ်ကီကဆက်လက်ပြောကြားသည်။

စစ်တမ်းကောက်ယူမှုအဆုံးသတ်အချိန်အထိ သတင်းအချက်အလက်များပိုမိုထုတ်ပြန်ပေးရန် ကုမ္ပဏီများသည် နှစ်လ အချိန်ရသေးသည်။ စီမံချက်ရလဒ်များကိုဇူလိုင်လတွင် ထုတ်ပြန်မည်ဖြစ်သည်။ စစ်တမ်းကို ၂၀၁၅ တွင်လည်း ထပ်မံပြုလုပ်မည်ဖြစ်သည်။

နောက်ခံအကြောင်း

၁။ ရန်ကုန်အခြေစိုက်မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရရှိရေးအထောက်အကူပြုဌာန(MCRB)ကို ယူကေ အခြေစိုက် လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းအဖွဲ့ (Institute of Human Rights and Business)နှင့် ဒိန်းမတ်လူ့ အခွင့်အရေးအဖွဲ့အစည်း(Danish Institute of Human Rights)တို့ ပူးပေါင်းဖွဲ့စည်းပြီး ယူနိုက်တက်ကင်းဒမ်၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ အိုင်ယာလန်တို့က ထောက်ပံ့ပေးပါသည်။ ပြည်တွင်း လိုအပ်ချက်များ ပေါ်မှုတည်၍ နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ တာဝန်ယူမှုရှိသောစီးပွားရေး ကျင့်ဝတ်များပ်ါပေါက်လာရန် လိုအပ်သောအသိပညာ၊ စွမ်းရည်၊ ဆွေးနွေးတိုင်ပင်ခြင်းများကို အားပေးပြီးထိရောက်အသုံးတည့်သည့် အခင်းအကျင်း တစ်ခုဖန်တီးပေးလိုသောရည်ရွက်ချက်ဖြင့် ဤဌာနကိုတည်ထောင်ခဲ့ရခြင်းဖြစ်သည်။ (MCRB)သည် စီးပွားရေး လုပ်ငန်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ အစိုးရများနှင့်ပူပေါင်းဆောင်ရွက်နေသော ဘက်လိုက်မှုကင်းသည့် အဖွဲ့ အစည်းတစ်ခုဖြစ်ပါသည်။

၂။ ပြည်တွင်းအခွန်များဦးစီးဌာနကထုတ်ပြန်သော ဝင်ငွေခွန်အများဆုံးပေးဆောင်သူစာရင်း (၁ဝဝ)နှင့် ကုန်သွယ်

လုပ်ငန်းခွန် အများဆုံးပေးဆောင်သူစာရင်း(၁ဝဝ)ကို အခြေခံကာစီမံကိန်းတွင် ပါဝင်မည့်ကုမ္ပဏီများကို ရွေးချယ်ခဲ့ ပါသည်။ ယင်းကုမ္ပဏီများ၏ကုမ္ပဏီခွဲများကိုလည်း မိခင်ကုမ္ပဏီတစ်ခုတည်းအောက်တွင် ထည့်သွင်းပါသည်။ အခွန်အများဆုံးပေးဆောင်သူစာရင်းတွင် မပါဝင်သောကုမ္ပဏီကြီးများကိုလည်း ဤစီမံချက်တွင်ထည့်သွင်း ထားသည်။ စီမံချက်တွင်ပါဝင်သော ကုမ္ပဏီများကိုသိရှိလိုပါက https://www.myanmar-responsiblebusiness.org တွင်ကြည့်ရှုနိုင်ပါသည်။

၃။ ကုမ္ပဏီများ၏ဝက်ဘ်ဆိုဒ်ပေါ်တွင် မည်သည့်အကြောင်းအရာကို မူတည်၍စစ်တမ်းပြုစုမည်ဆိုသည့် မေးခွန်းများကို MCRBဝက်ဘ်ဆိုဒ်ပေါ်တွင် ရှာဖွေကြည့်ရှုနိုင်ပါသည်။ မေးခွန်းများနှင့်ပက်သက်၍လည်းကောင်း၊ စီမံချက်တွင်ပါဝင်သော ကုမ္ပဏီစာရင်းများနှင့် ပက်သက်၍လည်းကောင်း၊(သို့မဟုတ်) အခြားသောမည်သည့် ကုမ္ပဏီ များကို ဤစီမံချက်၏ကုမ္ပဏီများစာရင်းတွင် ထည့်သွင်းသင့်သည်များနှင့် ပတ်သက်၍သော်လည်းကောင်း လူကြီးမင်း တို့၏အကြံပြုချက်များကို ဖိတ်ခေါ်အပ်ပါသည်။ ထိုအကြံပြုချက်များကို([email protected])      ဤသုတေသနှင့်ပတ်သက်၍ စီမံချက်တွင် ပါဝင်သောကုမ္ပဏီများအား ၄င်းတို့၏ရလဒ်များကို ဧပြီ၊မေလတွင် အကြောင်းကြားမည်ဖြစ်သည်။ ကုမ္ပဏီဝက်ဘ်ဆိုဒ်များပေါ်တွင် လိုအပ်သော အကြောင်းအရာအချက်အလက်များ ထည့်သွင်းခြင်း၊ ထပ်မံဖြည့်စွက်ခြင်းများကိုဆောင်ရွက်ရန် အခွင့်အရေးပေးသွားမည်ဖြစ်သည်။ ဤဖြည့်စွက်ထည့် သွင်းခြင်းများပေါ်မူတည်၍ နောက်ဆုံးရလဒ်များကိုဇူလိုင်လတွင် တရားဝင်ကြေညာသွားမည်ဖြစ်သည်။

Transparency in Myanmar Enterprises: Research Questionnaire
Document PDF, 102.25 KB, 1414 downloads, ဧပြီ 29, 2014

Transparency in Myanmar Enterprises: Research Questionnaire (Burmese)
Document PDF, 109.71 KB, 1306 downloads, ဧပြီ 29, 2014

သတင်းမီဒီယာများအတွက်

ဤစီမံကိန်းနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ဝင်းကျော်ကျော် (ပွင့်သစ်စစီမံချက် မန်နေဂျာ)

ဖုန်းဝ၉၄၂၁၁၂၇၅၄၂ ([email protected]) သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Web presence a key indicator of corporate transparency
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
Web presence a key indicator of corporate transparency
MCRB at the Asean People Forum 2014
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
MCRB at the Asean People Forum 2014
Un-subscribe

If you want to stop receiving newsletters write here the Removal Code shown in newsletter you reveived by us and click Un-subscribe.

Invalid e-mail address
 
Please wait...
© 2024 Myanmar Centre for Responsible Business