မြန်မာကုမ္ပဏီ ၆၀၏ ပွင့်လင်းမြင်သာမှုကို လေ့လာသည့် ပွင့်သစ်စ စီမံချက် ပထမအကြိမ် အစီရင်ခံစာကို မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ထုတ်ပြန် - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » မြန်မာကုမ္ပဏီ ၆၀၏ ပွင့်လင်းမြင်သာမှုကို လေ့လာသည့် ပွင့်သစ်စ စီမံချက် ပထမအကြိမ် အစီရင်ခံစာကို မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ထုတ်ပြန်

မြန်မာကုမ္ပဏီ ၆၀၏ ပွင့်လင်းမြင်သာမှုကို လေ့လာသည့် ပွင့်သစ်စ စီမံချက် ပထမအကြိမ် အစီရင်ခံစာကို မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ထုတ်ပြန်

ပွင့်သစ်စ စီမံချက် ပထမအကြီမ် အစီရင်ခံစာ MCRB ထုတ်ပြန်
ပွင့်သစ်စ စီမံချက် ပထမအကြီမ် အစီရင်ခံစာ MCRB ထုတ်ပြန်

တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းအလေ့အထများဆိုင်ရာ သတင်းအချက်အလက်များနှင့် ပက်သက်သည့် မြန်မာ့ကုမ္ပဏီ ၀ဘ်ဆိုဒ်များ၏ ပွင့်လင်းမြင်သာမှုကို လေ့လာသည့် ပွင့်သစ်စ စီမံချက် (TiME) ပထမအကြိမ် အစီရင်ခံစာကို မြန်မာ့စီးပွားရေး လုပ်ငန်း တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က ယနေ့ထုတ်ပြန်လိုက်ပါသည်။ အပြည်ပြည်ဆိုင်ရာ ပွင့်လင်း မြင်သာမှုအဖွဲ့ကြီး (TI) မှ ခိုင်ခိုင်မာမာရှိသည့် စနစ်တကျလုပ်ဆောင်ပုံ အဆင့်ဆင့်ကို နည်းယူထားသည့် မြန်မာနိုင်ငံတွင် ဦးဦးဖျားဖျား ပြုလုပ်သော အစီရင်ခံစာသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ အဖွဲ့ အစည်းဆိုင်ရာပွင့်လင်းမြင်သာမှု၊ လူ့အခွင့် အရေး၊ ကျန်းမာရေး၊ လုံခြုံစိတ်ချရမှုနှင့် သဘာဝပတ်ဝန်းကျင် (HSE) ဆိုင်ရာကိစ္စရပ်များနှင့်ပက်သက်ပြီး သတင်း အချက် အလက်များကို ကုမ္ပဏီဝဘ်ဆိုဒ်များတွင် မည်မျှထုတ်ပြန်ထားသည်ကို လေ့လာသုံးသပ်ထားသည်။ ယခုသုတေသန ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ယင်းနယ်ပယ်များတွင် မြန်မာ့စီးပွားရေးလုပ်ငန်းများက ပွင့်လင်းမြင်သာမှုကို တိုးမြှင့်အောင် တိုက်တွန်းအားပေးရန်ဖြစ်သည်။

2014 Pwint Thit Sa Report (English and Burmese)
Document PDF, 2846 downloads, ဇူလိုင် 22, 2014

ကမ္ဘောဇ၊ ပါရမီ (Parami) နှင့် မက်စ်မြန်မာတို့က ဦးဆောင်ပြီး လုပ်ငန်းပမာဏကြီးမားသည့် မြန်မာကုမ္ပဏီကိုးခုက ယင်းကိစ္စ ရပ်များနှင့်ပက်သက်ပြီး ၄င်းတို့၏ မူဝါဒများ၊ စံချိန်စံညွှန်းများနှင့် အလေ့အထများဆိုင်ရာ သတင်းအချက်အလက်များ သိသိ သာသာ ထုတ်ပြန်ထားသည်ကို အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော်လည်း လုပ်ငန်းပမာဏ ကြီးမားသည့် ကုမ္ပဏီ ၆၀ တွင် ၂၅ ခုမှာ ပွင့်လင်းမြင်သာမှုနှင့်ပက်သက်ပြီးလုံးဝထုတ်ပြန်ခြင်းမရှိဘဲ ၀ဘ်ဆိုဒ်ပင်မရှိ သည့်အတွက် လေ့လာမှုတွင် သုည သာရရှိသည်ကို တွေ့ရပါသည်။  အခြားကုမ္ပဏီအတော်များများမှာလည်း ယေဘုယျအားဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး သို့မဟုတ် အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်းမြင်သာမှုတို့နှင့် ဆက်စပ်သည့် သတင်းအချက်အလက်အနည်းငယ်ကိုသာ ထုတ်ပြန်ခဲ့ ကြသည်။ မြန်မာပြည်သူများအတွက် အတော်ပင်ပူပန်စရာကောင်းသောကိစ္စရပ်များဖြစ်သည့် မြေယာရယူခြင်းအပါအ၀င် လူ့အခွင့်အရေးကိစ္စရပ်များ၊ ကျန်းမာရေး၊ လုံခြုံစိတ်ချရမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနယ်ပယ်များတွင် ကျွန်ုပ်တို့ဌာနက မူဝါဒအပိုင်းကိုသာမက ၄င်းတို့၏ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပက်သက်သော သတင်းအချက် အလက်များနှင့် သက်ဆိုင်သော အထောက်အထားများကိုကြည့်ရှုသည့်အတွက် ယင်းနယ်ပယ်များတွင် ကုမ္ပဏီများသည် အမှတ်အနည်းငယ် သာရကြသည်။

“အခုလို ဆောင်ရွက်ဖို့ စည်းမျဉ်းစည်းကမ်းအရ တိုင်းပြည်ကချမှတ်ထားတဲ့လိုအပ်ချက်မရှိပေမယ့် နိုင်ငံတကာ စံချိန်စံညွှန်းတွေ နဲ့အညီ သူတို့ရဲ့ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု၊ ရေရှည်တည်တံ့ခိုင်မြဲရေး အလေ့အထတွေနဲ့ ပြည်သူ့ဆက်ဆံရေးတွေမှာ အဆင့်မြှင့်ပြီး ပိုပြီးပွင့်လင်းမြင်သာရမယ့် ခရီးတစ်ခုကိုစတင်ခဲ့တဲ့အတွက် ဒီကုမ္ပဏီတွေကို ကျွန်မတို့ ချီးကျူးပါတယ်။ ဒီခရီးကို ခြေလှမ်းမစရ သေးတဲ့ ကုမ္ပဏီတွေကလည်း စတင်လျှောက်လှမ်းကြမယ်လို့ ကျွန်မတို့မျှော်လင့်ပါတယ်။ လာမည့်လတွေမှာတော့ သူတို့ရဲ့ စွမ်းဆောင်ရည်တွေ တိုးမြင့်ဖို့ သူတို့တွေလုပ်ဆောင်နိုင်အောင် လူ့အခွင့်အရေးဆိုင်ရာ မျက်နှာစာတွေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာအကောင်းဆုံးအလေ့အထတွေနဲ့ပက်သက်ပြီး မြန်မာကုမ္ပဏီတွေကို မြန်မာ့စီးပွားရေးလုပ်ငန်းကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က နောက်ထပ်အကြံပြုချက်တွေပေးသွားမှာပါ” လို့ မြန်မာ့စီးပွားရေး လုပ်ငန်း ကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)၏ ဒါရိုက်တာ ဗစ်ကီဘိုမန်က ပြောသည်။

“ဒါဟာ ကုမ္ပဏီတွေသတင်းအချက်အလက်ထုတ်ပြန်မှုအပေါ်လေ့လာမှုတစ်ခါ။ ဒီနယ်ပယ်တွေမှာ သူတို့ရဲ့ တကယ့် စွမ်းဆောင် ရည်ကို ဆန်းစစ်လေ့လာမှုတစ်ခု လုပ်နေတာမဟုတ်ပါဘူး။ ၀န်ထမ်းအားလုံးက သိရှိနားလည်ပြီး ကုမ္ပဏီရဲ့ နေ့စဉ်စီးပွားရေး လုပ်ငန်းဆောင်ရွက်မှုတွေမှာ ကျင့်သုံးခြင်းမရှိရင်တော့ မူဝါဒတွေနဲ့ လုပ်ဆောင်ရန် ကတိက၀တ်တွေဟာ ဘာအဓိပ္ပာယ်မှမရှိပါ ဘူး။ ဒါကြောင့် အဲဒီကုမ္ပဏီတွေလုပ် ပြည်သူနဲ့ဆိုင်တဲ့လုပ်ဆောင်ရမယ့် အရာတွေကိုလေ့လာပြီး အဲဒီအရာတွေကိုတာဝန်ယူ ဆောင်ရွက်စေဖို့ ပြည်တွင်းမီဒီယာတွေနဲ့ မြန်မာ့အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို ကျွန်မတို့တိုက်တွန်းလို့ပါတယ်”  ဟု သူမက ဆိုသည်။ လေ့လာမှုကို ၂၀၁၅ တွင်လည်း ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။ ပိုမိုကောင်းမွန်အောင်မည်သို့ ဆောင်ရွက်ရမည် ဆိုသော အကြံပြုချက်များကို မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က ကြိုဆိုပါသည်။

နောက်ခံအကြောင်း

၁။ ရန်ကုန်အခြေစိုက်မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရရှိရေးအထောက်အကူပြုဌာန(MCRB)ကို ယူကေအခြေစိုက် လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းအဖွဲ့ (Institute of Human Rights and Business)နှင့် ဒိန်းမတ်လူ့ အခွင့်အရေး အဖွဲ့အစည်း(Danish Institute of Human Rights)တို့ ပူးပေါင်းဖွဲ့စည်းပြီး ယူနိုက်တက်ကင်းဒမ်၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ အိုင်ယာလန်တို့က ထောက်ပံ့ပေးပါသည်။ ပြည်တွင်း လိုအပ်ချက်များပေါ်မှုတည်၍ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ တာဝန်ယူမှုရှိသောစီးပွားရေး ကျင့်ဝတ်များပ်ါပေါက်လာရန် လိုအပ်သောအသိပညာ၊ စွမ်းရည်၊ ဆွေးနွေးတိုင်ပင်ခြင်းများကို အားပေးပြီးထိရောက်အသုံးတည့်သည့် အခင်းအကျင်းတစ်ခု ဖန်တီးပေးလိုသော ရည်ရွက် ချက်ဖြင့် ဤဌာနကိုတည်ထောင်ခဲ့ရခြင်းဖြစ်သည်။ (MCRB)သည် စီးပွားရေး လုပ်ငန်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ အစိုးရများနှင့်ပူပေါင်းဆောင်ရွက်နေသော ဘက်လိုက်မှုကင်းသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

၂။ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်သော ဝင်ငွေခွန်အများဆုံး ပေးဆောင်သူစာရင်း (၁ဝဝ)နှင့် ကုန်သွယ်လုပ်ငန်း ခွန်အများဆုံး ပေးဆောင်သူစာရင်း(၁ဝဝ)ကို အခြေခံကာ စီမံကိန်းတွင် ပါဝင်မည့်ကုမ္ပဏီများကို ရွေးချယ်ခဲ့ပါသည်။ ယင်း ကုမ္ပဏီများ၏ ကုမ္ပဏီခွဲများကိုလည်း မိခင်ကုမ္ပဏီတစ်ခုတည်းအောက်တွင် ထည့်သွင်းပါသည်။ အခွန်အများဆုံး ပေးဆောင် သူ စာရင်းတွင် မပါဝင်သောကုမ္ပဏီကြီးများကိုလည်း ဤစီမံချက်တွင်ထည့်သွင်းထားသည်။ စီမံချက်တွင်ပါဝင်သော ကုမ္ပဏီ များကိုသိရှိလိုပါက https://www.myanmar-responsiblebusiness.org တွင်ကြည့်ရှုနိုင်ပါသည်။

၃။ ကုမ္ပဏီဝဘ်ဆိုဒ်များတွင် ရှာဖွေလေ့လာသည့် ကိစ္စရပ်များ/မေးခွန်းများစာရင်းကိုလည်း အစီရင်ခံစာ၏ နောက်ဆက်တွဲ တွင် ဖော်ပြထားပါသည်။

၎။ လေ့လာမှုပြုလုပ်သည်ကို ကုမ္ပဏီများအား မတ်လတွင်အကြောင်းကြားခဲ့ပြီး မေ/ဇွန်တွင် ၄င်းတို့၏၀ဘ်ဆိုဒ်များကို လေ့လာမှုမှရရှိသည့် အကြမ်းဖျင်းတွေရှိချက်များကို ပေးပို့ခဲ့ပါသည်။ မှတ်ချက်ပေးရန် သို့မဟုတ် ၄င်းတို့၏ ၀ဘ်ဆိုဒ်တွင် နောက်ထပ်သတင်းအချက်အလက်များထပ်ဖြည့်ရန် ကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့ပါသည်။ ၀ဘ်ဆိုဒ်များရှိ လေ့လာရာတွင် ဇွန်လ ၃၀ ရက်နေ့အထိထုတ်ပြန်ခဲ့သည့် သတင်းအချက်အလက်များကိုသာ ထည့်သွင်းစဉ်းစားခဲ့ပါ သည်။

၅။ ကုမ္ပဏီ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးထုတ်ပြန်ခြင်းအလေ့အထများ၊ ကုမ္ပဏီခွဲများနှင့် ဖက်စပ်လုပ်ငန်းများကဲ့သို့ ကုမ္ပဏီလုပ်ငန်းများကို စီမံဆောင်ရွက်ပုံနှင့် လုပ်ငန်းလည်ပတ်သည့် နိုင်ငံတစ်နိုင်ငံချင်းနှင့်ပက်သက်ပြီး ၄င်းတို့ထုတ်ပြန် သည့် သတင်းအချက်အလက် အဆင့်စသည်တို့ကို လေ့လာဆန်းစစ်သည့် အပြည်အပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု အဖွဲ့ကြီး ( Transparency International) ၏ Transparency in Corporate Reporting study သည် (© Transparency International. All Rights Reserved) မူပိုင်ဖြစ်ပါသည်။  နောက်ထပ်သိရှိလိုပါက http://www.transparency.org တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။


ဆက်သွယ်ရန်

ဝင်းကျော်ကျော်၊ ပွင့်သစ်စ စီမံချက်မန်နေဂျာ

၀၉၄၂၁၁၂၇၅၄၂  သို့မဟုတ် [email protected] ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

MCRB Invites Recent Tourists to Myanmar to Complete a Survey
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
MCRB Invites Recent Tourists to Myanmar to Complete a Survey
Vicky Bowman comments on Coca Cola’s second report under the US reporting requirements
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
Vicky Bowman comments on Coca Cola’s second report under the US reporting requirements
2014 Pwint Thit Sa Report2014 Pwint Thit Sa Report
2014 Pwint Thit Sa Report2014 Pwint Thit Sa Report
© 2024 Myanmar Centre for Responsible Business