Myanmar Centre for Responsible Business
Myanmar Centre for Responsible Business

၂၀၂၀ ပြည့်နှစ် ပွင့်သစ်စ အစီရင်ခံစာထွက်ရှိ

MCRBနှင့်Yever  ( ရက်ပေါင်း ၃၀၀ ခန့် အခကြေးငွေမယူဘဲ ဆောင်ရွက်ခဲ့သည်) တို့သည် ၂၀၂၀ ပြည့်နှစ် ပွင့်သစ်စ/ မြန်မာကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှု ဆိုင်ရာ အစီရင်ခံစာကို  ဒီဇင်ဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့သည်။ ကုမ္ပဏီပေါင်း ၂၆၀ ကို အကဲဖြတ်ခဲ့ပြီး  ပထမဆုံးအကြိမ်အဖြစ် ဘဏ်များ အားလုံးပါ ဝင်ခဲ့ သည်။ ဘဏ်များသည် မြန်မာနိုင်ငံတွင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များ မြင့်မားပြီး ယင်းကို ထင်ဟပ်စေနိုင်ရန်ဖြစ်သည်။
ယေဘူယျအားဖြင့် ကုမ္ပဏီများသည် ထုတ်ဖော်ကြေငြာမှုများတွင် တိုးတက် လာပြီး ဝဘ်ဆိုဒ်ရှိသော ကုမ္ပဏီအရေအတွက်သည် ၂၀၁၉ ခုနှစ်ကထက်  ၁၂ ရာခိုင်နှုန်း ပိုမို များပြားလာ ခဲ့သည်။
အမှတ်ပေးဇယားတွင် ထိပ်ဆုံးသို့ရောက်ရှိနေသည့်uab ဒုတိယ ဖြစ်သော City Mart Holdings Group (CMHL)  နှင့် တတိယ ရရှိသောShwe Taung Group  တို့ ကို ဂုဏ်ပြုအပ်ပါသည်။
အစီရင်ခံစာသည် နှစ်စဉ်တိုင်းကဲ့သို့ပင် ပွင့်လင်းမြင်သာမှု၊ ကုလအချက်အ လက်ရှာဖွေရေးမစ်ရှင် အစီရင်ခံစာ၏ အကျိုးဆက်များနှင့် အဂတိတိုက် ဖျက်ရေး အပါအဝင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု နှင့် စီးပွား‌ရေးနှင့် လူ့အခွင့်အရေး စသောကိစ္စများကို ဖော်ပြထားပါသည်။ မြန်မာဘာသာ အစီရင်ခံစာ ကို ယခုလ ကုန်ပိုင်းတွင် ရနိုင်မည်ဖြစ်သည်။

ပိုမိုဖတ်ရှုလိုပါက

ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပမည့် လုပ်ငန်းများမှ စားသုံးသူများထံ ပို့ဆောင်ပေးမည့် အထောက်အကူပြုနည်းပညာနှင့် မသန်စွမ်းသူများ ဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ ကို စာရင်းပေးသွင်းနိုင်

ဇန်နဝါရီ ၁၂ ရက် နေ့လည် ၂- ၄ နာရီတွင် ကျင်းပမည့် အွန်လိုင်းဆွေးနွေးပွဲ သည် စီးပွားရေးလုပ်ငန်းများအတွက်  မသန်စွမ်းသူများ လက်လှမ်းမီလာ စေရန်နှင့် ပိုမိုပါဝင်လာနိုင်စေမည့် အထောက်အကူပြုနည်းပညာ၏ အခန်းကဏ္ဍကို ဆွေးနွေးမည်ဖြစ်သည်။
 International Association of Accessibility Professionals (IAAP) မှ အမှုဆောင်ဒါရိုက်တာ Dr Christopher Lee က ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး   Verbit က တိုက်ရိုက် စာတမ်းထိုးခြင်း၊   Skillset နှင့် Acoustic Protocol တို့က နည်းပညာများ ပြသမည်ဖြစ်သည်။ မြန်မာ နိုင်ငံ၏အခြေအနေနှင့် ပတ်သက်ပြီး Myanmar Access TechnologyMyanmar Independent Living Initiative (MILI) နှင့် Myanmar Deaf Community Association (MDCA).တို့ကဆွေးနွေးမည် ဖြစ်သည်။

အခမ်းအနားကို Access Israel, the Embassy of Israelနှင့် Myanmar Israel Chamber of Commerce and Industry (MICCI)တို့က ပူးပေါင်းကျင်းပမည်ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ဆွေးနွေးပွဲ မှာ မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းဆိုင်ရာ စီးပွားရေးအကျိုးအမြတ်ဖြစ်သည်။ ဒီဇင်ဘာ ၃ တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားကို Business Coalition for Gender Equalityနှင့်ပူးတွဲ ကျင်းပပြီး  ဆွေးနွေးပွဲတွင်  MCRBမှ ကိုမြင့်နိုင်ကျော်က How to Foster a Safe and Happy Workplace for Persons with Disabilities  ကို ဆွေးနွေးခဲ့သည်။
ဇန်နဝါရီ ၁၂ အွန်လိုင်းဆွေးနွေးပွဲ အတွက် စာရင်းပေးသွင်းလိုပါက
အမျိုးသားမြေယာဥပဒေ ပြုပြင်ရေးအတွက်   စီးပွားရေးလုပ်ငန်းများ ဘက်မှ အကြံပြုချက်များ စုဆောင်း

ဒီဇင်ဘာ ၁၇ရက်တွင် MCRB၊ UNDPနှင့် UMFCCI တို့ဦးဆောင်၍ တက်ရောက် ဆွေးနွေးသူ ၁၄၀ ခန့် နှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အလေ့အကျင့် များကို စိန်ခေါ်နေသောမြေယာဥပဒေမှအချက်များကို ဆွေးနွေးခဲ့သည်။ တက် ရောက် သူများတွင် စီးပွားရေးလုပ်ငန်းများ၊ ရှေ့နေများနှင့် အစိုးရမဟုတ်သော အဖွဲ့များပါဝင်သည်။ ယင်းဆွေးနွေးပွဲမှ ရရှိသောအချက်အလက်များကို အမျိုးသားမြေယာ ဥပဒေ ပြုပြင်ရေးလုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရန် ပေးပို့သွားမည် ဖြစ်သည်။

ပိုမိုဖတ်ရှုလိုပါက

အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေး

UNDP နှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် တို့က ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲများ စီးရီးများအနက် ပထမဆုံးခေါင်းစဉ်ဖြစ်သော စီးပွား‌ရေးနှင့် လူ့အခွင့်အ‌ရေးကို ဒီဇင်ဘာ ၁၅ ရက်တွင်ကျင်းပခဲ့သည်။  
မြန်မာ့စီးပွား‌ရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန ( MCRB)၏ ဒါ ရိုက်တာြဖစ်သော ဗစ်ကီဘိုမန်က  Protect, Respect and Remedy framework  ကိုသရုပ်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံမှ အဖြစ်အပျက်များကို မီးမောင်းထိုးတင်ပြခဲ့သည်။

အရပ်ဖက်အဖွဲ့မျာနှင့်အွန်လိုင်းစာပွဲဝိုင်းဆွေးနွေးပွဲကျင်းပ

MCRB သည်  ရခိုင်၊ရှမ်း၊တနင်္သာရီ၊ စစ်ကိုင်းနှင့် မန္တလေးတို့မှ ယခင်ကတည်းက ပူးတွဲလုပ်ကိုင်ခဲ့သည့် အရပ်ဖက်အဖွဲ့များမှ ခေါင်းဆောင်များနှင့် နိုဝင်ဘာ ၂၆တွင်   အွန်လိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ယင်းတွင် တွင်းထွက်ကဏ္ဍ၊ EIA နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ advocacy နှင့် disability inclusionတို့ မှ လတ်တလောတိုးတက်မှုများကို ဆွေးနွေးခဲ့ပြီး အတွေ့အကြုံများမျှဝေနိုင်ခဲ့သလို ကွန်ယက်ချိတ်ဆက်မှုလည်း ပြုလုပ်နိုင်ခဲ့သည်။

လာမည့် ဆွေးနွေးပွဲ များကို တက်ရောက်လိုပါက မခင်မို့မို့မြင့်ထံ ဆက်သွယ်နိုင်ပါသည်။

လူ့အခွင့်အ‌ရေးနှင့် ဒီဂျီတယ် အိုင်ဒီ

MCRB ၏ advocacy ပိုင်းဆိုင်ရာများတွင်ပါဝင်သည့် အချက်အလက် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာအခွင့်အ‌ရေး စသည်တို့နှင့် သက်ဆိုင်သည့် ဒီဂျီတယ်အိုင်ဒီ နှင့် ခြေရာခံသည့် အက်ပ်ဆိုင်ရာကိစ္စရပ်များတွင် အထူးသဖြင့် စီးပွား‌ရေးနှင့်သက်ဆိုင်ပါက MCRB သည် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပါသည်။ နိုင်ငံတကာ အဆင့် ငြင်းခုံဆွေးနွေးမှုများတွင်လည်း ပါဝင်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အရပ်ဖက်အဖွဲ့ ၁၁ဖွဲ့နှင့် ပူးပေါင်းပြီး နည်းပညာပိုင်းများတွင် လူ့အခွင့်အရေးကို ထည့်သွင်း ပူးပေါင်းပါဝင်စေရန်အတွက် ဒီဇင်လာ ၁၇တွင် လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည်။


MCRB ၏ Svetlana Zens သည်ဖေဖော်ဝါရီ ၆ နှင့် ၇ ရက်တွင် Myjobs.com.mm Virtual Career Fair ၌ ဒေတာစီမံခန့်ခွဲမှုနှင့် လုံခြုံရေးဆိုင်ရာ  အကြောင်းတို့ကို ဟောပြောမည်ဖြစ်သည်။

ပိုမိုဖတ်ရှုလိုပါက
facebook linkedin