Myanmar Centre for Responsible Business
Myanmar Centre for Responsible Business

လုပ်ငန်းခွင် တန်းတူညီမျှမှုရှိရေး သက်တန့်ရောင် အလံလွှင့်ထူရန်စီးပွားရေးလုပ်ငန်းများ အလိုရှိသည်

သင်၏အဖွဲ့အစည်းသည် မတူကွဲပြားမှုကို အသိအမှတ်ပြု၍ အားလုံးပါဝင်သော လုပ်ငန်းခွင်တစ်ခုကို ဖန်တီးရန် အားထုတ် ကြိုးပမ်းပါသလား။ မေလ ၁၇ရက်နေ့တွင်ကျရောက်သော “နိုင်ငံတကာ လိင်တူချစ်သူများအပေါ်ရွံရှာမုန်းတီးရေးကို ဆန့်ကျင်သောနေ့ (IDAHOT)” တွင် LGBT တန်းတူညီမျှမှုရှိရေးအတွက် အခြား အဖွဲ့အစည်းများ မှ သက်တန့်ရောင် အလံလွှင့်ထူခြင်းကို ကုမ္ပဏီများအနေနှင့် ကိုယ်တိုင်ကိုယ်ကျ သို့မဟုတ် အင်တာနက်မှတဆင့် ပူးပေါင်းပါဝင်ကြရန် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB) သည် ဒေသခံ LGBT လူထု နှင့်အတူ ပူးပေါင်းကာ တိုက်တွန်းနှိုးဆော်လျက်ရှိပါသည်။ သက်တန့်ရောင်အလံ၏ အရေးပါမှုအကြောင်း အင်္ဂလိပ်၊မြန်မာနှစ်ဘာသာ ဖြင့် ရှင်းပြထားသည့်မှတ်စုနှင့်  မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ LGBT+ များတန်းတူညီမျှမှုရှိရေးကို လက်ခံကျင့်သုံးရာတွင် အထောက်အကူဖြစ်စေရန် လမ်းညွှန်တို့ကို ယခုနှစ်တွင်လည်း ပါဝင်သောကုမ္ပဏီများထံသို့ပေးပို့သွားမည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက David Lee ကို ဆက်သွယ်နိုင်ပါသည်။

ပိုမိုဖတ်ရှုလိုပါက

ကျွန်ုပ်တို့၏ ဆက်စပ်ပတ်သက်သူများဆိုင်ရာစစ်တမ်းကိုဖြေဆိုပေးပါ

MCRB ၏ ဆက်စပ်ပတ်သတ်သူများဆိုင်ရာ စစ်တမ်း ဖြေဆိုပြီးသူများကို ကျေးဇူးတင်ရှိပါသည်။ ပါဝင်ဖြေဆိုရန် ဖိတ်ကြားခံရခြင်းမရှိခဲ့ပါကလည်း MCRB နှင့် မြန်မာနိုင်ငံရှိ တာဝန်ယူမှုရှိသော စီးပွားရေး၏ အနာဂတ်တို့ အပေါ် လူကြီးမင်း၏ အမြင်ကိုဝေမျှရန် အချိန်မနှောင်းသေးပါ။ ဤစစ်တမ်းကို အချိန်လုံလုံလောက်လောက်ယူ၍ ဖြေဆိုနိုင်ပါသည်။ အင်္ဂလိပ်ဘာသာစစ်တမ်းလင့်ခ် နှင့် မြန်မာဘာသာစစ်တမ်း လင့်ခ် တို့ကို ဧပြီလ ၃၀ ရက်နေ့ထိ ဝင်ရောက်ဖြေဆိုနိုင်မည်ဖြစ်ပါသည်။

ကုန်သွယ်ရေးသမဂ္ဂအဖွဲ့ချုပ်များနှင့် အလုပ်သမားအခွင့်အရေး အဖွဲ့အစည်းများကြား ဆွေးနွေးပွဲများကို MCRB နှင့် SMART Myanmar အဖွဲ့တို့ပူးပေါင်းကျင်းပခြင်း

အလုပ်သမားနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နစ်နာမှုများ နှင့် အလားအလာရှိသော ကုစားမှုများ နှင့် ပတ်သက်၍ စိတ်ပါဝင်စားသော မြန်မာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (TUFs)၊ အလုပ်သမား အခွင့်အရေး ကာကွယ်သည့် အဖွဲ့အစည်း (LROs)  (၉) ဖွဲ့ တို့အကြား အကြို အပြန်အလှန် ဆွေးနွေးခြင်းကို မတ်လ ၁၇ - ၁၈ ရက် နှင့် ဧပြီလ ၅ ရက်တို့တွင် ပူးတွဲကျင်းပပြုလုပ်ခဲ့ပြီး  ထိုဆွေးနွေးပွဲ ကို Myanmar Center for Responsible Business (MCRB) နှင့် SMART Myanmar တို့မှ ပူးတွဲ စီစဥ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသည် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကြသော နိုင်ငံတကာ အထည်ချုပ် ကုန်အမှတ်တံဆိပ်များ နှင့် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များ၊ အလုပ်သမားအခွင့်အရေး ကာကွယ်သည့် အဖွဲ့အစည်းများ အကြား ပုံမှန် အပြန်အလှန်ဆွေးနွေးရန် အတွက် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ကဏ္ဍအတွင်း ပိုမိုထိရောက်သော လူ့အခွင့်အရေးများ လေးစားလိုက်နာမှုရှိရေး တိုးမြှင့်အလေးဂရုပြု လုပ်ဆောင်ခြင်း နှင့် ကုစားခြင်းများအား ဆောင်ရွက်ရန် အတွက် ရည်ရွယ်ပါသည်။

ဤဆွေးနွေးမှုများသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးရေးအဖွဲ့ OECD ၏ အထည်နှင့် ဖိနပ်ချုပ် လုပ်ငန်းညီလာခံ ၏ တစိတ်တပိုင်းအနေနှင့်  MCRB နှင့် EuroCham Myanmar တို့မှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကျင်းပသည့် လေ့လာစိစစ်ခြင်းကို ပိုမိုတိုးမြှင့်ဆောင်ရွက်ခြင်း နှင့်ပတ်သက်သည့် အွန်လိုင်းဆွေးနွေးပွဲပြီးနောက် ကျင်းပခဲ့သည့်ဆွေးနွေးပွဲ လည်းဖြစ်သည်။

ပိုမိုဖတ်ရှုလိုပါက

MCRB ၏ ပုဂ္ဂလိက ကဏ္ဍနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် ထားရှိသည့် အခြေခံမူများအကြောင်း သင်သိပါသလား?

MCRB သည် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရန် ဆောင်ရွက်မှု၏ တစိတ်တပိုင်းအနေနှင့်  တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်ခြင်းအပါအဝင် လူ့အခွင့်အရေးနှင့် တာဝန်ယူမှုရှိသော စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပုဂ္ဂလိက လုပ်ငန်းအဖွဲ့အစည်းများကို အကြံအဉာဏ်များပေးလျက်ရှိသည်။ MCRB နှင့် ပုဂ္ဂလိက လုပ်ငန်းအဖွဲ့အစည်းများအကြား ချိတ်ဆက်ဆောင်ရွက်မှုအားလုံးကို MCRB ၏ ပုဂ္ဂလိက ကဏ္ဍနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် ထားရှိသည့် အခြေခံမူများ အတိုင်းဆောင်ရွက်သွားရမည်ဖြစ်သည်။ ဤအခြေခံမူများကို MCRB အနေနှင့် ဆွေးနွေးပွဲများ၊ အစည်းအဝေးများနှင့် ဟောပြောပို့ချမှုများတွင် ယုံကြည်ကိုးစားရ၍ ဘက်မလိုက်သော မိတ်ဖက် အဖွဲ့အစည်းအဖြစ် ဆက်လက်တည်ရှိရန် ရည်ရွယ်သည်။

ပိုမိုဖတ်ရှုလိုပါက

MCRB ၏ ပုဂ္ဂလိက ကဏ္ဍနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် ထားရှိသည့် အခြေခံမူများအကြောင်း သင်သိပါသလား?

MCRB ၏ “မြန်မာနိုင်ငံရှိ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများ - အခြေခံလေ့လာချက်၊ လူ့အခွင့်အရေးဆိုင်ရာ အန္တရာယ်များအားလေ့လာဆန်းစစ်ခြင်းနှင့် အကြံပြုချက်များ” အစီရင်ခံစာသည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများကို လေ့လာဆန်းစစ်သော ပထမဆုံးအစီရင်ခံစာဖြစ်သည်။ အဆိုပါ အစီရင်ခံစာကို မြန်မာဘာသာတရုတ်ဘာသာ တို့ဖြင့် ရယူဖတ်ရှုနိုင်ပြီ ဖြစ်သည်။ တရုတ်ဘာသာပြန်ဆိုမှုကို တောင်အာရှနှင့် အရှေ့တောင်အာရှဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး သုတေသန အဖွဲ့အစည်း (SSILR)မှ ပြန်ဆိုပေးထားပါသည်။ ဇွန်လတွင်ကျင်းပမည့် အစီရင်ခံစာ၏ တွေ့ရှိချက်များနှင့် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများ ကြုံတွေ့နေရသည့် ကိစ္စရပ်များနှင့် ပတ်သက်သည့် အွန်လိုင်းဆွေးနွေးပွဲကိုလည်း စောင့်မျှော်ကြရန် တိုက်တွန်းပါသည်။

ပိုမိုဖတ်ရှုလိုပါက

မသန်စွမ်းသူများဦးဆောင်သောစီးပွားရေးလုပ်ငန်းများအားပံ့ပိုးကူညီရန် ကမကထပြု၍ စုပေါင်းအဖြေရှာခြင်း

MCRB သည် ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ)နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ တို့နှင့် အတူပူးပေါင်း၍ မသန်စွမ်းသူများဦးဆောင်သောစီးပွားရေးလုပ်ငန်းများအားပံ့ပိုးကူညီကာ စုပေါင်းအဖြေရှာရန်နှင့် အခြားသောအဖွဲ့အစည်းလုပ်ငန်းများ၊ ရင်းမြစ်များနှင့် ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ နှစ်ကြိမ် တစ်ကြိမ် ကျင်းပသည့် “မသန်စွမ်းသူများဦးဆောင်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့်အွန်လိုင်းဆွေးနွေးပွဲ”ကို ကျင်းပခဲ့ပါသည်။ အသေးစိတ်သိရှိလိုပါက ဦးမြင့်နိုင်ကျော် ထံဆက်သွယ်မေးမြန်းနိုင်ပါသည်။

ပိုမိုဖတ်ရှုလိုပါက

MCRB မှ နည်းပညာ ကဏ္ဍအတွက် UNGPs ၏ လက်တွေ့ကျင့်သုံးမှုကို OHCR ထံသို့ အကြံပြုချက် ထည့်သွင်းတင်ပြခြင်း

MCRB သည် နည်းပညာကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ (UNGPs) ၏ လက်တွေ့ကျင့်သုံးမှုဆိုင်ရာ မဟာမင်းကြီး အစီရင်ခံစာနှင့်ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးများဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ထံသို့ အကြံပြုချက် ထည့်သွင်းတင်ပြခဲ့ပါသည်။ အစီရင်ခံစာကို ၂၀၂၂ ခုနှစ် ဇွန်လတွင် ကျင်းပမည့် လူ့အခွင့်အရေးကောင်စီ၏ အကြိမ် ၅၀ မြောက် အစည်းအဝေးတွင် တင်ပြမည်ဖြစ်သည်။

ပိုမိုဖတ်ရှုလိုပါက

အဂတိလိုက်စားမှုကိုဆန့်ကျင်ကြရန် တွန်းအားပေးဖို့ နှင့် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များ နှင့်ပတ်သတ်၍ ပိုမို သတိပြုမိလာစေရန်ဆောင်ရွက်ဖို့ နည်းလမ်းရှာဖွေနေပါသလား?

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာ ရုံး (UNODC) နှင့်အတူပူးပေါင်း၍ MCRB ၏မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် Yever သည် စီးပွားရေးလုပ်ငန်းများ၏ ကျင့်ဝတ်ဖြောင့်မှန်ရေး နှင့် ဂုဏ်သိက္ခာတို့ အပေါ် စိန်ခေါ်မှုပေါ်ပေါက်နိုင်သည့် စီးပွားရေးအခြေအနေများကို ရှာဖွေသတိပြုမိစေရန်အလို့ငှာ လက်ဖက်ရည်ဖိုး အမည်ရှိ အွန်လိုင်း ဂိမ်းတစ်ခုကို အင်္ဂလိပ်မြန်မာနှစ်ဘာသာြဖင့် ဖန်တီးလွှင့်တင်နိုင်ခဲ့ပါသည်။ MCRB မှထုတ်ဝေသည့် “မြန်မာကုမ္ပဏီများအတွက် စီးပွားရေးလုပ်ငန်း ကျင့်ဝတ်ဖြောင့်မှန်‌ရေး၊ ဂုဏ်သိက္ခာဆိုင်ရာလက်စွဲစာအုပ်”အပါအဝင် လမ်းညွှန်ကို မြန်မာ့စီးပွားရေးလုပ်ငန်းများ ကျင့်ဝတ်ဖြောင့်မှန်ရေး ဂုဏ်သိက္ခာ ဝက်ဘ်ဆိုက် စာမျက်နှာပေါ်တွင် ဖတ်ရှုနိုင်ပါသည်။ စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် စည်းကြပ်သည့်တာဝန်ခံ မန်နေဂျာများအနေဖြင့် MCRB၊ Yever တို့နှင့်အတူပူးပေါင်း၍  စီးပွားရေးလုပ်ငန်းများ ကျင့်ဝတ်ဖြောင့်မှန်ရေးနှင့် ဂုဏ်သိက္ခာဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်လိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းနှင့် ပတ်သက်၍ တိုက်တွန်းအကြံပြုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

ဆိုက်ဘာလုံခြုံရေး ဥပဒေ မူကြမ်း၏ နောက်ဆုံး ပြင်ဆင်ချက်များ နှင့် ပတ်သက်၍ အခြားသော သက်ဆိုင်သူများနှင့်အတူ MCRB မှလည်း စိုးရိမ်မှုများ ဖြစ်ရပါသည်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အဆိုပြုလာသည့် ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းသည်  စိုးရိမ်ပူပန်ဖွယ်ရာ ပြဌာန်းချက်များပါဝင်နေသည်။ဥပဒေမူကြမ်းသည် အကြောင်းအရာ နှင့်ပတ်သက်သည့် တားမြစ်ချက်နှင့် စည်းမျဉ်းစည်းကမ်း၊ ဆိုက်ဘာပြစ်မှုဆိုင်ရာ တရားစွဲဆိုမှု၊ အချက်အလက် ထိန်းသိမ်းမှု၊ virtual private networks (VPN) အသုံးပြုမှု နှင့်ပတ်သက်၍ ကန့်သတ်ချက်များပါရှိနေသည်။ စီးပွားရေးကဏ္ဍ တစ်ရပ်လုံးသာမက အစိုးရမဟုတ်သောအဖွဲ့အစည်းများကပါ အဆိုပါဥပဒေမူကြမ်း၏ ထိရှလွယ်သော အချက်အလက်များ ကောက်ယူထိန်းသိမ်းမှုနှင့်ပတ်သက်၍ အထူး စိုးရိမ်ပူပန်မိပါသည်။ အဆိုပါဥပဒေမူကြမ်းနှင့်ပတ်သက်သည့် ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုများ၊ ထုတ်ပြန်ချက်များ၊ MCRB ၏ အမြင်နှင့် အခြား စီးပွားရေးလုပ်ငန်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏  အကြံပြုချက်များ အကျဉ်းချုပ်ကို MCRB ၏ ဝက်ဘ်ဆိုဒ်စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည်။

လူ့အခွင့်အရေး လေးစားလိုက်နာမှုရှိရေး တိုးမြှင့်အလေးဂရု ပြုလုပ်ဆောင်မှုများကိုမြန်မာနိုင်ငံတွင်မည်ကဲ့သို့ ဆောင်ရွက်ရမည့်အကြောင်း ဆွေးနွေးပွဲစကားဝိုင်းများတွင် ဆက်လက် ပါဝင်ကူညီခြင်း

ဧပြီလ ၅ ရက်နေ့ သီလဝါ အထူးစီးပွားရေးဇုန်တွင်ကျင်းပသည့် ရင်းနှီးမြှုပ်နှံသူ ကုမ္ပဏီပေါင်း ၈၀ မှ တက်ရောက်သူပေါင်း ၁၅၀ ကျော်တို့နှင့် တွေ့ဆုံမှုတွင် MCRB ၏ ဒါရိုက်တာ Vicky Bowman သည် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု နှင့်စပ်လျဉ်းသည့် အထူးစီးပွားရေးဇုန်လမ်းညွန်ချက်အမှတ် ၄/၂၀၁၅ ကိုရည်ညွှန်းကာ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ကိုင်ဆောင်ရွက်ပုံများနှင့်ပတ်သက်သည့် လတ်တလောဖြစ်ပေါ်နေသောကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့သည်။ အခြားသော စီးပွားရေးနှင့် လူ့အခွင့်အရေးကိစ္စရပ်များ၊ သက်ရောက်မှု များအားလေ့လာစိစစ်ခြင်းကို ပိုမိုတိုးမြှင့် ဆောင်ရွက်ခြင်းနှင့်ပတ်သက်သည့် တွေ့ဆုံဆွေးနွေးမှုများကိုလည်း မတ်လ ၃၁ ရက်နေ့တွင် MHM Japan နှင့်လည်းကောင်း၊ မတ်လ ၁၁ ရက်နေ့တွင့် Entreprises pour les Droits de l’Homme (e-dh) နှင့် ပြင်သစ်ကုန်သည်ကြီးများအသင်း တို့နှင့်လည်း ကောင်းဆောင်ရွက်ခဲ့ပါသည်။

ပွင့်သစ်စ အစီရင်ခံစာ နောက်ဆုံးအကြိမ် အမှတ်ပေး စိစစ်မှု ပြီးစီးရက်အား တိုးမြှင့်ခြင်း

ဥပဒေပြဌာန်းချက်များနှင့်အညီ နှစ်ပတ်လည်အစီရင်ခံစာများ ထုတ်ဝေကြရမည့် ကုမ္ပဏီများနှင့် ချိန်ကိုက်ဖြစ်စေရန်၊ ထို့အပြင် ထုတ်ပြန်မှုများကို တိုးမြှင့် ဆောင်ရွက်နိုင်ရေး အချိန် ပိုမိုရရှိစေရန်အလို့ငှာ ပွင့်သစ်စ အစီရင်ခံစာ၏ ဝက်ဘ်ဆိုက်စာမျက်နှာများကို နောက်ဆုံးအကြိမ် အမှတ်ပေးစိစစ်မှု ပြီးစီးရက်အား ဩဂုတ်လ ၁ ရက်၊ ၂၀၂၂ ခုနှစ် ရက်နေ့ အထိ တို့းမြှင့်သတ်မှတ်လိုက်ပါသည်။ ပွင့်သစ်စ အစီရင်ခံစာ တွင်ပါဝင်သည့် ၂၅၀သော ကုမ္ပဏီတို့၏ ဝက်ဘ်ဆိုက် စာမျက်နှာများကို ဒုတိယအကြိမ်နှင့် နောက်ဆုံးအကြိမ် အမှတ်ပေး စိစစ်မှုအား  နဂိုလျာထားသော မေလ အစား ဩဂုတ်လ အတွင်းတွင် ဆောင်ရွက်မည်ဖြစ်ပါသည်။

အခမဲ့ရယူနိုင်သော အကြံပေးဆွေးနွေးမှုကို မလုပ်ဆောင်ရသေးသော ကုမ္ပဏီများအနေဖြင့်လည်း ၎င်းတို့၏ကော်ပိုရိတ် စီမံအုပ်ချုပ်မှုကို ပိုမိုကောင်းမွန်လာစေရန် ကျန်ရှိသော သုံးလအတွင်းတွင် ဆောင်ရွက်ကြဖို့ တိုက်တွန်းပါသည်။

ရုံးလုပ်ငန်းခွင်များသို့ ပြန်လည်တက်ရောက်သည့်အလျောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း သတိတရရှိခြင်း

နေအိမ်များမှ ၂နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့ကြရပြီးသည့်နောက် ရုံးလုပ်ငန်းခွင်များဆီသို့ ပြန်လည်တက်ရောက်ကာ လုပ်ဖော်ကိုင်ဖက်များ နှင့်အတူ တဖန်ပြန်လည်၍ မြင်တွေ့ပြောဆိုဆက်ဆံလုပ်ကိုင်ကြရမည်ကို စိတ်အားတက်ကြွနေကြမည်် ဖြစ်သည်။ သို့ရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စွမ်းအင် နှင့် ပလတ်စတစ်အသုံးပြုမှု လျှော့ချရေး၊ ဒေသထွက်ပစ္စည်းများကို တိုးမြှင့်သုံးစွဲရေးတို့ကိုလည်း သတိတရရှိဖို့ရန် လိုအပ်ပါသည်။ MCRB၏ ရေရှည်တည်တံ့သော အလုပ်ရုံဆွေးနွေးပွဲများနှင့် အစည်းအဝေးများ လမ်းညွှန်ကို လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရာတွင် ပို၍ ရေရှည်တည်တံ့သောအလေ့အထများနှင့် အကြံဉာဏ်များရရှိစေရန် ဖတ်ရှုနိုင်ပါသည်။ မြန်မာဘာသာဖြင့်လည်း ရယူနိုင်ပါသည်။

ပိုမိုဖတ်ရှုလိုပါက

မြန်မာ ဒါရိုက်တာများ အင်စတီကျုကို ဝင်ရောက်ပြီး ကော်ပိုရိတ်စီမံအုပ်ချုပ်မှုအတွက် တတတ်တအားပါဝင်လိုက်ပါ

သင်ဟာ ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာ သို့မဟုတ် ကုမ္ပဏီ၏အကြီးတန်း အရာရှိ တစ်ဦးဖြစ်ပါသလား? မြန်မာဒါရိုက်တာ အင်စတီကျု၏ ပရော်ဖက်ရှင်နယ် အသင်းဝင်တစ်ရောက်ဖြစ်ဖို့ စဉ်းစားဖူးပါသလား? အငယ်တန်း ပရော်ဖက်ရှင်နယ်များအတွက်ရည်ရွယ်ကာ တွဲဖက် အသင်းဝင်အဖြစ် ဝင်ကြေးကို တစ်နှစ်လျှင် ၅၀,၀၀၀ ကျပ်နှုန်းနှင့် ဝင်ရောက်နိုင်ပါပြီ။ မြန်မာဒါရိုက်တာ အင်စတီကျုသည် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် ပတ်သက်သည့် သင်တန်းများနှင့် အခမ်းအနားများကို အသင်းဝင်များအတွက်အခမဲ့ ပို့ချပေးလျက်ရှိပါသည်။ မြန်မာဒါရိုက်တာ အင်စတီကျု၏ လာမည့် ဘုတ်အဖွဲ့ ရွေးကောက်ပွဲများတွင်လည်း ပရော်ဖက်ရှင်နယ်အသင်းဝင် များအနေနှင့် ဝင်ရောက်အရွေးခံရန် သို့မဟုတ် မဲထည့်ရန် အခွင့်အရေး ရရှိမည်ဖြစ်သည်။

facebook linkedin