မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)သည် မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းများဆိုင်ရာ စာတမ်းအနှစ်ချုပ်အား မြန်မာဘာသာဖြင့် ထုတ်ဝေလိုက်ပါသည်။ မြန်မာနိုင်ငံ၌ အချို့သော ရင်းနှီးမြှုပ်နှံမှုမျိုးသည် ဇီဝမျိုးစုံမျိုးကွဲများအပေါ် ဆိုးကျိုးသက်ရောက်မှုရှိနိုင်ပြီး ၎င်းအကျိုးဆက်အနေဖြင့် လူ့အခွင့်အရေးတွင်ပါ သက်ရောက်မှုရှိနိုင်ကြောင်းကို စီးပွားရေးလုပ်ငန်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် အစိုးရက သိရှိစေရန် ရည်ရွယ်၍ ၎င်းစာတမ်းအနှစ်ချုပ်ကို ထုတ်ဝေခြင်းဖြစ်ပါသည်။ စာတမ်းအနှစ်ချုပ်စာစောင်အား ရယူလိုပါက info@myanmar-responsiblebusiness.orgထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ |