“မြန်မာနိုင်ငံရှိ ဌာနေတိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့် စီးပွားရေးလုပ်ငန်းများ “ ခေါင်းစဉ်ဖြင့် (၃)ကြိမ်မြောက် မြန်မာလူထုစကားဝိုင်း၌ ၀င်ရောက်ဆွေးနွေး - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » “မြန်မာနိုင်ငံရှိ ဌာနေတိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့် စီးပွားရေးလုပ်ငန်းများ “ ခေါင်းစဉ်ဖြင့် (၃)ကြိမ်မြောက် မြန်မာလူထုစကားဝိုင်း၌ ၀င်ရောက်ဆွေးနွေး

“မြန်မာနိုင်ငံရှိ ဌာနေတိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့် စီးပွားရေးလုပ်ငန်းများ “ ခေါင်းစဉ်ဖြင့် (၃)ကြိမ်မြောက် မြန်မာလူထုစကားဝိုင်း၌ ၀င်ရောက်ဆွေးနွေး

The near-final draft report in both Burmese and English it now available for feedback.
The near-final draft report in both Burmese and English it now available for feedback.

၁၆ ရက်နေ့ ဒီဇင်ဘာလတွင် အပြည်ပြည်ဆိုင်ရာစီးပွားရေးစင်တာ (IBC)၌ ကျင်းပသော တတိယအကြိမ် မြန်မာလူထု၏ စကားဝိုင်း (MPF)၌ တိုင်းရင်းသား အခွင့်အရေးများ ဆိုင်ရာ ပညာရှင်များ နှင့် ၀ိုင်းဖွဲ့ဆွေးနွေးပွဲ၌ MCRB ၏ သုတေသနနှင့် ဆက်သွယ်ရေး မန်နေဂျာ နှင်းဝတ်ရည် သည် ကျွမ်းကျင်သူတယောက် အဖြစ်ပါဝင်ဆွေးနွေးခဲ့ပါသည်။ လူထုစကားဝိုင်းကို ၁၅ ရက်နေ့ မှ ၁၆ ရက်နေ့ အထိကျင်းပခဲ့ပြီး နိုင်ငံတ၀ှမ်းရှိ လူမှုအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်၂၀၀ ခန့် တက်ရောက်ခဲ့ပါသည်။ ၄င်းတို့က ငြိမ်းချမ်းရေး ၊ သဘာဝသယံဇာတအရင်းအမြစ်၊ စိုက်ပျိုးရေး ကဏ္ဍတိုးတက်မှု၊ တိုင်းရင်းသားအခွင့်အရေး နှင့် လူငယ်ဖွံ့ဖြိုးတိုးတက်မှု အစရှိသဖြင့် အဓိက အကြောင်းအရာ (၅) ခုကိုဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးမှု၏ အဓိကရည်ရွယ်ချက်မှာ အဆိုပါ အကြောင်းအရာငါးခုနှင့် စပ်လျဉ်းသောအကြံပြုချက်များ ထွက်ပေါ်လာရန်နှင့် ၄င်းအကြံပြုချက် များကို အစိုးထံသို့ ပေးပို့ရန်ဖြစ်ပါသည်။

MCRB မှ”တိုင်းရင်းသားလူမျိုး” ဆိုသည့်အသုံးအနှုန်း အခေါ်အဝေါ် နှင့် အဓ္ဓိပါယ်ဖွင့်ဆိုချက်၊ ဌာနေတိုင်းရင်းသားများအခွင့်အရေးဆိုင်ရာ နိုင်ငံတကာနှင့် ပြည်တွင်းဥပဒေမူဘောင်များ၊ တာဝန်ယူမှု ရှိသောစီးပွားရေးလုပ်ငန်းတိုင်း တိုင်းရင်းသားဒေသများ၌ ၄င်းတို့ ၏ စီးပွားရေးလုပ်ငန်းများ မစတင်မှီ (သို့မဟုတ်) မတိုးချဲ့ မှီ တိုင်းရင်းသားများနှင့်လွပ်လပ်စွာ ကြိုတင်အသိပေးဆွေးနွေးမှု (သို့ မဟုတ်) သဘောတူညီမှု ရယူရန်လိုအပ်မှု တို့ ကို ဆွေးနွေးခဲ့ပါသည်။ဤဆွေးနွေးမှုသည် MCRB ကပြုစုနေသော ‘ဌာနေတိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးများနှင့် စီးပွားရေးလုပ်ငန်းများ’ စာတမ်းမူကြမ်းပေါ်တွင်အခြေခံဆွေးနွေးထားခြင်းဖြစ်ပါသည်။

ဤစာတမ်း၌ တိုင်းရင်းသားမျိုးနွယ်စုများ နှင့်စပ်လျဉ်းသော ရပိုင်ခွင့် ဆိုင်ရာ နိုင်ငံတကာ အဆင့်အတန်းများနှင့် မြန်မာနိုင်ငံ ဥပဒေ အကြောင်း ဆိုင်ရာ၊ နိုင်ငံရေး အနေအထား နှင့်လူမှုရေးပတ်ဝန်းကျင်တွင် မည်သို့သက်ရောက်မှု ရှိသည်ကို ဖော်ပြထားပါသည်။ ဤစာတမ်း၏ ပရိတ်သတ်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှု ပြုလုပ်နေကြသည့် (သို့) ပြုလုပ်ကြမည့် ကုမ္မဏီများဖြစ်ပါသည်။ သို့ရာတွင် အခြားအစိုးရဌာနများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်များ အတွက်လည်းအသုံးဝင်ပါမည်။

၂၀၁၅ စက်တင်ဘာလ အတွင်းက MCRB သည် ရန်ကုန်မြို့တွင် ကရင်၊ ကရင်နီ၊ ရခိုင်၊ ချင်း၊ ကရင်၊ မွန် နှင့် ဓနု လူမျိုး ကိုယ်စားလှယ်ပေါင်း (၁၅)ဦးခန့် ပါဝင်သော ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ တွင် ကျင်းပနိုင်ခဲ့သည်။ ညှိနှိုင်း အစည်းအဝေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးများရေးရာနှင့် စပ်လျဉ်းသည့် ပညာရှင်များနှင့် တိုင်းရင်းသားများထံမှ MCRB ၏စာတမ်းအပေါ် လိုအပ်သည်များကို တင်ပြဆွေးနွေးနိုင်ရန်ဖြစ်ပါသည်။

ယခု MCRB သည် စက်တင်ဘာလဆွေးနွေးမှုမှ ရရှိသော အကြံပြုချက်များကို ထည့်သွင်း၍ စာတမ်း ကိုမွမ်းမံရေးသားထားပြီးဖြစ်၍ ၄င်း၏ ၀ဘ်ဆိုဒ်တွင် နောက်ဆုံး နီးပါးဖြစ်သော မူကြမ်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေ ရန်နှင့် အကြံပြုချက်များပေးပို့ နိုင်ရန် အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာဖြင့်ပါ ဖော်ပြထားရှိပါသည်။ ကျေးဇူးပြု၍ လူကြီးမင်းတို့၏ အကြံပြုချက်များနှင့် တုံ့ပြန်ဝေဖန်ချက်များကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ (၁၅) ရက်နောက်ဆုံးထား၍ မနှင်းဝတ်ရည် သို့ ပေးပို့ စေလိုပါသည်။

Briefing Paper: Indigenous Peoples’ Rights and Business in Myanmar
Document PDF, 2791 downloads, ဖေဖော်ဝါရီ 17, 2016
Briefing Paper (in Burmese)
Document PDF, 1917 downloads, ဖေဖော်ဝါရီ 17, 2016
Fine Line between FOC and Corruption
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
Fine Line between FOC and Corruption
Caution Needed on the Proposed EU/Myanmar Investment Protection Agreement
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
Caution Needed on the Proposed EU/Myanmar Investment Protection Agreement

နောက်ဆုံးရ သတင်း

Recordings of the presentations are available to watch in English or in Thai. Click "See More" below the video for the link to the Thai version.

On 13 July, MCRB and Fair Finance Thailand co-hosted a webinar for Thai companies. Vicky Bowman, Director of MCRB, presented the human rights risks which companies currently need to take into account when doing business in Myanmar...

Launched in November 2022, the Myanmar Sustainable Business Network (MSBN) is a multistakeholder platform bringing together businesses and professionals committed to building a more sustainable economy in Myanmar through responsible business practices.

MSBN, a partnership between MCRB, United Nations Development Programme (UNDP) Myanmar and Yever, has submitted input to the consultations by the UN Global Digital Compact (UNGDC) highlighting digital rights priorities...

Un-subscribe

If you want to stop receiving newsletters write here the Removal Code shown in newsletter you reveived by us and click Un-subscribe.

Invalid e-mail address
 
Please wait...
© 2024 Myanmar Centre for Responsible Business