Myanmar Centre for Responsible Business
Myanmar Centre for Responsible Business

ရခိုင်နှင့် ပလက်ဝ တွင် 3G/4G အက်တာနက်လိုင်းများပြန်ပေးပါ

မြန်မာ့စီးပွား‌ရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန(MCRB)  အပါအဝင် မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ်(MDRF) ပူးတွဲကျင်းပသူများက ကမ္ဘာ့အရှည်ကြာဆုံးသော အင်တာနက် ဖြတ်တောက်မှု အတွက် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။ ယင်းနောက် လွန်ခဲ့သော တစ်လခန့်က 2Gအင်တာနက်သာ ပြန်လည်ရရှိခဲ့သည့် အတွက် 3G/4G ရခိုင် ၇ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့ တို့တွင် ကိုဗစ် -၁၉ ရောဂါတုန့်ပြန်ရေးအတွက် ဆိုးကျိုးသက်ရောက်မှူများကို လျော့ချနိုင်ရန် အက်တာနက်လိုင်းများပြန်ပေးရန် ကြေညာချက် ထပ်မံထုတ်ပြန် တောင်းဆိုလိုက်သည်။

ကြေညာချက်ကို ဖတ်ရှုလိုပါက

လာမည့် အွန်လိုင်းဆွေးနွေးပွဲ - စီးပွားရေးလုပ်ငန်း၏ကျင့်ဝတ်ဖြောင့်မှန်မှု ဂုဏ်သိက္ခာ

ဟောင်ကောင် ကုန်သည်စက်မှုအသင်းကကြီးမှူး၍ စက်တင်ဘာ ၁၁ ရက်၊ သောကြာ နေ့တွင်  လက်ရှိမြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော  စီးပွားရေး လုပ်ငန်း ၏ ကျင့်ဝတ်ဖြောင့်မှန်မှု ဂုဏ်သိက္ခာဆိုင်ရာ စိန်ခေါ်မှုများကို ဆွေးနွေး ကြမည်ဖြစ်သည်။  ဆွေးနွေးမည့်သူများမှာ မြန်မာ့စီးပွား‌ရေး ကဏ္ဍ တာဝန်ယူမှု ရှိရေးအထောက်အကူပြုဌာန ( MCRB) မှ ဒါရိုက်တာ ဗစ်ကီဘိုမန် ၊ ကုလဖွံ့ဖြိုးမှုအစီအစဉ် (UNDP)မှ သောမတ်ခရစ် တို့ဖြစ်သည်။ ( MCRB) ၊ (UNDP)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် (ACC) နှင့် ကုန်သည်စက်မှု အသင်း (UMFCCI) တို့သည် “ မြန်မာကုမ္ပဏီများ အတွက် စီးပွားရေးလုပ်ငန်းကျင့်ဝတ်ဖြောင့်မှန်ရေး ဂုဏ်သိက္ခာဆိုင်ရာလက်စွဲစာအုပ်”ကို ထုတ်ဝေခဲ့သည်။ ယင်းသည် ၂၀၁၈ခုနှစ်တွင် (ACC) ကထုတ်ပြန်ခဲ့သည့် လမ်းညွှန်ချက် ၈ ချက်ကိုအခြေခံပြီး ရေးသားထားကာ ကုမ္ပဏီများက မည်သို့ လိုက်နာရမည်ကို ဥပမာများ လည်း ပါဝင်ပါသည်။

တက်ရောက်လိုပါက ဤနေရာတွင် အမည်စာရင်းပေးသွင်း နိုင်ပါသည်။
လာမည့် အွန်လိုင်းဆွေးနွေးပွဲ- စိုက်ပျိုးစီးပွား

မြန်မာ့စီးပွား‌ရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန ( MCRB) သည် စက်တင်ဘာ ၂၃ ရက်တွင် English ဘာသာဖြင့် အွန်လိုင်း ဆွေးနွေးပွဲတစ်ခုကို Verité နှင့် ပူးတွဲကျင်းပမည်ဖြစ်သည်။ ယင်းတွင် မြန်မာနိုင်ငံရှိ ကြီးမားများပြားသော စိုက်ဧကများနှင့် သစ်တောများတွင် ကျရောက်နိုင်သော လူမှု၊ပတ်ဝန်းကျင် ဖြစ်နိုင်ချေများကို ဆွေးနွေးကြမည်ဖြစ်သည်။  Verité Southeast Asiaသည် မြန်မာနိုင်ငံမြောက်ပိုင်းရှိငှက်ပျောစိုက်ခင်းများနှင့် တရားမဝင် သစ်ထုတ်လုပ်မှုများ ကိုလေ့လာထားသည့် အချက်များနှင့် အကြံပြုချက်များကို မျှဝေမည် ဖြစ်သည်။ ( MCRB) ကလည်း တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုင်ရာ လက်တွေ့လုပ်ဆောင်ရမည့် အချက်များနှင့် အနာဂတ်တွင် ပြုလုပ်ရမည့် ပညာပေးလုပ်ငန်းများအတွက် အချက်များကို   မျှဝေမည်ဖြစ်သည်။

တက်ရောက်လိုပါက ဤနေရာတွင် အမည်စာရင်းပေးသွင်း နိုင်ပါသည်။

ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် (UN Global Compact)သို့ MCRB ၏ တတိယမြောက် အစီရင်ခံစာ တင်သွင်း

MCRB သည် ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် (UN Global Compact) သို့   တင်သွင်းရမည့် တတိယမြောက် ဆက်သွယ်မှုဆိုင်ရာ အစီရင်ခံစာ Communication on Engagement ကို တင်သွင်းခဲ့သည်။ လုပ်ဆောင်ရမည့် အခြေခံမူ ၁၀ ချက် အပေါ် ၂၀၁၈ခုနှစ်မှ ၂၀၂၀ အတွင်းလုပ်ဆောင်မှုများကို ဖော်ပြထားသည်။

အစီရင်ခံစာအပြည့်အစုံကို ဖတ်ရှုလိုပါက

မြန်မာ့ခရီးသွားလုပ်ငန်းပြန်လည်စတင်နိုင်ရေး အစီရင်ခံစာ

ခရီးသွားကဏ္ဍနှင့်ဆက်စပ်နေသော လုပ်ငန်းရှင်များ၊ အစိုးရ၊အရပ်ဘက်အဖွဲအစည်းများမှ ခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ကြိမ်ဖန်များစွာပြုလုပ်ပြီးနောက် မြန်မာ့စီးပွား‌ရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၊ Hanns Seidel Foundation နှင့် Myanmar Responsible Tourism Institute တို့သည် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် စာတမ်းတစ်စောင်ပြုစုခဲ့သည်။ ရည်ရွယ်ချက်မှာ ကိုဗစ်ကာလတွင်းနှင့် ကာလလွန်တွင် ခရီးသွားလုပ်ငန်း မည်သို့ရှေ့ဆက်နိုင်မည်ကို အကြံပြုထားခြင်း ဖြစ်သည်။

အစီရင်ခံစာကို ဖတ်ရှုလိုပါက

MCRB ၏ သုတေသန ဆောင်ရွက်နေသူ အတွက် ဝမ်းမြောက်ခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေဆိုင်ရာတွင် ကျယ်ပြန့်သော အတွေ့အကြုံရှိသည့် Matthew Baird သည် Environment Institute of Australia, New Zealand   တွင် သုတေသနဆိုင်ရာများ ပြုလုပ်ခွင့်ရရှိ သည့်အတွက် ဝမ်းမြောက်ပါသည်။ သူ၏ ကျွမ်းကျင်မှုများကို MCRB ၏ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း၊ အများပြည်သူပါဝင်ခွင့်ရှိခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ရေးလုပ်ငန်းများအတွက် ဆက်လက် ဆောင်ရွက်ပေးနေမည် ဖြစ်သည်။

Matthew Baird အကြောင်းပိုမိုသိရှိလိုပါက
facebook linkedin