မြန်မာနိုင်ငံတွင် ပိုမိုအားကောင်းသော စီးပွားရေးလုပ်ငန်းဆိုင်ရာ ပွင့်လင်း မြင်သာမှု ရှိလာစေရန်အတွက် စည်းကြပ်မှု လမ်းကြောင်းများ ဖွံ့ဖြိုးလာပြီဖြစ် - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » မြန်မာနိုင်ငံတွင် ပိုမိုအားကောင်းသော စီးပွားရေးလုပ်ငန်းဆိုင်ရာ ပွင့်လင်း မြင်သာမှု ရှိလာစေရန်အတွက် စည်းကြပ်မှု လမ်းကြောင်းများ ဖွံ့ဖြိုးလာပြီဖြစ်

မြန်မာနိုင်ငံတွင် ပိုမိုအားကောင်းသော စီးပွားရေးလုပ်ငန်းဆိုင်ရာ ပွင့်လင်း မြင်သာမှု ရှိလာစေရန်အတွက် စည်းကြပ်မှု လမ်းကြောင်းများ ဖွံ့ဖြိုးလာပြီဖြစ်

မန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန၏ ဒါရိုက်တာ ဗစ်ကီဘိုမန်ကို ရန်ကုန်စတော့အိပ်ချိန်းရှိ ခေါင်းလောင်း အနီးတွင် တွေ့ရစဉ်။
မန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန၏ ဒါရိုက်တာ ဗစ်ကီဘိုမန်ကို ရန်ကုန်စတော့အိပ်ချိန်းရှိ ခေါင်းလောင်း အနီးတွင် တွေ့ရစဉ်။

ရန်ကုန် စတော့အိပ်ချိန်း တွင် ဇွန်လ ၂၁ ရက်က မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် ကြီးကြပ်ရေး ကော်မရှင် နှင့် International Finance Corporation (IFC) တို့ ပူးပေါင်းကျင်းပသည့် “စီးပွားရေးလုပ်ငန်းဆိုင်ရာ ပွင့်လင်း မြင်သာမှုတိုးမြှင့်ရေး ၊ ပွင့်လင်းမြင်သာသော သတင်းပေးပို့မှုနှင့် ဆက်လက်လုပ်ဆောင်ရမည့် ထုတ်ဖော်ဖွင့်လှစ်ပြသမှုများ ဆိုင်ရာ လမ်းကြောင်းများနှင့် စီးပွားရေးကိစ္စရပ်များ”  ဆွေးနွေးပွဲတွင် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ ဒါရိုက်တာ ဗစ်ကိဘိုမန်၊ က တင်ပြဆွေးနွေးမှုများ (presentation)  ပြုလုပ်ခဲ့သည်။ 

အခြားဟောပြောသူများမှာ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် ကြီးကြပ်ရေး ကော်မရှင်မှ ဦးဌေးချွန်၊ ဒေါ်တင်မေဦး IFC မှ  Luis Mariano Enriquez-Mejia နှင့် DFID  မှ Robbie Barkell  တို့ဖြစ်သည်။ အခမ်းအနားကို  DFID ၊ Australian Aid နှင့် Myanmar Corporate Governance Initiative (MCGI) ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ 

ဗစ်ကီ၏ တင်ပြချက်တွင် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေကြသည့် စီးပွားရေးလုပ်ငန်းများ က အစီရင်ခံရာတွင် လိုအပ်ချက်   သည့်အချက်များ ပိုမိုတိုးမြှင့်လာမှု နှင့် ပတ်သက်သည့် မြန်မာနိုင်ငံ၏ လက်ရှိနှင့် လာမည့်ကာလများအတွင်း ဖြစ်လာနိုင်သည့် စည်းမျဉ်းစည်းကမ်းများ အကြောင်းပါဝင်သည်။ ၄င်းတွင်   အသစ်ပြဌားန်းလိုက်သည့် စီမံချက်အနှစ်ချုပ် အစီရင်ခံစာအကြာင်းနှင့် မြန်မာကုမ္ပဏီ စည်းမျဉ်း  ပုဒ်မ ၁၉၆ မှ ရင်းနှီးမြှုပ်နှံမှု အတွက် နှစ်စဉ် အစီရင်ခံစာ အကြောင်းတို့ပါဝင်သည်။ ၄င်းနှစ်စဉ်အစီရင်ခံစာကို မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုချက်ရရှိထားသည့် သို့မဟုတ် အခွန်ကင်းလွတ်ခွင့်ရရှိထားသည့်ကုမ္ပဏီက တင်သွင်းရမည်ဖြစ်သည်။ အသစ်ပြင်ဆင်သော ကုမ္ပဏီဥပဒေပြင်ဆင်မှုတွင်လည်း ဖြစ်နိုင်ခြေရှိသော အန္တရာယ်များ နှင့်  ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက်ကို ထုတ်ဖော်ပြသပြီး လုပ်ငန်းစဉ် အဆင့်ဆင့်တွင် ညှိနှိုင်း ရမည် ဆိုသောအချက် များပါ ပါဝင်သည့် ဒါရိုက်တာ၏ အစီရင်ခံစာလိုအပ်ဟု ပါရှိသည်။ 

ထုတ်ဖော် ပြသမှုများ ပိုမိုပြုလုပ်ရန်လိုအပ်သည်ဟု စည်းမျဉ်းများက ဆိုကြသည်မှာ ကုမ္ပဏီများအတွက် အလွန် အကျိုးရှိသည်ဟု ဗစ်ကီက ထောက်ပြခဲ့သည်။ ၄င်းသည် ဆက်နွယ်ပတ်သက်သူများနှင့် ယုံကြည်မှုတည်ဆောက်ရာတွင် အကူအညီပေးသည်၊ မီဒီယာများ၏ သတင်းတင်ဆက်မှု မှန်ကန်စေရေးအတွက် တိုက်တွန်းမှုဖြစ်စေသည်၊ အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများနှင့် လက်တွဲလုပ်ကိုင်မည့်သူများကို ဆွဲဆောင်ရာရောက်သည်ဟု ဆိုသည်။ ထို့အပြင်  MCRB ၏ ပွင့်သစ်စ အစီ ရင်ခံစာ  Pwint Thit Sa report,  အကြောင်း ကိုလည်း ရှင်းလင်းခဲ့သည်။ ၄င်းအစီရင်ခံစာကို ၂၀၁၈ခုနှစ်တွင် ထပ်မံထုတ်ပြန်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ အကြီးဆုံး ကုမ္ပဏီကြီးများနှင့်  ကုမ္ပဏီအုပ်စုများအကြား နိုင်ငံတကာစံနှုန်းနှင့်အညီ အစီရင်ခံမှု၊ မူဘောင်ထားရှိမှု တို့ အပေါ်တွင် ပွင့်လင်းမြင်သာမှုများကို  ယှဉ်ပြိုင်ရန် ရည်ရွယ်သည်။   ထို့အပြင် MCRB က လုပ်ငန်းများ၏ စီမံအုပ်ချုပ်မှုတိုးတက်စေရန် ကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲများအကြောင်း လည်းမီးမောင်းထိုးပြခဲ့သည်။ လာမည့် အလုပ်ရုံဆွေးနွေးပွဲမှာ အဂတိလိုက်စားနှင့် စီးပွားရေးဆိုင်ရာ ဂုဏ်သိက္ခာရှိမှု အပေါ် အဓိကထားသည့် ဆွေးနွေးပွဲ ဖြစ်သည်။ 

MCRB Hosts a Roundtable Between Myanmar Civil Society Organisations and the Caux Roundtable Japan
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
MCRB Hosts a Roundtable Between Myanmar Civil Society Organisations and the Caux Roundtable Japan
Consultation Held on the Discrimination and Business in Myanmar Briefing Paper
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
Consultation Held on the Discrimination and Business in Myanmar Briefing Paper

နောက်ဆုံးရ သတင်း

Recordings of the presentations are available to watch in English or in Thai. Click "See More" below the video for the link to the Thai version.

On 13 July, MCRB and Fair Finance Thailand co-hosted a webinar for Thai companies. Vicky Bowman, Director of MCRB, presented the human rights risks which companies currently need to take into account when doing business in Myanmar...

Launched in November 2022, the Myanmar Sustainable Business Network (MSBN) is a multistakeholder platform bringing together businesses and professionals committed to building a more sustainable economy in Myanmar through responsible business practices.

MSBN, a partnership between MCRB, United Nations Development Programme (UNDP) Myanmar and Yever, has submitted input to the consultations by the UN Global Digital Compact (UNGDC) highlighting digital rights priorities...

© 2024 Myanmar Centre for Responsible Business