Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

Doing Good Index စစ်တမ်းကောက်ယူခြင်း

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် CAPSသည် Doing Good Index 2020 စစ်တမ်းကောက်ယူရန်အတွက် စတင်ခဲ့ပါသည်။ ၎င်းစစ်တမ်းရလဒ်များကို အာရှတိုက်ရှိ ပရဟိတငွေ လှုဒါန်းခြင်းနှင့် လက်ခံရရှိခြင်းအပေါ် သက်ရောက်မှုရှိသည့် မူဝါဒနှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းဆိုင်ရာ အကြောင်းအရာများနှင့်ဆက်နွယ်၍ နိုင်ငံပေါင်းစုံ နှိုင်းယှဉ်လေ့လာထားသည့် သုတေသနစာတမ်းတွင် အသုံးချပါမည်။ အမြတ်အစွန်း မယူသည့် အဖွဲ့အစည်း သို့မဟုတ် လူမှုအကျိုးပြုအဖွဲ့အစည်း ဖြစ်ပါက အစိုးရချမှတ်ထားသော စည်းမျဉ်း စည်းကမ်းပိုင်းဆိုင်ရာများ၊ အခွန်နှင့် ဘဏ္ဍာရေး ဆိုင်ရာမူဝါဒများ၊ လူမှုယဉ်ကျေးမှုဆိုင်ရာ ဂေဟစနစ်နှင့် အစိုးရ ဝယ်ယူဖြည့်တင်းရေး လုပ်ငန်းဝန်ဆောင်များနှင့် ပတ်သက်သော အတွေ့အကြုံများမျှဝေရန် ကျွနု်ပ်တို့၏ အွန်လိုင်းစစ်တမ်းကို (Zawgyi ဖြင့်လည်းကောင်း၊ Unicode ဖြင့်လည်းကောင်း) ဖြေခြင်းဖြင့် ပါဝင်ကူညီနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။

 
စစ်တမ်းဖြေဆိုရန်။
 
 
 
 
 
 

ကြိုတင်မှတ်သားထားပေးပါရန်၊ စီးပွားရေးနှင့် မသန်စွမ်းသူများ ဖိုရမ်- မတ်လ ၆ ၊၇ ရက် ။

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)၊ အေအေအာ ဂျပန် အကူအညီပေးရေးနှင့် ပြန်လည်ထူထောင်ရေးအသင်း (AAR Japan) နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO)တို့ ပူးပေါင်း၍ နယ်ပယ်ပေါင်းစုံမှ သက်ဆိုင်သူများ ပါဝင်သည့် ဖိုရမ်ကို မတ်လ ၆ရက်နေ့၊ ၇ရက်နေ့တို့တွင် ရန်ကုန်မြို့ ၌ ကျင်းပမည် ဖြစ်သည်။ အဆိုပါဖိုရမ်တွင် “မသန်စွမ်းသူများအား အလုပ်ခန့်အပ်ခြင်း လက်စွဲစာအုပ်” နှင့် စပ်လျဉ်း၍ မသန်စွမ်းသူများအား အလုပ်ခွင်တွင် ပါဝင်လာနိုင်မှုကို တိုက်တွန်းအထောက်အကူပြုရန်နှင့် မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO)၏ စီးပွားရေးကဏ္ဍတွင် ပါဝင်ထမ်းဆောင်နေသော မသန်စွမ်းသူများ ကွန်ရက် ထူတောင်ရန် ဆွေးနွေးသွားပါမည်။ ဖိုရမ်တက်ရောက်ရန် စိတ်ဝင်စားသူများနှင့် သက်ဆိုင်ရာကုမ္ပဏီများ ကိုမြင့်နိုင်ကျော်ထံ ဆက်သွယ်နိုင်ပါသည်။

 
ကိုမြင့်နိုင်ကျော်ထံ ဆက်သွယ်ပါရန်။
 
 
 
 
 
 

ဇီဝမျိုးစုံမျိုးကွဲများ ဆိုင်ရာ စာတမ်းအနှစ်ချုပ်အား မြန်မာဘာသာဖြင့် ထုတ်ဝေ။

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)သည် မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းများဆိုင်ရာ စာတမ်းအနှစ်ချုပ်အား မြန်မာဘာသာဖြင့် ထုတ်ဝေလိုက်ပါသည်။ မြန်မာနိုင်ငံ၌ အချို့သော ရင်းနှီးမြှုပ်နှံမှုမျိုးသည် ဇီဝမျိုးစုံမျိုးကွဲများအပေါ် ဆိုးကျိုးသက်ရောက်မှုရှိနိုင်ပြီး ၎င်းအကျိုးဆက်အနေဖြင့် လူ့အခွင့်အရေးတွင်ပါ သက်ရောက်မှုရှိနိုင်ကြောင်းကို စီးပွားရေးလုပ်ငန်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် အစိုးရက သိရှိစေရန် ရည်ရွယ်၍ ၎င်းစာတမ်းအနှစ်ချုပ်ကို ထုတ်ဝေခြင်းဖြစ်ပါသည်။ စာတမ်းအနှစ်ချုပ်စာစောင်အား ရယူလိုပါက [email protected]ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက။
 
 
 
 
 
 

ဆန္ဒအလျောက်လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများဆွးနွေးပွဲတွင် သတ္တုတူးဖော်ရေးလုပ်ငန်း များကြောင့် ဖြစ်ပေါ်လာသော နစ်နာမှုများကို ကုစားမှုဆိုင်ရာများ ဆွေးနွေး ။

 

ဇန်နဝါရီလ ၂၉ ရက် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲ၌ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းများမှ အရပ်ဖက်အဖွဲ့အစည်းများသည် ၎င်းဒေသများတွင် သတ္တုလုပ်ငန်းလုပ်ကိုင်နေမှုများနှင့် ဆက်နွယ်၍ လုံခြုံရေးဆိုင်ရာ အကြောင်းအရာများနှင့် ဒေသခံပြည်သူများနှင့်ကုမ္ပဏီဆက်ဆံရေးနှင့် ပတ်သက်သော စိုးရိမ်ပူပန်မှုများအကြောင်းကို ဆွေးနွေးခဲ့ကြပါသည်။ ထိုဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ မြန်မာအရပ်ဖက်အဖွဲ့အစည်းများအား ဆန္ဒအလျောက်လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာအခြေခံမူများ(VPSHR) ကို မိတ်ဆက်ပေးရန်ဖြစ်ပြီး၊ ၎င်းအရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ပို၍တာဝန်ယူမှုရှိသော တွင်းထွက်သယံဇာတတူးဖော်ခြင်းဆိုင်ရာ အလေ့အကျင့်များကို တွန်းအားပေးဆောင်ရွက်ရာတွင် ထို VPSHRs သည် အသုံးဝင်မှုရှိ၊ မရှိကို ဆွေးနွေးရန် ဖြစ်သည်။

 
ဆက်လက်ဖတ်ရှုလိုပါက။
 
 
 
 
 
 

ဆိုက်ဘာလုံခြုံရေးမူကြမ်းဆိုင်ရာ ပဏာမအကြံပြုချက်များ ပေးပို့

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)၊ နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို စိတ်ဝင်စားသည့် အခြားစီးပွားရေးလုပ်ငန်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ပတ်သက်ဆက်နွယ်သူများအား ဇန်နဝါရီလ ၂၅ ရက်တွင် နေပြည်တော် ၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပခဲ့သည့် ညှိနှိုင်းစည်းဝေးပွဲသို့ တက်ရောက်ဆွေးနွေးရန် ဖိတ်ကြားခဲ့သည်။ ဆွေးနွေးပွဲတွင် ဝန်ကြီးဌာန က ကမ္ဘာ့ဘဏ် အကူအညီဖြင့် ပြုစုထားသည့် ၎င်းတို့၏ အခြေခံစံနှုန်းဆိုင်ရာ လေ့လာတွေ့ရှိချက်များနှင့် ပက်သက်၍ အကြံဉာဏ်များ တောင်းခံခဲ့ကြသည်။ မြန်မာနိုင်ငံ၏ လက်ရှိ မူဝါဒနှင့် ဥပဒေမူဘောင်တွင် အဓိက အရေးပါသည့် ကွာဟချက်များကို ဖော်ထုတ်သတ်မှတ်ရန် ၎င်းလေ့လာတွေ့ရှိချက်များကို အသုံးပြုလျှက်ရှိပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက။
 
 
 
 
 
 

MCRB က Purple Air နှင့်ချိတ်ဆက်

 

ရန်ကုန်မြို့နှင့် အရှေ့တောင်အာရှတစ်ဝန်း လေထုအရည်အသွေနှင့် ကျန်းမာရေး ဆိုးကျိုးသက်ရောက်မှုများကို ပိုမိုစိုးရိမ်လာသဖြင့် MCRB ရုံးတွင် Purple Air monitorကို တပ်ဆင်ခဲ့ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက။
 
 
 
 
 
 
facebook linkedin googleplus