မြန်မာပြည်တွင် နည်းပညာကဏ္ဍ ပြောင်းလဲလာပြီး အွန်လိုင်း၊အော့ဖ်လိုင်း လူ့အခွင့်အရေးများကို ကာကွယ်ရန်လိုအပ်
မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန(MCRB)၊ ယူကေအခြေစိုက် Institute for Human Rights and Business (IHRB) နှင့် ဒိန်းမတ်အခြေစိုက် Danish Institute for Human Rights (DIHR)တို့ပူးပေါင်းပြီး မြန်မာ့သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍ၏သက်ရောက်မှုများ လေ့လာဆန်းစစ်ခြင်း (SWIA-ICT)ကို ယနေ့ထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံတွင် မိုဘိုင်းဆက်သွယ် ရေး၊အင်တာနက်နှင့် အခြားသတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍများလျင်မြန်စွာ တိုးတက်လာမှုကြောင့် ဖြစ်ပေါ်နေသော၊ ဖြစ်ပေါ်နိုင်ဖွယ်ရှိသော လူ့အခွင့်အရေးဆိုင်ရာ ကောင်းကျိုးဆိုးကျိုး သက်ရောက်မှုများနှင့် ဖြည့်စွက်ရန်လိုအပ်သော မူဝါဒဆိုင်ရာ ဟာကွက်များကို မီးမောင်းထိုးပြထားပါသည်။ ထောက်ခံအကြံပြုတင်ပြချက်များလည်း ပါဝင်ပါသည်။
သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာ(အိုင်စီတီ)ကဏ္ဍ၏သက်ရောက်မှုများ လေ့လာဆန်းစစ် ခြင်းမှ ထွက်ပေါ်လာသော အဓိကအကြောင်းအရာ ငါးရပ်
- မူဝါဒ၊ ဥပဒေနှင့် စည်းမျဉ်းမူဘောင်များ၌ လစ်ဟာနေမှုများ- မြန်မာနိုင်ငံတွင် အိုင်စီတီကဏ္ဍမှ ထွက်ပေါ်လာနိုင်သည့် လူ့အခွင့်အရေးဆိုင်ရာချိုးဖေါက်မှုအန္တရာယ် အများစုအတွက် ခေတ် ကာလနှင့် လျှော်ညီသော ဥပဒေများမရှိသေးပါ။ ခေတ်မှီဥပဒေမူဘောင်များ လိုအပ်နေသည့် ကိစ္စရပ်များတွင် ဥပဒေနှင့်အညီ ကြားဖြတ်ရယူခြင်း၊ ကိုယ်ရေးကိုယ်တာ သတင်းအချက် အလက်လုံခြုံရေး၊ သတင်းအချက်အလက်ရယူအသုံးပြုနိုင်ခွင့်၊ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးသည့် အဖွဲ့အစည်းများ၊ ဆိုက်ဘာလုံခြုံရေး၊ အချက်အလက်လုံခြုံရေးနှင့် ဆိုက်ဘာ မှုခင်းများ စသည်တို့ပါဝင်သည်။
- ရယူသုံးစွဲနိုင်မှု- လူတိုင်းအင်တာနက်နှင့် ဆက်သွယ်ရေးကွန်ယက်များကို ချိတ်ဆက်မှုရရှိစေမှု (universal access) နှင့် အိုင်စီတီဝန်ဆောင်မှုများကို ရယူသုံးစွဲနိုင်မှု ရရှိအောင်မြင်စေရေး နှင့် ၀န်ဆောင်မှုဈေးနှုန်းများ လျော့ချနိုင်စေမည့် ဆက်သွယ်ရေးကွန်ရက်များ ဖြန့်ကျက်တည် ဆောက်နိုင်ရေးနှင့် အားကောင်းသည့် ပြိုင်ဆိုင်မှုများဖြစ်ပေါ်လာရေးကို အားပေးမည့် ရင်းနှီးမြှုပ်နှံမှုများအတွက် သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာန ကပွင့်လင်းမြင်သာသည့် ဖြေလျော့မှုများကို ၂၀၁၃ခုနှစ် ကတည်းကပင်ပြုလုပ်နေရာ အထောက်အပံ့ တစ်ရပ်ဖြစ်စေပါသည်။ သတင်းအချက်အလက်များကိုရယူရာတွင် အထောက် အကူဖြစ်စေပြီး ရှာဖွေရလွယ်ကူစေရန်အတွက် ယူနီကုတ်စနစ် စံသတ်မှတ်ခြင်းများနှင့် ဒေသသုံးဘာသာ စကားများ ထည့်သွင်းနိုင်ရေးသည် အရေးကြီးသောအချက်ဖြစ်ပါသည်။
- အွန်လိုင်းရှိ ဒီဂျစ်တယ်အန္တရာယ်များ- ခေတ်သစ် နည်းပညာများနှင့် အင်တာနက် ပို၍ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာနိုင်ခြင်းသည် ကောင်းမွန်သည့် အကျိုးကျေးဇူးများနှင့်အတူ စိုးရိမ်စရာများနှင့် ဒီဂျစ်တယ် အန္တရာယ်များကိုပါ သယ်ဆောင်လာသည်ကိုတွေ့ရှိရပါသည်။ ယင်းအန္တရာယ်များတွင် ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နည်းမျိုးစုံဖြင့် ဖြစ်ပွားနိုင်သော ဆိုက်ဘာမှုခင်းများ - ဥပမာ ကလေးငယ်များအား လိင်မှုဆိုင်ရာ စော်ကားသည့်ပုံများ၊ ဆိုက်ဘာအနိုင်ကျင့်မှုများ၊ နှောင့်ယှက်ခြင်း နှင့် “အမုန်းစကားပြောဆိုခြင်း“တို့ ပါဝင်ပါသည်။ အခြားသော ဒီဂျစ်တယ် အန္တရာယ်များတွင် အစိုးရ၏ အမိန့်ဖြင့် မိုဘိုင်းလ်ဆက်သွယ်ရေးနှင့် အင်တာနက် ကွန်ရက်များကို ဖြတ်တောက် ခြင်းနှင့် တချို့သော အင်တာနက် စာမျက်နှာများကို တားဆီးပိတ်ဆို့ခြင်းများပါဝင်သည်။
- အော့ဖ်လိုင်း လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ-ဆက်သွယ်ရေးတာဝါတိုင်များ ဆောက်လုပ် ရန် မြေယာအသုံးပြုခွင့်ရရှိရေးအတွက် ကြုံတွေ့ရသည့် ရှုပ်ထွေးသော မြေယာဆိုင်ရာ ဥပဒေများနှင့် လုပ်ငန်းအဆင့်များသည် နိုင်ငံအနှံ့ဆက်သွယ်ရေး ကွန်ရက်များ ဖြန့်ကျက်ရာ တွင် အစိုးရအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၊ လုပ်ငန်းရှင်များနှင့် တဆင့်ခံ ဆောက်လုပ် ရေးလုပ်ဆောင်သူများအတွက် တွေ့ကြုံရသည့် ပြဿနာများစွာထဲမှ တစ်ခုဖြစ်ပါသည်။ အကြိမ်ကြိမ်ပြောင်းလဲနေသော အလုပ်သမားဆိုင်ရာ ဥပဒေများနှင့် အလုပ်သမားအခွင့် အရေးဆိုင်ရာသိနားလည်မှုအားနည်းခြင်းများသည် အလုပ်သမားများနှင့် အချို့သောအလုပ် ရှင်များကပါ အခြေခံအကျဆုံးသော အလုပ်သမားအခွင့်အရေး အကာအကွယ်ပေးမှုများ အကြောင်းကိုပင် ကောင်းမွန်စွာ သိရှိခြင်းမရှိသည်ကို တွေ့ရပါသည်။ အခြားအော့ဖ်လိုင်း လူ့ အခွင့်အရေးကိစ္စစိန်ခေါ်မှုများတွင် နယ်ပယ်အသီးသီးမှ သက်ဆိုင်သည့်လူပုဂ္ဂိုလ်များဖြင့် လုံလောက်သော ထိတွေ့ဆက်ဆံမှုမရှိခြင်းနှင့် လုံလောက်သော မြေယာငှားရမ်းမှုစီမံခန့်ခွဲရေး မရှိခြင်းတို့လည်း ပါဝင်သည်။
- လူမှု့အသိုင်းအဝန်းတွင် မြင်သာသည့် ခွဲခြားခံရမှုများအား ဖြေရှင်းခြင်း (သို့) ပို၍ဆိုးဝါးလာ စေခြင်း- အိုင်စီတီအသုံးပြုမှုများသည် ကလေးသူငယ်များ ကဲ့သို့သော ထိခိုက်လွယ်သည့် အစု အဖွဲ့များ၏ အခွင့်အရေးအပေါ် ကောင်းကျိုး၊ဆိုးကျိုးနှစ်ခုစလုံး အကျိုးသက်ရောက် နိုင်စွမ်းရှိ သည်။ အိုင်စီတီကဏ္ဍသည် မသန်စွမ်းသူများကဲ့သို့သော ထိခိုက်လွယ်သည့် အစုအဖွဲ့များ အတွက် ယခင်က၄င်းတို့ခံစားခွင့်မရရှိခဲ့သည့် ဝင်ငွေတိုးအခွင့်အလမ်းများ သို့မဟုတ် လိုအပ် သည့် ဝန်ဆောင်မှုများ ရရှိစေခြင်းဖြင့် ပို၍ကောင်းမွန်သည့် အခြေအနေတစ်ရပ်ကို ဆောင် ကြဉ်း ပေးနိုင်သည်ကို တွေ့ရသည်။သို့သော် လူနည်းစုများတွင် အိုင်စီတီ၏ အလွဲသုံးစွဲမှု များကို ခံစားနေရဆဲဖြစ်သည်။ အထူးသဖြင့် လူမှု့ကွန်ရက် စာမျက်နှာများတွင် မွတ်ဆလင် ဆန့်ကျင်ရေး အမုန်းစကားများ ဖြန့်ဝေနေသည်ကို သုတေသနနှင့် အခြားသော သတင်း ထုတ်ပြန်ချက်များတွင် တွေ့ရှိရပါသည်။
အခမ်းအနားတွင် MCRB မှ ဒါရိုက်တာ ဗစ်ကီဘိုမန်က “ အိုင်စီတီကဏ္ဍက မြန်မာနိုင်ငံကို ဆက်သွယ်စေတယ်။ ပြောင်းလဲစေတယ်။ အိုင်စီတီက ပညာသင်ကြားခွင့်၊ ကျန်းမာရေးနဲ့ သတင်းအချက်အလက်၊ ကိုယ်ပိုင် ယဉ်ကျေးမှုနဲ့ အုပ်ချုပ်ခွင့်တွေမှာ ပါဝင်ခွင့်အစရှိတဲ့ လူ့အခွင့်အရေး ဆိုင်ရာနှစ်သက်စရာတွေရနိုင်ဖို့ အခွင့်အ လမ်းတွေ အများကြီး ယူဆောင်လာပေးတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးကို ကွန်ယက်တွေချိတ်ဆက်တဲ့အခါမှာ ကတိုက်ကရိုက်နဲ့ အမြန်လုပ်ရတဲ့အတွက် စိန်ခေါ်မှုတွေ ကြုံရပါတယ်။ အထူးသဖြင့်တော့ ပြည့်စုံလုံလောက်တဲ့ မူဝါဒနဲ့ ဥပဒေဆိုင်ရာမူဘောင်တွေ ဒါမှမဟုတ် ထိရောက်စိုးမိုးတဲ့ အလုပ်သမားနဲ့ လုံခြုံစိတ်ချရတဲ့ ဥပဒေတွေ မရှိတာပဲ ဖြစ်ပါတယ်။
အိုင်စီတီအသုံးပြုသူတွေရဲ့ ဒီဂျစ်တယ်နည်းပညာနားလည်တတ်မြောက်မှုနုန်း( digital Literacy) နဲ့ပေါင်း စပ်တဲ့အခါ အဲဒီဟာကွက်တွေဟာ သူတို့ကိုယ်တိုင်ကိုရော အခြားသူတွေကိုပါ အန္တရာယ်ဖြစ်စေပါတယ်။” ဟု ဆိုသည်။
IHRBမှ Margaret Weachenfeld က “မြန်မာနိုင်ငံကအိုင်စီတီကဏ္ဍမှာ ကြုံတဲ့စိန်ခေါ်မှုတွေကတော့ ဥပဒေ မူဘောင်တွေက နည်းပညာခေတ်သစ်အတွက် ဆွဲထားတာမဟုတ်သလို နိုင်ငံတကာ စံချိန်စံညွန်းနဲ့ မညီတာ တွေပဲဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်ကတည်းက စိတ်ဝင်စားမှုနည်းခဲ့တဲ့ ဆက်သွယ်ရေး ကဏ္ဍကို ကန့်သတ်ဖို့ ဥပဒေတွေထဲမှာ ထည့်သွင်းပြီးရည်ရွယ်လုပ်ဆောင်ခဲ့သလို၊ နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်ဘက် ဖြစ်လာအောင် လုပ်ဆောင်ပြီး ကြီးထွားလာနေတဲ့ ဆက်သွယ်ရေးကဏ္ဍ၏ တည်ရှိဖြစ်ပေါ်နေမှုကို လွယ်လွယ် ကူကူ လက်မခံနိုင်တာက အဲဒီခေတ်ကာလ၏ အကျိုးဆက်များပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လစ်ဟာနေတဲ့ စည်းမျဉ်းစည်းကမ်းတွေအတွက် အခြားနေရာဒေသတွေမှာ ကျင့်သုံးနေတဲ့ အဆိုး၊အကောင်း အတွေ့အကြုံ တွေကနေ သင်ခန်းစာယူပြီး အခွင့်အရေးဆိုင်ရာ အချက်တွေကို အခြေခံတဲ့ ချဉ်းကပ်မှုတွေနဲ့ ဖြည့်ဆည်း ဆောင်ရွက်ဖို့် လိုအပ်ပါတယ်။
IHRB ကလုပ်တဲ့ လူ့အခွင့်အရေးအပေါ်ခြိမ်းခြောက်မှုတွေကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီး ဖော်ထုတ်ထား တဲ့အရာတွေကိုလည်း အိုင်စီတီကဏ္ဍ၏သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း မှာ ဖော်ပြထားပါတယ်။ တကယ့်လက်တွေ့ဘဝတွေမှာပါ သက်ရောက်မှုရှိနိုင်တဲ့ ဒီဂျစ်တယ်နယ်ပယ်က လူ့အခွင့်အရေးတွေ ချိုးဖောက် မှုတွေကို ကာကွယ်ပေးနိုင်ဖို့ ကုမ္ပဏီတွေ၊ အစိုးရတွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေကိုလည်း အကြံပြု ချက်ပေးထားပါတယ်။ ” ဟု ပြောသည်။
နောက်ခံအကြောင်း
အိုင်စီတီကဏ္ဍ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်းအကြောင်း ( SWIA - ICT)
၁။ ရေနံသဘာဝဓါတ်ငွေ့နှင့် ခရီးသွားလုပ်ငန်းတို့အပြီး တတိယမြောက်ပြုလုပ်သည့် ဆန်းစစ်ချက်ဖြစ်သည်။ SWIA ၏ အင်္ဂလိပ်-မြန်မာနှစ်ဘာသာ အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုချက်များ နှင့် SWIA အစီရင်ခံစာ အပြည့်အစုံ (လောလောဆယ်တွင် အင်္ဂလိပ်ဘာသာဖြင့်သာရရှိသေးသည်) ကို https://www.myanmar-responsiblebusiness.org/swia/ict.html တွင် ကြည့်ရှုနိုင်ပါသည်။
၂။ မြန်မာ့အိုင်စီတီကဏ္ဍ၏ အဓိကပါဝင်သူတစ်ဦး၊ တစ်ဖွဲ့ခြင်းစီသို့ အကြံပြုချက်များ အကျဉ်းချုပ်ကို နောက်ဆက်တွဲတွင် ဖော်ပြထားပါသည်။ အကြံပြုချက်နှင့် မည်သို့အကောင်ထည်ဖော်ရမည်ဆိုသည့် အကြံပြုချက်အပြည့်အစုံကို (မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်) ရရှိနိုင်ပါသည်။ နောက်ဆက်တွဲတွင် ဥပဒေနှင့် အညီကြားဖြတ်နားထောင်ရယူခြင်းနှင့် အစိုးရကအသုံးပြုသူများ၏ အချက်အလက်များရယူပိုင်ခွင့် - အခွင့် အရေးများအား လေးစားလိုက်နာရေးပုံစံတစ်ခု၏ စရိုက်လက္ခဏာများ တို့ပါဝင်ပါသည်။
၃။ SWIA သည် တစ်ဆင့်ရရှိသော မှတ်တမ်းများ၊ သတင်းမှတ်တမ်းများအား အခြေခံ၍ (Desk-based) သုတေသနပြုခြင်းနှင့် မြန်မာပြည်တွင်း မန္တလေး၊ စစ်ကိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်း၊ မွန်နှင့် ကရင်ပြည်နယ်တို့တွင် ကွင်းဆင်းလေ့လာမှုများကို အခြေခံ၍ (Field-based) သုတေသနပြုခြင်း စသည့် သုတေသနများကို အခြေခံ၍ လုပ်ဆောင်ထားသည်။ ၄င်းတွင်အိုင်စီတီကဏ္ဍနှင့် သက်ဆိုင်သည့် မြန်မာနိုင်ငံရှိ မူဝါဒများနှင့် ဥပဒေများကို အသေးစိပ် လေ့လာခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်များ၊ သမိုင်းကြောင်း၊ နိုင်ငံရေးနှင့် စီးပွားရေးကိစ္စရပ်များ လည်းပါဝင်သည်။ အမှန်တကယ်နားလည်ပြီး ကဏ္ဍအပေါ် ထိရာက်သည့် သုံးသပ်ချက် များပေးနိုင်ရန်နှင့် မြန်မာ့လူ့အဖွဲ့အစည်းပေါ် လက်တွေ့ကျရောက်နေသော၊ ကျရောက်နိုင်ခြေရှိသော သက်ရောက်မှုများကို ဖော်ပြနိုင်ရန် အိုင်စီတီကဏ္ဍရှိ ကုမ္ပဏီများ၏မူဝါဒနှင့် လက်တွေ့ကျင့်သုံးပုံများ ကိုလည်းလေ့လာထားသည်။
၎။ အိုင်စီတီ SWIA ၏ရည်ရွယ်ချက်မှာ အဓိကကျသော လူ့အခွင့်အရေး အန္တရာယ်များနှင့် အခွင့်အရေးများကို ဖော်ပြပြီး ၄င်းကဏ္ဍရှိလုပ်ဆောင်မှုများ၊ စည်းမျဉ်းစည်းကမ်းများကိုတိုးတက်စေကာ မြန်မာနိုင်ငံနှင့် ၄င်းတို့၏ နိုင်ငံသားများ၊ စီးပွားရေးလုပ်ငန်းများကို အကျိုးအမြတ်များ ဖြစ်ထွန်းစေရန်ဖြစ်ပါသည်။ ဤလေ့လာဆန်းစစ်မှု သည် အနာဂါတ်ကို မျှော်မှန်းလုပ်ကိုင်သည့် ဆန်းစစ်မှုဖြစ်ပြီး အိုင်စီတီကဏ္ဍ၏ ကောင်းကျိုးသက်ရောက် မှုများကို ခိုင်မာအားကောင်းစေပြီး ဆိုးကျိုးသက်ရောက်မှုဖြစ်ပွားမှုများကို ကာကွယ်လျော့ချနိုင်ရေး လုပ်ဆောင်ရာတွင် ပါဝင်အကျိုးပြုနိုင်ရန် ရည်ရွယ်ပါသည်။ SWIA လုပ်ဆောင်စဉ် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများကို ဆန်းစစ်ရာတွင် ရှိပြီးဖြစ်သော စနစ်တကျ ဆောင်ရွက်ပုံ အဆင့်ဆင့် (Methodology)တို့ကို အသုံးပြုခဲ့သည့်အပြင် လူ့အခွင့်အရေး ရှုထောင့်မှလည်း ကြည့်ရှုလေ့လာခဲ့ပါသည်။ SWIA သည် နိုင်ငံတကာအဖွဲ့ အစည်းများ အထူးသဖြင့် ကုလသမဂ္ဂ၊ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (International Finance Corporation – IFC)၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (Organization for Economic Corporation and Development – OECD) နှင့် အိုင်စီတီကဏ္ဍအတွက် တိကျသောစံနှုန်းတို့မှ ထုတ်နုတ်ထားသည့် စံသတ်မှတ်ထားသော စီးပွားရေးလုပ်ငန်းများ၏ တာဝန်ယူမှုရှိသော အပြုအမူများကို အထူးပြုဖော်ပြထားသည်။ အစီရင်ခံစာသည် ၄င်းအကြံပြုချက်များကို မည်သို့ မူဝါဒရေးဆွဲရ မည် အသုံးချရမည်တို့ကို အကြံပြုထားသည်။
၅။ SWIA လုပ်ဆောင်ရာတွင် အမှန်တကယ်သက်ရောက်မှုများနှင့် ဖြစ်ပေါ်လာဖွယ်ရှိသည့် သက်ရောက် မှုများကို အဆင့် ၃ ဆင့်ခွဲ၍ လေ့လာဆန်းစစ်ပါသည်။
• လုပ်ငန်းကဏ္ဍ၏သက်ရောက်မှုအဆင့်တွင် လုပ်ငန်းကဏ္ဍတစ်ခုလုံး၏ သက်ရောက်မှု အပေါင်းအစုကို လေ့လာဆန်းစစ်ပြီး မြန်မာ့လူမှုအသိုင်းအဝိုင်းနှင့် လုပ်ငန်းကဏ္ဍ၏ အပြန်အလှန် ဆက်ဆံဆောင်ရွက်ချက်များ နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြချက်များလည်းပါဝင်မည် (အပိုင်း-၃)။
• စီမံကိန်း၏ သက်ရောက်မှု အဆင့်တွင် အိုင်စီတီအသုံးပြုသူများကို သက်ရောက်သည့် လွတ်လပ်စွာ ပြောဆိုခွင့်၊ အမုန်းစကားပြောဆိုခြင်း၊ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်၊ စောင့်ကြည့်ခြင်း၊ တရားဥပဒေနှင့် အညီကြား ဖြတ်ရယူခြင်းနှင့် ဆိုက်ဘာလုံခြုံမှုစသည်တို့နှင့် အော့ဖ်လိုင်း သက်ရောက်မှုဖြစ်သည့် အိုင်စီတီ ကဏ္ဍနှင့် သက်ဆိုင်သော လုပ်ငန်းများကြောင့် (အလုပ်သမား၊ မြေယာ၊ အန္တရယ်ကျရောက်နိုင်သောအုပ်စုများ၊ နယ်ပယ် အသီးသီးမှ သက်ဆိုင်သည့် လူပုဂ္ဂိုလ်များဖြင့် ထိတွေ့ဆက်ဆံခြင်း၊ မကျေနပ်မှုများကို တိုင်ကြားခြင်းနှင့် နစ်နာမှုများကို ဖြေရှင်းခြင်းဆိုင်ရာ နည်းလမ်းများ၊ လုံခြုံရေးနှင့် ပဋိပက္ခ) သက်ရောက်မှုများ (အပိုင်း-၄)။
• စုပေါင်းသက်ရောက်မှု သည် အိုင်စီတီကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုများနှင့် ကဏ္ဍတူမှ စီးပွားရေးလုပ်ဆောင်မှုများ သို့မဟုတ် အိုင်စီတီသည် အများအားဖြင့် ဝန်ဆောင်မှုများကို အဓိကလုပ်ကိုင်သည် ဖြစ်ရာ ၄င်းမှပေါ်ပေါက်လာသည် (အပိုင်း ၅)။
အစီရင်ခံစာရေးသားကြသူများအကြောင်း
၁။ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ကို ယူကေ အခြေစိုက် Institute for HumanRights and Business (IHRB) နှင့် ဒိန်းမတ် အခြေစိုက် Danish Institute for Human Rights (DIHR) တို့၏ ပူပေါင်း ဆောင်ရွက်မှုဖြင့် ၂၀၁၃ ခုနှစ်တွင်ဖွဲ့စည်းကာ ရန်ကုန်တွင် အခြေစိုက်ဖွင့်လှစ်ထားသည်။ ရန်ပုံငွေများကို ပြည်ပအစိုးရအလှူရှင်များမှ ထောက်ပံ့ပေးထားသည်။ မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အလေ့အထများ ပေါ်ပေါက်လာစေရန် အစိုးရ၊ စီးပွားရေးလုပ်ငန်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား အသိပညာ၊ စွမ်းရည်နှင့်စကားဝိုင်းများ ဖန်တီးရန်အတွက် လမ်းကြောင်း (platform)တစ်ခု ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်သည်။
၂။ Institute for Human Rights and Business (IHRB) သည် နိုင်ငံတကာကလက်ခံကျင့်သုံးသည့် လူ့အခွင့်အရေး စံချိန် စံညွှန်းများ နှင့် စီးပွားရေးလုပ်ငန်းကြား ဆက်သွယ်ပေးသည့် ကမ္ဘာလုံးဆိုင်ရာအကြံပေး (Think Tank)အဖွဲ့ဖြစ်သည်။ IHRB သည် မူဝါဒပုံဖော်ရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ကုမ္ပဏီများ၏လုပ်ငန်းများမပါဝင်စေရန်အတွက် တာဝန်ခံမှုအား ကောင်းရန်နှင့် အလေ့အထ များအဆင့်မြှင့်ရန် လုပ်ကိုင်ဆောင်ရွက်ပြီး ရလဒ်ကောင်းများကိုထွက်ပေါ်စေခဲ့သည်။ IHRB ဦးစားပေးလုပ်ငန်းများမှာ အကြီးမား ဆုံးသော သက်ရောက်မှု၊ စွမ်းဆောင် သလောက်ထိရောက်မှုရှိပြီး အချိန်ကာလတစ်ခုဖြင့် ပိုင်းခြားသတ်မှတ် ထားသည့် လုပ်ငန်းအစီအစဉ်များကို စီးပွားရေးနှင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်ပေါ်နေသည့် နိုင်ငံများ ကိုဦးတည်ပြီး သတင်းအချက် အလက်စီးဆင်းမှုများ၊ ငွေရေးကြေးရေး၊ အလုပ်သမားများနှင့် ကုန်စည်များ နှင့်ဆက်နွယ် သည် ကိစ္စရပ်များကို အထောက်အကူပြုစေမည့် စီးပွားရေးလုပ်ငန်းကဏ္ဍများ လုပ်ကိုင်ဆောင် ရွက်သည်။
၃။ Danish Institute for Human Right (DIHR) သည် ဒိန်းမတ်နှင့် ကမ္ဘာတစ်ဝှမ်းတွင် လူအခွင့်အရေး တိုးမြှင့်ရန်နှင့်ကာကွယ် ရန်၊ တန်းတူညီမျှဆက်ဆံရန်အခွင့်အာဏာတစ်ရပ်ရှိပြီး ကုလသမဂပါရီအခြေခံမူများ နှင့်အညီထူထောင်ထားသည့် ဒိန်းမတ်၏ အမှီအခို ကင်းသော အမျိုးသားလူ့အခွင့်အရေး အင်စတီကျူးရှင်း ဖြစ်သည်။ DIHR၏ လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းဌာန သည် ပုဂလိက လုပ်ငန်းကဏ္ဍ ၏ လူ့အခွင့်အရေးလေးစားလိုက်နာမှုအခန်းကဏ္ဍကို အာရုံစိုက်သည်။ သုတေသနပြုလုပ်ခြင်း၊ အသုံးပြုရမည့် ရင်းမြစ် များထုတ်ဝေခြင်းနှင့် အထူးသဖြင့် ကော်ပိုရိတ်သက်ဆိုင်ပတ်သက်သူများ နှင့်လက်တွဲဆောင်ရွက် ခြင်းဖြင့် လူ့အဖွဲ့အစည်းအပေါ် စီးပွားရေးလုပ်ငန်းများ၏ ကောင်းကျိုးသက်ရောက်မှုများကို အမြင့်ဆုံးဖြစ်စေပြီး ဆိုးကျိုးသက်ရောက်မှု များကို အနိမ့်ဆုံးဖြစ်စေရန် DIHR က ကြိုးပမ်းလျှက်ရှိသည်။ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန် အခြေခံမူများကို အကောင်အထည်ဖော်နိုင်စေရန် မိမိတို့၏ မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍတွင်ပါဝင်ကပြရန် NHRIsနှင့် အခြားနိုင်ငံတော် အဆင့်လှုပ်ရှား ဆောင်ရွက် သူများကိုလည်း DIHR က ထောက်ပံ့ပေးသည်။
ဆက်သွယ်ရန်
(မြန်မာနိုင်ငံအတွက်) MCRB (www.myanmar-responsiblebusiness.org)
ဖြူဖြူဇင်၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးမှူး၊ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက် အကူပြုဌာန(MCRB)။
၀၉၇၉၉၆၆၇၇၁၃ သို့မဟုတ် [email protected]
(မြန်မာနိုင်ငံပြင်ပ) Institute of Human Rights and Business (www.ihrb.org)
Lucy Purdon, ICT Project Manager
နောက်ဆက်တွဲ
မြန်မာအစိုးရသို့ အကြံပြုချက်များ ၁. လုံလောက်သည့် အကာအကွယ်ပေးမှုများနှင့်အတူ အိုင်စီတီကဏ္ဍအတွက် အကြောင်းအကျိုး ဆီလျှော်မှုရှိသည့် မူဝါဒဘောင်တစ်ရပ် တည်ဆောက်ရန် ။ ၂. အိုင်စီတီကဏ္ဍတွင် တာဝန်ယူမှုရှိသော စီးပွားရေးကျင့်စဉ်များအတွက် ကြောင်းကျိုးဆီလျော် သည့် မူဘောင်နှင့် အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် သင့်လျော်သော ကာကွယ်ပေးမှုများ ပါရှိမှု သေချာစေရန် အိုင်စီတီဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း ပြုပြင်ပြောင်းလဲရေးများကို တိုးမြှင့် လုပ်ဆောင်ရန်။ ၃. လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အသင်းဖွဲ့စည်းခွင့်ဆိုင်ရာကိစ္စရပ်များ၊ မြေယာ အသုံးပြု မှုနှင့်စီမံမှုဆိုင်ရာကိစ္စရပ်များ နှင့် အလုပ်သမား ကိစ္စရပ်များတွင် ပိုမိုကျယ်ပြန့်သော တရားဥပဒေ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရန်။ ထို့သို့လုပ်ဆောင်ခြင်းသည် အိုင်စီတီ ကဏ္ဍတွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အလေ့အထများအတွက် ကြောင်းကျိုးဆီလျော်သည့် မူဘောင်နှင့် အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် သင့်လျှော်သော ကာကွယ်ပေးမှုများပါရှိရန်ဖြစ်သည်။ ၄. လူ့အခွင့်အရေးများကို လေးစားမှုရှိသော ဥပဒေနှင့်အညီ ကြားဖြတ်ရယူခြင်းစနစ်ကို ကျင့်သုံးခြင်း နှင့် အင်တာနက်ကို လွတ်လပ်စွာအသုံးပြုခွင့်ပြုခြင်းတို့ကို ဆက်လက်ထိန်းသိမ်းခြင်းဖြင့် မြန်မာနိုင်ငံအား ခေတ်သစ်ကာလ၏ “တင်းကြပ်စွာ စောင့်ကြည့်သည့်နိုင်ငံ“ တစ်ခု အဖြစ်မရောက်ရှိစေရန်။ ၅.အချက်အလက် ကာကွယ်ရေး စနစ်များနှင့် ဆိုက်ဘာလုံခြုံရေးတို့ တိုးတက်ကောင်းမွန်လာစေရန် ၆. ခေတ်ကာလနှင့် လျှော်ညီသော သတင်းလွတ်လပ်ခွင့်ဥပဒေတစ်ခုဖြင့် လွတ်လပ်ပွင့်လင်းသည့် ဆက်သွယ်ရေးများရှိရေးအတွက် တာဝန်ယူလုပ်ဆောင်လျက်ရှိကြောင်းပြသရန်နှင့် အစိုးရတဖွဲ့လုံးတွင် အဓိပ္ပာယ်ပြည့်ဝသည့် ပွင့်လင်းမြင်သာသော စနစ်များ တည်ဆောက်ရန်။ ၇. မြန်မာနိုင်ငံတဝှမ်းလုံး ဆက်သွယ်ရေးဝန်ဆောင်မှုများရရှိရေး အကောင်အထည်ဖော်မည့် အစီအစဉ်အား အရှိန်တိုးမြှင့်လုပ်ဆောင်ရန်။ ၈. အသုံးပြုသူများ၏ ဒီဂျစ်တယ်နည်းပညာ နားလည်တတ်မြောက်နှုန်းတိုးပွားစေရန်နှင့် အိုင်စီတီ နည်းပညာများကို မှန်ကန်စွာသုံးစွဲရန်အတွက် အသိပညာပေးခြင်း။ ၉. လုပ်ငန်းများကြောင့် နစ်နာမှုများရှိပါက မည်သူမဆို တိုင်ကြားနိုင်သည့် ယန္တရားများကို ကုမ္ပဏီများက ထားရှိပေးရမည့် လိုအပ်ချက်ကိုလိုက်နာစေရန်နှင့် အဆိုပါယန္တရားများ လက်တွေ့အကောင်အထည်ဖေါ် ဆောင်ရွက်နေမှုများကို ထုတ်ပြန်ပေးရန် အပါအ၀င် အိုင်စီတီကဏ္ဍတွင် တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းဆိုင်ရာ အလေ့အထများကို လိုက်နာမှုများအားကောင်းစေရန်။ |
|
အိုင်စီတီကုမ္ပဏီများသို့ အကြံပြုချက်များ ၁. ခိုင်မာသည့် အမျိုးသားဥပေဒမူဘောင်များ မရှိချိန်တွင် တာဝန်ယူမှုရှိသော စီးပွားရေးကျင့်စဉ်ဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွန်းများအား - အထူးသဖြင့် ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေး လမ်းညွန်ချက် အခြေခံမူများအား- ကျင့်သုံးသွားရန်။ ၂. ယခု SWIA အစီရင်ခံစာတလျောက်လုံးတွင် တင်ပြထားသည့် အကြံပြုချက်များနှင့် သီးသန့်ဖြစ်လာနိုင်သည့် အန္တရာယ်ဆိုင်ရာအချက်များကို ကုမ္ပဏီ၏လုပ်ငန်းများနှင့် လုပ်ငန်းဆိုင်ရာ ဆက်ဆံပြောဆိုမှုများတွင် ထည့် သွင်းဆောင်ရွက်ရန်။ ၃. ယုံကြည်မှုတည်ဆောက်ရန်နှင့် ပွင့်လင်းမြင်သာမှုများနှင့် တာဝန်ယူ၊ တာဝန်ခံမှုတို့ ရှိကြောင်းကိုပြသနိုင်ရန် သက်ရောက်မှုများအား ခံစားနေရသော နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ - အထူးသဖြင့် အလုပ်သမားများ၊ ဒေသခံပြည်သူများ၊ သုံးစွဲသူများ နှင့် ဝယ်ယူအားပေးသူများနှင့် - ထိတွေ့ဆက်ဆံ ညှိနှိုင်းဆွေးနွေးတိုင်ပင်ရန်။ ၄. စိုးရိမ်မှုများနှင့် နစ်နာမှုများအား လျှင်မြန်စွာနှင့် ထိရောက်စွာ ဖြေရှင်းပေးနိုင်မည့် ယန္တယားများကို ထည့်သွင်းဆောင်ရွက်ရန်။ ၅. လူ့အခွင့်အရေးကိစ္စရပ်များ၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ကိစ္စရပ်များကို ဖြေရှင်းလုပ်ဆောင် နိုင်ရန်အတွက် သင့်တော်သော စုပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်။ ၆. ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်တို့မှ နိုင်ငံတော်အဆင့်အထိ ကောင်းကျိုးသက်ရောက်မှုများကို ဖန်တီးနိုင်မည့် နည်းဗျူဟာများကို ချဲ့ထွင်လုပ်ဆောင်ရန်။ |
|
အရပ်ဘက်အဖွဲ့အစည်းများ၊ လူ့ခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ နှင့် သတင်းမီဒီယာများသို့ အကြံပြုချက်များ ၁. အိုင်စီတီဆိုင်ရာ မူဝါဒ၊ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများရှိ အပြောင်းအလဲများအပေါ် အထူးသဖြင့် လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်၍ သဘောထားမှတ်ချက်ပြုခြင်းနှင့် အများသိနိုင်စေ ရန် တတ်ကြွစွာဆောင်ရွက်ရန်။ ၂. ကုမ္ပဏီများအား လူ့အခွင့်အရေးကိစ္စရပ်များအပါအ၀င် တာဝန်ယူမှုရှိသော စီးပွားရေးကျင့်ဝတ်များ အပေါ် တာဝန်ယူမှုရှိစေရေး လုပ်ဆောင်ရန်။ ၃. အိုင်စီတီကဏ္ဍအတွင်းရှိ လူ့အခွင့်အရေးကိစ္စရပ်များ၊ လူမှု့ရေး နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ အတွက် နယ်ပယ်အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ဆွေးနွေးပွဲများကို ပြုလုပ်ရေးအတွက် ကုမ္ပဏီများနှင့် အစိုးရများကို တိုက်တွန်းအားပေးသွားရန်။ ၄. အမုန်းစကားပြောကြားခြင်းကို ဆန့်ကျင်ပြောကြားမှု (counter-speech) အပါအ၀င် အွန်လိုင်းတွင် အန္တရာယ်ကင်းပြီး ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေသည့် အပြုအမူများကို မြန်မာပြည်သူလူထုအား အသိပညာပေးရန် ကြိုးစားအားထုတ်မှုများကို အစပျိုးပံ့ပိုးပေးရန် ။ ၅. အိုင်စီတီကဏ္ဍနှင့်ပတ်သက်၍ သတင်းမီဒီယာများတွင် တိုးမြှင့်ဖော်ပြရန် ။ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်သည့်အဖွဲ့အစည်းများနှင့် ၄င်းတို့၏ ဌာနေအစိုးရများသို့ အကြံပြုချက်များ ၁. အိုင်စီတီဆိုင်ရာ မူဝါဒ၊ တရားရေးရာနှင့် စည်းမျဉ်းစည်းကမ်းများ တိုးတက်လာစေရေးဆောင်ရွက် ချက်များအတွင်းတွင် လူ့အခွင့်အရေး၊ လူမှုရေး နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထည့်သွင်းစဉ်းစားမှု များအားကောင်းစေရေး - အထူးသဖြင့် မြန်မာနိုင်ငံအစိုးရသို့ အကြံပြုထားသော အကြံပြုချက် ၂ နှင့် ၃ ရှိ ထောက်ပြထားသည့် အချက်များအား ထောက်ပံ့ပေးရန်။ ၂. ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီများမှ လူ့အခွင့်အရေးများကို လေးစားလိုက်နာစေမည့် တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းအလေ့အထများကို လက်တွေ့အကောင်အထည်ဖေါ် ဆောင်ရွက်နေမှုများအား ထောက်ပံ့ ပေးသွားရန်။ ၃. မြန်မာနိုင်ငံအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီချက်များသည် တာဝန်ယူမှုရှိသော စီးပွားရေးဆိုင်ရာ အလေ့အထများကို အားဖြည့်ပေးနိုင်ရေး သေချာစေရန်။ |
|
ရင်းနှီးမြှုပ်နှံသူများသို့ အကြံပြုချက်များ
၁. မြန်မာနိုင်ငံရှိ အိုင်စီတီကဏ္ဍတွင် ပါဝင်ပတ်သက်နေသော ကုမ္ပဏီများအပေါ် ၄င်းတို့စီးပွားရေး လုပ်ငန်းများအကြောင်း အသေးစိတ်လေ့လာစိစစ်မှုလုပ်ဆောင်ရန်။ ၂. ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံရှိ အိုင်စီတီကဏ္ဍတွင် ပါဝင်လုပ်ကိုင်နေသည့် မိမိတို့ရင်းနှီးမြှုပ်နှံ ထားသည့်ကုမ္ပဏီများနှင့် ထိတွေဆက်ဆံကာ ၄င်းတို့လုပ်ငန်း လုပ်ကိုင်ရာတွင် တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းဆိုင်ရာ အလေ့အထများသည် နိုင်ငံတကာ စံချိန်စံညွန်းများနှင့် ကိုက်ညီမှုရှိစေရန်လုပ်ဆောင်ရန်။ ၃. မြန်မာနိုင်ငံရှိ အိုင်စီတီ ကဏ္ဍတွင် စီးပွားရေးလုပ်ကိုင်သော ကုမ္ပဏီများအား နိုင်ငံအတွင်းရှိ မိမိတို့၏ ရင်းနှီး မြှုပ်နှံမှုများနှင့် လုပ်ငန်းလည်ပတ်နေမှုများနှင့် ဆက်စပ်ဖြစ်ပေါ်နိုင်သည့် စွန့်စားရမှုများနှင့် သက်ရောက်မှုများ ကို ၄င်းတို့ကိုင်တွယ်ဖြေရှင်းပုံကို အခါအားလျှော်စွာ ထုတ်ပြန်ရေးကို တွန်းအားပေးရန်။ |
|
|
|
အသုံးပြုသူများအတွက် တိုက်တွန်းအကြံပြုချက်များ
၁. အိုင်စီတီကဏ္ဍကို အသုံးပြုစဉ်တွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် လုံခြုံရေးကို အကာ အကွယ်ပေးနိုင်စေရန် လိုက်နာသင့်သော အခြေခံအချက်များကို လုပ်ဆောင်ကြရန်။ |
|