မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) ညှိနှိုင်းဆွေးနွေးသည့်မူကြမ်းအတွက် MCRB မှ မှတ်ချက်များပေးပို့ခဲ့ - Myanmar Centre for Responsible Business (MCRB)
You are here Home » မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) ညှိနှိုင်းဆွေးနွေးသည့်မူကြမ်းအတွက် MCRB မှ မှတ်ချက်များပေးပို့ခဲ့

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) ညှိနှိုင်းဆွေးနွေးသည့်မူကြမ်းအတွက် MCRB မှ မှတ်ချက်များပေးပို့ခဲ့

MCRB ၏မှတ်ချက်များသည် နောက်တက်လာမည့်ကော်မရှင်သည် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏ အခြေခံလမ်းညွှန်မူ (UNGP) နှင့်အညီ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မည်သို့ကိုင်သွယ်ဖြေရှင်းနိုင်မည်ကို အဓိက အသားပေးထားပါသည်။
MCRB ၏မှတ်ချက်များသည် နောက်တက်လာမည့်ကော်မရှင်သည် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏ အခြေခံလမ်းညွှန်မူ (UNGP) နှင့်အညီ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မည်သို့ကိုင်သွယ်ဖြေရှင်းနိုင်မည်ကို အဓိက အသားပေးထားပါသည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) ညှိနှိုင်းဆွေးနွေးသည့်မူကြမ်း အတွက် MCRB မှ မှတ်ချက်များပေးပို့ခဲ့ပါသည်။

Strategic Plan 2020-2024 - Consultation Draft (English)
Document PDF, 428 downloads, သြဂုတ် 16, 2019
Strategic Plan 2020-2024 - Consultation Draft (Myanmar)
Document PDF, 408 downloads, သြဂုတ် 16, 2019

ဤမှတ်ချက်များသည် စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏ အခြေခံလမ်းညွန်မူ (UNGP) နှင့်အညီ နောက်တက်လာမည့် ကော်မရှင်သည် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းနိုင်မည်ကို အဓိက အသားပေးထားပါသည်။ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့် စီမံချက် National Action Plan (NAP) ကို ရေးဆွဲရန်အတွက် အနာဂတ်မြန်မာနိုင်ငံအစိုးရကို မည်သို့ ကူညီနိုင်ရန်အပါအဝင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခု၏အခန်းကဏ္ဍများပါဝင်သည်။ မြန်မာနိုင်ငံသည် NAP လုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်ခြင်းမရှိသေးပါ။ အာစီယံနိုင်ငံအများစု သည် ၎င်းလုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်နေကြပြီးဖြစ်သည်။

MCRB ကို ပူးတွဲတည်ထောင်ထားသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Danish Institute for Human Rights သည် စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာကိစ္စများ နှင့် ပတ်သက်၍ ဒေသတွင်း အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ (NHRIs) နှင့် ပူးပေါင်းလုပ်ဆောင်ပြီး၊ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စများနှင့် NHRIs ၏ တာဝန်ဝတ္တရားများအတွက် လမ်းညွှန်စာအုပ် ကိုထုတ်ဝေခဲ့၍ digital course ဖြင့် သင်တန်းများ ပေးလျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်တွင် ကော်မရှင်နာအပါအဝင် MNHRC ၏ ဝန်ထမ်း ၂၀ ဦးအား DIHR ၏ (Online နှင့်  Face to Face) သင်တန်းကို MCRB မှ ပို့ချလျက်ရှိပါသည်။

ကော်မရှင်ကို ၎င်းတို့ အလုပ်တွင် အကူအညီဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် MCRBသည်အလျင်းသင့်သလို စီးပွားရေးနှင့် လူ့အခွင့်အရေး နိုင်ငံတကာစံနှုန်းများဆိုင်ရာ ဗဟုသုတ နှင့် အတွေ့ကြုံများကိုလည်း မျှဝေပေးပါသည်။မကြာသေးခင်က Myanmar Imperial University ၏ လိင်တူချစ်သူ ဝန်ထမ်းတစ်ယောက် မိမိကိုယ်ကို အဆုံးစီရင်သွားသည့်ကိစ္စတွင် MNHRC မှ စုံစမ်း စစ်ဆေးခဲ့ပါသည်။

၎င်းလုပ်ငန်းစဉ်တွင် ကော်မရှင်၏ အကြံပြုချက်များ၌ ရာဇသတ်ကြီးဥပဒေအပါအဝင် မြန်မာလူ့အသိုင်းအဝိုင်းတွင် လိင်တူချစ်သူအပေါ်ဆန့်ကျင်မှုများစသည့် ပိုမိုကျယ်ပြန့်သည့် ခွဲခြားဆက်ဆံမှုအကြောင်းအရာများ ထည့်သွင်းရန် MCRB မှ အကြံပြုခဲ့ပါသည်။ ဤအကြံပြုချက်သည် မဟာဗျူဟာစီမံကိန်းအတွက် MCRB မှ ပေးပို့သော မှတ်ချက်စာစောင် နောက်ဆက်တွဲတွင် ပါရှိပါသည်။ UN’s Free and Equal Global Business Standards ကို အခြေခံပြီး သြဂုတ်လ ၂၈ နှင့် ၂၉ရက်နေ့တို့တွင် MCRB မှ ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲတွင် စီးပွားရေးလုပ်ငန်းများလုပ်ဆောင်နိုင်သည့် ကဏ္ဍ အကြောင်း  ဆွေးနွေးမည်ဖြစ်သည်။

MCRB ကပေးပို့ခဲ့သောမှတ်ချက်များသည် ၂၀၁၉ခုနှစ်တွင် MNHRC ကို ပြုပြင်ပြောင်းလဲရန်အတွက် CSO ၂၄ဖွဲ့ဖြင့် ဖွဲ့စည်းထားသော CSO Working Group မှ အရေးကြီးသည့် အကြံပြုချက်များအပေါ် အခြေခံထားပါသည်။ ၎င်းအဖွဲ့သည် Paris Principles (ပါရီအခြေခံမူများ) နှင့်အညီ မြန်မာနိုင်ငံသူ၊နိုင်ငံသားအားလုံး၏လူ့အခွင့်အရေးများကို ကာကွယ်ပေး၊ မြှင့်တင်ပေးသည့် ထိရောက်မှုရှိသော၊ လွတ်လပ်မှုရှိသော၊ ပွင့်လင်းမြင်သာမှုရှိသော အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်း တစ်ခုဖြစ်ရန် MNHRC ကိုပြုပြင်ပြောင်းလဲမှု ပြုလုပ်စေရန် တိုက်တွန်းဆောင်ရွက်နေပါသည်။ လက်ရှိကော်မရှင်၏ သက်တမ်းသည် ယခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး  မကြာသေးခင်က ၎င်းစုပေါင်းအဖွဲ့သည် လူ့အခွင့်အရေးကော်မရှင်ဥပဒေ နှင့် ကော်မရှင်အသစ်စိစစ်ရွေးချယ်ရေးလုပ်ငန်းစဉ် နှင့်ပတ်သက်ပြီး ကြေငြာချက်စာတစ်စောင် ထုတ်ပြန်ခဲ့ပါသည်။

နောက်ဆုံးရ သတင်း

Recordings of the presentations are available to watch in English or in Thai. Click "See More" below the video for the link to the Thai version.

On 13 July, MCRB and Fair Finance Thailand co-hosted a webinar for Thai companies. Vicky Bowman, Director of MCRB, presented the human rights risks which companies currently need to take into account when doing business in Myanmar...

Launched in November 2022, the Myanmar Sustainable Business Network (MSBN) is a multistakeholder platform bringing together businesses and professionals committed to building a more sustainable economy in Myanmar through responsible business practices.

MSBN, a partnership between MCRB, United Nations Development Programme (UNDP) Myanmar and Yever, has submitted input to the consultations by the UN Global Digital Compact (UNGDC) highlighting digital rights priorities...

© 2024 Myanmar Centre for Responsible Business