Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

အင်တာနက် မသုံးဘဲ (ဒေတာမရှိဘဲ)တစ်ရက် နေနိုင်ပါသလား

 

မြန်မာ ဒီဂျီတယ် အခွင့်အရေး ဖိုရမ် ၏ အဖွဲ့ဝင်များဖြစ်ကြသော MCRB၊ MIDO, ဖန်တီးရာ နှင့် FEM တို့သည် ရခိုင်ပြည်နယ်တွင် လူပေါင်း ၆၀၀ ၀၀၀ ကျော် ရက်ပေါင်း ၁၀၁ ရက် အင်တာနက် မရရှိခြင်းကို စာနာကြောင်း၊ ထပ်တူဖြစ်ကြောင်းပြသသည့် အနေဖြင့် ‘အင်တာနက် ဖြတ်တောက်မှု ၁၀၁ ရက်မြောက်နေ့” ကို စက်တင်ဘာ ၃၀ရက်က ကျင်းပခဲ့သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

မြန်မာ့လုပ်ငန်းခွင်တွင် ယဉ်ကျေးမှု ပဋိပက္ခမဖြစ်စေရန် ရှောင်ကြဉ်ခြင်း

 

မြန်မာ စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)သည်ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြား စီးပွားရေး ဝန်ကြီးဌာန(MIFER)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ  ညွှန်ကြားမှုဦးစီးဌာန (DICA) တို့နှင့် ပူးပေါင်းပြီး  “လုပ်ငန်းခွင်တွင် မြန်မာ့ယဉ်ကျေးမှုကို လေးစားလိုက်နာခြင်း” လမ်းညွှန်စာအုပ်ကို စက်တင်ဘာ ၅ရက်က ထုတ်ဝေခဲ့သည်။ ရည်ရွယ်ချက်မှာ မြန်မာ့ယဉ်ကျေးမှုကို နိုင်ငံခြားသားများနားလည်စေရန်နှင့်  လုပ်ငန်းခွင် နှင့် ဒေသခံ အသိုင်းအဝိုင်းများအတွင်း နားလည်မှုလွဲမှားမှု ခြင်းကို ရှောင်လွဲနိုင်စေရန် ဖြစ်သည်။ ၎င်းလမ်းညွှန်ချက်ကို အင်္ဂလိပ်၊ တရုတ်၊ မြန်မာ ဘာသာများဖြင့် ရေးသားထားပြီး အွန်လိုင်းတွင် ရယူနိုင်ပါသည်။ အခြားဘာသာများဖြင့် ပြန်ဆိုထုတ်ဝေရန်လည်း စီစဉ်နေသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

ဇီဝမျိုးစုံ၊မျိုးကွဲ ကာကွယ်ရန်လိုအပ်မှုကို ရင်းနှီးမြှုပ်နှံသူများအား ကနဦး အကြံပြုမှု

 
ရင်းနှီးမြှုပ်နှံမှုခွင့်ပြုရာတွင်  ပါဝင်သည့် ဌာနဆိုင်ရာများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန (ECD) မှ EIA လုပ်ငန်းများကို လုပ်ကိုင်ရသည့် အရာထမ်းများအား MCRB  က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပေးခဲ့သည်။ ၎င်းကို MCRB မှ ထုတ်ဝေထားသော (မြန်မာအင်္ဂလိပ် နှစ်ဘာသာလုံးဖြင့် ရနိုင်သည့် ) ဇီဝမျိုးစုံ မျိုးကွဲများ ဆိုင်ရာ အနှစ်ချုပ်စာလွှာ ကို အခြေခံပြီး ပြုလုပ်ပေးခဲ့သည်။ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် DICA  နှင့် ECD တို့၏ အခန်းကဏ္ဍနှင့် EIA လုပ်ငန်းစဉ် များနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးကာ ခွင့်ပြုပေးရသည့် လုပ်ငန်းများကို နမူနာ လေ့ကျင့်ခန်းများလုပ်ကိုင်ပြီး ဆွေးနွေးခဲ့ကြသည်။  
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

LGBT +တန်းတူညီမျှစေရေးအတွက် စီးပွားရေး  လုပ်ငန်းများက မည်သို့ မြှင့်တင် ဆောင်ရွက်ပေးနိုင်သနည်း

 

သြဂုတ်လ ၂၈နှင့် ၂၉ ရက်များတွင် MCRB ၊ IHRB နှင့် Colors Rainbow တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံနှင့် ဒေသတွင်း နိုင်ငံများတွင် 
LGBT + များ တန်းတူညီမျှစေရေးအတွက် စီးပွားရေး  လုပ်ငန်းများက မည်သို့ မြှင့်တင် ဆောင်ရွက်ပေးနိုင်သနည်း ဆိုသည်နှင့် ဥပဒေပိုင်းဆိုင်ရာ ပြုပြင်မှု အပိုင်းတို့ကို ၂ ရက်တာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 

ကျောက်ဖြူဒေသခံများအတွက် EIA သင်တန်းး

 

 MCRB သည် စကောလာအင်စတီကျုနှင့် ပူးပေါင်းပြီး ကျောက်ဖြူဒေသခံအား တာဝဝန်ယူမှုရှိသော စီးပွားရေး  လုပ်ငန်းနှင့် EIA လုပ်ငန်းစဉ်တွင် ပြည်သူလူထု ပူးပေါင်းပါဝင်ခြင်း ဆိုင်ရာတို့ကို  သြဂုတ်လ ၂၉ ရက်နေ့က သင်တန်းပို့ချခဲ့သည်။ ဆွေးနွေးမှုများတွင် ကျောက်ဖြူတွင် ပြုလုပ်ရန်လျာထားသည့် အထူးစီးပွားရေးဇုန်/ ရေနက်ဆိပ်ကမ်း နှင့် ကမ်းလွန် (ရေနံ)လုပ်ငန်းခွင်များအတွက် လိုအပ်သည်များ ထောက်ပို့ပေးမည့်အခြေပြုနေရာ (Offshore Supply Base-OSB) များ တည်ဆောက်ခြင်းနှင့် သက်ဆိုင်သည်များကို အဓိက ဆွေးနွေးခဲ့ကြသည်။ ယင်းလုပ်ငန်းများကို လုပ်ကိုင်ပါက လူထုပါဝင်နိုင်မှုကို Myanmar EIA public participation guidelines  မူကြမ်းအ တိုင်း လို က်နာဆောင်ရွက်လျှင်  ဆိုးကျိုးများ လျေ့ာချနိုင်မည် ဖြစ်ကြောင်းနှင့်  ငရုပ်ကောင်းတွင် တည်ဆောက်မည့် OSB ၏ EIA ကို နမူနာတင်ပြကာ ဒေသခံများပိုမို နားလည်သဘောပေါက်စေရန် ဆွေးနွေးခဲ့သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 

ပွင့်သစ်စ အစီရင်ခံစာ  မြန်မာဘာသာဖြန့်ဝေခြင်း

 

MCRB၏အစီရင်ခံစာများအနက် လူကြိုက်အများဆုံး၊ ဒေါင်းလုပ်ရယူမှုအများဆုံးအစီရင်ခံစာများတွင် တစ်ခုဖြစ်သော ပွင့်သစ်စ ( မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများ၏ ပွင့်လင်းမြင်သားမှု အစီရင်ခံစာကို မြန်မာဘာသာသို့ ပြန်ဆို ထုတ်ဝေနိုင်ခဲ့ပြီ ဖြစ်သည်။  MCRB နှင့် Yever တို့က အစီရင်ခံစာ၏ ဆက်နွယ်ပတ်သက်သူများ  ဖြစ်ကြသော အစိုးရများ၊ ကုမ္ပဏီများ နှင့် အဖွဲ့အစည်းများကို ပေးပို့သွားမည် ဖြစ်သည်။ 

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
facebook linkedin