Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

ပိုမိုလွတ်လပ်သော အွန်လိုင်းနေရာ ဖြစ်ပေါ်လာရန် တတိယအကြိမ်မြောက် မြန်မာ့ဒီဂျစ်တယ် အခွင့်အရေးဖိုရမ်တွင် တောင်းဆို

 

ဇန်နဝါရီလ ၁၈ရက် နှင့် ၁၉ရက် တွင် ကျင်းပခဲ့သော တတိယအကြိမ်မြောက် မြန်မာ့ဒီဂျစ်တယ် အခွင့်အရေးဖိုရမ်တွင် အွန်လိုင်းပေါ်၌ လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့်၊ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံပိုင်ခွင့်ရရှိစေနှင့် လူတိုင်းလက်လှမ်းမီ တန်းတူညီမျှစွာ သတင်းအချက်အလက် ရရှိနိုင်ခွင့်တို့နှင့် စပ်လျဉ်းသော အကြောင်းအရာများကို ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်နိုင်သည့် စကားဝိုင်းများနှင့် ဝိုင်းဖွဲ့ဆွေးနွေးခြင်း အစီအစဉ်များတွင် ပါဝင်ဆွေးနွေးရန် အရက်ဖက် လူ့အဖွဲ့အစည်းများ၊ အစိုးရ၊ မီဒီယာနှင့် စီးပွားရေး ကဏ္ဍအသီးသီးမှ စုစုပေါင်းလူဦးရေ ၂၅၀ ဝန်းကျင် တက်ရောက်ခဲ့ပါသည်။ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုစေရန် ကာကွယ်ပေးမှု၊ ဆိုက်ဘာလုံခြုံရေးနှင့် အမုန်းစကားဖြန့်ဝေမှု တို့အတွက် ထိရောက်သော မှုဝါဒနှင့် စည်းမျဉ်းများလိုအပ်ခြင်း၊ ဒီဂျစ်တယ်နှင့် မီဒီယာ ကျွမ်းကျင်တက်မြောက်မှုမှတစ်ဆင့် သတင်းမှားများဖြန့်ဝေမှု ပပျောက်ခြင်း၊ e-government နှင့် ဒီဂျစ်တယ် မှတ်ပုံတင်(digital ID) လုပ်ဆောင်မည့် အစီအစဉ်များကို ဦးစားပေး ဆွေးနွေးခဲ့ပါသည်။ တင်ပြချက်များနှင့် မှုဝါဒအကျဉ်းချုပ်များကို MCRB ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက။
 
 
 
 
 
 

စီးပွားရေးနှင့် မသန်စွမ်းသူများ ဖိုရမ်

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)၊ အေအေအာ ဂျပန် အကူအညီပေးရေးနှင့် ပြန်လည်ထူထောင်ရေးအသင်း (AAR Japan) နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO)တို့ ပူးပေါင်း၍ နယ်ပယ်ပေါင်းစုံမှ သက်ဆိုင်သူများ ပါဝင်သည့် ဖိုရမ်ကို မတ်လ ၆ရက်နေ့၊ ၇ရက်နေ့တွင် ကျင်းပမည်။ အဆိုပါဖိုရမ်တွင် “မသန်စွမ်းသူများအား အလုပ်ခန့်အပ်ခြင်း လက်စွဲစာအုပ်” နှင့် စပ်လျဉ်း၍ မသန်စွမ်းသူများအား အလုပ်ခွင်တွင် ပါဝင်လာနိုင်မှုကို တိုက်တွန်းအထောက်အကူပြုရန်နှင့် မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO)၏ စီးပွားရေးကဏ္ဍတွင် ပါဝင်ထမ်းဆောင်နေသော မသန်စွမ်းသူများ ကွန်ရက် ထူတောင်ရန် ဆွေးနွေးသွားပါမည်။ ဖိုရမ်တက်ရောက်ရန် စိတ်ဝင်စားသူများနှင့် သက်ဆိုင်ရာကုမ္ပဏီများ ကိုမြင့်နိုင်ကျော်ထံ ဆက်သွယ်နိုင်ပါသည်။

 
ကိုမြင့်နိုင်ကျော်ထံ ဆက်သွယ်ပါရန်။
 
 
 
 
 
 

မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်ခြင်း

 

မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲရေးဥပဒေကို အလျင်အမြန် အကောင်အထည်ဖော်မှုသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသော ရင်းနှီးမြုပ်နှံသူများအတွက် ပြဿနာများ ဖြစ်ပေါ်စေနိုင်သည်ကို စိုးရိမ်ကြောင်း ဖော်ပြသည့် စာတစ်စောင်ကို မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)က အမျိုးသားမြေ အသုံးချမှုကောင်စီ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေး ဗဟိုကော်မတီ၊ ပြည်ထောင်စုလွှတ်တော်ရှိ အခြားသောဆက်စပ်ကော်မတီများ ထံသို့ ပေးပို့ ခဲ့ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက။
 
 
 
 
 
 

ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းကို အများ ပြည်သူ သိရှိနားလည်မှု အားကောင်းလာစေရန် ဆောင်ရွက်ခြင်း

 

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် Heinrich Boll Stiftung ၏ အထောက်အပံ့ဖြင့် တည်ထောင်ထားသော (Vermont Law School)နှင့်အတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အောက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အလုပ်ရုံဆွေးနွေးပွဲများကို မန္တလေးမြို့၊ မုံရွာမြို့၊ တောင်ကြီးမြို့ နှင့် လွိင်ကော်မြို့တို့၌ လုပ်ဆောင်ခဲ့ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက။
 
 
 
 
 
 

ပွင့်သစ်စ ၂၀၁၉ အတွက် ရမှတ်များ အဆုံးသပ် တွက်ချက်

 

၂၀၁၉ ပွင့်သစ်စ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု (TiME) အစီရင်ခံစာအတွက် နောက်ဆုံးပိတ်ရလဒ်များ ရနိုင်ရန် တွက်ချက်မှုများ လုပ်ဆောင်ချိန် ရောက်ရှိနေပြီ ဖြစ်ရာ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အချက်အလက်များ ထပ်မံ ဖြည့်စွက် ဖော်ပြထားသည့် လက်တလောမွမ်းမံထားသော ကော်ပိုရိတ်ဝက်ဘ်ဆိုက်များကို ပြန်လည်သုံးသပ်နေပြီ ဖြစ်ပါသည်။ အစီရင်ခံစာကို ဧပြီလတွင် ထုတ်ဝေမည်ဖြစ်သည်။ ။

 
ဆက်လက်ဖတ်ရှုလိုပါက။
 
 
 
 
 
 

MCRB ဝန်ထမ်းသစ်များအား ကြိုဆိုခြင်း

 

ကျား၊မ ခွဲခြားဆက်ဆံမှုများ ပပျောက်ရေး နှင့် မသန်စွမ်းသူများနှင့် အလုပ်သမားရေးရာ ကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် စီမံကိန်း တွဲဖက်တာဝန်ခံအဖြစ် အမှုထမ်းဆောင်မည့် ကိုမြင့်နိုင်ကျော် (ယခင်က အေအေအာ ဂျပန် အကူအညီပေးရေးနှင့် ပြန်လည်ထူထောင်ရေးအသင်း (AAR Japan) တွင် အမှုထမ်းဆောင်ခဲ့သူ) နှင့် မြေယာကိစ္စရပ်များ၊ ဒေသခံ တိုင်းရင်းသားလူမျိုးအဖွဲ့အစည်းများနှင့် ထိခိုက်မှုများ၊ စိုးရမ်မှုများအား ဖော်ထုတ်ဖြေရှင်းခြင်း ကိစ္စရပ်များ စီမံကိန်း တွဲဖက်တာဝန်ခံအဖြစ် အမှုထမ်းဆောင်မည့် ကိုမင်းဗညားဦး (GRETတွင် အမှုထမ်းခဲ့သူ) တို့အား ကြိုဆိုပါသည်။ ထို့အပြင် အမျိုးသား စီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ BA English for Professional Purposes ဘွဲ့ရရှိခဲ့သော အလုပ်သင်သစ် မဇွန်မြမြထွဋ်ကိုလည်း ကြိုဆိုပါသည်။

 
 
 
 
 
 
 
facebook linkedin googleplus