MCRB သည် “Doing Good Index 2020” နှင့် လက်တွဲ လုပ်ကိုင်မည် - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » MCRB သည် “Doing Good Index 2020” နှင့် လက်တွဲ လုပ်ကိုင်မည်

MCRB သည် “Doing Good Index 2020” နှင့် လက်တွဲ လုပ်ကိုင်မည်

CAPS သည် အာရှတိုက်၌ ပုဂ္ဂလိကပိုင်းဆိုင်ရာ         လူမှုရင်းနှီးမြှုပ်နှံမှု၏ အရည်အသွေးနှင့် ပမာဏကို မြှင့်တင်ပေးရန် ရည်ရွယ်လုပ်ကိုင်လျက်ရှိသည့် လက်တွေ့အကောင်အထည်ဖော်မှု ဦးစားပေးသော သုတေသန နှင့် အကြံပေးအဖွဲ့အစည်း ဖြစ်ပါသည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် ထွက်ရှိလာမည့် Doing Good Index 2020 (DGI 2020) ၏ ဒုတိယအကြိမ် အကဲဖြတ် သုံးသပ်မှုအတွက် မြန်မာနိုင်ငံဆိုင်ရာ သုတေသန မိတ်ဖက်အဖြစ် ဆောင်ရွက်ပေးရန် Centre for Asian Philanthropy and Society (CAPS) နှင့် နားလည်မှု စာချွန်လွှာ (MOU) ရေးထိုးခဲ့သည်။

CAPS သည် အာရှတိုက်၌ ပုဂ္ဂလိကပိုင်းဆိုင်ရာ လူမှုရင်းနှီးမြှုပ်နှံမှု၏ အရည်အသွေးနှင့် ပမာဏကို မြှင့်တင်ပေးရန် ရည်ရွယ်လုပ်ကိုင်လျက်ရှိသည့် လက်တွေ့အကောင်အထည်ဖော်မှု ဦးစားပေးသော သုတေသန နှင့် အကြံပေးအဖွဲ့အစည်း ဖြစ်ပါသည်။ 

၂၀၁၈ ခုနှစ်တွင် CAPS သည် အာရှတိုက်ရှိ ပရဟိတငွေ လှုဒါန်းခြင်းနှင့် လက်ခံရရှိခြင်းကို သက်ရောက်မှုရှိစေသည့် မူဝါဒပိုင်းဆိုင်ရာနှင့် ဝန်းကျင်အသိုင်းအဝိုင်းပိုင်းဆိုင်ရာ အကြောင်းရင်းများကို နိုင်ငံအများအပြား၌ ယှဉ်ပြိုင်လေ့လာထားသည့် သုတေသန စာတမ်းဖြစ်သော “Doing Good Index 2018”ကို ထုတ်ပြန်ခဲ့သည်။ Doing Good Index ၏ ပထမအကြိမ် လေ့လာမှု စာတမ်းတွင် အာရှတိုက်ရှိ  နိုင်ငံပေါင်း ၁၅ ခု၏ စီးပွားရေးနယ်ပယ်၌ ပရဟိတနှင့် ပုဂ္ဂလိကပိုင်းဆိုင်ရာ လူမှုရင်းနှီးမြှုပ်နှံမှုများကို ပံ့ပိုးပေး ထားသည့် အခြေအနေများကို လေ့လာထားသည်။ ၎င်းလေ့လာမှုတွင် အခွန်နှင့် ဘဏ္ဍာရေး မူဝါဒ (tax and fiscal policy)၊ ထိန်းချုပ်ကွပ်ကဲမှု စနစ်များ (regulatory regimes)၊ လူမှု-ယဉ်ကျေးမှုဆိုင်ရာ ဂေဟစနစ်နှင့် အစိုးရ၏ ဝယ်ယူဖြည့်တင်းရေး လုပ်ငန်းများ (procurement) အစရှိသဖြင့် အပိုင်း (၄)ပိုင်း ပါဝင်ပြီး အာရှတိုက်ရှိ စီးပွားရေးများသည် ပရဟိတငွေ လှုဒါန်းခြင်းအား မည်သို့အားဖြည့်ပေးလျက်ရှိကြောင်း အဆိုပါညွှန်ကိန်းတွင် ထည့်သွင်းဖော်ပြထားသည်။

MCRB အနေဖြင့် Doing Good Index နှင့် မိတ်ဖက်အဖြစ် လက်တွဲရသည့် အကြောင်းရင်းမှာ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု၊ အထူးသဖြင့် ကုမ္ပဏီများမှ ပရဟိတအဖြစ် လှုဒါန်းခြင်းအပြင် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်း၏ ကျင့်ဝတ်ဂုဏ်သိက္ခာ၊ အခွန်နှင့် ပွင့်လင်းမြင်သာမှုပိုင်းဆိုင်ရာ အကြောင်းအရာများနှင့် စပ်လျဉ်း၍ စိတ်ဝင်စားမှုရှိသောကြောင့်ဖြစ်သည်။

ထို့အပြင် MCRB သည် Doing Good Index ၏  လုပ်ငန်းစဉ်ကို အသုံးချ၍ မြန်မာနိုင်ငံရှိ လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းများ၏ စည်းမျဉ်းမူဘောင်ကို ရှင်းလင်းစွာ နားလည်နိုင်ရန် ရည်ရွယ်သည်။ လက်ရှိ ကုမ္ပဏီများ ဥပဒေ ၂၀၁၇ အရ လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းများသည် ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီအဖြစ် မှတ်ပုံတင် စာရင်းသွင်းနိုင်သည်။ သို့သော် ၎င်းလူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းများနှင့် ၎င်းတို့အား ငွေကြေးထောက်ပံ့ပေးသည့် အဖွဲ့အစည်းများ၏ အခွန်ငွေ ပေးဆောင်ရမည့် တာဝန်များမှာ မရှင်းလင်းပေ။ Doing Good Index သည် အခြားအာရှနိုင်ငံများနှင့် ချိတ်ဆက်လုပ်ဆောင်၍ ၎င်းတို့၏ အတွေ့အကြုံများကို မြန်မာနိုင်ငံမှ သင်ယူနိုင်သည့် အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။

၎င်းအချက်အလက်များ (data)အား CAPS မှ အကဲဖြတ် သုံးသပ်သွားမည်ဖြစ်ပြီး အခြားအာရှ စီးပွားရေးများနှင့် မြန်မာနိုင်ငံအား နှိုင်းယှဉ်တိုင်းတာကာ ၂၀၂၀ ခုနှစ် အစောပိုင်း၌ အစီရင်ခံစာအား ထုတ်ပြန်သွားမည်ဖြစ်သည်။ အဆိုပါ Doing Good Index သည် အာရှတိုက်ရှိ အစိုးရများ၊ အမြတ်အစွန်း မရည်ရွယ်သော အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းနှင့် ပရဟိတလုပ်ငန်းများမှ အချင်းချင်းသင်ယူနိုင်ရန်အတွက် ထူးခြားသည့် အချက်အလက်အရင်းအမြစ် တစ်ခုအဖြစ် အသုံးဝင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ် Doing Good Index ၏ ပထမအကြိမ် စစ်တမ်းတွင် ပါဝင်ခဲ့ပြီး ဖြစ်သည်။ ၎င်းလုပ်ငန်းကဏ္ဍအား စီမံအုပ်ချုပ်သည့် သက်ဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းများ မရှိခြင်း၊ အထူးသဖြင့် တစ်ဦးတစ်ယောက် အနေဖြင့်ဖြစ်စေ ကော်ပိုရိတ်အဖွဲ့အစည်း အနေဖြင့်ဖြစ်စေ လှုဒါန်းခြင်းနှင့် သက်ဆိုင်သည့် ဥပဒေစည်းမျဉ်းများ မရှိခြင်းကြောင့် မြန်မာနိုင်ငံသည် ရမှတ်နည်းသွားခြင်း ဖြစ်သည်။ Social Delivery Organisations (SDOs) များအနေဖြင့်လည်း ရှိရင်းစွဲ ဥပဒေ စည်းမျဉ်းများအား နားလည်ရ ခက်ခဲသည်ဟု ထင်မြင်ကြသည်။ Doing Goog Index 2020 တွင် မြန်မာနိုင်ငံ၌ စည်းမျဉ်းပိုင်းနှင့် ဝန်းကျင်အသိုင်းအဝိုင်းပိုင်း၌ တိုးတက်လာမှု ရှိမရှိနှင့် အာရှတိုက်ရှိ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံသည် မည်သည့် အခြေအနေတွင် ရှိနေကြောင်း ဖော်ပြပေးနိုင်မည်ဖြစ်သည်။

Comparison table – DGI2018

Comparison table – DGI2018

နိုဝင်ဘာလ ၁-၂ ရက်အတွင်း ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် CAPS ၏ မိတ်ဖက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို CAPS ၏ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဖက်အသစ်အဖြစ် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန(MCRB)မှ တက်ရောက်ခဲ့သည်။ ၎င်းအလုပ်ရုံဆွေးနွေးပွဲ၌ မကြာမီထွက်ရှိလာမည့် Doing Good Index 2020 စစ်တမ်းအတွက် ပြင်ဆင်ရန် အလေးပေး ဆောင်ရွက် ခဲ့ပြီး CAPS၏ မိတ်ဖက်များဖြစ်သည့် အာရှရှိ နိုင်ငံပေါင်း ၁၆ နိုင်ငံများမှ မကြာမီထွက်ရှိလာမည့် စစ်တမ်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ အမြတ်အစွန်း မရည်ရွယ်သော အဖွဲ့အစည်းများမှလည်း ၎င်းတို့၏ ပြည်တွင်း အတွေ့အကြုံများနှင့် စပ်လျဉ်း၍လည်းကောင်း ထင်မြင်ချက်များ မျှဝေပြောဆိုနိုင်ရန် အခွင့်အရေးများလည်း ရရှိခဲ့သည်။

ဤစစ်တမ်းတွင် ပါဝင်လိုသည်ဖြစ်စေ စစ်တမ်းနှင့် ပတ်သက်၍ ထပ်မံသိရှိလိုသည် ဖြစ်စေ သို့လိပ်မူ၍ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Myanmar Economy Snapshot – DGI2018

Myanmar Economy Snapshot – DGI2018

Investors Need to Identify their Impacts on Myanmar’s Biodiversity and Ecosystems Early On, to Avoid Cost and Conflict Later
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
Investors Need to Identify their Impacts on Myanmar’s Biodiversity and Ecosystems Early On, to Avoid Cost and Conflict Later
Making the Links between Business, Human Rights and the Environment for Asia’s Legal Professionals
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
Making the Links between Business, Human Rights and the Environment for Asia’s Legal Professionals

နောက်ဆုံးရ သတင်း

Recordings of the presentations are available to watch in English or in Thai. Click "See More" below the video for the link to the Thai version.

On 13 July, MCRB and Fair Finance Thailand co-hosted a webinar for Thai companies. Vicky Bowman, Director of MCRB, presented the human rights risks which companies currently need to take into account when doing business in Myanmar...

Launched in November 2022, the Myanmar Sustainable Business Network (MSBN) is a multistakeholder platform bringing together businesses and professionals committed to building a more sustainable economy in Myanmar through responsible business practices.

MSBN, a partnership between MCRB, United Nations Development Programme (UNDP) Myanmar and Yever, has submitted input to the consultations by the UN Global Digital Compact (UNGDC) highlighting digital rights priorities...

© 2024 Myanmar Centre for Responsible Business