ဒါရိုက်တာ ထံမှ
သတင်းစကား

ဤ အီလက်ထရောနစ် သတင်းလွှာသည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းပြီး သည့်နောက် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) မှ ပထမဆုံးအကြိမ် ထုတ်ပြန်သည့် သတင်းလွှာ ဖြစ်ပါသည်။ ဤ တွင် MCRB နှင့် ပတ်သက်ဆက်နွယ်သူများ (stakeholders) အတွက် ပုံမှန်ထုတ်ပြန်နေကြပုံစံထက် လက်ရှိနိုင်ငံရေး အကျပ်အတည်းကာလနှင့် ဆိုင်သော တာ၀န်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အကြောင်း ပိုမိုကျယ်ပြန့်စွာ ကြည့်ရှုရန် နှင့် MCRB ၏ အနာဂတ် လုပ်ငန်းများအတွက် မည်သို့ဆိုလိုသည်ကို တင်ပြရန်ဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ MCRB သည် MCRB အဖွဲ့သားများ ၏ အဆင်ပြေစိတ်အေးချမ်းမှု (welfare) နှင့် ဘေးကင်းလုံခြုံမှု (safety) ကို အဓိကထားခဲ့ပါသည်။ ထိုနည်းတူစွာ ပြည်တွင်း  နှင့် နိုင်ငံခြား စီးပွားရေးလုပ်ငန်း အားလုံးအတွက်လည်း ၎င်းတို့၏ ဝန်ထမ်းများနှင့် ဝယ်ယူစားသုံးသူများ/ ဝန်ဆောင်မှု ဌားရမ်းသူများ (customer) ၏ ဘေးကင်း လုံခြုံမှုသည် ပထမဦးစားပေး ဖြစ်ကြောင်းကို ကျွန်ုပ်တို့ တွေ့ရှိခဲ့ပါသည်။ ကျွန်ုပ်တို့သည် ကုမ္ပဏီများ၊ အခြားသော အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ဝန်ထမ်းများ အတွက် ချစ်ခင်သူများ အထိန်းသိမ်းခံရပါက မည်သို့လုပ်ဆောင်သင့်ကြောင်း အပါအဝင် ဒစ်ဂျစ်တယ် လုံခြုံရေး (digital safety) နှင့် စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်အဆင်ပြေစေရေး (mental welfare) အတွက် မည်သို့ ပံ့ပိုးကူညီပေးနိုင်ကြောင်း အကြံဥာဏ်များကို မျှဝေခဲ့ပါသည်။ MCRB အဖွဲ့သားများ အနေဖြင့် ၎င်းတို့၏ စိတ်ခံစားချက်များကို မျှဝေရန် လုပ်ငန်းခွင်အတွင်း အဖွဲ့လိုက် ကောင်းစလင်း ဆွေးနွေးခြင်း အစီအစဥ် (workplace counselling session) တစ်ခု ပြုလုပ်ခဲ့ပါသည်။ Counselling Corner တွင်လည်း အခမဲ့ အွန်လိုင်း အစီအစဥ်များ ပုံမှန်ရှိပါသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများ အတွက် အခြားသော အဓိကဦးစားပေးမှာ စီးပွားရေးဆက်လက်ရှင်သန်နိုင်ရန် (commercial survival) ဖြစ်ကြောင်းသိရှိပါသည်။ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာကုန်သည်အသင်း ၁၀ ခု မှ   ဧပြီလတွင် ပြုလုပ်ခဲ့သည့် စစ်တမ်းကောက်ယူမှု အရ အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေးနှင့် အလုပ်အကိုင်အပေါ် ကြီးမားသော ဆိုးကျိုး သက်ရောက်မှုမှာ COVID-19 ထက်ပို၍ သိသာထင်ရှားကြောင်း ရှင်းလင်းစွာ ဖော်ပြခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းများအတွက် အဓိကစိန်ခေါ်မှုများမှာ ဘဏ်လုပ်ငန်း (၇၇%)၊ အင်တာနက် (၇၀%) နှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှု (၆၆%) ဆိုင်ရာ မငြိမ်မသက်မှုများကြောင့်ဖြစ်ပါသည်။ ၎င်းစစ်တမ်း ဖော်ပြချက်အရ မြန်မာကုမ္ပဏီများ၊ အထူးသဖြင့် နိုင်ငံစုံကုမ္ပဏီများနှင့်မတူသည့် ခံနိုင်ရည်မရှိသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အပေါ်  အကြီးမားဆုံး သက်ရောက်မှုများ ဖြစ်စေခဲ့ပါသည်။ ဤ အနုတ်သဘောဆောင်သည့် စီးပွားရေးအလားအလာကို မလိုလားကြသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် ယခုအခါ မြန်မာနိုင်ငံကို ရှောင်ရှားခြင်းနှင့် မြန်မာနိုင်ငံမှ ပြန်လည်ဆုတ်ခွာခြင်း တို့ကြောင့် MCRB သည် လက်ရှိ အကျပ်အတည်းတွင် တာ၀န်ယူမှုရှိသော စီးပွားရေး လုပ်ငန်းဆိုသည်မှာ မည်သည်ကို ဆိုလိုကြောင်းနှင့်  ကျွန်ုပ်တို့နှင့် ပတ်သက်ဆက်နွယ်သူများ အတွက် စင်တာ (Centre) မှာ မည်သို့ အသုံးဝင်နိုင်မည်ကို အလေးအနက်ထား စဉ်းစားသုံးသပ်နေပါသည်။

Survey

လူ့အခွင့်အရေး

ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ဒု-ဥက္ကဌ Surya Deva က မေလ ၁၂ ရက်နေ့တွင် “မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မြင့်တက်လာနိုင်မဲ့ အန္တရာယ်တွေ ရှိနေပါတယ်။ ဒါ့ကြောင့် အစိုးရများက လိုအပ်သော လုပ်ဆောင်မှုများ ပြုလုပ်ရန်နဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကလည်း လူ့အခွင့်အရေး သက်ရောက်မှုတွေကို ကြိုတင်သိမြင်နိုင်ဖို့ စစ်ဆေးတာတွေနဲ့ ကြိုတင်ကာကွယ် တားဆီးခြင်း (human rights due diligence) ကို မြန်မြန်ဆန်ဆန်၊ အခြေအနေနဲ့အညီ တိုးမြှင့်လုပ်ဆောင် င့်ပါတယ်။” ဟု သဘောထား​မှတ်ချက် ပေးခဲ့ပါသည်။  MCRB သည် လူ့အခွင့်အရေးဆိုင်ရာ အန္တရာယ်များနှင့် ၎င်းတို့ကို လျော့ပါးစေရန် နှင့်ပတ်သက်၍ - ကုလသမဂ္ဂ အပါအဝင် မြန်မာပြည်တွင်းနှင့် ပြည်ပ - ကုမ္ပဏီများနှင့် အခြားသော ပတ်သက်ဆက်နွယ်သူများ နှင့် စုပေါင်း ဆွေးနွေးမှုများ တွင် ပါဝင်ဆွေးနွေးအကျိုးပြုခဲ့ပါသည်။ ကျွန်ုပ်တို့သည် ကုမ္ပဏီတစ်ခုချင်းစီအတွက် ၎င်းတို့ ကြုံတွေ့နေရသော စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ချရန် ခက်ခဲနေသော ကိစ္စရပ်များ အတွက် သုံးသပ်လမ်းညွှန်မှုများ ပေးခဲ့ပါပြီး ၎င်းတို့တွင် ဥရောပ ကုန်သည်ကြီးများအသင်း(EuroCham) ၏ အထည်ချုပ်လုပ်ငန်းအဖွဲ့ မှ ဖော်ြပသော အကြောင်းအရာ၊ကိစ္စရပ်များ လည်းပါဝင်ပါသည်။

လက်ရှိ အကျပ်အတည်းတွင် စီးပွားရေးလုပ်ငန်းများ၌ မည်သည့် လူ့အခွင့်အရေး ဆိုင်ရာ အရှိန်အဝါ (leverage) ရှိသနည်း။ MCRB မှ နိုင်ငံတကာနှင့် မြန်မာစီးပွားရေးလုပ်ငန်းများ၏ စုပေါင်း လုပ်ဆောင်မှု (collective action) အတွက် ပံ့ပိုးကူညီခဲ့ပါသည်။ ထိုသို့ကူညီရာတွင် ၎င်းတို့၏ သြဇာလွှမ်းမိုးသော နယ်ပယ်များ (sphere of influence) နှင့် ပိုမိုကျယ်ပြန့်သည့် လူမှုရေးနှင့် နိုင်ငံရေး အခြေအနေများ (wider social and political context) အတွက် ပါဝင်သည်။ ကုမ္ပဏီအချို့၏ တောင်းဆိုမှုအရ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်နေသော စိုးရိမ်မှုရှိနေသည့် စီးပွားရေးလုပ်ငန်းများ၏ ထုတ်ပြန်ချက် ကို ပူးတွဲထုတ်ပြန်ခဲ့ပါသည်။ ၎င်းမှာ ကုမ္ပဏီများနှင့် လူ့အဖွဲ့အစည်း အတွက် တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အသင်းအဖွဲ့များ ဖွဲ့စည်းခွင့် အပါအ၀င် လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် အခြေခံ လွတ်လပ်ခွင့်များကို လေးစားရန် အရေးကြီးပုံကို အဓိကထား ဖော်ပြခဲ့ပါသည်။ ကုမ္ပဏီ ၂၃၀ ကျော်က အဆိုပါကြေငြာချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းတို့အနက် သုံးပုံနှစ်ပုံခန့်သည် မြန်မာနိုင်ငံတွင်သာ လုပ်ငန်းလုပ်ကိုင်နေကြသော ကုမ္ပဏီများဖြစ်ပြီး ကျန်ကုမ္ပဏီများမှာ နိုင်ငံပေါင်းစုံးမှ ဖြစ်ကြပါသည်။ ဖေဖော်ဝါရီလ လယ်တွင် အခြေအနေများ သိသိသာသာ ယိုယွင်းလာပြီး လက်ရှိအချိန်တွင် ကျွနှ်ပ်တို့မှ  ကုမ္ပဏီများ လက်မှတ်ပါဝင်ရေးထိုးရန် အတွက် တက်ကြွစွာကြိုးပမ်းခြင်း မပြုတော့ပါ။ သို့သော် ဖေဖော်ဝါရီ ၁၉ ရက်နေ့ ထုတ်ပြန်ချက်ပါ သဘောထားများနှင့် အညီ ပါဝင်လိုသော မည်သည့် ကုမ္ပဏီမဆို [email protected] သို့ အီးမေးလ် ပေးပို့နိုင်ပါသည်။

 

ဒီဂျစ်တယ်အခွင့်အရေးများ

ကျွန်ုပ်တို့သည် ၅ ကြိမ်မြောက် မြန်မာဒီဂျစ်တယ် အခွင့်အရေးဖိုရမ် (5th Myanmar Digital Rights Forum) အတွက် အစီအစဉ်များကို ဆိုင်းငံ့ထားခဲ့ရသော်လည်း ကျွန်ုပ်တို့သည် စုပေါင်းဆောင်ရွက်မှုများ နှင့် နယ်ပယ်အသီးသီးမှ ပတ်သက်ဆက်နွယ်သူများ ပါဝင်သော  'ဒစ်ဂျစ်တယ် အခွင့်အရေး' အတွက် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ၎င်းတွင် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု (privacy)၊ အင်တာနက်ရရှိရေး နှင့် အွန်လိုင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် စသည်တို့ ပါဝင်ပါသည်။ အာဏာသိမ်းမှု မတိုင်မီ ဇန်နဝါရီလ ၂၈ ရက်နေ့၊ ပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက်လုံခြုံမှုနေ့ (Data Privacy Day) တွင် ကျွန်ုပ်တို့သည် အချက်အလက် ကာကွယ်ခြင်း (data protection) ၏ အရေးကြီးပုံကို မီးမောင်းထိုးပြခဲ့ပါသည်။ ၂၀၁၅ ခုနှစ်မှ စ၍ မြန်မာနိုင်ငံ၏ ICT ဆိုင်ရာ ဥပဒေမူဘောင်အတွင်းရှိ အားနည်းချက်များကို ပြုပြင်ရန် အတွက် အစဉ်တစိုက် ကြိုးပမ်းစည်းရုံးလှုံ့ဆော်ခဲ့ပါသည်။ ထိုသို့ပြုလုပ်ရခြင်းမှာ ကုမ္ပဏီများအနေဖြင့် ကိုယ်ရေးကိုယ်တာ လုံခြုံပိုင်ခွင့် (right to privacy) အပါအ၀င် လူ့အခွင့်အရေးများကို လေးစားလိုက်နာရမည့် ၎င်းတို့၏ တာ၀န်ရှိကို သေချာစွာ ထမ်းဆောင်နိုင်ရန် အတွက် ဖြစ်ပါသည်။ သို့သော် ၂၀၁၉ ခုနှစ်မှစပြု၍ အင်တာနက်နှင့် ဝက်ဘ်ဆိုက်များကို ပိတ်ခြင်းများ တိုးလာခြင်း၊ အွန်လိုင်းစောင့်ကြည့်မှုများ တိုးလာခြင်းနှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြု၍ လူမှုကွန်ရက် အသုံးပြုသူများကို တရားစွဲဆိုရန် ရာဇသတ်ကြီး ဥပဒေ၏ ပုဒ်မ ၅၀၅(က) ကို မကြာခဏ အသုံးပြုခြင်း တို့ကြောင့် ဒစ်ဂျစ်တယ်အခွင့်အရေးကို ပိုမိုဆိုးရွား စေခဲ့ပါသည်။ ဖေဖော်ဝါရီလတွင် တင်သွင်းသည့် ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်း (draft cybersecurity law) ပါ အဆိုပြုချက်ကဲ့သို့ပင် အထက်ပါ ကိစ္စရပ်များသည် ICT သုံးစွဲသူအားလုံးနှင့် တာဝန်ယူမှုရှိသည့် ICT စီးပွားရေးလုပ်ငန်းများ အတွက် စိုးရိမ်စရာဖြစ်ပါသည်။ ကျွန်ုပ်တို့သည် စီးပွားရေးလုပ်ငန်းများအား ဤ ဥပဒေမူကြမ်းပါ ပြဌာန်းချက်များအနက်  အထူးသဖြင့် ကိုယ်ရေးကိုယ်တာ လုံခြုံပိုင်ခွင့် ကဲ့သို့သော လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာမှုကို ယုတ်လျော့စေမည့် ပြဌာန်းချက်များကို   ဥပဒေပြုသူများ (regulators) သိရှိစေရန်အလို့ငှာ မီးမောင်းထိုးပြခြင်းရန် တိုက်တွန်းခဲ့ပါသည်။

ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေး၊ “သတင်းအမှားများ” အပါအဝင် ဤဥပဒေမူကြမ်းပါ အချက်အလက်များကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ (Electronic Transactions Law – ETL) အား ပြင်ဆင်သည့် ဥပဒေ အတွင်းသို့ ပြောင်းလဲ ထည့်သွင်းခဲ့သည်။ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပ‌ဒေကို ပြင်ဆင်သည့် ဥပဒေအား ပေါင်းစည်းထားသော ပုံစံ ကို အင်္ဂလိပ်မြန်မာ ဘာသာတို့ဖြင့် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်မှ ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့က လူတိုင်းအား ကိုယ်ရေးကိုယ်တာ အချက်အလက်အား ကာကွယ်ရန် အတွက် မြန်မာဥပဒေစည်းမျဥ်း တာဝန်အသစ်များ (Myanmar new legal obligations) နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် အလို့ငှာ လေ့လာရန် တိုက်တွန်းလိုပါသည်။ အထူးသဖြင့် အာဏာပိုင်များမှ ဥပဒေနှင့် မညီသော ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ပတ်သက်၍ ကျယ်ပြန့်သည့် တောင်းဆိုမှုများ (broad demands) ပြုလုပ်ပါက ငြင်းဆိုနိုင်ရန်ဖြစ်သည်။

မေလ ၁၅ ရက်နေ့တွင် နှစ်လကြာ မိုဘိုင်းအင်တာနက် ပြတ်တောက်မှုကို အမှတ်အသားပြုသည့်အနေဖြင့် Global Network Initiative နှင့် ၎င်း၏ အဖွဲ့ဝင်ကုမ္ပဏီများ၊ အခြားကုမ္ပဏီ၊ အဖွဲ့အစည်းများ နှင့် အတူ ကြေငြာချက်အား ထုတ်ပြန်ခဲ့ပါသည်။ ဤ ကြေညာချက်သည် မိုဘိုင်းဒေတာ လက်လှမ်း မမှီခြင်းကြောင့် မြန်မာပြည်ရှိ ဖုန်းသုံးစွဲသူများ၏ အခွင့်အရေးအပေါ် ကျရောက်သော ကြီးမားသည့် သက်ရောက်မှုအား မီးမောင်းထိုးပြလျက်ရှိပြီ လက်ရှိ စာရင်းဖြူနည်းလမ်း (whitelisting) ဖြင့် အပလီကေးရှင်း အချို့ကိုသာ ခွင့်ပြုပေးထားခြင်းသည် ခွဲခြားကန့်သတ်မှု ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေမည်ဟု အလေးပေး ဖော်ပြခဲ့ပါသည်။ ထပ်မံ၍ မြန်မာပြည်အတွင်း ရှိသူအားလုံး မိုဘိုင်းအင်တာနက် အပြည့်အဝ ပြန်လည်ရရှိစေလိုသော ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းများ အနေဖြင့် ဤကြေညာချက်တွင် ပါဝင်ရန် [email protected] သို့အီးမေးလ်ပို့ ဆက်သွယ်စေလိုပါသည်။

ပုဂ္ဂလိကလုံခြုံရေး

၂၀၂၀ ခုနှစ်တွင် the Voluntary Principles Association ၏ အကူအညီဖြင့် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီကဏ္ဍ ဆိုင်ရာ လေ့လာဆန်းစစ်ခြင်း အားစတင် ပြုလုပ်ခဲ့ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ အစပြု၍ ကုမ္ပဏီများ၊ အထူးသဖြင့် ဝယ်ယူစားသုံးသူ/ ဝန်ဆောင်မှုဌားရမ်းသူ (customers) များနှင့် တိုက်ရိုက် ဆက်ဆံရသော ဘဏ်များ၊ ဆိုင်များ မှ ၎င်းတို့၏ ဝန်ထမ်းများ နှင့် ဝန်ဆောင်မှုရယူသူများ နှင့်ဆက်စပ်သော အခက်ခဲ၊ အန္တရာယ်များ (risks) အား ပိုမိုတိုးမြှင့် စီမံခန့်ခွဲရခြင်းကို ကြည့်ခြင်းအားဖြင့် လူ့အခွင့်အရေးကို နားလည်သော လုံခြုံရေးဆိုင်ရာ သင်တန်းများ ကောင်းစွာ ရရှိထားသော လုံခြုံရေးဝန်ထမ်းများ ၏ အရေးပါပုံကို သိရှိနိုင်ပါသည်။ ဤ အကြောင်းအရာနှင့် ပတ်သက်၍ ကျွန်ုပ်တို့မှ အနာဂတ်တွင် ကုမ္ပဏီများ၊ သင့်လျော်သော ပတ်သက်ဆက်နွယ်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ရှိပါသည်။ ဤအကြောင်းအရာအား စိတ်ဝင်စားပါက [email protected] ကိုဆက်သွယ်ပေးစေလိုပါသည်။

 

ပြည့်နှစ် ပွင့်သစ်စ စီမံချက်

မြန်မာဘာသာဖြင့် ပွင့်သစ်စ/ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု အစီရင်ခံစာ ကိုလည်း ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ တွင် ထုတ်ပြန်ခဲ့ပြီး အကြိမ်ပေါင်း ၂၂၀၀ ကျော် download ဆွဲခဲ့ကြသော အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာ နှင့်အတူ ရယူနိုင်ပါြပီ။ စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ပြီး ရှေးရိုးမီဒီယာများ၊ လူမှုမီဒီယာများ၊ အခြားသက်ဆိုင်သူများနှင့် မဖြစ်မနေ ချိတ်ဆက်ရန် လိုအပ်သည်ဟု ယုံကြည်ပါသည်။ အထူးသဖြင့် ဥပဒေစည်းမျဥ်းများအရ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ထုတ်ဖော်ရန် ပြဌာန်းထားခြင်းမရှိသောအခါ၊ စာနယ်ဇင်းသမားများ၊ သမဂ္ဂများနှင့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများအား ခြိမ်းခြောက်ခံရခြင်းကြောင့် ၎င်းတို့၏ အခန်းကဏ္ဍကို အလွယ်တကူ မလုပ်ဆောင်နိုင်သောအခါ  ပို၍လိုအပ်ပါသည်။ စီးပွားရေးလုပ်ငန်းများမှ တိကျသော ကုမ္ပဏီဆိုင်ရာ အကြောင်းအရာများ၊ ၎င်း၏လက်ရှိ လုပ်ဆောင်မှုများနှင့် သက်ဆိုင်ရာသတင်းများကို အွန်လိုင်းမှတဆင့် ထုတ်ပြန်ခြင်းသည် စီးပွားရေးလုပ်ငန်းများ၏ အကျိုးစီးပွား အတွက်သာ ဖြစ်ပါသည်။ ကုမ္ပဏီများ အနေဖြင့် ၎င်းတို့၏ ဝန်ထမ်းများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် အန္တရာယ် ကျရောက်လာနိုင်သော ကောလာဟလများကို ကိုင်တွယ်ဖြေရှင်းရန် နှင့် စားသုံးသူများမှ သပိတ်မှောက်ခြင်းတို့နှင့် ကြုံတွေ့လာနိုင်သော အခြေအနေများအတွက် ပို၍ပင် အရေးကြီးပါသည်။



queue for ATM machine

နောက်တစ်ခုကဘာလဲ?

ကျွန်ုပ်တို့မှ ဆောင်ရွက်နေသော လုပ်ငန်းအများစုကို - အထူးသဖြင့် အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်သော လုပ်ငန်းရပ်များအား ခေတ္တရပ်ဆိုင်းခြင်း (သို့) စွန့်ခွာခြင်းများရှိခဲ့သော်လည်း ကျွန်ုတို့၏ စီးပွားရေးဆိုင်ရာ အဆက်အသွယ်များအပြင် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ နှင့် တတ်နိုင်သမျှ ဆက်လက် ဆက်သွယ်ခဲ့ပါသည်။  ကျွန်ုပ်တို့အားလုံး ကြုံတွေ့ရသော မသေချာမရေရာမှုများကို နောက်ခံပြု၍ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကန့်သတ်ချက်များ၊ အနာဂတ် အတွက် ဦးစားပေး အစီအစဉ်များ အပေါ် ကျွန်ုပ်တို့၏ အမြင်များကိုလည်း မျှဝေခဲ့ပါသည်။  ကျွန်ုပ်တို့သည် ပြီးခဲ့သည့်နှစ်မှ အစပြု၍  ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် (United Nations Global Compact (UNGC) ဒေသဆိုင်ရာကွန်ရက် ကိုမြန်မာနိုင်ငံတွင် ပြန်လည် အကောင်အထည်ဖော် နိုင်/မနိုင်ကို ပတ်သက်ဆက်နွယ်သူများစွာနှင့်လည်း ဆွေးနွေးခဲ့ပါသည်။ အကောင်အထည်ဖော်ရန်လည်း ရည်ရွယ်ပါသည်။ ယခုဖြတ်ကျော်ပြီးခဲ့သော ရက် ၁၀၀ က ကုမ္ပဏီများအား မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ(များ) အတွက် UNGC  ၏ ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ (Business for Peace) ဆိုင်ရာ ကနဦးလုပ်ဆောင်မှုကို မည်သို့ ရည်ရွယ် အသုံးပြုနိုင်ကြောင်း သိရှိရန် ပိုမိုလိုအပ်လာကြောင်း မီမောင်းထိုးပြနေပါသည်။

MCRB အနေဖြင့် မည်သို့ရှေ့ဆက်သွားမည်ကို စဉ်းစားရာတွင် မသန်စွမ်းမှုအပါအ၀င် အလုပ်အကိုင်နှင့် အလုပ်အကိုင်ဆိုင်ရာ ခွဲခြားဆက်ဆံမှုပပျောက်ရေး (UNGC ၏ နိယာမ ၆) အပေါ်ဆက်လက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။  ဇန်နဝါရီလတွင် Access Israel နှင့် ပူးပေါင်း၍ မသန်စွမ်းမှုဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပခဲ့ပါသည်။ ဤ အစီအစဥ်တွင် ဝန်ဆောင်မှုနှင့်သက်ဆိုင်သော အထောက်အကူပြု နည်းပညာများ ကိုအဓိက ထားခဲ့ပါသည်။ အပြန်အလှန်အားဖြင့် ၎င်းသည် လုပ်ငန်းခွင်နှင့် လုပ်ငန်းခွင်ပြင်ပတွင် မသန်စွမ်းသူများ အတွက် မိုဘိုင်းအင်တာနက် အသုံးပြုခြင်း၏ အရေးကြီးမှုကို အထင်အရှား ဖော်ြပခဲ့ပါသည်။

ကျွန်ုပ်တို့မှ မိတ်ဘက်အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန် မျှော်လင့်သော လုပ်ငန်းရပ်များတွင် ဇီဝမျိုးစုံ မျိုးကွဲများ၊ စီးပွားရေးနှင့် လူ့အခွင့်အရေး အပါအဝင် သဘာဝပတ်ဝန်းကျင် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများသည် အကျိုးအမြတ်ထုတ်ခြင်း နှင့် တွင်းထွက်သယံဇာတများ ထုတ်ယူရာတွက် ပျက်စီးမှုများရှိခြင်းကြောင့် အန္တရာယ်များ ရှိနေပြီး အများစုမှာ တရားမဝင် ထုတ်လုပ်မှုများ ဖြစ်ပြီး ဒေသခံပြည်သူများ အနေဖြင့် ကြိုတင်စီမံမှုနှင့် စည်းမျဥ်းမူဘောင်များ အားနည်းခြင်း တို့ကြောင့် ထိုကိစ္စရပ်များအား တားဆီးရန် ခက်ခဲလိမ့်မည် ကို ကျွန်ုပ်တို့စိုးရိမ်ပါသည်။

ဆက်သွယ်ရန်

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)  အနေဖြင့် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသော အခြေအနေ အသစ်အတွက် ရှေ့ဆက်ဆောင်ရွက်မည့် စီမံကိန်းဗျုဟာများ ချမှတ်ရာတွင် စီးပွားရေးလုပ်ငန်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ - အထူးသဖြင့် မြန်မာပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ နှင့် အရပ်ဘက်အဖွဲ့အစည်းများ - မှ စီးပွားရေး နှင့် လူ့အခွင့်အရေး ဆိုင်ရာအတွက် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်မည် ဟူသော အကြံပြုချက်များကို ကြိုဆိုပါသည်။

ကျွန်ုပ်တို့နှင့် အဆက်အသွယ်မပြတ်ရန်မျှော်လင့်ပါသည်၊ ဘေးကင်းကြပါစေ။

ဗစ်ကီ ဘိုမန်
ဒါရိုက်တာ
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန